← Chapters

တိုက်ပွဲဝင်ဆန္ဒဝိညာဉ် ... ။

Vol. 52 Ch. 613

တိုက်ပွဲဝင်ဆန္ဒဝိညာဉ် ... ။

Vol. 52 Ch. 613

ထိုသားရဲကိုမြင်သောအခါ စုရီသည် စိတ်သက်သာရာရစွာ ပြုံးလျက်၊

“ ကောင်လေး ... မင်းငါ့ကို တကယ်မှတ်မိတာပဲ။ ”

-ဟု နှုတ်ဆက်လေသည်။

စုရီသည် ပုရွက်ဆိတ်ကဲ့သို့ သေးငယ်ပြီး သားရဲကြီးဦးခေါင်းသည် တောင်တစ်လုံးနီးပါး မြင့်မားချေပြီ။ သို့သော် သားရဲသည် စိတ်လှုပ်ရှားစွာဖြင့်၊

“ သခင် ... မင်းရဲ့အသွင်အပြင်က ပြောင်းလဲသွားပေမယ့် စိတ်နေစိတ်ထားတွေက အရင်အတိုင်းပါပဲ ... ပြီးတော့ ငါတို့လို အမှောင်တွင်းနက်သားရဲ ...

... ဘာသာစကားကို နားလည်နိုင်တာ ဒီကမ္ဘာပေါ်မှာ မင်းတစ်ယောက်တည်းပဲ ရှိမယ် ဒါဆို ဘယ်လိုများ မမှတ်မိဘဲနေမလဲ။ ”

အသံသည် ကြမ်းပြီးမာ၏။ စုရီက ခေါင်းညိတ်သည်။ အမှောင်တွင်းနက်သားရဲ များသည် နာကျည်းခြင်းပင်လယ်၌ပင် အလွန် ရှားပါးသော မွေးရာပါဝိညာဉ်သားရဲဖြစ်သည်။

အမှောင်တွင်းနက်ကြီးမှ မွေးဖွားကာ ရှေးဟောင်းဖျက်ဆီးခြင်းစွမ်းအားများ ပါရှိ၏။ မဟာတာအိုကို နားလည်ပြီး ခံစားနိုင်သော နတ်အာရုံပင် ပိုင်ဆိုင်ထားသည်။

ယခင်ဘဝတွင် နာကျည်းခြင်းပင်လယ်၌ ဤသားရဲကိုနှိမ်နင်းစဉ် သူတို့၏ ဝိညာဉ်ဘာသာ စကားကို လေ့လာခဲ့သည်။

ထို့ကြောင့် ကျောက်စိမ်းတံတားတွင် မမျှော်လင့်ဘဲပြန်တွေ့စဉ် ဆက်သွယ်ကြည့်၏။ အမှောင်တွင်းနက်သားရဲမှ ချက်ချင်း မှတ်မိနေခဲ့သည်။

“ ဟမ့် ... မင်းကျင့်ကြံမှုက ဘယ်လိုလုပ် ရွှမ်ကျောက်အဆင့်မှာ ရပ်တန့်နေရတာလဲ။ ”

လွန်ခဲ့သော အနှစ်သုံးသောင်းက ဤသားရဲကောင်၏ ကျင့်ကြံမှုသည် ထိုအဆင့်၌ ဖြစ်သည်။ ယခု အနှစ်သုံးသောင်း ကုန်လွန်သွား သည့်တိုင် မပြောင်းလဲချေ။

“ သခင် ... မင်းမသိဘူး ... အဲဒီယွင်ကျိယိမ်းက တကယ်မကောင်းတဲ့ ကောင်ပဲ ... အဲဒီတုန်းက ရွှမ်ယုအဆင့်ကို ဖြတ်ကျော်နေတုန်း သေမလိုဖြစ်ခဲ့တယ် ...

