← Chapters

ခရီးသည်တစ်ဦး ... ။

Vol. 52 Ch. 614

ခရီးသည်တစ်ဦး ... ။

Vol. 52 Ch. 614

တိုက်ပွဲဝင်ဆန္ဒဝိညာဉ် ရှုံးနိမ့်သောအခါ သန့်စင်လွန်းသည့် မေ့လျော့ခြင်းစွမ်းအင်သာ ကျန်ရှိသည်။

‘မေ့လျော့ခြင်းစွမ်းအင်’ ဆိုသည်မှာ ဤလှိုဏ်ဂူအောက်ဆုံးလွှာရှိ မေ့လျော့ခြင်း မြစ်မူလစွမ်းအင်ဖြစ်၏။

ရှေးဟောင်း ဖျက်ဆီးခြင်း စွမ်းအင် အဖြစ်လည်း ခေါ်ဆိုကြသည်။ ကျင့်ကြံခြင်းနှင့် ဉာဏ်အလင်းရယူရာ၌ မယုံနိုင်လောက်အောင် အကျိုးကျေးဇူးများရှိ၏။

ထို့အပြင် ဤဖျက်ဆီးခြင်းစွမ်းအားသည် အလွန်သန့်စင်သောကြောင့် ၎င်းကိုသန့်စင်ရန် မလိုအပ်ဘဲ မဟာတာအိုဖြင့် တိုက်ရိုက် ပေါင်းစည်းနိုင်မည်။

ချီသည် တစ်ကိုယ်လုံး လည်ပတ်လျက် လက်ဖဝါးမှ စွမ်းအင်ရင်းမြစ်ကို ချက်ချင်းစုပ်ယူ သွားလေသည်။ အဓိပတိနန်းတော်တာအိုမှာ အနည်းငယ် လှုပ်ခတ်လာ၏။ သို့သော် ပါးလျလွန်းချေပြီ။

ယင်းသည် သူ့အတွက် ပစ်မှတ် မဟုတ်သောကြောင့် ဂရုမစိုက်ချေ။ ထိုစဉ် တိုက်ပွဲဝင်ဆန္ဒဝိညာဉ်များစွာ သူ့ထံသို့ စုပြုံကျလာတော့သည်။

ပုံရိပ်များ ကွဲပြားခြားနားသော အသွင်အပြင်များနှင့် ရှေးဟောင်းဖျက်ဆီးခြင်း စွမ်းအင်အပေါ် အမိန့်ပေးနိုင်ချေပြီ။

“ ဟိတ် ... ။ ”

စုရီမှ တွန့်ဆုတ်ခြင်း မရှိတော့ဘဲ လေဟာနယ်အတွင်း ခုန်တက်ကာ တိုက်ပွဲဝင် တော့သည်။ ကောင်းကင်မှ ဓားမိုးရွာသကဲ့သို့ လက်လှိုင်းများ နေရာအနှံ့ကျဆင်းနေ၏။

များမကြာခင် စုရီတစ်ယောက်တည်း ရပ်လျက် ကျန်ရစ်ခဲ့သည်။ တတိယအလွှာရှိ တိုက်ပွဲဝင်ဆန္ဒ ဝိညာဉ် (၃၇၇)ပါးစလုံး အလင်း ဘောလုံးများအဖြစ် လွင့်မျောနေသည်။

စုရီက သက်ပြင်းချလိုက်၏။ ဤအဆင့်ကို ဖြတ်‌ကျော်ရန် ယွမ်လင်းနင်ကဲ့သို့ ပါရမီရှင်ပင် အချိန်(၁၅)မိနစ်ယူခဲ့ရသည်။

လက်ရှိ သူ ချိုးဖြတ်ထားသောစံချိန်ကို ကမ္ဘာပေါ်၌မည်သူမျှ ချိုးမဖြတ်နိုင်တော့မည်ကို ကြောက်မိချေပြီ။ သူတွေးနေစဉ် အလင်း ဘောလုံးများ စိမ့်ဝင်လာသည်။

သူ၏ အမြင့်မြတ်ဆုံးသော တာအိုနှစ်ပါးဖြစ်သည့် အဓိပတိနန်းတော်နှင့် စကြာဝဠာပုံပျက်ခြင်း တာအိုတို့သည် သိသာထင်ရှားစွာ တိုးတက်လာ၏။

