ထူးဆန်းသော အနက်ရောင်မျှော်စင်အစောင့်များ
Vol. 39 Ch. 540
အန်လင်းက ရှေးဟောင်းမြို့တော်၏ လမ်းမများထက်တွင် လမ်းလျှောက်နေစဉ် အနက်ရောင်မြူခိုးပုံရိပ်များက သူ့ကို ဖြတ်သန်းသွားကာ လေထုထဲတွင် အရိုးခိုက်စေနိုင်သည့် အအေးဓာတ်များ ချန်ရစ်ထားခဲ့လေ၏။
ထိုအနက်ရောင်၊ တွန့်လိမ်နေသော မြူထူထူ ပုံရိပ်များမှာ မြို့လမ်းများပေါ်တွင် ဆက်တိုက်ဆိုသလို လှည်လည်သွားလာနေကြသော သက်မဲ့ဝိညာဉ်များဖြစ်ကြလေ၏။ သူတို့က မည်သူ့ကိုမှ အလိုဆန္ဒအလျောက် မတိုက်ခိုက်ပါသော်လည်း အသိတရားအားနည်းသော တစ်စုံတစ်ဦးက သူတို့ကို ဝင်တိုက်မိခြင်းကြောင့် ဒဏ်ရာရနိုင်သေး၏။
မာလင်၏ဆိုင်းပုဒ်လေးမှာ သူတို့ကို ဦးဆောင်ကာ လမ်းပြပေးမည့် အစွမ်းထက် ဝိညာဉ်စစ်သည်တော်တစ်ချို့ ဆင့်ခေါ်နိုင်၍ ဤအခြေအနေတွင် အလွန်အသုံးဝင်လေ၏။ လှည်လည်သွားလာနေကြသော ဝိညာဉ်များအားလုံးမှာ သဘာဝအလျှောက်ပင် ဝိညာဉ်စစ်သည်များမှ ဖြာထွက်နေသော သတ်ဖြတ်လိုစိတ်များကို ရှောင်ရှားသွားကြ၍ အန်လင်းနှင့် တခြားသူများကို လမ်းလျှောက်ရန် လမ်းကြောင်းတစ်ခု ဖွင့်ထားပေးလေ၏။
"ပေါက်စီတွေရမယ်နော်... ပေါင်းအိုးထဲက လတ်လတ်ဆတ်ဆတ် ထုတ်လာတဲ့ ပူပူနွေးနွေး အစာသွပ်ပေါက်စီတွေ..."
"ငါတို့က တစ်မြို့လုံးမှာ အကောင်းဆုံး ပင်လယ်စာ စားသောက်ဆိုင်ပဲ...။ တစ်နပ်လောက် ဝင်ပြီး စားကြည့်ချင်လား။"
"ဈေးနှုန်း ချိုသာပြီး အရည်အသွေးမြင့်တဲ့ ပိုင်ချန်ကုန်စုံဆိုင်ဟေ့..."
"ဝင်ခဲ့ပါ သခင်လေး၊ အထဲမှာ သခင်လေးကို စောင့်မျှော်နေတဲ့ မိန်းမလှလေးတွေ ရှိတယ်..."
