← Chapters

သေဆုံးဝိညာဉ်များ၏ နယ်မြေ

Vol. 39 Ch. 539

သေဆုံးဝိညာဉ်များ၏ နယ်မြေ

Vol. 39 Ch. 539

အန်လင်းမှာ မြေ​အောက်ကမ္ဘာ၏မူလစွမ်းအင်ကို သူ၏လောင်ကျွမ်းနေမင်းဆေးတောင့်နှင့် ပေါင်းစပ် အသုံးပြုထား၍ အကျိုးဆက်များမှ ပြန်လည်ကောင်းမွန်ရန်အတွက် ရက်အနည်းငယ် လိုအပ်မည်ဟု ထင်ထား၏။

သို့သော် သူက နေတစ်ဝက်နှင့် အပြည့်အဝ ပြန်ကောင်းလာသည်မှာ အံ့ဩစရာ​ကောင်းလှသည်။

ထိုသည်များအားလုံးမှာ စစ်နတ်ဘုရားခန္ဓာကိုယ်က သူ့ခန္ဓာကိုယ်အား ပြုလုပ်ပေးသော ခံနိုင်ရည်နှင့် ပြန်လည်ကောင်းမွန်ရေးစွမ်းအင်များတိုးတက်လာမှုကြောင့် ဖြစ်နိုင်၏။

အန်လင်းက မြေအောက်ကမ္ဘာ၏မူလစွမ်းအင်ကို တစ်ကြိမ်တွင် အချိန်တိုတိုနှင့် ထိထိရောက်ရောက် အသုံးပြုပါက အကျိုးဆက်များအားလုံးကို အတူအတွ ရှောင်ရှားနိုင်မည်ဟုပင် ခံစားလိုက်ရလေ၏။

"အခု အပြည့်အဝ ပြန်ကောင်းသွားပြီလား သခင်...။" ကတ်စီဒီက မကြာမီတွင် အန်လင်းက သူ၏ စွမ်းအားအမှန်ကို ထုတ်လွှတ်ပြီးနောက်တွင် ပြန်လည်ကောင်းမွန်ရေး အချိန်လိုအပ်သည်ကို သဘောပေါက်သွားသည်။

မည်သို့ဆိုဆို ရှေးဟောင်းထိုက်ချူနယ်မြေက ပျက်ပြယ်ခြင်းနောက်ဆုံးအဆင့်နှင့် အထက်ကျင့်ကြံသူများကို ဝင်ရောက်ခြင်းမှ တားမြစ်ထားပေ၏။ တစ်စုံတစ်ဦးက တွန်းအားပေး ဝင်ရောက်ပါက ကောင်းကင်နှင့် မြေကြီး၏စွမ်းအားများ၏ တန်ပြန်သက်ရောက်မှုများကို ချက်ချင်းခံစားရမည်ဖြစ်သည်။ သူမ၏မျက်လုံးထဲတွင် အန်လင်းက သူ၏စွမ်းအားအပြည့်ကို တွန်းအားပေး ထုတ်လိုက်ပါက ထိုတန်ပြန်သက်ရောက်မှုများကို ခံစားရသည်ဟုပင်ဖြစ်လေ၏။

သူမက ထိုရှင်းလင်းချက်သည် မည်သို့ဆိုဆို ပြဿနာ မရှိပါပေ။

"ငါအခုကောင်းသွားပြီ။ နောက်ထပ် ရွှေရောင်နယ်မြေအဆီအနှစ်သလင်းကျောက်တွေ ထပ်ရှာဖို့ ဆက်သွားရအောင်...။"

အန်လင်းက အသက်ပြင်းပြင်းရှုကာ နောက်ထပ်သွေးစိတ်ဝိညာဉ်ဆေးတောင့်တစ်ခုကို သောက်လိုက်ပြီးနောက် သူ့အုတ်ခဲထက်မှ လေထုထဲသို့ ပျံသန်းသွားလိုက်၏။

