← Chapters

အခင်းဖြစ်ပွားရာ၌ အကြမ်းဆုံးပုဂ္ဂိုလ်

Vol. 39 Ch. 537

အခင်းဖြစ်ပွားရာ၌ အကြမ်းဆုံးပုဂ္ဂိုလ်

Vol. 39 Ch. 537

ဆန်းကြယ်နည်းစနစ်တစ်ခုကို အသုံးပြုခြင်းနှင့် ဆေးတောင့်တို့ ပေါင်းစပ်မှုက သူ့ခန္ဓာကိုယ်အပေါ်တွင် အလွန်အလုပ်လုပ်နေပေ၏။

သို့သော် အန်လင်းက ရွေးချယ်စရာမရှိပါပေ။ နှစ်တစ်ထောင် ဆက်တိုက် မိန်းမစိုးဖြစ်လာခြင်းကို ကြောက်ရွံ့ခြင်းက သူ့ခေါင်းထဲတွင် စွဲမြဲနေပြီး သူ့အား ရွှေရောင်နယ်မြေအဆီအနှစ်များကို အသက်တမျှ အရေးကြီးသည့်အတိုင်း လိုက်ရှာရန် တိုက်တွန်းနေလေ၏။

ပုံရိပ်ယောင်ကြယ်စင်ဝတ်ရုံက တောင်ပလာပြီး သူ့၏ကိုယ်ဖျောက်စွမ်းအားများကို အမြင့်ဆုံးအထိ အသက်သွင်းလိုက်၏။

သူ့အော်ရာမှာ ပေါက်ကွဲထွက်လောက်အောင် ဆက်တိုက် ထိုးတက်သွားပြီး ပျက်ပြယ်ခြင်းစဦးအဆင့်၊ ပျက်ပြယ်ခြင်း အလယ်အလတ်အဆင့်၊ ပျက်ပြယ်ခြင်းအလယ်အလတ်၏ အထွတ်အထိပ်အဆင့်၊ ပျက်ပြယ်ခြင်း နောက်ဆုံးအဆင့်...

အလွန်ကြောက်မက်ဖွယ် အော်ရာတစ်ခုက ထိုးထွက်လာပြီး အချင်းဝက် တစ်ကီလိုမီတာခွဲအတွင်းရှိ နေရာလပ်ကို ချိတ်ပိတ်လိုက်လေ၏။

လူသားကျောက်စိမ်းသားရဲ ငါးယောက်ပင်လျှင် တုံ့ဆိုင်းသွားကာ ဦးတည်ချက်တစ်ခုဆီသို့ အကြည့်ပို့လိုက်လေ၏။

ကုလော့နှင့် အိုမင်ယွီတို့၏ ကျောရိုးတစ်လျှောက်က စိမ့်တက်သွားပြီး အန်လင်းကို မယုံနိုင်စွာ လှည့်ကြည့်လိုက်ကြလေ၏။

"ဒီအော်ရာ... ဒီဟာက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...။" ကုလော့က လုံးဝပင် မယုံနိုင် ဖြစ်နေသည်။

"ဒါက မဖြစ်နိုင်ဘူး...။ သူက စွမ်းအား အတုအယောင်တစ်ခုကို ဖန်တီးဖို့အတွက် အထူးရတနာတစ်ခုကို သုံးလိုက်တာပဲ ဖြစ်မယ်...။" တောက်ပနေသော အလင်းတန်းက အိုမင်ယွီ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး သူ့အစွမ်းထက်အော်ရာက အန်လင်း၏ခန္ဓာကိုယ်မှ ထိုးထွက်လာသော လွှမ်းမိုးနေသည့်ဖိအားကို ခုခံလိုက်လေ၏။

အန်လင်းက ရွှေရောင်နယ်မြေ အဆီအနှစ် သလင်းကျောက်များဆီသို့ အေးစက်စက်အမူအရာဖြင့် လျှောက်လာ၏။ "ငါက ဒီစွမ်းအားကို မသုံးချင်ခဲ့ဘူး။ ဒါပေမဲ့ မင်းတို့က ငါ့ကို တွန်းအားပေးခဲ့တာပဲ။ ဒီနယ်​မြေအဆီအနှစ် သလင်းကျောက်တွေကို ယူဖို့ ကြိုးစားရဲတဲ့သူတွေ ငါ့လက်နဲ့ သေရမယ်။"