သူတို့သည် ဝေးကွာလှသော သက်ဝင်လှုပ်ရှားနေသည့်အတိတ်ကို ပြန်ရောက်သွားသကဲ့သို့ အသံများက လမ်းမတစ်လျှောက်ပျံ့နှံ့လာလေ၏။
အန်လင်းမှာ ထိုသည်က ကြောက်စရာကောင်းသည်ဟု မထင်ပါချေ။ ထိုအစား သူသည် ထိုလှည့်လည်သွားလာနေသောဝိညာဉ်များကို အတန်ပင် စာနာသနားမိသည်။
သူက ထိုလှည့်လည်နေကြသော ဝိညာဉ်က မည်သို့ ဖြစ်တည်လာသည်ကို မသိသလို ဟာလာပြင် စိတ်ဝိညာဉ်မျိုးနွယ်စု၏ ငြင်းဆန်ခြင်းကိုပင် ခံရသောထိုဝိညာဉ်များ တည်ရှိနေရခြင်း၏ အကြောင်းပြချက်ကို နားမလည်ပါချေ။
သူတို့မှာ စွမ်းအင်၏ ခန္ဓာကိုယ်ရော အမှန်တကယ်သက်ရှိများရော မဟုတ်ကြပါပေ။ သူတို့က ယခင်က နေထိုင်ခဲ့သော သက်ရှိများ၏မှတ်ဉာဏ်များနှင့် ပိုတူပေ၏။
သူက ရှေးဟောင်းမြို့တော်တစ်လျှောက် လှည့်လည်ကြည့်ရင်း သူကြားရသမျှအားလုံးမှာ ထိုလှည့်လည်သွားလာနေကြသော ဝိညာဉ်များ၏ အသံသာဖြစ်ပေ၏။
အန်လင်းက ခေါင်းခါကာ စိတ်ပျက်စွာဖြင့် သက်ပြင်းခပ်ဖွဖွ ချလိုက်လေ၏။
သူက လှည့်လည်နေသောဝိညာဉ်များမှာ ရံဖန်ရံခါ လူတစ်ချို့ကို ခြောက်လှန့်ဟန်ရှိပြီး တိတ်ဆိတ်ကာ ချောက်ချားဖွယ်ဖြစ်သင့်သည်ဟု ခံစားရလေ၏။
ထိုဆူညံပြီး သက်ဝင်လှသော လှည်လည်နေသည့်ဝိညာဉ်များးအားလုံးက သူစဉ်းစားထားသည်နှင့် လုံးဝပင် ကွာခြားနေပေ၏။
သူတို့က ဖြူဖျော့ပြီး အရောင်အသွေးမဲ့သောသွင်ပြင်များနှင့် အနီရောင် ဂါဝန်တစ်ထည်ဝတ်ဆင်ထားသော အမျိုးသမီး စိတ်ဝိညာဉ်တစ်ခုက အောက်ဘက်မြေပြင်ပေါ်တွင် ရုတ်တရက် မပေါ်လာခင်အထိ ရှေ့ဆက်လျှောက်သွားကြလေ၏။
အမျိုးသမီး စိတ်ဝိညာဉ်သည် ရုတ်တရက် စူးစူးရှရှ ငိုကြွေးလိုက်ပြီး အလွန်အမင်း စူးရှသော အသံလှိုင်းများက ဖြာထွက်လာကာ သူမပတ်ဝန်းကျင်မှ မြေကြီးကို အမှုန့်ချေပစ်လိုက်လေသည်။
အန်လင်းနှင့် တခြားသူများက နားများကို အုပ်လိုက်ကာ မာလင်က ထိုအမျိုးသမီး စိတ်ဝိညာဉ်ကို လက်ဝါးတစ်ချက်တည်းနှင့် သေအောင် ချေမွလိုက်လေ၏။
ထိုအထူးလှည့်လည်စိတ်ဝိညာဉ်များမှာ အမြဲလိုလို သူတို့၏သေဆုံးခြင်းအတွက် ပစ္စည်းများ ချန်ရစ်ထားခဲ့ပေ၏။
ဥပမာအနေဖြင့် ဤအမျိုးသမီးစိတ်ဝိညာဉ်က အပြာရောင်နယ်မြေအဆီအနှစ် သလင်းကျောက်တစ်ခု ပြုတ်ကျခဲ့လေ၏။