"သခင်၊ နင်က အုတ်ခဲပျံစီးရတာ သက်တောင့်သက်သာမဖြစ်ဘူးလို့ခံစားရရင် ငါ့ရဲ့ လက်တွေထဲမှာ ပျံလို့ရတယ်နော်။ ဒီမှာက အရမ်းနူးညံ့ပြီးတော့ နွေးထွေးတယ်။" ကတ်စီဒီက ဆွဲဆောင်မှု ရှိလှသော အပြုံးလေးနှင့် ကမ်းလှမ်းလာကာ သူမ၏အထင်ကြီးဖွယ် လက်မောင်းများကို ပြသလိုက်သည်။

"သခင်၊ ငါလဲ သယ်သွားပေးနိုင်တယ်နော်။" မာလင်က ချက်ချင်းပင် ဝင်ပြောလိုက်၏။

အန်လင်း၏မျက်နှာက ရှုံ့တွသွားပြီး ခေါင်းခါပြလိုက်သည် "မလိုတော့ဘူး၊ ကျေးဇူးပါနော်။ ငါက ထျန်လေးကို ဖက်ထားတာနဲ့ အဆင်ပြေပါတယ်။"

သူက စကားပြောရင်း ရွှယ်ကျန်းထျန်ကို ခပ်တင်းတင်းပွေ့ဖက်လိုက်လေ၏။ သူက အတော်ပင် နွေးထွေးပြီး ထိုသည်ကို စံပြခေါင်းအုံးအဖြစ် ပြုလုပ်လိုက်၏။

ရွှယ်ကျန်းထျန် : "..."

လူတိုင်းက ကျောက်စိမ်းတောင်အနီးတစ်ဝိုက်တွင် သူတို့ကြုံတွေ့ခဲ့သော စလင်ဒါတောင်ကြီးကဲ့သို့ တခြားသော ထူးခြားသည့်နေရာများကို ဆက်လက်ရှာဖွေလိုက်ကြ၏။

သူတို့က နှံ့နှံ့စပ်စပ်ရှာဖွေရန် ကြိုးစားနေကြသည်ဖြစ်၍ အကွာအဝေးကြိုးကိုင်ခြင်း နည်းစနစ်ဖြင့် ကျော်သွားရမည့်အစား လေထုကိုဖြတ်သန်းကာ ပျံသန်းကြသည်။ သူတို့က လမ်းတစ်လျှောက်တွင် ကျား၊ မြွေနှင့် သိမ်းငှက် ကျောက်စိမ်းသားရဲတို့ ပါဝင်သော ကျောက်စိမ်းသားရဲအသိုက်တစ်ခုလုံးကို ကြုံတွေ့ပြီးကြသော်လည်း သူတို့အားလုံးမှာ ခန္ဓာကိုယ်တွင်း၌ နယ်မြေအဆီအနှစ် သလင်းကျောက်များ မပါရှိပါချေ။

သူတို့က ဧရိယာတစ်ခုလုံးကို တစ်နေ့လုံး ရှာဖွေကြသော်လည်း သူတို့ရှာနေသောအရာကို မတွေ့ကြချေ။

"ငါတို့က အဲ့တောင်တန်းတွေ အကုန်နီးပါး ခရီးသွားပြီးပြီပဲ။ ဖြစ်နိုင်တာ တခြားတစ်နေရာကို သွားသင့်ပြီထင်တယ်။" မာလင်က လက်နက်ချဟန်ဖြင့် အကြံပြုလိုက်သည်။

အန်လင်းက သက်ပြင်းရှည်ကြီးတစ်ချက်ချကာ မေးမြန်းလိုက်လေ၏။ "နယ်မြေအဆီအနှစ်ပေါ်လာနိုင်တဲ့ တခြားနေရာတွေ သိသေးလား။"

