← Chapters

ဒါက ပုံရိပ်ယောင်လား တကယ်ပဲလား

Vol. 39 Ch. 542

ဒါက ပုံရိပ်ယောင်လား တကယ်ပဲလား

Vol. 39 Ch. 542

အန်လင်း၏အမေမှာ ကားတိုက်မှုတစ်ခုတွင် သေဆုံးသွားသော မုယွီဒီဟုအမည်ရသော အမျိုးသမီးတစ်ဦး ဖြစ်ပေ၏။

ထိုမတော်တဆမှုကြောင့် သူ့အဖေက စိတ်ဓာတ်ကျကာ သူ၏ ခံစားချက်များကို ထွက်ပေါက်ပေးရန်အတွက် လောင်းကစားကို အစပြုမိခဲ့ခြင်းဖြစ်သည်။

အကျိုးဆက်မှာ ချွတ်ခြုံကျသွားခြင်းဖြစ်ပြီးနောက် ယွမ်သန်းအနည်းငယ်ပင် အကြွေးတင်သွားခဲ့ရလေ၏။ အန်လင်းမှာ ဤဆန်းကြယ်လှသော အင်မော်တယ်လောကသို့ မဝင်ရောက်မီတွင် အကြွေးရှင်များ၏ဖမ်းဆီးခြင်းကိုခံရပြီးနောက် သူ့၏ကျင့်ကြံခြင်း ခရီးစဉ်ကို စတင်ခဲ့လေ၏။

ထိုအဖြစ်အပျက်များအားလုံးမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး ထိုသည်များ မဖြစ်ပွားခဲ့ပါက အန်လင်းမှာ ယနေ့ဖြစ်နေသောသူသာဖြစ်မည်မဟုတ်ပါပေ။

သို့သော် ယခုတွင် သူ့အမေက သူ့ရှေ့တွင် ပြန်ပေါ်လာလေ၏။

သေဆုံးခြင်းမှ ပြန်လည် မွေးဖွားလာသည်လား...။

မဟုတ်ဘူး။ ဒီပုံရိပ်ယောင်ကမ္ဘာကြီးထဲမှာ အရာရာက အတုယောင်ပဲ။ သေဆုံးခြင်းကနေ ပြန်ပြီး မွေးဖွားလာတယ်ဆိုတာမရှိဘူး။

ဒါပေမဲ့...

အန်လင်းက သူ့အမေကို အိပ်မွေ့ချခံထားရသကဲ့သို့ ငေးကြည့်လိုက်လေ၏။ သူက သူမ၏ရင်းနှီးသော တည်ရှိမှုကို အာရုံခံနိုင်ပြီး သူမ ရုတ်တရက် ပျောက်သွားမည်ကို စိုးရိမ်သောကြောင့် သူမပြောသမျှကို ဂရုတစိုက်နားထောင်နေလေ၏။

အရမ်းကို လက်တွေ့ဆန်တယ်... ဒါက အရမ်းကို လက်တွေ့ဆန်နေတယ်...

သူမ၏ အပြုံးများသည်ရော သူမ၏ အသံသည်ရော ထိုအရာများ အားလုံးက သူ့မှတ်ဉာဏ်မှ သူမနှင့် တစ်ထပ်တည်း ကျနေပေ၏။

"လင်းလေး... ဘာလို့ငိုနေတာလဲ" မုယွီဒီက မျက်မှောင်ကြုတ်ကာ အန်လင်း၏ လက်ကို စိုးရိမ်တကြီး ဆုတ်ကိုင်လိုက်လေ၏ "တစ်ခုခုဖြစ်လို့လား"

စုရှောင်လန်သည်လည်း သူ၏မျက်ရည်များကြောင့် ကြောင်အသွားကာ သူ့ဆီကို မေးမြန်းသောအကြည့်များဖြင့် လှည့်ကြည့်လာသည်။