( ကမ္ဘာဦးတာအိုသည် အဓိပတိနန်းတော် တာအိုနှင့် စကြာဝဠာပျက်ပြယ်ခြင်းတာအိုတို့ကို ပေါင်းစပ်ထားခြင်းဖြစ်၏။ )

သို့သော် ပြီးပြည့်စုံခြင်း မဆိုထားနှင့် ကျွမ်းကျင်မှုရရှိရန်ပင် အလှမ်းဝေးနေသည်။ ထိုစည် ကိုးပေမြင့်သော ကျောက်ပြားကြီး တစ်ချပ် မြေပြင်မှ ထွက်လာ၏။

ကျောက်ပြား၏ မျက်နှာပြင်တွင် အမည်များစွာ ရေးထွင်းထား၏။ ထိပ်ဆုံးတွင် ရှိသောအမည်သည် အခြားအမည်များဖြင့် ဝေးကွာလွန်းချေ၏။

ယွမ်လင်းနင်အမည်သည် ထင်ရှားစွာ ဖော်ပြထားသော်လည်း နံပါတ်(၃၉)တွင်သာ တည်ရှိသည်။

သူမအထက်တွင် နှစ်ပေါင်း (၈၀၀၀၀) အတွင်း ပါရမီရှင်အမည်များ ရှိ၏။ ယင်းသည် ဤစမ်းသပ်လှိုဏ်ဂူ ဖွင့်လှစ်ထားခဲ့သည့် သက်တမ်းလည်း ဖြစ်လေသည်။

နဝမမြောက် နန်းတော်သခင် မိုဝူဟန်အမည်သည် အဆင့်(၁၉)တွင် ဖြစ်၏။ ယွင်ကျိယိမ်းသည် အဆင့်(၁၇)ဖြစ်သည်။

အဆင့်(၁)သည် ကျန့်လင်ကျန်းပေပင်။ နှစ်ပေါင်းသုံးသောင်း အံ့မခန်းတည်ရှိမှု ဖြစ်၏။ ‘ဖျက်ဆီးခြင်းဧကရာဇ်’အဖြစ် မရဏကမ္ဘာတွင် ကျော်ကြားသည်။

မရဏကမ္ဘာ ဧကရာဇ်များဘုရင်အဖြစ် အသိအမှတ်ပြုခံသော အမျိုးသမီးတစ်ဦးပေပင်။ သူမ၏ မယှဉ်နိုင်သော ကျေးဇူးတော်နှင့် ပါရမီသည် ဒဏ္ဍာရီဆန်၏။

ယနေ့အချိန်အထိ သူမအမည်ကို ဖြတ်ကျော်နိုင်သူ မရှိသေးချေ။ ထိုစဉ် စုရီသည် သူမနှင့် တစ်ကြိမ်ဆုံဖူးသည်။

သူမသည် ရွှမ်ကျောက်အဆင့်ဖြင့် နာမည်ကြီးနေပြီ ဖြစ်သော်လည်း စိတ်မဝင်စား ခဲ့ချေ။ သူသည် ထိုစဉ်က နတ်ဓားရှင်ဘွဲ့ကို ရရှိနေပြီ ဖြစ်သည်။

အတွေးများ ရုတ်သိမ်းလျက် ကျောက်ပြားကြီးထံ ချည်းကပ်သွားတော့ပြီး လက်ချောင်းများဖြင့် အက္ခရာငါးလုံး ရေးထိုးလိုက်သည်။

“ ခရီးသည်တစ်ဦး ... ။ ”

စကားလုံးတိုင်း ဓားရည်ရွယ်ချက်များ တောက်ပလျက် ကျောက်ပြားချပ်ကြီးသည် အလင်းတန်းများ ထွက်ပေါ်လာတော့သည်။

ထို့နောက်တွင် ကျယ်လောင်သော မြည်သံများနှင့်အတူ ခရီးသည်တစ်ဦး ဟူသော အမည်သည် ကျောက်ပြားအထက်သို့ တက်ရောက်သွား၏။

ကျန့်လင်းကျန်း အမည်သည် ပြင်းစွာ တုန်ခါလျက် ထိပ်ဆုံးမှ ဆင်းပေးလိုက်ရသည်။ ယင်းသည် ကောင်းကင်မှ ကျဆင်းလာသော မိုးရေစက်များအလား လေးလံလွန်းချေပြီ။

