← Chapters

ညင်သာသောမြို့တော်

Vol. 39 Ch. 541

ညင်သာသောမြို့တော်

Vol. 39 Ch. 541

အန်လင်းမှာ မည်သို့ လုပ်ရမည်ကို လုံးဝ မသိပါချေ။ သူက ပုံရိပ်ယောင် မန္တန်နည်းစနစ်တစ်ခုကို မည်သို့ချိုးဖျက်ရမည်ကို မသင်ယူခဲ့ဖူးပေ။

သူက... အတင်းလုပ်ရမှာလား။

သူက ဒီပုံရိပ်ယောင်နယ်မြေကို ဖျက်ဆီးရန် ကိုယ်ပိုင်ခွန်အားကို အသုံးပြုရမည်လား။

သူ၏သိုလှောင်လက်စွပ်က လင်းလက်လာကာ မိစ္ဆာရှင်းဓားက သူ့လက်ထဲတွင် ပေါ်လာလေ၏။

ကျေးဇူးကြီးလှစွာဖြင့် သူ့၏စွမ်းအားနှင့် ကျင့်ကြံခြင်းအခြေခံက အကျိုးသက်ရောက်ခြင်း ရှိဟန်မရပါပေ။ ဤသည်က အရာများကို ပိုအဆင်ပြေသွားစေ၏။

သူက ယခုကောင်းကင်တွင် အပေါက်တစ်ခု ပြုလုပ်ရန်သာ လို၏။

"ချစ်ခင်ပွန်းရေ..." သာယာလှပြီး ရင်းနှီးလှသော အသံတစ်ခုက သူ့နောက်မှ ထွက်ပေါ်လာသည်။

ကျောက်စိမ်းဝတ်စုံနှင့် အမျိုးသမီးတစ်ဦးက သူ့အနီးနားတွင် တက်ကြွလှသော အပြုံးတစ်ခုနှင့် ရပ်နေလေ၏။ နေရောင်က သူမ၏လှပသောသွင်ပြင်များထက်တွင် ကျရောက်နေပြီး သူမအား ပိုပြီး တက်ကြွကာ ဆွဲဆောင်မှုရှိဟန် ပေါ်စေ၏။

ထိုနေရာတွင် ရပ်နေသည်ကပင် သာမက သူ့စကြဝဠာကြီး၏ အလယ်ဗဟို ဖြစ်လာလေ၏။ သူမနောက်မှ အရာရာမှာ မှိန်ဖျော့လာလေတော့သည်။

သူမ၏ ရုတ်တရက် ပေါ်ထွက်လာမှုက အန်လင်း၏နှလုံးသားကို တဖျတ်ဖျတ်လှုပ်ခါလာလေ၏။

သူ့ကို ခေါ်လိုက်သောအမည်က အန်လင်းကို သက်ပြင်းတစ်ချက် ရှုရှိုက်မိသွားစေ၏။

"စုရှောင်လန်၊ နင်... နင်က ငါ့ကို ချစ်ခင်ပွန်းလို့ခေါ်လိုက်တယ်..." အန်လင်းက အံ့ဩတကြီးနှင့် ပါးစပ်အဟောင်းသား ဖြစ်နေလေ၏။

စုရှောင်လန်က စိတ်ရှုပ်ထွေးစွာ မျက်မှောင် ကြုတ်လိုက်သည် "ဘာတွေ ပြောနေတာလဲ။ နင့်ကို ငါက တခြား ဘယ်လို ခေါ်ရအုံးမှာလဲ။"

ထိုသည်ကို ကြားပြီးနောက် အန်လင်းက အပျော်လွန်နေလေ၏။

"ချစ်ဇနီးလေး..." အန်လင်းက သူမဆီသို့ စိတ်လှုပ်ရှားစွာ တိုးဝင်သွားသည်။

သို့သော် သူက ချက်ချင်းပင် ရှက်သွေးဖြာနေသော စုရှောင်လန်၏ တွန်းဖယ်ခြင်းကို ခံလိုက်ရ၏။ "လမ်းပေါ်မှာ လူတွေ အများကြီးရှိတယ်။ နင် နည်းနည်းလောက် လိမ္မာယဉ်​ကျေးလို့ မရဘူးလား။"