သိပ်မကြာခင်တွင် သူတို့က ၁၂ မီတာခန့် မြင့်ကာ ဧရာမ အသားခုတ်ဓားကြီးတစ်ချောင်း ကိုင်ဆောင်ထားသော သားသတ်သမားတစ်ဦးနှင့် တွေ့လိုက်ရသည်။
ဧရာမ သားသတ်သမားကြီးက အန်လင်းနှင့် တခြားသူများဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာပြီး စစ်ချီသံတစ်ခု ပြုလုပ်ကာ သူ့၏ဧရာမအသားခုတ်ဓားကြီးကို ကြောက်မက်ဖွယ် အားအင်ဖြင့် ခုတ်ပိုင်းပစ်လိုက်လေ၏။ ထို့နောက်သူက မာလင်၏လက်ဖဝါးဖြင့် သေဆုံးသည်အထိ ထပ်မံရိုက်ခတ်ခြင်း ခံလိုက်ရလေ၏။
ဤလှည့်လည်စိတ်ဝိညာဉ် အစိမ်းရောင်နယ်မြေအဆီအနှစ် သလင်းကျောက်တစ်ခု ပြုတ်ကျလာသည်။
မမျှော်လင့်ထားပါပဲ ဤဧရာမ စိတ်ဝိညာဉ်ကြီးက အမျိုးသမီးစိတ်ဝိညာဉ် ပြုတ်ကျခဲ့သော တစ်ခုထက်ပင် တန်ဖိုးနည်းသော ပစ္စည်းတစ်ခု ပြုတ်ကျလာခဲ့လေ၏။
အန်လင်းနှင့် တခြားသူများက မြို့တော်ကိုဖြတ်ကာ အနက်ရောင် မျှော်စင်ဆီသို့ သွားရာ တစ်လျှောက်တွင် စိတ်ဝိညာဉ်အများအပြားက ထွက်ပေါ်လာလေ၏။
ဤသည်က မီတာ တစ်ထောင်ကျော်ရှည်လျားကာ အလွန်မြင့်မားသော မျှော်စင်တစ်ခုဖြစ်ပြီး ကောင်းကင်သို့ ထိနေသော ဧရာမတိုင်ကြီးတစ်ခုနှင့် တူလှပေသည်။
"အဲဒါက အတော်လေး မျက်စိထဲထင်းနေတဲ့ မျှော်စင်ပဲနော်။ အဲ့မှာရှိတဲ့ တန်ဖိုးကြီး အရာတွေက သူများယူသွားပြီးသားဖြစ်မှာ သေချာတယ်။" အန်လင်းက ပြောလိုက်လေ၏။
ကတ်စီဒီက ဆန့်ကျင်ပြောဆိုလာ၏။ "နင်က ပျက်ပြယ်ခြင်းကြယ်စင်အပိုင်းက ဘယ်လောက်တောင် ကျယ်သလဲဆိုတာကို လျော့တွက်လိုက်တာပဲ သခင်။ ငါတို့က အခု အနက်ရောင်မျှော်စင်ကို မြင်နေရပေမဲ့ ဒီနေရာကို တစ်ခါမှ ခြေမချဖူးသေးတဲ့ ကျင့်ကြံသူတွေ သေချာပေါက် အများကြီး ရှိသေးတယ်။"
"အဲ့ဒီအပြင် အရင်က တစ်စုံတစ်ယောက် ဒီကိုရောက်ပြီးသားဆိုရင်တောင် နှစ်၅၀၀ ကြာပြီးတော့ အဲ့မှာ နယ်မြေအဆီအနှစ် သလင်းကျောက်တွေ ရှိနေလောက်တယ်...။" မာလင်က ဝင်ပြောလိုက်သည်။
သူတို့က အန်လင်းမှာ ပျက်ပြယ်ခြင်း ကြယ်စင်အပိုင်းကို မည်သို့ မေ့လွယ်သည်ကို ကျင့်သားရနေပြီဖြစ်၍ သူတို့အတွက် သိသာလှသော အရာများကို စိတ်ရှည် အသေးစိတ်ကျသော ရှင်းလင်းချက်များ ထောက်ပံ့ပေးရန် အဆက်မပြတ် အဆင်သင့်ဖြစ်နေပေ၏။
သူတို့မသိလိုက်ခင်မှာပင် သူတို့က မျှော်စင်၏အောက်ခြေသို့ ရောက်လာခဲ့လေပြီ။