ထိုမြင်ကွင်းကို ကြည့်ကာ စုရီတစ်ယောက် ပြုံးပြီး လှည့်ထွက်လာခဲ့သည်။ ဦးတည်ရာသည် စတုတ္ထအထပ် ဧကရာဇ်များတည်ရှိရာ စမ်းသပ်ကွင်းဖြစ်ချေ။

များမကြာခင် လေဟာနယ် တုန်ခါလျက် စုရီတစ်ယောက် ပေါ်လာ၏။ တစ်ဆက်တည်း မှာပင် တာအိုကျက်သရေများ ဖုံးလွှမ်းနေသော အဘိုးအိုတစ်ပါး ပေါ်လာသည်။

ထိုကျက်သရေ တစ်ခုတည်းကပင် ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူများအပေါ် စိတ်ပျက်အားငယ်စေ၏။

စတုထ္ထအထပ်မှ စတင်၍ ပြိုင်ဘက်သည် တစ်ဦးတည်းသာဖြစ်ပေမည်။ ဒုတိယပြိုင်ဘက်၊ တတိယပြိုင်ဘက် အစရှိသည်တို့သည် သာ၍ သန်မာသွားကြမည်ဖြစ်၏။

ရွှမ်ကျောက် ကနဦးအဆင့် ကျွမ်းကျင်သူသည် စစ်မှန်သောဧကရာဇ်နှင့် မယှဉ်နိုင်သော်လည်း အစွမ်းထက်နေဆဲဖြစ်၏။

“ ဟိတ် ... ။ ”

ထိုအချိန်တွင် တစ်ဖက်အဘိုးအိုသည် အော်ဟစ်လျက် ပြေးဝင်လာသည်။ ဤသည်မှာ စုရီ၏ ရည်ရွယ်ချက်ဖြစ်၏။

ယနေ့ညတွင် မေ့လျော့ခြင်းလှိုဏ်ဂူသို့ ဝင်ရောက်လာရသည့် အကြောင်းအရင်းသည် ရွှမ်‌ကျောက်ဧကရာဇ်၏ စွမ်းအားကို ခံစားကြည့်ရန် ပေပင်။

***

တစ်နာရီခန့်အကြာတွင် စုရီအသွင်သည် သွေးအလိမ်းလိမ်းဖြင့် မေ့လျော့ခြင်းမြစ်လှိုဏ်ဂူ အပြင်၌ ပေါ်လာသည်။

“ သခင် ... မင်းဒဏ်ရာရလာတာလား။ ”

ထိုနေရာတွင် စောင့်ဆိုင်းနေသော အမှောင်တွင်းနက်သားရဲမှ အံ့အားသင့်စွာဖြင့် ရွှေရောင်မျက်လုံးများ ပြူးကျယ်သွားသည်။

၎င်း၏မှတ်ဉာဏ်တွင် စုရီသည် တုနှိုင်းမဲ့သတ္တဝါဖြစ်သည်။ စကြာဝဠာအတွင်း ပြိုင်ဖက်ကင်း၏။

“ ငါအခု ဝိညာဉ်တာအိုနယ်ပယ်မှာပဲ ရှိသေးတယ် ... ဒဏ်ရာရတာ မဆန်းပါဘူး။ ”

ထိုနောက် စုရီက မြေပြင်ပေါ် တင်ပျဉ်ခွေထိုင်လျက် ဒဏ်ရာများကို ကုသရန် ပြင်ဆင်သည်။

အမှောင်တွင်းနက်သားရဲခမျာ ရုတ်တရက်အေးခဲသွား၏။ သခင်သည် ဝိညာဉ် တာအိုနယ်ပယ်သို့ မည်သို့ယုတ်လျော့ သွားသည်ကို တွေးဆနေခဲ့သည်။

အဆုံး၌ ခေါင်းရမ်းလျက် ပါးစပ် ဖွင့်လိုက်ပြီးနောက် အနက်ရောင်ဘူးသီးခြောက် တစ်လုံး ထုတ်ယူသည်။

“ သခင် ... ဒီဘူးသီးထဲမှာ ယွင်ကျိယိမ်းစုဆောင်းထားတဲ့ ကောင်းကင်ဘုံ တာအိုသစ်သီး သုံးလုံးရှိတယ် ကျေးဇူးပြုပြီး လက်ခံပါ။ ”

စုရီမှ မျက်လုံးပြန်ဖွင့်လာပြီး ဘူးသီးခြောက်ကိုယူကာ ဝိညာဉ်သစ်သီးတစ်လုံး သွန်းထုတ်လိုက်သည်။