အန်လင်းက ခေါင်းငြိမ့်ခြင်းကို မရပ်တန့်နိုင်ပါပေ။ "ဟုတ်ပါပြီ။ ငါ နင်ဖြစ်စေချင်တာ ဖြစ်လို့ရပါတယ်။"

သူက စုရှောင်လန်၏လက်ကို ကိုင်ကာ လမ်းတစ်လျှောက်ဆီသို့ လျှောက်သွားလေသည်။

စုရှောင်လန်က သူ့ချဉ်းကပ်မှုကို မငြင်းဆန်သော်လည်း ဘေးပတ်ဝန်းကျင်သို့ မလုံမလဲဖြင့် ကြည့်နေလေ၏။ "နင် ငါဝယ်ခိုင်းတဲ့ လက်နက်သန့်စင်ရေး ပစ္စည်းတွေ ဝယ်လာပြီလား။"

"ဟမ်။ အာ... ငါလည်း အဲဒါ လုပ်တော့မလိုပဲ။ အတူတူ သွားကြစို့။" အန်လင်းက အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ပြန်ဖြေလိုက်လေ၏။

စုရှောင်လန်က မျက်လုံးလှန်လိုက်ပြီး သူ့အား လက်နက်သန့်စင်ရေး ပစ္စည်းဆိုင်သို့ ဆွဲခေါ်သွားလိုက်လေ၏။

"ချစ်ဇနီးလေး..."

"ဘာတုန်း..."

"ဘာမှမဟုတ်ပါဘူး။ ငါက အဲဒါကို နည်းနည်း ထပ်ခေါ်ချင်လို့ပါ။"

"..."

"ငါ့ကို ချစ်ခင်ပွန်းလို့ နည်းနည်း ထပ်ခေါ်ပါအုံး။ ငါ နင်ခေါ်တာကို ကြားချင်လို့။"

"အရူး"

အန်လင်းမှာ သူနှင့် စုရှောင်လန်တို့က တာအိုတွဲဘက်များ ဖြစ်လာသည်ကို အလွန်ပျော်ရွှင်နေလေ၏။

ကောင်းချီးပေးခံရသော ဤခံစားချက်...

ထိုသည်က သူ့ကို မျက်ရည်ကျသည်အထိ စိတ်လှုပ်ရှားစေ၏။

သူက ဤသည်မှာ ပုံရိပ်ယောင် ကမ္ဘာတစ်ခုသာဖြစ်သည်ကို သိသော်လည်း အလွန်ပင် စစ်မှန်လွန်းနေသည်မို့ လက်မလွတ်ချင်ပါပေ။ သူက ဆက်နေကာ ဤပျော်ရွှင်မှုကို အနည်းငယ် ထပ်ပြီး ခံစားလိုပါသေး၏...။

သူတို့ပတ်လည်မှ အဆောင်အအုံများအားလုံးက နှစ်လိုဖွယ် အဝါနှင့် အဖြူရောင် သစ်သားများပေါင်းစပ်ခြင်းမှ ရှုပ်ထွေးစွာ တည်ဆောက်ထားခြင်း ဖြစ်ပေ၏။

ငါးထပ် သို့မဟုတ် ခြောက်ထပ်ခန့် မြင့်မားပြီး မျက်နှာပြင်ထက်တွင် မရင်းနှီးသော်လည်း လှပသည့် အရုပ်များ ထွင်းထုထားကာ ကျောက်စိမ်းအုပ်ခဲများနှင့် တည်ဆောက်ထားသော အဆောက်အအုံတစ်ချို့လည်း ရှိပေ၏။

မျက်စိတွင် အထင်းဆုံး အဆောက်အဦးမှာ မြို့တော်၏ အလယ်ဗဟိုရှိ အနက်ရောင် မျှော်စင်ကြီး ဖြစ်သည်။ ထိုသည်က တိမ်တိုက်များအထိ မြင့်မားကာ နေ၏အလင်းရောင်အောက်တွင် အရောင်ငါးရောင် ထွန်းလင်းနေပေ၏။

ဤပုံရိပ်ယောင်နယ်မြေမှာ အန်လင်း လက်ရှိဘဝတွင် တည်ရှိနေသော မြို့တော်မှလွဲ၍ တခြား မဟုတ်ပါပေ။

အဖိုးအိုနှစ်ဦးက ဤမြို့တော်တွင် မည်သို့ ရှိခဲ့သည်ကို ကြုံတွေ့ရန် အခွင့်အရေး ပေးလိုက်ပုံရပေ၏။

ဖျောက် ဖောင်း...