"စိတ်ထဲပေါ်လာတဲ့ တစ်နေရာတော့ရှိတယ်။ ကတ်စီဒီလဲ အဲ့နေရာကို ကောင်း​ကောင်းသိလောက်တယ်။ ဒါပေမဲ့ အဲ့နေရာက လူသားမျိုးနွယ်အတွက် အရမ်းကို အန္တရာယ်များပြီးတော့ ဟာလာပြင် စိတ်ဝိညာဉ် မျိုးနွယ်အဖွဲ့ဝင်တွေ အရမ်းသဘောကျတဲ့နေရာလေ..." မာလင်က အနည်းငယ် တုံ့တုံ့ဆိုင်းဆိုင်းနှင့် ပြန်ဖြေလိုက်သည်။

"ငါတို့ရဲ့ သခင်က ဒီလောက်အစွမ်းထက်တာ ဘာကြောက်စရာလိုလို့လဲ။" ကတ်စီဒီက လုံးဝပင် မတုံးမဆိုင်းဖြစ်နေ၏။

အန်လင်းမှာ ထိုသည်ကို ကြားပြီးနောက် အနည်းငယ် သတိနိုးကြားလာသည်။ ထိုနှစ်ယောက်မှာ သူ၏ ခွန်အားအမှန်ကို အလွန်ပိုတွက်ထားကြလေ၏။

ဟာလာပြင် စိတ်ဝိညာဉ် မျိုးနွယ်စုမှာ ထိုက်ချူကုန်းမြေကြီးတွင် အထူးဆန်းဆုံး မျိုးနွယ်စု ဖြစ်ပြီး သူတို့က ကျိန်စာအမျိုးအစား အားလုံးနင့် ဝိညာဉ် နည်းစနစ်များကို အထူးပြုကြ၏။ သူတို့က တစ်ခါတစ်ရံတွင် ပစ်မှတ်ကိုယ်တိုင်ပင် မသိလိုက်ခင်မှာပင် လူတစ်ယောက်ကို သတ်ဖြတ်ရန်  စိတ်ကူးယဉ်၍ မရသော နည်းလမ်းများစွာ ရှိကြပေ၏။

"ဟာလာပြင် စိတ်ဝိညာဉ်မျိုးနွယ်စုနဲ့ သွေးမျိုးနွယ်စုကြားက ဆက်ဆံရေးက ဘယ်လိုလဲ" အန်လင်းက မေးလိုက်၏။

"ငါတို့က ရန်သူလည်းမဟုတ်ဘူး။ မိတ်ဆွေလည်း မဟုတ်ဘူး။ ငါတို့က မြင်တာနဲ့တော့ မတိုက်ကြပါဘူး။ တိုက်ပွဲတွေထဲမှာလည်း တစ်ယောက်ကို တစ်ယောက်မကူညီကြဘူး။ ဒါပေမဲ့ သူတို့က အခွင့်အရေးရရင် ငါတို့ကို သတ်ဖြတ် ထိုးနှက်ချက် ပြုလုပ်လာမလားဆိုတာကိုတော့ အသေတွက်လို့မရဘူး" ကတ်စီဒီက ပြန်ဖြေလိုက်၏။

အန်လင်းက ခေါင်းငြိမ့်ပြလိုက်သည်။ "အဲဒါဆိုလဲ သွားကြစို့။ ငါက နင့်ရဲ့ရွေ့လျားနေတဲ့ သွေးဘဏ်တစ်ခုလိုပဲ ဟန်ဆောင်လိုက်မယ်။ အဲဒါဆို သူတို့က ငါတို့ကို တိုက်စရာအကြောင်းမရှိတော့ဘူး။"

ထိုသည်ကိုကြားပြီးနောက် မာလင်၏ ရင်ဘတ်မှာ တင်းကြပ်သွားပြီး မဖော်ပြနိုင်သော ဝမ်းနည်းမှုက သူ့နှလုံးသားထဲတွင် ဖြစ်တည်လာ၏...။