လူတိုင်း အံ့ဩသွားရသည်မှာ အဓိကဝင်ပေါက်တွင် ရပ်နေသော အနီရောင်ဝတ်စုံနှင့် သဘောကောင်းဟန်တူသည့် အဖိုးအို နှစ်ဦး ရှိနေလေ၏။ "ကြိုဆိုပါတယ်။ ကြိုဆိုပါတယ်...။ ကြိုဆိုပါတယ် တန်ဖိုးရှိတဲ့ ဧည့်သည်များ ကြယ်စင်ခူးဆွတ် မျှော်စင်က ကြိုဆိုပါတယ်။"
"အတော်ကို လေးလေးစားစား ကြိုဆိုနေတာပဲ..." အန်လင်းမှာ အနည်းငယ် တုံ့ဆိုင်းနေလေ၏။
ဤသည်မှာ အလွန်ဆန်းကြယ်သော မြင်ကွင်းဖြစ်ကာ အထူးသဖြင့် တစ်မြို့လုံးမှာ လှည့်လည် စိတ်ဝိညာဉ်များနှင့် ပြည့်နေ၍ ဖြစ်ပေ၏...။
အနီရောင် ဝတ်စုံဖြင့် အဖိုးအိုများက အန်လင်းပြောလိုက်သည်ကို ကြားသွားသကဲ့သို့ ထပ်မံပြောလာသည်။
"အမြဲတမ်း ဝမ်းသာပါတယ်..." အရပ်ရှည်ကာ ပိန်ပါးသော အဖိုးအိုက စကားပြောနေရင်းဖြင့် ခေါင်းကို ဘယ်ညာယိမ်းနေလေ၏။
"အဝေးက မိတ်ဆွေတွေကို ကြိုဆိုရတာကို" အရပ်ပုကာ တုတ်ခိုင်သော အဖိုးအိုက တခြားအဖိုးအို၏ စကားကို အဆုံးသတ်ပေးလိုက်လေ၏။
ရွှယ်ကျန်းထျန်မှာ အနည်းငယ်စိတ်လှုပ်ရှားလာသည် "သခင်၊ ဒီဟာတွေက ငါတို့ တွေ့ခဲ့ရတဲ့ ဟိုငတုံး လှည့်လည်ဝိညာဉ်တွေနဲ့ တူတဲ့ပုံမရဘူး။"
မာလင်က မကျေမနပ်ဖြင့် သူ့၏လက်ဖဝါးကို မြှောက်လိုက်လေ၏။ "ဒီနှစ်ယောက်က တကယ်ပဲ ကို့ယို့ကားယားနဲ့။ သူတို့ကို သေအောင် ရိုက်လိုက်ရမလား။"
အန်လင်းမှာ မာလင်ကို သဘောတူပါ၏။ ရှေးဟောင်းထိုက်ချူနယ်မြေမှ ထိုစိတ်ဝိညာဉ်နှစ်ကောင်မှာ ကမ္ဘာပေါ်တွင် တွေ့ရသော ကွန်ဖြူးရှပ်၏ ဆိုရိုးစကားများ စာအုပ်မှ စာကြောင်းများကို ရွတ်ဆိုနေခြင်းဖြစ်၏။ ဤသည်မှာ အလွန်ကို့ယို့ကားယားနိုင်နေသည်မှာ ရှင်းလင်းလှပ၏။
သူက မာလင်၏ အဆိုပြုချက်ဖြင့် သဘောတူ ခေါင်းငြိမ့်တော့မည့်အချိန်တွင် အဘိုအိုနှစ်ဦးမှာ ထပ်မံ၍ အလွန် စိတ်လှုပ်ရှားလာကြ၏။
"သမင်တွေက မြက်ခင်းပြင်တွေပေါ်မှာ လွတ်လွတ်လပ်လပ်နေနေရရင် ပျော်ပြီး အော်တတ်ကြတယ်...။" အရပ်ရှည်ပြီး ပိန်ပါးသော အဖိုးအိုက ခေါင်းခါလိုက်လေ၏။
"ငါမှာ ဧည့်သည်တွေရှိရင် သီချင်းဖွင့်ရမယ်" အရပ်ပုပြီး တုတ်ခိုင်သော အဖိုးအိုက စာကြောင်းကို ထပ်မံ အဆုံးသတ်လိုက်ရလေ၏။
သူ့အသံက ပျောက်ကွယ်သွားမည့်အချိန်တွင် တုတ်ခိုင်သောအဖိုးအိုက စောင်းနှင့်တူသော ဂီတ တူရိယာတစ်ခုကို ထုတ်လိုက်ပြီး တူရိယာ၏ကြိုးများပေါ်တွင် သူ့လက်များဖြင့် ရိုက်ခတ်လိုက်လေ၏။