ဗျောက်ဖောက်သံများက အဝေးမှ ထွက်ပေါ်လာကာ ရင့်ကျက်ပုံရသော သတို့သားတစ်ဦးက သူ့နောက်တွင် မင်္ဂလာအခမ်းအနား တစ်တန်းကြီးဖြင့် မြင်းပေါ်မှ လမ်းကို ဖြတ်သန်းသွားလိုက်လေ၏။ အထမ်းသမား ရှစ်ဦးက ရှုပ်ထွေးလှသော ဝေါယာဉ်တစ်ခုကို သယ်ဆောင်ကာ ပွဲတော်အတွင်းရှိ ဂီတပညာရှင်များမှ ပျော်ရွှင်ဖွယ် ဂီတများက ထွက်ပေါ်နေလေ၏။

"ဟမ်...။ တစ်ယောက်ယောက် မင်္ဂလာဆောင်လို့လား။"

"အဲဒါက ချန်မိသားစုက သခင်လေး ချန်ကျန်းမလား။ သူက ဝမ်မိသားစုက ဝမ်လဲ့လဲ့နဲ့ မင်္ဂလာဆောင်တာလား...။"

"သူတို့က နတ်ဖတ်တဲ့ စုံတွဲပဲ...။ သူတို့က ၁၂ နှစ်ကြာအောင် တွဲပြီးတော့ နောက်ဆုံး လက်ထပ်သွားကြပြီပေါ့။"

"ငါကြားတာတော့ သူတို့က ဖုမန်စားသောက်ဆိုင်မှာ ပွဲစီစဉ်ပြီးတော့ မြို့တော်တစ်ခုလုံးကို ဖိတ်ထားတာ။"

"အဲဒါဆို ဒီမှာ ဘာရပ်လုပ်နေတာလဲ။ ထိုင်ခုံတစ်ခုသွားယူလိုက်လေ။"

ရပ်ကြည့်သူများအားလုံးမှာ အချင်းချင်း ဆွေးနွေးနေကြပြီး အန်လင်းမှာလည်း ပွဲတော်အငွေ့အသက်ကြောင့် လွှမ်းခြုံခြင်းခံလိုက်ရပြီး စုရှောင်လန်၏ လက်ကို တင်းတင်းဆုပ်ကိုင်ကာ သူ့နှလုံးသားထဲသို့ အပျော်များ စီးဝင်လာလေ၏။

...

ညကောင်းကင်ယံ၏ အောက်တွင် အနက်ရောင်မျှော်စင်မှာ နေမြဲအတိုင်း ရှိနေလေ၏။

မျှော်စင်၏ အပြင်ဘက်တွင် ကျင့်ကြံသူသုံးဦးနှင့် မြူနှင်းဝိညာဉ်ရဲတစ်ကောင်က အမည်မသိအပင်၏အကိုင်းတစ်ခုက ချည်နှောင်ခြင်း ခံလိုက်ရလေ၏။

သူတို့အားလုံးသည် စိတ်ရင်းအပြည့်နှင့် အပြုံးများဖြင့် မျက်လုံးများတင်းတင်း ပိတ်ထားသည်မှာ သူတို့က ကျေနပ်ဖွယ် အိပ်မက်တစ်ခုကို ကြုံတွေနေရသကဲ့သို့ပင်။

တုတ်ခိုင်သောအဖိုးအို၏ သီချင်းသံက အဆုံးသတ်သွားသောအခါ မှတ်စုများက လေထဲတွင် ပဲ့တင်ထပ်နေဟန်ရပြီး ဤကမ္ဘာကြီးက ထိုကဲ့သို့ ကောင်းကင်ဘုံတေးဂီတနှင့် ခွဲခွာရန်အတွက် တွန့်ဆုတ်နေဟန် ရှိပေ၏။

"လာလေ လုချန်၊ သူတို့ကို အဝေးကို သယ်သွားရအောင်..." တုတ်ခိုင်သော အဖိုးကြီးက ပြောလိုက်လေ၏။

အရပ်ရှည်သော အဖိုးအိုက မြေပြင်ပေါ်တွင် လဲကျနေသော အိပ်မက်မက်နေသူ လေးယောက်ကို ငုံ့ကြည့်ကာ ခေါင်းငြိမ့်လိုက်လေ၏။