ခေတ္တမျှ ဆွေးနွေးပြီးနောက် မာလင်နှင့် ကတ်စီဒီတို့က အကွာအဝေးဂိတ်တစ်ခု ဆုတ်ဖြဲကာ သူတို့၏ နောက်ထပ် ဦးတည်ချက်ဆီသို့ ခရီးဆက်လာခဲ့လိုက်ကြသည်။

ထိုဦးတည်ချက်မှာ သေဆုံးဝိညာဉ်များ၏နယ်မြေဖြစ်ပြီး စုစုပေါင်း မြေလွှာကိုးခုနှင့် ဖွဲ့စည်းထားသော ပျက်ပြယ်ခြင်းကြယ်စင်အပိုင်း၏ အလယ်ဆုံးမြေလွှာပေါ်တွင် တည်ရှိလေ၏။

ထိုသည်က ရှေးဟောင်းထိုက်ချူနယ်မြေထဲတွင် အလွန်အရေးကြီးလှသော နေရာတစ်ခုဖြစ်ပြီး ရှေးဦးရှာဖွေသူများ စုဆောင်းပေးခဲ့သော သတင်းအချက်အလက်များအားလုံးက ထိုသည်မှာ ရှေးဟောင်းထိုက်ချူနယ်မြေ၏ မြို့တော်ဖြစ်ပုံရသည်ဟု ယူဆကြသည်။

ခမ်းနားထည်ဝါမှုများနှင့် စည်းစိမ်များအားလုံးက မြေကြီးနှင့် ပြာမှုန့်များအဖြစ်သို့ လျော့ကျသွားသည်မှာ အတန်ကြာပြီဖြစ်၏။

မရေမတွက်နိုင်သော ပိတ်မိနေသည့်ဝိညာဉ်များက ထိုဒေသတွင် လှည့်လည်သွားလာနေကာ သူတို့အားလုံးမှာ နောက်ဘဝသို့ မကူးနိုင်ပဲ ရှိနေလေ၏။

သူတို့ထဲမှ တစ်ချို့မှာ မုန်းတီးကြမ်းကြုတ်ကာ ရက်စက်ကြပြီး တစ်ချို့မှာ လိုအင်မရှိပဲ၊ တစ်ချို့ကမူ စိတ်ဓာတ်ညိုးငယ်ကာ ဝမ်းပန်းတနည်းဖြစ်နေကြလေ၏...။

ဤသည်မှာ ရှေးဟောင်းထိုက်ချူနယ်မြေတစ်ခုလုံးတွင် အသက်အဝင်ဆုံးသော နေရာဖြစ်ပြီး သေဆုံးဝိညာဉ်များနှင့် ပြည့်နှက်နေကာ တစ်ချို့မှာ သာမန်သက်ရှိများကဲ့သို့ ဆက်သွယ်၍ပင် ရနိုင်သည်။

ဟာလာပြင် စိတ်ဝိညာဉ် မျိုးနွယ်စုမှာ ထိုနေရာတွင် သူတို့စားသုံးနိုင်သော အရသာရှိလှသည့် သေဆုံးဝိညာဉ်များ အများအပြားရှိသောကြောင့် ထိုနေရာကို အလွန်ပင် နှစ်သက်လေ၏။ ဝိညာဉ်များအားလုံးကို စား၍မရသော်လည်း ဟာလာပြင် စိတ်ဝိညာဉ်မျိုးနွယ်စု ကျင့်ကြံသူများက စားသုံးရန်သင့်တော်သော ဝိညာဉ်တစ်ခု တွေ့ရှိပါက အမြဲပင် တက်ကြွနေလေ၏။

ဤနေရာ၌ တည်ဆောက်မှုများအားလုံးက မှေးမှိန်ကာ ခြောက်သွေ့နေသော ရှေးဟောင်းမြို့တော် တစ်ခု ရှိခဲ့၏။