သူစကားပြောနေစဉ် တော်ဝင်ခွန်အားနှင့် ပြည့်နှက်နေသော ရွှေရောင်အလင်းတန်းတစ်ခုက သူ့မျက်လုံးများမှ လင်းလက်လာပြီး သူ့အားခွန်အားကြီး နတ်ဘုရားတစ်ပါးက ကမ္ဘာကြီး၏ ပုရွက်ဆိတ်များအားလုံးကို ငုံ့ကြည့်​နေသောပုံရိပ်ကို ပေးနေလေ၏။

လူတိုင်းက အန်လင်း၏ခန္ဓာကိုယ်မှ ထွက်လာနေသောခွန်အားကြီးအော်ရာကြောင့် ကြောင်အနေစဉ် ရွှယ်ကျန်းထျန်က စိတ်လှုပ်ရှားစွာ ပျော်ရွှင်လာတော့သည်။

ကတ်စီဒီ၏မျက်လုံးများက အလန့်တကြား ပြူးကျယ်သွားလေ၏။ "အဲဒါက ငါတို့ရဲ့သခင်လား...။"

မာလင်သည်လည်း အန်လင်းကို မယုံနိုင်စွာ ငေးကြည့်နေလေတော့သည်။ "ငါတို့ရဲ့သခင်က သူ့ရဲ့ ခွန်အားအမှန်ကို တစ်ချိန်လုံး ဖုံးကွယ်ထားတဲ့ အရမ်းကို အစွမ်းထက်တဲ့ ခွန်အားကြီး ပုဂ္ဂိုလ်တစ်ဦးများလား။ တွေးကြည့်ရမယ်ဆိုရင် အဲဒါက ဖြစ်တော့ ဖြစ်နိုင်တယ်။ အထူးခွန်အားကြီး ပုဂ္ဂိုလ်တစ်ဦးရဲ့သွေးကပဲ အရမ်းအရသာရှိနေနိုင်မှာ...။"

"ဝေါင်း...။ မဖြစ်နိုင်ဘူး...။ သူက ဒီအတိုင်း ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ။ သူက င့ါဆီကနေ နယ်မြေအဆီအနှစ် သလင်းကျောက်တွေကို ဘယ်လိုလုပ်ပြီး လုရဲတာလဲ။" အိုမင်ယွီ၏ ခန္ဓာကိုယ်က လေထဲတွင် တွန့်လိမ်သွားပြီး ကောင်းကင်တွင် လျှပ်စီးက ပေါက်ကွဲထွက်လာ၏။ ကြောက်မက်ဖွယ် နဂါးခွန်အားတစ်ခုက သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာပြီး အန်လင်းကို မလိုမုန်းတီးခြင်းအပြည့်နှင့် စိုက်ကြည့်လိုက်သည်။

"စောက်စကားများတယ်ကွာ..." အန်လင်းက အိုမင်ယွီ၏ ဦးတည်ချက်အတိုင်း လေထဲကို ဖမ်းဆုတ်လိုက်လေ၏။

အိုမင်ယွီ၏ ခန္ဓာကိုယ်ပတ်လည်ရှိ အဖြူရောင်လျှပ်စီးက ရုတ်တရက် အဖြူရောင်လျှပ်စီးဓားတစ်ချောင်းဖြစ်ပေါ်လာရန် စုစည်းသွားပြီး ဖျက်ဆီးတတ်သော ရွှေရောင်လျှပ်စီးကြောင်းများက ထွက်ပေါ်လာသည်။

အဖြူရောင် လျှပ်စီးဓါးအတွင်း၌ ပြည့်နှက်နေသောစွမ်းအင်မှာ အိုမင်ယွီ မူလက ထုတ်လွှတ်လိုက်သော အဖြူရောင် လျှပ်စီးထက်ပင် ပို၍အစွမ်းထက်သည်မှာ သိသာလှပြီး ထိုသည်က ချက်ချင်းပင် သူ့ခန္ဓာကိုယ်အား ကြောက်မက်ဖွယ် ခွန်အားဖြင့် ထိုးဖောက်သွားလေတော့သည်။

"ဝေါင်း..." လျှပ်စီးက ရှေ့သို့ ပေါက်ကွဲထွက်လာကာ သွေများက လေထုထဲတွင် ဖြန်းပက်သွားသောအခါ အိုမင်ယွီက နာကျင်စွာ အော်ဟစ်လိုက်၏။

ထိုတိုက်ခိုက်မှုက လွန်စွာရက်စက်လှပြီး အိုမင်ယွီက လုံးဝ သတိလက်လွတ်ဖြစ်နေခဲ့လေ၏။

"ဟင်း..."