အနက်ရောင်အကိုင်းများက အိပ်မက်မက်သူများကို မြေပြင်မှ သယ်ဆောင်သွားသည်မှာ ကိုယ်ပိုင်အသိစိတ်ရှိနေသကဲ့သို့ပင်။ အရပ်ရှည်သော အဖိုးအိုက အနက်ရောင်မျှော်စင်ထဲသို့ လျှောက်သွားပြီး အိပ်မက်မက်သူလေးယောက်မှာ လေထဲတွင် ချိတ်ဆွဲခံထားရပြီး အနက်ရောင်မျှော်စင်၏ အတွင်းပိုင်းဆီသို့ ဆွဲခေါ်သွားခြင်းခံလိုက်ရလေ၏။

တုတ်ခိုင်သော အဖိုးအိုက သူ့၏ဂီတတူရိယာကို သိမ်းဆည်းလိုက်ကာ ကြယ်စုံညကောင်းကင်သို့ သိမ်မွေ့စွာ ကြည့်လိုက်လေ၏။

"ညင်သာတဲ့ မြို့တော်... ဒီဟာက ပုံရိပ်ယောင်မှန်းသိရင်တောင် လူတွေက သူတို့ကိုယ်သူတို့ ပိတ်မိနေဖို့ကို ခွင့်ပြုဖို့ ဆန္ဒရှိတဲ့ နေရာပဲ။"

"ဘဝရဲ့ ရည်ရွယ်ချက်တွေက ပျော်ရွှင်မှုနောက်ကို လိုက်ပြီး အောင်မြင်မှုတွေ ရဖို့မဟုတ်လား။ တစ်ယောက်ယောက်ရဲ့ နှလုံးသားထဲမှာရှိတဲ့ စံပြကမ္ဘာက အရာရာက အရမ်းကို စစ်မှန်လွန်းနေတဲ့ ပုံရိပ်ယောင်နယ်မြေတစ်ခုထဲမှာ ပုံတူပွားလို့ရနေရင် ဘာဖြစ်မှာလဲ။ အဲဒါဆိုရင် အစစ်အမှန်နဲ့ ပုံရိပ်ယောင်ကြားက ခြားနားချက်က ဘာလဲ။ ဖြစ်နိုင်တာကတော့ အဲဒီပုံရိပ်ယောင်နယ်မြေက ပိုပြီး ပျော်ရွှင်ဖွယ်နေရာတစ်ခုဖြစ်နေတာကပဲ တစ်ခုတည်းသော ခြားနားခြင်းဖြစ်လိမ့်မယ်..."

တုတ်ခိုင်သော အဖိုးအို၏ မျက်နှာထက်တွင် စိတ်ရှုပ်ထွေးခြင်းက စက္ကန့်ပိုင်းမျှ ပေါ်လာလေ၏။ "ဟင်... အဲဒါက ငါ့စိတ်ပဲထင်တာလား။ တစ်ခုခုက နည်းနည်းထူးခြားနေသလိုပဲ..."

...

အန်လင်းနှင့် စုရှောင်လန်တို့က လက်နက်သန့်စင်ရေး ပစ္စည်းများကို ဝယ်လိုက်ပြီး အိမ်ပြန်လာကြသည်။

"နင်က နည်းနည်းထူးခြားနေသလိုပဲ အန်လင်း။" စုရှောင်လန်၏ ရှုပ်ထွေးလှသော မျက်ခုံးများက အနည်းငယ် ကြုံ့သွားပြီး ခေါင်းတစ်ဖက်ကို အနည်းငယ်စောင်းကာ အန်လင်ကို ကြည့်ရှုလာလေ၏။

"ချစ်ဇနီးလေး... ငါ့ကို ချစ်ခင်ပွန်းလို့ ခေါ်ပါအုံး" အန်လင်းက မျက်နှာတည်ဖြင့် တောင်းဆိုလိုက်လေ၏။

စုရှောင်လန်: "..."