အိမ်အများစုမှာ အချိန်ကြာပြီဖြစ်၍ ပျက်ဆီးနေပြီဖြစ်ကာ ထိုရှေ့ဟောင်း မြို့တော်ကြီး၏ အလယ်တွင် အနက်ရောင် မျှော်စင်တစ်ခုက တည်ရှိနေ၏။ ထိုမျှော်စင်က မည်သည့် ပါဝင်ပစ္စည်းနှင့် တည်ဆောက်ထားသည်မှာ မရှင်းလင်းသော်လည်း ကြယ်စုံည၏အလင်းရောင်အောက်တွင် တောက်ပနေသည်မှာ အချိန်များကုန်ဆုံးသွားသည့်တိုင်အောင် မပျက်စီးပဲ ကျန်နေသည့်ပုံရပေသည်။

အနက်ရောင် အက်ကွဲကြောင်းတစ်ခုက လေထဲတွင် ပွင့်လာလေ၏။

ထိုထဲမှ အနက်ရောင်ဝတ်ရုံနှင့် ဆွဲဆောင်မှုရှိလှသော အမျိုးသမီးတစ်ဦးက လက်တစ်ဖက်တွင် အမျိုးသားတစ်ဦးနှင့် နောက်တစ်ဖက်တွင် အဖြူရောင်ဘောလုံးတစ်လုံးကို ဆုပ်ကိုင်ကာ ပေါ်ထွက်လာ၏။

သူ့မ၏နောက်တွင် ရွှေရောင်ဆံပင်နှင့် အနည်းငယ် အားနည်းဟန်ရသော အမျိုးသားတစ်ဦးလည်း လိုက်ပါလာသည်။

"ဒီဟာက သေဆုံးခြင်း ဝိညာဉ်တွေရဲ့နယ်မြေပဲ။ ငါတို့က လောလောဆယ် သေဆုံးခြင်း ဝိညာဉ်နယ်မြေရဲ့ အနောက်​​တောင်ဘက်အပိုင်းမှာ ရှိနေတဲ့ပုံပဲ။" အမျိုးသမီးက ကြေငြာလိုက်၏။

အန်လင်းက ပျက်စီးယိုယွင်းနေသော မြို့ကို ငုံ့ကြည့်လိုက်ရာ မျက်စိတစ်ဆုံး နေရာအနှံ့သို့ ပျံ့နှံ့နေကြသော ခြံဝန်းနှင့် အဆောက်အအုံများစွာကို တွေ့လိုက်ရသည်။ ထိုသည်တစ်ခုတည်းကပင် ဤမြို့က ယခင်နေ့ရက်များတွင် မည်မျှ ကြီးကျယ် ခမ်းနားခဲ့မည်မှာ နားလည်နိုင်ပေ၏။

"ငါတို့က ဟာလာပြင် စိတ်ဝိညာဉ်မျိုးနွယ်စုကျင့်ကြံသူတွေကို သတိထားရမှာတင်မကဘူး။ ဒီနေရာမှာရှိတဲ့ ပုံရိပ်ယောင်နယ်မြေတွေကိုလည်း သတိထားရမယ်။ ပုံရိပ်ယောင်နယ်မြေတွေက အရမ်းကို ကြောက်စရာကောင်းတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ထောင်တုန်းက ပုံရိပ်ယောင်နယ်မြေဆီကို မတော်တဆ ရောက်သွားပြီးတော့ ရူးသွားတဲ့ သွေးမျိုးနွယ်စု ကျင့်ကြံသူတစ်ယောက်ရှိတယ်။" မာလင်က သတိပေးလိုက်၏။

အန်လင်းက ထိုသည်ကိုကြားပြီး အံ့အားသင့်သွားလေ၏။ ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်အများစုမှာ အလွန်ခိုင်မာသော တာအိုနှလုံးသား ရှိ၏။ ထိုကဲ့သို့ တစ်စုံတစ်ဦးကို ရူးသွပ်အောင် ပြုလုပ်နိုင်သည်က ပုံရိပ်ယောင်နယ်မြေမှာ မည်မျှအထိ ကြောက်မက်ဖွယ်ဖြစ်သနည်း။