လူတိုင်းက နောက်ထပ်သော သက်ပြင်းတစ်ချက်ကို ရှုသွင်းလိုက်ကြ၏။

သူက အိုမင်ယွီရဲ့ စွမ်းအားကို သူ့အတွက် ဘယ်လိုလုပ်ပြီး သုံးနိုင်တာလဲ။ ပြီးတော့ သူက အဲ့လိုမလုပ်ခင် စွမ်းအားကိုလဲ တိုးမြှင့်လိုက်သေးတယ်...။

ကြောက်စရာကောင်းလိုက်တာ...။

ကုလော့မှာ မူလက အန်လင်း၏စွမ်းအားကို အတော်အတန် သံသယဝင်ခဲ့သော်လည်း အန်လင်း၏ လျှပ်စီးကြိုးကိုင်ခြင်း နည်းစနစ်များကို မြင်လိုက်ရသောအခါ သူ၏သံသယများက ချက်ချင်း ပျောက်ပျက်သွားသည်။ ပျက်ပြယ်ခြင်းနောက်ဆုံးအဆင့် ခွန်အားကြီးပုဂ္ဂိုလ်တစ်ဦးသာလျှင် ဤကဲ့သို့ ပြုလုပ်နိုင်မည်ဖြစ်ပေ၏...။

အန်လင်းက ရွှေရောင်နယ်မြေအဆီအနှစ်သလင်းကျောက်ဆီသို့ ဆက်လျှောက်သွားသောအခါ မည်သူကမှ သူ့အားမတားဆီးဝံ့တော့ချေ။

အိုမင်ယွီ၏ခန္ဓာကိုယ်တွင် ကြီးမားသောအက်ကွဲဒဏ်ရာကြီးတစ်ခုက ဖြစ်ပေါ်လာပြီး သူက ခက်ခက်ခဲခဲအသက်ရှုရင်း အန်လင်းကို အံ့ဩထိတ်လန့်စွာ ငေးကြည့်နေလေ၏။

ကုလော့သည်လည်း အန်လင်းကို စိုးရိမ်တကြီးကြည့်လိုက်ကာ ရေလွှာတစ်ခုနှင့် သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်ပြီး အန်လင်းဆီမှ ဖြစ်လာနိုင်သော တိုက်ခိုက်မှုများမှ သူ့ကိုယ်သူ ကာကွယ်ထားလိုက်သည်။

လူသားကျောက်စိမ်းသားရဲ ငါးကောင်သည်လည်း ခေတ္တမျှ တုံ့ဆိုင်းသွားကာ အသိစိတ်ပြန်ဝင်လာပြီး ရွှေရောင်နယ်မြေအဆီအနှစ်သလင်းကျောက်များနှင့် အနီးဆုံး လူသုံးယောက်ဆီသို့ ခုန်ဝင်ကာ လှုပ်ရှားလာကြ၏။

လူသားကျောက်စိမ်းသားရဲတစ်ကောင်က အိုမင်ယွီဆီသို့ ခုန်ဝင်လာကာ၊ တခြားတစ်ယောက်က ကုလော့ဆီသို့ ခုန်ဝင်လာပြီး ကျန်သုံးယောက်မှာ အန်လင်းဆီသို့ စုဝေးလာကြသည်။

စောက်ကျိုးနည်း...။

ထိုအခိုက်အတန့်တွင် အန်လင်းက ဖိအားအမြောက်အများကို ခံစားလိုက်ရ၏။

သူ့နှလုံးသားမှာ စိတ်မအေးမှုများ မြင့်တက်လာသော်လည်း တည်ငြိမ်သောသွင်ပြင်ကို ထိန်းသိမ်းထားလိုက်၏။ သူက မသိလိုက် မသိဘာသာဖြင့် နှင်းလုံးတစ်ခုနှင့်တူသော ပစ္စည်းတစ်ခုကို သူ၏ သိုလှောင်လက်စွပ်ထဲမှ ထုတ်လိုက်ကာ ​လူသားကျောက်စိမ်းသားရဲများဆီသို့ ပစ်လွှတ်လိုက်သည်။ "မင်းတို့လို ဆန်ကုန်မြေလေးတွေကများ ငါ့လမ်းမှာ လာရှုပ်ချင်သေးတယ်ပေါ့။ ငါ့ရဲ့ ကောင်းကင်ဘုံ မြူနှင်းလက်ဝါးကို မြည်းကြည့်စမ်း..."