"ငါက ဘယ်နား ထူးဆန်းနေတယ်လို့ ထင်လို့လဲ ချစ်ဇနီးလေး။" အန်လင်းက စိတ်ဝင်တစား မေးလိုက်သည်။

"နင်က အရင်ထက်ပိုပြီး ပိန်းလာတာလေ" စုရှောင်လန်က ရယ်မောလိုက်လေ၏။

အန်လင်းက အံ့အားသင့်သွားရ၏။ "နင့်ယောက်ျားကို ဘယ်လိုလုပ်ပြီး အဲ့လိုပြောနိုင်ရတာလဲ။"

စုရှောင်လန်က သူမ၏လက်ကို ဝှေ့ယမ်းပြလိုက်သည် "ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ တစ်ခါတစ်လေ နင်က နည်းနည်းပိုပြီး ပြိန်းနေရင်တောင် ငါက နင့်ကို လက်ထပ်ထားတာဆိုတော့ ငါ့ကံတရားကို လက်ခံရုံပဲ ရှိတော့တာပေါ့၊ အိမ်ပြန်ကြစို့။"

အန်လင်းမှာ ထိုသည်ကို ကြားရသည်အား အလွန်ခံစားသွားရ၏။

အတွေးတစ်ခုက ရုတ်တရက် ပေါ်လာလေ၏။ "ချစ်ဇနီးလေး... ငါတို့ ဒီည 'အဲဒါ'လုပ်လို့ရမလား။"

"'အဲဒါ'ဆိုတာ ဘာတုန်း" စုရှောင်လန်က သိလိုစိတ်အပြည့်နှင့် မျက်တောင်ခတ်ပြလိုက်လေသည်။

"နင်သိပါတယ်... စုံတွဲတွေ ညကျရင် မကြာခဏ လုပ်ကြတဲ့ လေ့ကျင့်ခန်းလေ..." အန်လင်းက အသံတိုးတိုးနှင့် ပြန်ဖြေလိုက်လေ၏။

စုရှောင်လန်မှာ အန်လင်းပြောနေသည်အား အနည်းငယ် သဘောပေါက်သွားပုံရပြီး သူမ၏ ရှုပ်ထွေးလှသော သွင်ပြင်များထက်တွင် ရှက်သွေး ဖြာလာပြီး သူမ၏ မျက်နှာမှာ ပန်းသီးမှည့်တစ်လုံးကဲ့သို့ ဖြစ်လာစေကာ အန်လင်းက ကိုက်မဆွဲပဲ မနေနိုင်တော့ပါချေ။

"နင်... နင် အဲ့လို ကိစ္စတွေကို ဘယ်လိုလုပ်ပြီး လမ်းပေါ်မှာ ပြောရဲနေတာလဲ၊ ရူးသွားပြီလား" သူမက အန်လင်းကို ဆူပူကာ သူ၏ ခါးပေါ်သို့ ဆွဲဆိတ်လိုက်ပြီး သူ့အရေပြားများကို ရက်စက်စွာ လိမ်ဆွဲလိုက်၏။

"ဟင်း..."

စုရှောင်လန်မှာ သည်းမခံနိုင်သည်မှာ အသေအချာပါပင်...။

သူက ချက်ချင်းပင် သူမကို မျက်နှာချိုသွေးကာ ပြေငြိမ်းစေလိုက်၏။ "ဟုတ်ပါပြီ... အဲဒါဆိုလဲ အိမ်ရောက်မှ အဲ့အကြောင်းပြောကြတာပေါ့။"

"ဒါနဲ့ ငါတို့အိမ်က ဘယ်နားမှာလဲ။" အန်လင်းက ရုတ်တရက် မေးလိုက်လေ၏။

စုရှောင်လန် : "နင်က ပိုပြီး ပြိန်းလာတာတင်မကဘူး။ ပိုပြီးတော့ကို တုံးအလာတာပဲ။"

စုရှောင်လန်က အနည်းငယ် စိတ်ဆိုးနေသော်လည်း အန်လင်းကို အိမ်သို့ ခေါ်သွားလိုက်သည်။

ထိုသည်က အလွန်ရင်းနှီးနေသော ခြံဝန်းဖြစ်ပေ၏...။

"အာ... သခင်လေး အန်လင်း ပြန်လာပြီ...။ ချယ်ရီသီး နည်းနည်း စားချင်လား။ ချယ်ရီတွေက မှည့်ကြပြီမို့ ငါတို့ နည်းနည်းဝယ်လာသေးတယ်။ အကုန်လုံး မီးဖိုထဲမှာ ရှိတယ်" လှပသော မိန်းမငယ်လေးတစ်ဦးက အန်လင်းဆီသို့ ပြုံးဖြီးကာ လျှောက်လာသည်။