"နယ်မြေအူတိုင်ရဲ့အပိုင်းအစတွေ ဒီမှာ ပေါ်လာနိုင်တယ်လို့လဲ ပြောကြတယ်။ သခင်၊ နယ်မြေအူတိုင်း တစ်ပိုင်းဆိုရင် သွေးဘယ်လောက်နဲ့ လဲလို့ရမလည်းဟင်။" ကတ်စီဒီက မျှော်လင့်တကြီး မေးလိုက်လေ၏။

အန်လင်းမှာ ထိုနယ်မြေအူတိုင်အပိုင်းဆိုသည့်အရာမှာ မည်သည့်အရာဖြစ်သည်ဆိုသည်အား မသိပါချေ။

သူက ပြန်ပြောရန် အခွင့်အရေးမရခင်မှာပင် မာလင်က ရယ်​မောကာ ပြန်ဖြေလိုက်၏။ "နင်က နယ်မြေအူတိုင်အပိုင်းအစကို တွေ့မယ်လို့ထင်တယ်ပေါ့။ နင် အိပ်မက်မက်ရဲသေးတယ်နော်။ အဲဒါတွေက အရမ်းရှားပြီးတော့ ရှာတွေ့နိုင်ပေမဲ့ လိုချင်တဲ့လူမများဘူး။ ရှေးဟောင်းထိုက်ချူနယ်မြေကို ဝင်လာကြတဲ့လူတွေထဲမှာ နယ်မြေအူတိုင် အပိုင်းတစ်ခုကို တကယ်ရှာတွေ့နိုင်တာ တစ်ယောက်တောင် မရှိနိုင်ဘူး။"

အန်လင်းမှာ ထိုနယ်မြေအူတိုင်အပိုင်းများဆိုသည်အား ဘာလဲဆိုသည်ကို ယခုထိမသိသေးပါပေ။ သို့သော် သူတို့က အတော်ပင် ကြမ်းတမ်းသည့်ပုံရ၍ သူက ချက်ချင်းပင် ဆုလာဒ်စနစ်တစ်ခုကို ထပ်မံ တည်ဆောက်လိုက်လေ၏။ "နယ်မြေအူတိုင်အပိုင်းတစ်ခုကို သွေး ၁၀မီလီလီတာနဲ့ လဲလို့ရမယ်။"

ကတ်စီနှင့် မာလင်တို့နှစ်ဦးစလုံးက အန်လင်းကို အထူးတဆန်း ကြည့်လိုက်ကြသည်။

"သခင်... နယ်မြေအူတိုင်အပိုင်းတွေကို ဘယ်လောက်တောင် အဖိုးတန်သလဲ သိရဲ့လား။" ကတ်စီဒီက ခေတ္တမျှ တုံ့ဆိုင်းနေပြီး မေးခွန်းတစ်ခုမေးလိုက်၏။

အန်လင်းက နားမလည်နိုင်ခြင်းနှင့် မျက်တောင်ခတ်လိုက်၏။ "ဘာလို့လဲ... ဈေးက မမှန်လို့လား။"

မာလင်က စိတ်ရှည်ရှည်နှင့် ရှင်းပြလိုက်သည် "ကမ္ဘာတစ်ခုက ပြိုကျပျက်စီးရင် အဲ့ထဲမှာရှိတဲ့ အရာဝတ္ထုက အခြေခံအကျဆုံးပုံစံကို ပြန်ရောက်သွားတာ။ အဲဒါတွေက နောက်ထပ်ကမ္ဘာတစ်ခု တည်ဆောက်ဖို့ သုံးနိုင်တဲ့ နယ်​မြေအဆီအနှစ်သလင်းကျောက်တွေပေါ့။"