သူပစ်လိုက်သောနှင်းလုံးမှာ ချင်လီ၏သိုလှောင်လက်စွပ်ထဲမှ မြူနှင်းပေါက်ကွဲ အလုံးများထဲမှ တစ်လုံးဖြစ်လေ၏။ ထိုသည်များက မန်ဇီပြုလုပ်ထားသော ပေါက်ကွဲစေသည့်လက်နက်များဖြစ်ကာ တစ်ခုစီက ပျက်ပြယ်ခြင်းအလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦး၏စွမ်းအားအပြည့်တိုက်ချက်နှင့် ညီမျှသော စွမ်းအားရှိလေ၏။

မြူနှင်းပေါက်ကွဲအလုံးမှာ ​လေထုကို ထိုးဖောက်သွားကာ ကျောက်စိမ်းသားရဲများဆီသို့ ရောက်ရှိသွားပြီး ပေါက်ကွဲသံကြီးနှင့် ပေါက်ကွဲသွားသည်။

အပြာရောင် ပေါက်ကွဲမှုကြီးတစ်ခုက လေထုထဲဖြတ်သန်းသွားကာ အချင်းဝက် ငါးကီလိုမီတာအတွင်းရှိ နေရာအနှံ့သို့ ဖြန့်ကျက်သွားပြီး ၄င်း၏ဖျက်ဆီးစေတတ်သောအားအင်ဖြင့် သူ့အောက်မှ မြေပြင်ကို အမှုန့်ချေပစ်လိုက်လေ၏။

ထိုအခိုက်တွင် ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးက အပြာရောင် ခြယ်သထားကာ အထူးမြူနှင်း၏ စွမ်းအင်က ထိုးထွက်လာပြီး အချင်းဝက် ငါးကီလိုမီတာအတွင်းရှိ အရာရာကို အေခဲသွားစေသည်။

ဤသည်မှာ အရင်ဆုံး ပေါက်ကွဲပြီးမှ သူ့၏ ပစ်မှတ်ကို အေးခဲသွားစေသော လုပ်ဆောင်ချက် နှစ်ခုပြိုင်တိုက်ခိုက်ခြင်းပင်ဖြစ်လေ၏။

အန်လင်းဆီသို့ တိုးဝင်လာကြသော ကျောက်စိမ်းသားရဲသုံးကောင်မှာ ပေါက်ကွဲခြင်း အားအင်ကြောင့် လွင့်ထွက်သွားပြီး သူတို့၏ ခန္ဓာကိုယ်များက အေးခဲသွားကာ လေထဲတွင် တန်းလန်းဖြစ်နေကြ၏။

ကီလိုမီတာ အနည်းငယ်ဝေးသော အိုမင်ယွီနှင့် ကုလော့ပင်လျှင် ဖြစ်ပေါ်လာသော ပေါက်ကွဲမှု လှိုင်းလုံးများကြောင့် နောက်ဆုပ်ရန် တွန်းအားပေးခံလိုက်ရပြီး သူတို့၏မျက်နှာထက်တွင် အလွန်အံ့အားသင့်မှုက ထွက်ပေါ်လာကြသည်။

"အတော်ကို အစွမ်းထက်တဲ့ လက်ဝါးပဲ..." ကုလော့က နောက်ဆုတ်ရင်းနှင့် ဆိုလိုက်၏။

အိုမင်ယွီမှာ အပြည့်အဝပင် အံ့ဩနေလေ၏။ သူအထင်သေးခဲ့မိသော ထိုအမျိုးသားမှာ အမှန်တကယ်တော့ သူ၏ခွန်အားများအားလုံးကို ဖုံးကွယ်ထားသော ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်နေမည်ဟု မည်သူက ထင်ပါမည်နည်း။

အဲဒါက... သူက သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံကို ဒီကမ္ဘာကြီးရဲ့ တုံ့ပြန်အကျိုးသက်ရောက်မှုကနေ ရှောင်ဖို့အတွက် တားမြစ်ထားခြင်း ဖြစ်နိုင်သည်လား။