၎င်းသည် ခိုဥအရွယ်အစားမျှသာရှိပြီး မျက်နှာပြင်တွင် သဘာဝတာအိုသွေးကြောများ ဖုံးအုပ်ထား၏။

ဤသည်မှာ သေလွန်သူများကို ရှင်ပြန်ထမြောက်စေပြီး တာအိုအုတ်မြစ်အပေါ် စုစည်းပေးနိုင်သော အံ့ဖွယ်သစ်သီးပေပင်။

ဤကဲ့သို့သော ဝိညာဉ်ရေး အသီးတစ်လုံးတည်းပင်လျှင် ဧကရာဇ်များကို မနာလိုဖြစ်စေမည်။

သို့တိုင် မဆိုင်းမတွဘဲ အမှောင် တွင်းနက်သားရဲသည် သစ်သီးသုံးလုံးကို ပေးအပ်လာခဲ့သည်။

“ မင်း ... တော်တော်ရက်ရောတာပဲ။ ”

“ သခင်ရဲ့ သွန်သင်ဆုံးမမှုတွေကြောင့်သာ မဟုတ်ရင် ... ဒီနေ့ ငါ့မှာတာအိုဆိုတာရှိလာမှာ မဟုတ်ဘူး ဒါကြောင့်ငါ့ကိုသေစေချင်ရင်တောင် မျက်မှောင်ကြုတ်နေမှာ မဟုတ်ဘူး။ ”

“ ဟမ့် ... မင်းဘဝက မင်းအတွက်ပဲ မင်းငါ့အတွက်သေချင်တယ် ဆိုရင်တောင်မှ ငါ့ခွင့်ပြုချက်ပေါ် မူတည်ပါသေးတယ်။ ”

ထိုနောက် စုရီသည် ကောင်းကင်ဘုံ တာအိုသစ်သီးတစ်လုံးကိူ မျိုချလျက် သန့်စင်ရန် ကြိုးစားတော့၏။

နွေးထွေးသော စီးကြောင်းတစ်ခု ခန္ဓာကိုယ်အနှံ့ လွှမ်းခြုံသွားပြီး ဒဏ်ရာများ မြင်သာသည့်နှုန်းဖြင့် သက်သာလာသည်။

ကုန်ဆုံးသွားသော ခွန်အားများသည် မိုးရွာပြီးနောက် မှိုကဲ့သို့ ပြန်လည် ပြည့်ဝကာ အထွတ်အထိပ် ပြန်ရောက်သွား၏။

ယင်းသည် ကောင်းကင်ဘုံ တာအို သစ်သီးစွမ်းအား (၃၀%)ကိုသာ သန့်စင်သည်။ ကျန်ရှိနေသော အာနိသင်များကို ဖိနှိပ်လျက် တာအိုဝိညာဉ်နန်းတော်အတွင်း ပိတ်လှောင်ထားလိုက်၏။

“ ကျန်တဲ့ သစ်သီးနှစ်လုံးကို မင်းသိမ်းထားသင့်တယ်။ ”

မျက်ဝန်းများ ပြန်ဖွင့်ကာ ထိုသို့ပြောပြီးနောက် ဘူးသီးခြောက်ပစ်ပေး လိုက်သည်။ ထို့နောက် မြေပြင်မှထကာ ကောင်းကင်ပေါ် မော့ကြည့်လျက်၊

“ မိုးလင်းဖို့ ဘယ်လောက်လိုသေးလဲ။ ”

-ဟု မေးလိုက်သည်။

“ နှစ်နာရီ ... ။ ”

စုရီက ကြိမ်ကုလားထိုင်ကို ထုတ်ပြီး ပျင်းရိစွာလဲလျောင်းလျက် ဝိုင်ပုလင်းထုတ်ကာ သောက်လိုက်သည်။

“ မိုးမလင်းခင် ... မင်းရဲ့ ကျင့်ကြံမှုမှာ ကြုံတွေ့နေရတဲ့ ရှုပ်ထွေးမှုတွေကို မေးမြန်း နိုင်တယ်။ ”

“ ကျေးဇူးတင်ပါတယ် သခင်။ ”

အမှောင်တွင်းနက်သားရဲ၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများစွာဖြင့် တောက်ပနေသည်။

သံသယများကို သခင်ကိုယ်တိုင် ဖြေရှင်းပေးခြင်းကဲ့သို့ အဖိုးတန်အခွင့်အရေးမျိုး မည်သို့ဆုံးရှုံးခံဝံ့မည်နည်း။