... ဒါကြောင့် သူ့ကပ်ဘေးကို ဖြတ်ကျော်နိုင်အောင် ငါ့တာအိုအုတ်မြစ်အချို့ ပေးခဲ့ရတယ် ... ဒါကြောင့် ငါ့အုတ်မြစ်မှာ ဆိုးရွားရွား ထိခိုက်ပြီး ... ပြန်ကောင်းလာတာ မကြာသေးဘူး။ ”

ထိုစကားကြားသောအခါ စုရီတစ်ယောက် သက်ပြင်းချလိုက်သည်။ ယွင်ကျိယိမ်းဟူသည် မန်ပိုနန်းတော်၏ မြစ်သံတမန်ဖြစ်၏။     

“ မင်းဟာ တကယ်သစ္စာရှိပြီး ဖြောင့်မတ်ပါပေတယ် ယွင်ကျိယိမ်းဘေးဆိုးကို ဒီလိုကူညီပေးဖို့ သတ္တိရှိမယ် မထင်ထားဘူး။ ”

“ သခင် ... မင်းပဲ သူ့နောက်ကိုလိုက်ဖို့ ပြောခဲ့တယ်မဟုတ်လား သူ သေခါနီးအချိန်မှာ ငါရပ်ကြည့်မနေနိုင်ဘူး ... ။ ”

ဤသည်မှာ စုရီထံမှ မျက်နှာသာရလိုသဖြင့် ပြုမူခဲ့ခြင်းဖြစ်၏။

“ ဒါပေမယ့် ဒီကောင်လည်း မဆိုးပါဘူး ဒီနှစ်တွေအတွင်းမှာ ငါ့တာအိုဒဏ်ရာတွေအပေါ် ကုစားဖို့ ရှားပါးရတနာတွေ ရှာပေးတယ်။ ”

“ သူ အခုရှိလား။ ”

“ မရှိဘူး ... လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က နာကျည်းခြင်းပင်လယ်မှာ သင်္ဘောကြီးတစ်စင်း တွေ့တယ်ကြားပြီး ချက်ချင်းထွက်သွားတာပဲ အဲဒီတည်းက ပြန်မလာတော့တာ ခုထိပဲ။ ”

“ အဲဒီသင်္ဘောရဲ့ မူလကို မင်းသိလား။ ”

အမှောင်တွင်းနက်သားရဲသည် နာကျည်းခြင်းပင်လယ်၌ ရှင်သန်ကျက်စားသူ ဖြစ်သည်။ ထို့ကြောင့် အခြားသူများထက် ထိုပင်လယ်ကို ပို၍ နားလည်ချေပြီ။

“ ပွင့်ပွင့်လင်းလင်း ပြောရရင် ... ဒီလိုထူးဆန်းတဲ့သင်္ဘောတစ်စင်းကို ကြားရတာ ပထမဆုံးအကြိမ်ပါပဲ။ ”

“ ဒါဆို ဒီသင်္ဘောရဲ့မူလက ထူးဆန်းတယ်။ ”

စုရီတစ်ယောက် ခေါင်းရမ်းလျက် အကြည့်များက မေ့လျော့ခြင်းမြစ်လှိုဏ်ဂူထံသို့ ကျရောက်သွားသည်။

“ အထဲမှာ တစ်ယောက်ယောက်ရှိလား။ ”

“ မြစ်သံတမန် မိုဝူဟန်က လှိုဏ်ဂူအောက်နဝမအလွှာမှာ ဖျက်ဆီးခြင်း နိယာမကိုနားလည်ဖို့ တံခါးပိတ်ကျင့်ကြံနေတာ နှစ်ပေါင်းရာချီနေပါပြီ။ ”

“ မိုဝူဟန် ... မန်ပိုနန်းတော်ရဲ့ နဝမမြောက်နန်းတော်သခင်လား ... ။ ”

စုရီက ပြန်မေးသည်။

“ ဟုတ်ပါတယ် ... သူက ယွင်ကျိယိမ်းရဲ့ ဂျူနီယာဖြစ်ပြီး ... နန်းတော်သခင်ရာထူးကနေ နှုတ်ထွက်ပြီး မြစ်သံတမန်ဖြစ်လာပါတယ် ...

... နှစ်တွေကြာလာတာနဲ့အမျှ လောကီရေးရာတွေကို စိတ်မ၀င်စားတော့ဘဲ ကျင့်ကြံမှုထဲမှာ မြှုပ်နှံထားပါတယ်။ ”

“ ဒီနှစ်တွေအတွင်းမှာ တတိယအဆင့်ကို ကျော်ဖြတ်နိုင်တဲ့ အသန်မာဆုံးလူ ဘယ်သူလဲ။ ”

ဤလှိုဏ်ဂူအောက်တွင် လျှို့ဝှက်နယ်မြေ ကိုးခုရှိသည်။ နယ်မြေများတွင် အောင်မြင်သော် နာမည်ချန်ထားနိုင်၏။

ပထမအလွှာသုံးလွှာသည် ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူများအတွက် ဖြစ်သည်။