"အကျဉ်းချုပ်ပြောရရင်တော့ နယ်မြေအူတိုင်ဆိုတာက အဲ့နယ်မြေရဲ့ တာအိုနဲ့ နိယာမတွေရဲ့ သရုပ်သကန်ပဲ။ အဲ့လိုပဲ နယ်မြေအူတိုင်ရဲ့ အပိုင်းတွေက နယ်မြေတစ်ခုရဲ့ တာအိုနဲ့ နိယာမတွေ ပါနေတဲ့ အရာဝတ္ထုတွေပဲ။ တစ်နည်းပြောရရင်တော့ နယ်မြေအူတိုင်ရဲ့ အပိုင်းတွေတစ်ခုစီတိုင်းက ကမ္ဘာသစ်တစ်ခုရဲ့ အူတိုင်ကို တည်ဆောက်ဖို့ သုံးလို့ရတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပဲ။ အဲဒါက ပျက်ပြယ်ခြင်းအဆင့် ကျင့်ကြံသူတွေကို တာအိုပေါင်းစပ်ခြင်းအဆင့်ကို မြန်မြန် တက်လှမ်းနိုင်အောင် အကူအညီကောင်းတစ်ခု ထောက်ပံ့ပေးတယ်။"

ထိုသည်ကို ကြားပြီးနောက် အန်လင်း၏ နှလုံးသားမှာ ရောထွေးသွားလေတော့၏။

ထိုပစ္စည်းက အလွန်အဖိုးတန်ပုံရသည်။

သို့သော် ဧကရာဇ်ဇစ်ဝေးက အဘယ့်ကြောင့် ထိုကဲ့သို့အရာမျိုးကို သူ့အားတစ်ခါမှ မပြာပြရသနည်း။

အိုး... ဟုတ်သားပဲ။ ထိုသည်က ပျက်ပြယ်ခြင်း ကြယ်စင်အပိုင်းတွင်သာ တွေ့ရသည့် တစ်စုံတစ်ခုဖြစ်ပုံရ၍ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများကို သူတို့၏ဖြစ်တည်မှုအကြောင်း သတင်းများပေးရန် မလိုအပ်သည်ဖြစ်မည်။

အန်လင်းက ခေတ္တမျှ တွေးတောလိုက်ပြီး သူ၏ ဆုလာဒ်ကို ပြင်ဆင်လိုက်၏။ "နယ်မြေအူတိုင် အပိုင်တစ်ခုကို သွေး ၃၀မီလီလီတာနဲ့ လဲလှယ်လို့ရတယ်...။"

ထိုသည်ကို ကြားပြီးနောက် မာလင်နှင့် ကတ်စီဒီတို့၏ မျက်နှာထက်တွင် ပျော်ရွှင်သော အမူအရာများ ပေါ်လာသည်။

"နယ်မြေအူတိုင် အပိုင်းတွေ လိုက်ရှာကြစို့ သခင်။" ကတ်စီဒီက သွားရန် စိတ်အားထက်သန်နေလေ၏။

"မဟုတ်ဘူး။ ငါတို့ရဲ့ ပထမဦးစားပေးက ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက်တွေ ထပ်ရှာဖို့ပဲ။" အန်လင်းက မဆုတ်မနစ်သော အမူအရာဖြင့် ပြောလိုက်လေ၏။

"အဲဒါ ကောင်းမွန်တဲ့ အတွေးအခေါ်ပဲ။ နယ်မြေအူတိုင်အပိုင်းတွေက အရမ်းရှားတယ်။ အဲ့တော့  ကြံ့ကြ့ခိုင်ပြီး နေ​​နေတာ အကောင်းဆုံးပဲ။ စိတ်ဓာတ်မယိုင်တာ ကောင်းတယ် သခင်။" မာလင်က ပြုံးကာ ချီးကျူးစကားများ ဆိုလိုက်သည်။

အန်လင်းက မျက်နှာတည်ဖြင့် သက်ပြင်းချလိုက်လေ၏။ သူ့အိတ်ကို ကာကွယ်ခြင်းမှာ ပထဆုံးဦးစားပေးအချက်ဖြစ်၍ သူက ကြံ့ကြံ့ခိုင်နေရန်မှလွဲ၍ တခြားရွေးစရာမရှိပါချေ...။

----------------

All Chapters