မာလင်သည်လည်း ထိုအခိုက်၌ လုပ်ဆောင်ချက် စတင်နေပြီဖြစ်ကာ ဧရာမ ကြက်သွေးရောင် လက်ဝါးအလင်းတန်းကြီးတစ်ခုက ကောင်းကင်မှ ပြင်းထန်လှသောအားအင်ဖြင့် ကျဆင်းလာသည်။ ထိုလက်ဝါးမှာ မြေပြင်နှင့် မထိခတ်ရသေးသော်လည်း ကမ္ဘာမြေကြီးက လက်ဝါးကြီးတစ်ခုတည်း၏ ဖိအားကြောင့် ချိုင့်ဝင်သွားပြီး ဖြစ်လေ၏။
"ဟေး... ဟေး...." အရပ်ရှည်သော အဖိုးကြီးက လေထုထဲသို့ ဧရာမ လက်ဝါးအလင်းတန်းကြီးဆီသို့ လက်သီးတစ်လုံး ထုတ်လွှတ်လိုက်လေ၏။
သူ့လက်သီး၏ စွမ်းအားက လေထဲတွင် အကွာအဝေး အက်ကွဲကြောင်းလေးများစွာကို ဖန်တီးလိုက်ပြီး ထိုထိုးနှက်ချက်၏ ကြောက်မက်ဖွယ် အားအင်မှာ ချက်ချင်းပင် ဧရာမ ကြက်သွေးရောင် လက်ဝါးအလင်းတန်းကြီးကို ခွဲခြေပစ်လိုက်သည်။ ကျန်ရစ်သောအားအင်က နေရာအနှံ့သို့ ၁၀ ကီလိုမီတာ အထိ ဖြာထွက်သွားကာ လှိုင်းလုံးတစ်ခုကို ဖန်တီးလိုက်လေ၏။
"လေးစားမှုမရှိလိုက်တာ..." အရပ်ရှည်သောအဖိုးကြီးက တည်ငြိမ်သော အသံဖြင့် ပြောလိုက်လေ၏။
"အပြန်အလှန် ပေးအပ်လို့ မရဘူးပဲ" တုတ်ခိုင်သော အဖိုးကြီးက ဆက်ပြောလာသည်။
ထို့နောက် အရည်ရှည်သောအဖိုးကြီးက သူ၏ လက်ညိုးနှစ်ချောင်းကို သူ့ခေါင်းတစ်ဖက်စီတွင် စေတီပုံစံ ထိကပ်လိုက်၏။
ထိုအခိုက်၌ တုတ်ခိုင်သော အဖိုးအိုကြီးက သူ့စောင်းပေါ်သို့ လက်များကို ရိုက်ခတ်လိုက်သည်။
"မြည်ဟီးးးးးးစေ..."
ထူးဆန်းသော အသံတစ်ခုက ရှေ့ဆီသို့ ပျံ့နှံ့လာလေ၏။
သူတို့ပတ်လည်မှ နေရာလပ်မှာ တွန့်လိမ်လာကာ အထင်ကြီးလောက်စရာ အားအင်တစ်ခုက သူတို့ရှေ့မှ နေရာလပ်ကို ဖုံးအုပ်လိုက်လေ၏။
"ဂရုစိုက်ကြ...။ အဲဒါက အတင်းအကြပ်လုပ်ယူထားတဲ့ ပုံရိပ်ယောင်နယ်မြေတစ်ခုပဲ" ကတ်စီဒီက အလျင်အမြန် သတိပေးလိုက်၏။
ထိုသည်ကို ကြားလိုက်ရာ အန်လင်း၏နှလုံးသားမှာ တုန်ခါသွားပြီး ချက်ချင်းပင် သူ့ကိုကာကွယ်ရန် အကာအကွယ်မန္တန်တစ်ခုကို ထုတ်လွှတ်လိုက်လေသည်။
သို့သော် သူသည် ရုတ်တရက် သူ့ခေါင်းက စောင်းမှ ဂီတ၏ စည်းချက်အတိုင်း မြည်ဟီးစပြုလာပြီဟု ခံစားလိုက်ရလေ၏။
ထို့နောက် သူက မူးဝေသွားကာ သူ့ပတ်ဝန်းကျင်မှာ လုံးဝ ပြောင်းလဲသွားသည်။