ဟုတ်တယ်။ အဲ့လိုပဲ ဖြစ်ရမယ်။

အိုမင်ယွီက သူ အမှန်တရားကို တွေ့ရှိသွားသကဲ့သို့ ခံစားလိုက်ရပြီး အမြန်ဆုံး ပြန်ပြေးရန်အတွေးက သူ့စိတ်ထဲသို့ ဝင်လာလေ၏။

အန်လင်းက ကျောက်စိမ်းသားရဲများမှာ ခေတ္တမလှုပ်ရှားနိုင်သေးသည့်အချက်ကို အခွင့်ကောင်းယူကာ သူ၏လေတောင်ပံကို ဖြန့်ကားလိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ဝါယောဓားနည်းစနစ်ကို ထုတ်လွှတ်လိုက်၍ ချက်ချင်းပင် အသံ၏အလျှင်ထက် ၈ဆပိုမို မြန်သွားလေ၏။

သူ့ခန္ဓာကိုယ်က လေထုကို ဖြတ်သန်းသွားသောအဖြူရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းသွားပြီး ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်များဆီသို့ စက္ကန့်ပိုင်းအတွင်း ရောက်သွားလေသည်။

ဇွက် ဇွက် ဇွက်...

အန်လင်း၏လက်က လေထဲတွင် နောက်ဆက်တွဲ ပုံရိပ်များချန်ရစ်ခဲ့ကာ မျက်စိတစ်မှိတ်အတွင်း၌ ရွှေရောင် နယ်မြေအဆီအနှစ် သလင်းကျောက် ၂၁ခုကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်၏။

ရွှေရောင်နယ်မြေအဆီအနှစ်များ အားလုံးကိုသိမ်းဆည်းပြီးနောက် သူက ချက်ချင်းပင် အရှိန်အပြည့်တင်လိုက်ကာ အဝေးသို့ ထွက်ပြေးလိုက်လေ၏။

မခံမရပ်နိုင်ဖြစ်ခြင်းနှင့် စိတ်ပျက်ခြင်းများက အိုမင်ယွီနှင့် ကုလော့၏ မျက်နှာထက်တွင် ပေါ်လာသော်လည်း အန်လင်းပြသခဲ့ပြီးသောစွမ်းအားများကို မြင်တွေ့လိုက်ပြီးနောက် သူ့ကို ရင်မဆိုင်ဝံ့ပါချေ။

ပေါက်ကွဲမှု၏ နောက်ဆက်တွဲအဖြစ် လူသား ကျောက်စိမ်းသားရဲသုံးယောက်၏ ကျောက်စိမ်းဖြူမျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာသော်လည်း သူတို့၏ အော်ရာများက အနည်းငယ်မျှပင် မမှိန်သွားပါချေ။ အန်လင်းက ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်များကို ယူကာ ထွက်ပြေးသွားသည်ကို မြင်ပြီးနောက် သူတို့က ချက်ချင်းပင် သူ့နောက်ကို အစွမ်းကုန် လိုက်လိုက်ကြ၏။

"နင်တို့နှစ်ယောက်က ဘာရပ်နေတာလဲ။ မြန်မြန် ငါ့ကို လာကူစမ်း။" အန်လင်းက သူ့၏ သွေးမျိုးနွယ်စု အစေခံနှစ်ဦးဆီသို့ ဒေါသတကြီး အသံကူးပြောင်းလိုက်သည်။

ကတ်စီဒီနှင့် မာလင်တို့နှစ်ဦးက အသိစိတ်ဝင်လာကြပြီး အန်လင်းကို ကြောင်ငေးကြည့်နေလေ၏။

"သခင်၊ နင်က အရမ်း အစွမ်းထက်နေတာပဲကို။ ဘာလို့ ငါတို့အကူအညီကို လိုအုံးမှာလဲ။" ကတ်စီဒီက ​စိတ်ရှုပ်ထွေးစွာ မေးလိုက်၏။

အန်လင်းက ကျောက်စိမ်းသားရဲသုံး​ကောင်ကို သူ့၏ ကောင်းကင်ဘုံမြူနှင်းလက်ဝါးဖြင့် လွင့်ထွက်အောင် ပြုလုပ်လိုက်သောပုံရိပ်က သူတို့စိတ်ထဲတွင် ရှင်းလင်းနေဆဲဖြစ်ပေ၏။