စတုတ္ထအလွှာမှ ဆဋ္ဌမအလွှာသည် ရွှမ်ကျောက်အဆင့်ဧကရာဇ်နှင့် သတ္တမအလွှာမှ နဝမအလွှာသည် ရွှမ်ယုအဆင့်ဧကရာဇ်များ အတွက်ဖြစ်၏။

နဝမအလွှာတွင် မန်ပိုနန်းတော်၏ မူလအုတ်မြစ်ဖြစ်သော မေ့လျော့ခြင်းမြစ်မျိုးစေ့ ရှိသည်။ ဤမျိုးစေ့သည် ဖျက်ဆီးခြင်း ဖရိုဖရဲ စွမ်းအင်များ မွေးဖွားရာအရပ်ဖြစ်၏။

ဤစွမ်းအားအပေါ် ကျွမ်းကျင်မှသာ မန်ပိုနန်းတော်၏ အမြင့်မြတ်ဆုံးသော အမွေကို ကျင့်ကြံနိုင်ပေမည်။

ထိုစွမ်းအားသည် ရန်သူနှင့် ရင်ဆိုင်ရသောအခါတွင် ပြိုင်ဘက်မှတ်ဉာဏ်ကို ဖျောက်ဖျက်ရန်နှင့် စိတ်ဝိညာဉ်အပေါ် ခြယ်လှယ်နိုင်ခြင်းဖြစ်၏။

“ နှစ်ပေါင်းတစ်ထောင်အတွင်း တတိယအလွှာရဲ့ အပြင်းထန်ဆုံးလူ အမည်က ယွမ်လင်းနင်ပါ ...

... ဒီကောင်မလေးက အချိန်(၁၅)မိနစ်အတွင်း တာအိုတံဆိပ်အပေါ် အနိုင်ယူနိုင်ခဲ့ပါတယ် ဒီစံချိန်က မန်ပိုနန်းတော် သမိုင်းမှာ အနှစ်တစ်ထောင်အတွင်း အမြန်ဆုံးပါပဲ ...

... အခုတော့ အဲဒီကလေးက ဧကရာဇ် ဖြစ်နေပါပြီ အသက်(၁၃၀၀)နဲ့ အငယ်ဆုံး ဧကရာဇ် တစ်ပါးပါ။ ”

အမှောင်တွင်းနက်သားရဲ အဖြေကြောင့် စုရီတစ်ယောက် အံ့အားသင့်သွားတော့သည်။ တစ်ဆက်တည်းမှာပင် ပြုံးရယ်လျက် ကျေနပ်သွား၏။

သူမသည် နက်နဲနယ်ပယ်သို့ တက်ရောက်နိုင်သည်မှာ သက်တမ်းနှစ်တစ်ရာ မျှသာ ရှိသေးသည်။ တာအို နိယာမများကို ပေါင်းစည်းနိုင်ပုံ မရသေးချေ။

“ တံဆိပ်ပေးပါ ... ငါစတုတ္ထထပ်ကို သွားကြည့်မယ်။ ”

ထိုတံဆိပ်သည် လွတ်မြောက် အဆောင်ဖြစ်သည်။ အတွင်း၌ အန္တရာယ်များ ကြုံသော် ထွက်ခွာနိုင်မည်။

“ မင်းဒီမှာ စောင့်နေ ... ။ ”

“ နားလည်ပါပြီ။ ”

အမှောင်တွင်းနက်သားရဲသည် ငွေတံဆိပ်တစ်ခု အန်ချလိုက်၏။ ဤအရာဖြင့် စတုတ္ထအထပ်သို့ တိုက်ရိုက်သွားနိုင်၏။ စုရီ အသွင်မှာ ပျောက်ကွယ်သွားတော့သည်။

ပထမအလွှာရှိလေထုသည် မှုန်ဝါးဝါးနှင့် ကျယ်ပြောချေပြီ။ နေရာတိုင်းတွင် အသက်ဓါတ်‌ ကင်းမဲ့နေ၏။ စွန့်ပစ်ထားသော ကမ္ဘာကြီး တစ်ခုလိုပေပင်။

“ အရင်တုန်းကအတိုင်းပါပဲ၊ သိပ်တော့ မပြောင်းလဲဘူး ... ။ ”

စုရီက လက်နှစ်ဖက်နောက်ပို့ကာ လှည့်ပတ်ကြည့်လိုက်သည်။ ယခင်ဘဝတွင် ဧည့်သည်တော်အဖြစ် လည်ပတ်နေခဲ့စဉ် ကိုးလွှာသို့ ဆင်းခဲ့ဖူး၏။