ကောင်းကင်မှ လက်ဆောင်ထက် မနိမ့်ကျချေ။ ယွင်ကျိယိမ်းသိလျှင်ပင် မနာလို ဖြစ်ပေလိမ့်မည်။ သူသည် မွေးရာပါ ဝိညာဉ် သားရဲ ဖြစ်သည်။ မန်ပိုနန်းတော်မှ လမ်းပြပေးနိုင်ခြင်းမရှိချေ။

တစ်ဖက်တွင် ဤအရာသည် စုရီအတွက် သဘာဝအတိုင်း လွယ်ကူနေသည်။ ယခင်ဘဝ၌ သူသည် ကျင့်ကြံမှုနည်းစနစ်များစွာကို နက်နဲစွာ နားလည်ပြီး တာအိုတစ်သောင်းသခင်အဖြစ် ကျော်ကြားခဲ့ဖူး၏။

စုရီက အရက်သောက်လျက်ဖြင့် ပြန်၍ဖြေကြားနေခဲ့သည်။ အမှောင်တွင်းနက် သားရဲသည် ဂရုတစိုက်နားထောင်ပြီး နှိမ့်ချစွာ အကြံဉာဏ်တောင်း၏။

မိုးလင်းခါနီးတွင် စုရီသည် ကြိမ်ကုလားထိုင်မှထရပ်ကာ၊

“ ကောင်းပြီ ... ဒီမှာပဲ ရပ်ရအောင်၊ ငါထွက်သွားသင့်တယ်။ ”

-ဟု ပြောလိုက်၏။

အမှောင်တွင်းနက်သားရဲသည် ချက်ခြင်းတုံ့ဆိုင်းနေသော အကြည့်ကိုပြပြီး၊

“ သခင် ... မင်းငါ့ကို ခေါ်သွားလို့ရမလား။”

-ဟု မေးမြန်းသည်။

“ မရဘူး၊ ငါမင်းကို ခေါ်သွားရင် မန်ပိုနန်းတော်က ငါ့ကို သတ်ပစ်ကြလိမ့်မယ်။ ”

“ သူတို့ ... ဝံ့သလား။ ”

အမှောင်တွင်းနက်သားရဲက ချက်ချင်း ဒေါသတကြီး အော်ဟစ်တော့၏။

“ မင်းဒီမှာ ကောင်းကောင်းနေခဲ့ပါ ယွင်ကျိယိမ်း ပြန်လာတဲ့အခါ ... မင်းတကယ် မနေချင်ဘူးဆိုရင် သူ့ကိုပြောလိုက်ပါ။ ”

“ ဒါဆို အဲဒီအချိန် ငါမင်းဆီလာလို့ရမလား သခင်။ ”

“ မရဏကမ္ဘာမှာ ငါရှိသေးရင် မင်းလာလို့ရတယ်။ ”

ထို့နောက် စုရီက တစ်စုံတစ်ခုကို သတိရလာပြီး၊

“ နေ့ခင်းတုန်းက မင်းရဲ့ထူးခြားမှုကို တစ်ယောက်ယောက်က လာမေးသေးလား။ ”

-ဟု စူးစမ်းလိုက်၏။

“ မေးတယ် ... ငါ မပြောခဲ့ဘူး ဒါပေမယ့် သခင် မေ့လျော့ခြင်းမြစ်လှိုဏ်ဂူထဲ ဝင်သွားတဲ့ သဲလွန်စတွေကိုတော့ ငါဖျောက်ဖျက်မရမှာ ကြောက်မိတယ် … ။ ”

“ ကိစ္စမရှိဘူး သူတို့မေးလာရင် ... ငါစုရီဒီကိုရောက်လာတယ်လို့ ပြောပြလိုက်။ ”

“ စုရီလား ... ။ ”

ဤသည်မှာ သူ့သခင် လက်ရှိ အသုံးပြုနေသော အမည်ဖြစ်ကြောင်းရိပ်မိကာ ငြိမ်သက်သွား၏။

“ ငါ့ကို လိုက်ပို့ပေး။ ”

အမှောင်တွင်းနက်သားရဲမှ ခေါင်းညိတ်ပြီး မဟာတာအို စွမ်းအားကို ရွှေသက်တံအဖြစ်သို့ ပြောင်းလဲပေးလာတော့သည်။

***

All Chapters