ဤအမျိုးသမီးငယ်လေးကို အလွန် ရင်းနှီးနေပေ၏...။

အန်လင်းက တစ်ကိုယ်တည်း တွေးတောလိုက်ပြီး သူမက မည်သူဆိုသည်ကို ပြန်သတိရသွားလေ၏။

အိုး...။ အဲဒါက ချူလေးပဲ။

"အစ်ကိုကြီး အန်၊ လက်နက်သန့်စင်ရေး ပစ္စည်းလေးနည်းနည်း ဝယ်တာကို ဘာလို့အဲ့လောင်တောင် ကြာနေရတာလဲ။ လူတိုင်းက ထမင်းစားဖို့ စောင့်နေကြတာ။ ဝုတ်..." တပိုင်က မပျော်မရွှင်ဖြင့် ​ခြံထဲသို့ ပြေးလာလေ၏။

အန်လင်းက သူ့၏ စိတ်ဝိညာဉ် သားရဲများ အားလုံးကို လှည့်ကြည့်လိုက်လေ၏။ ရှောင်ဟုန်မှာ သူမ၏ ပန်းသဏ္ဍန်ခေါင်လေးကို ခါယမ်းကာ ပျော်ရွှင်စွာ အလင်းဖြင့် အစာချက်နေပြီး ရွှယ်ကျန်းထျန်မှာ ဥတုလေးယောက်နင့် ကစားနေလေ၏။ ချစ်စဖွယ် ရုပ်ဆိုးလှသော ရေဇာင်ဟုန်ကမူ လက်ထဲတွင် ငှက်​ပျောသီးတစ်လုံးကို ကိုင်ကာ ခြံထဲတွင် လျန်းလေးနောက်ကို လိုက်ဖမ်းနေလေ၏။

အရာရာမှာ အလွန်စစ်မှန်ပြီး လှပနေသည်။

"လင်းလေး...၊ လန်လေး... ဝင်လာခဲ့လေ။ ယွီဒီက ဟင်းချက်ပြီးတော့မှာ။ သူမက ဒီနေ့ ငါတို့အတွက် အထူးရှယ် ဝက်သားပေါင်းချက်ထားတာ" ဩရှပြီး တည်ငြိမ်သော အသံတစ်ခုက ထွက်ပေါ်လာကာ အန်မင်ချွန်းက ခြံထဲသို့ လျှောင်လာပြီး အန်လင်းကို အပြုံးတစ်ခုနှင့် မိတ်ဆက်လိုက်လေ၏။

အန်လင်း၏ မျက်လုံးများက အံ့ဩတကြီး ပြူးကျယ်သွားပြီး အသက်ရှူသံများ မြန်လာကာ အန်မင်ချွန်ပြောလိုက်သည်ကို တွေးတောနေလေ၏။

"အဖေ... ဘယ်သူက ဟင်းချက်နေတယ်လို့ ပြောလိုက်တာ..." သူက တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။

"လင်းလေး... အပြင်မှာဘာလုပ်နေတာလဲ။ ဝင်ခဲ့တော့လေ။ ဟင်းတွေ အေးကုန်တော့မယ်။" ညင်သာပြီး ချိုသာလှသော အသံတစ်ခုက ပြောလိုက်လေ၏။

ထို့နောက်ချက်ချင်းပင် အမျိုးသမီးတစ်ဦးက ခြံဝန်းထဲသို့ လျှောက်လာလေ၏။

သူမက အဖြူရောင် ဝတ်ရုံရှည်ကြီးတစ်ခုကို ဝင်ဆင်ထားကာ မျက်နှာထက်တွင် အပြုံးတစ်ခု ဆင်မြန်းထားပြီး အန်လင်းကို အလွန်ချစ်မြတ်နိုးသော အမူအရာဖြင့် ကြည့်လိုက်လေ၏။

အန်လင်းမှာ သူ့ရှေ့က အမျိုးသမီးကို ​အမူအရာမဲ့ စိုက်ကြည့်နေပြီး သူ့နှလုံးသားထဲတွင် လှိုင်းများထန်လာလေ၏။ အချိန်အကြာကြီး သော့ခတ်သိမ်းထားခဲ့သော မှတ်ဉာဏ်များက သူ့စိတ်ထဲတွင် ပြန်လည်ထွက်ပေါ်လာကာ မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာလေ၏။

"အမေ..."

---------------

All Chapters