“ ..... ။ ”

ရုတ်တရက် မဟာတာအိုအသံများ ပဲ့တင်ထပ်လာသည်။ လေဟာနယ် တုန်ခါလျက် အလင်းတန်းများ ဆင်းသက်လာ၏။

ဤသည်မှာ မဟာတာအို အမှတ်အသားဖြစ်သည်။ ၎င်းကို တိုက်ပွဲဝင် ဆန္ဒဝိညာဉ်အဖြစ် ခေါ်ဆို၏။

သမိုင်းတစ်လျှောက် မန်ပိုနန်းတော်၏ ဝိညာဉ်ထင်ရှားခြင်းအဆင့်တွင် ထူးချွန်သော အထက်တန်းစား ကျွမ်းကျင်သူများမှ ချန်ထားခြင်း ဖြစ်သည်။

ယေဘူယျအားဖြင့် ပြောရလျှင် ဤအဆင့်ကိုကျော်ဖြတ်နိုင်သော် မရဏကမ္ဘာရှိ ဝိညာဉ်ထင်ရှားခြင်းအဆင့် ကျွမ်းကျင်သူများကို အနိုင်ယူနိုင်ပြီဖြစ်သည်။

သို့သော် စိတ်မဝင်စားဘဲ ပထမအလွှာ၊ ဒုတိယအလွှာတို့ကို တိုက်ရိုက် ဖြတ်ကျော်ကာ တတိယအလွှာသို့ ဝင်ရောက်လာခဲ့၏။

“ စမ်းကြည့်ရအောင် ... ငါ့ရဲ့ လက်ရှိကျင့်ကြံမှုအဆင့်နဲ့ ဒီအဆင့်ကိုဖြတ်ဖို့ ဘယ်လောက် ကြာနိုင်မလဲ။ ”

“ ခရစ် ... ။ ”

သူ့အတွေးဆုံးသည်နှင့် ရုတ်တရက် မြေကြီးကွဲအက်သွားသံ ပဲ့တင်ထပ်လာခဲ့သည်။ အဝေးကွာသောအရပ်၌ ဝိညာဉ်ပြောင်းလဲခြင်း အဆင့် တစ်စုံတစ်ယောက် ဖြစ်ပေါ်လာ၏။

မျှော်လင့်ထားသည့်အတိုင်း တိုက်ပွဲဝင် ဝိညာဉ်တစ်ကောင်သည် မိုးပြာတိုက်ကြီးထံမှ ကျင့်ကြံသူများထက် များစွာသာလွန်သည့် ရောင်ဝါမျိုး ပေးစွမ်းနေချေပြီ။

“ ဝှစ် ... ။ ”

တိုက်ပွဲဝင် ဆန္ဒဝိညာဉ်က သူ့ဓားကို ချက်ချင်းလွှဲလိုက်၏။ ဓားရည်ရွယ်ချက်များမှာ ယန်ဇီမြစ်ကဲ့သို့ တဟုန်ထိုးလိုက်ပါလာသည်။

ပထမအဆင့် ဝိညာဉ်စက်ဝန်းကို ပေါင်းစည်းထားပြီးဖြစ်၏။ မိုးပြာတိုက်ကြီးရှိ ရှကျစ်ပိုင်နှင့် ဟွမ်ရှောင်လင်ထက်ပင် သန်မာသည်။

စုရီမှ လက်ဖဝါးစောင်းဖြင့် ခုတ်လွှဲချလိုက်သည်။ ဓားဖြင့်ပြည့်နေသော ကောင်းကင်ကြီး ပြိုလဲသွားကာ တိုက်ပွဲဝင်ဆန္ဒ ဝိညာဉ်သည် တာအိုအလင်းမှုန်များ အဖြစ် ကြွေလွင့်သွားတော့၏။

ထိုအမှုန်များထံ လက်လှမ်းပြီး ဆုပ်ကိုင်လိုက်သောအခါတွင် ပြိုကွဲနေသော အလင်းမှုန်များသည် ဘောလုံးတစ်လုံးကဲ့သို့ စုစည်းကာ လက်ဖဝါးပေါ်ကျလာ၏။

ဤသည်မှာ မေ့လျော့ခြင်းစွမ်းအင်ဖြင့် ပေါင်းစည်းထားသော တိုက်ပွဲဝင်ဆန္ဒဝိညာဉ်၏ စွမ်းအင်များဖြစ်လေသည်။

***

All Chapters