ထိုသည်က အရမ်းပင် အစွမ်းထက်လှသော လက်ဝါးပင်...။

သခင်အန်လင်းမှာ ကျောက်စိမ်းသားရဲများကို တစ်ကိုယ်တည်း ကိုင်တွယ်နိုင်သည်ထက်ပိုသည်မှာ ရှင်းလင်းလှပေ၏။ ထိုသို့ဆိုလျှင် သူက အဘယ့်ကြောင့် သူတို့၏အကူအညီကို လိုအပ်မည်နည်း။

"ငါက ဒီစွမ်းအင်ကို အချိန်အတိုင်းအတာတစ်ခုအထိပဲ ဆင့်ခေါ်နိုင်တာဟ...။ ဒီကမ္ဘာရဲ့ နိယာမတွေက ငါ့ကိုအဲ့စွမ်းအင် အချိန်အကြာကြီး သုံးဖို့ တားမြစ်ထားတယ်။ အဲ့တော့ ငါက မင်းတို့ အကူအညီလိုတယ်။" အန်လင်းက အလျှင်အမြန်ရှင်းပြလိုက်သည်။

ဤကမ္ဘာတွင် တည်ရှိရန် အလွန်အစွမ်းထက်လွန်သောစွမ်းအင်...။ မိုက်လိုက်တာ။ အကြမ်းစားပဲ။

ကတ်စီဒီနှင့် မာလင်၏ မျက်လုံးများက တစ်ပြိုင်နက်တည်း အရောင်တောက်သွားလေ၏။ သူတို့၏ သခင်က ဤမျှအထိပင် ကြမ်းသည်လား။ သူက သူ့ရဲ့ တကယ့်ခွန်အားကို ဖုံးကွယ်ထားရတာ အံ့ဩစရာမရှိတော့ပါဘူး။

သွေးမျိုးနွယ်စု ခွန်အားကြီး ပုဂ္ဂိုလ်နှစ်ဦးက ချက်ချင်းပင် အန်လင်းဆီသို့ပျံသန်းသွားကာ ဒေါသထွက်နေသော ကျောက်စိမ်းသားရဲသုံးကောင်ကို တားဆီးလိုက်လေ၏။

ထိုအခိုက်တွင် အန်လင်းက ရွှယ်ကျန်းထျန်ဆီသို့ ပျံသန်းသွားကာ ရွှယ်ကျန်းထျန်ကို သူ့အား အဝေးသို့ ချီသွားရန် အမိန့်ပေးလိုက်သည်။

မြေအောက်ကမ္ဘာ၏ မူလစွမ်းအင်၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုက သူ့ခန္ဓာကိုယ်အား သက်ရောက်စပြုနေပြီဖြစ်ကာ သူက ကိုယ်ပိုင်ခွန်အားဖြင့် လွတ်မြောက်ရန်အတွက် အလွန်ချည့်နဲ့နေပြီဖြစ်လေ၏။

"သခင်၊ နင်က ခုဏတုန်းက အရမ်းကြမ်းတာပဲ။ နင်က ကမ္ဘာတစ်ခုလုံးကို နင့်ခြေထောက်အောက်မှာ ဖိမ့်ဖိမ့်တုန်စေတဲ့ စစ်နတ်ဘုရားတစ်ပါးလိုပဲ။" ရွှယ်ကျန်းထျန်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။

"ဟီးဟီး... ဒါပေါ့။ ငါက ကိုးပြည်​ထောင်စု နိုင်ငံတစ်လွှားမှာ နာမည်​ကျော်ကြားတဲ့ ဒဏ္ဍာရီလာ ဓားအင်မော်တယ် အန်လင်းပဲကို။" အန်လင်း၏ မျက်နှာထက်တွင် ယုံကြည်မှုအပြည့်နှင့် အပြုံးတစ်ခုပေါ်လာလေသည်။

ပျက်ပြယ်ခြင်းအဆင့်ခွန်အားကြီးပုဂ္ဂိုလ်များ၏ရှေ့တွင် ကြွားဝါရခြင်းက ဤမျှအထိ စိတ်လှုပ်ရှားပြီး တက်ကြွဖွယ် အတွေ့အကြုံတစ်ခုဖြစ်ပေ၏။

အရေးအကြီးဆုံးမှာ သူက ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ၂၁ခုတိုင်တိုင် ရရှိခဲ့သည်။

-------------

All Chapters