နေမင်း၏ လင်းလက်တောက်ပနေသော အလင်းရောင်မှာ မြေပြင်တွင် ကျဆင်းနေပြီး လေပြည်လေးတစ်ခုက အန်လင်း၏နှာခေါင်းထဲသို့ မွှေးပျံ့သောရနံ့များ သယ်ဆောင်လာလေ၏။ အစာသွပ်ပေါက်စီများနှင့် ခေါက်ဆွဲရနံ့များ၊ သူ့ကို ဖြတ်သွားသည့် အမျိုးသမီးဆီကမှ ထွက်လာတဲ့ ရဲရင့်လှသော ရနံ့များ ရှိနေပေ၏...။
သူက ရုတ်တရက်ကြီး လူအများ၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။
အန်လင်းက အသက်ဝင်လှုပ်ရှားနေသော လမ်းကြီးကို ကြည့်ကာ စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်လေ၏။
"ဟီးဟီး... သကြားရည်လောင်းထားတဲ့ တောဇီးသီးလေးဝယ်ပေးပါ မေမေ...။ သမီး အဲဒါလေး လိုချင်တယ်။" ကြားရအလွန်နားဝင်ချိုသော နူးညံ့လှသည့် အသံလေးတစ်ခုက အနီးမှ ထွက်ပေါ်လာလေ၏။
ကျစ်ဆံမြီးနှင့် ချစ်စရာကောင်မလေးတစ်ယောက်က အမျိုးသမီးတစ်ဦး၏ လက်ကို ဆုပ်ကိုင်ကာ လမ်းမှ ဈေးဆိုင်တစ်ခုကို စိတ်လှုပ်ရှားစွာ ညွှန်ပြနေလေ၏။
"ဟုတ်ပါပြီ။ ဟုတ်ပါပြီ...။ သမီးအတွက် တစ်ခု ဝယ်ပေးမယ်နော်..." ချစ်မြတ်နိုးသော အပြုံးက အမျိုးသမီး၏ မျက်နှာထက်တွင် ပေါ်လာကာ ကလေးမလေးအား သူမညွှန်ပြသော ဈေးဆိုင်ဆီသို့ ဦးဆောင် ခေါ်သွားလိုက်လေ၏။
"လမ်းဖယ်ကြ။ လမ်းဖယ်ကြ...။"
အန်လင်းက ငေးမောနေစဉ်မှာပင် သူ့ခန္ဓာကိုယ်မှာ ဘေးသို့ တွန်းပို့ခြင်းခံလိုက်ရလေသည်။
ထို့နောက် ချက်ချင်းပင် ကုန်စည်များပြည့်နေသော သစ်သားတွန်းလှည်းတစ်ခုက ဘေးမှ ဖြတ်သန်းသွားလေ၏။
ထိုသည်က အရမ်းပင် စစ်မှန်နေသည်ဟု ခံစားရ၏။
အမြင်အာရုံများ၊ အသံများ၊ ရနံ့များ၊ သူခံစားနိုင်သော အရာများ၊ သူ့ပတ်လည်မှ လူများ၏ အော်ရာများ၊ လေထဲရှိ သက်ရှိစွမ်းအင် စီးဆင်းမှုများအားလုံး...။ ထိုသည်များအားလုံးက တကယ့်ကမ္ဘာကြီးထဲတွင် ခံစားရသကဲ့သို့ အလွန်ပင် စစ်မှန်နေပေ၏...။
သို့သော် ထိုသည်က ပုံရိပ်ယောင်တစ်ခုမှန်း အန်လင်းသိပေ၏။
ထိုအရာများက မည်မျှ အမှန်နှင့် တူစေကာမူ သူက ထိုသည်များအားလုံးက ပုံရိပ်ယောင်ဟု အခိုင်အမာ ယုံကြည်သည်။
အန်လင်း၏ ဦးခေါင်းမှာ စတင် ကိုက်ခဲလာ၏။ ထိုသည်မှာ အဖိုးအိုနှစ်ဦးက ထုတ်လွှတ်လိုက်သော မန္တန်နည်းစနစ်များက ဖန်တီးထားသော ပုံရိပ်ယောင်နယ်မြေတစ်ခုဖြစ်သည်ကို သိသော်လည်း သူက ပုံရိပ်ယောင်ကို မည်သို့ ချိုးဖျက်ရမည်ကို မသိပါချေ။
---------------------