အန်လင်းက သူ့မျက်နှာမှ မျက်ရည်များကို သုတ်လိုက်ပြီး သူ့အမေကို တင်းတင်းဖက်လိုစိတ်ကို ချိုးနှိမ်ကာ ခေါင်းခါပြလိုက်လေ၏ "သားအဆင်ပြေပါတယ်။ အတိတ်က အဖြစ်အပျက် နည်းနည်းကို ပြန်တွေးမိလို့ပါ...။ သွားစားကြစို့လေ...။"

ထမင်းစားခန်းထဲတွင် ဝက်သားပေါင်း ပန်းကန်ကြီးတစ်ချပ်က တခြားသော ဟင်းခွက်အမျိုးမျိုးကြားတွင် အထူးပင် မျက်စိထဲထင်းနေလေ၏။

အန်လင်းသည် သူငယ်စဉ်က မည်မျှ အစားရွေးခဲ့သည်ကို ပြန်တွေးမိသွားကာ အလွန်ပိန်ခဲ့သည်ကို သတိရသွားလေ၏။

ထိုသည်က သူ့အမေသည် ဝက်သားပေါင်းနည်းကို ရှာဖွေရန်ဆုံးဖြတ်ကာ သူ့ဝိတ်တက်လာစေမည့် ဟင်းကောင်းတစ်ခွက်ဟုပြောခဲ့သော အချိန်ဖြစ်လေ၏။

သို့ဖြစ်၍ အထူးပင် အရသာရှိလှသော ဝက်သားပေါင်းတစ်ခွက် ဖြစ်တည်လာပြီး အန်လင်း၏ အမေမှာ သူမ၏ဟင်းချက်ခြင်းဖြင့် သူ၏အစာအိမ်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပေ၏။

အန်လင်းက အထက်တန်း ပထမနှစ်ရောက်သည့်အခါတွင် သူ့အလေးချိန်မှာ ၄၀ ကီလိုဂရမ်မှ ၈၀ ကီလိုဂရမ်သို့ ထိုးတက်သွားလေသည်။

ထို့နောက် သူ့အမေက အန်လင်းအတွက် ဝင်သားပေါင်း ထပ်မံမပြုလုပ်ပေးတော့ရန် ဆုံးဖြတ်လိုက်လေ၏။

ထိုအချိန်က သူအမေ၏ ကြေငြာချက်ကို ကြားပြီးနောက် အန်လင်းက အရွယ်လွန် ကလေးလူကြီးတစ်ဦးကဲ့သို့ ငိုကြွေးခဲ့လေ၏။ ထိုသည်က အန်လင်းအတွက် ပြန်မှတ်မိရန် ရှက်စရာကောင်းလှသော အတွေ့အကြုံတစ်ခုဖြစ်နေဆဲပင်။

ဝက်သားပေါင်းကို ထပ်မံစားရရန်အတွက် အန်လင်းက ဝိတ်ချခရီးစဉ်ကို စတင်ခဲ့ပြီး နောက်ဆုံးတွင် အထက်တန်းဒုတိယနှစ်​ရောက်သောအခါ သိသိသာသာ ဝိတ်ကျသွားလေ၏။

အန်လင်း၏ အမေက သူတက္ကသိုလ် စတင်တက်ရောက်ပါက သူ့အတွက် ဝက်ဆစ်ပေါင်းကိုထပ်မံ ချက်ပေးရန် ကတိပေးခဲ့၏။ ထိုအချိန်က သူမ၏အတွေးမှာ သူက တက္ကသိုလ်သွားတက်မည့်အချိန်တွင် အန်လင်းက အိမ်သို့ ပြန်လာရသည်မှာ အလွန်ရှားပါးသောကြောင့် သူမက ဝင်ဆစ်ပေါင်းကို သူပြန်လာသည့်အချိန်တိုင်းတွင် ဝက်သားနှပ် ချက်ပေးသော်လည်း သူဝလာမည် မဟုတ်ပါပေ။

ကံမကောင်းစွာဖြင့် မတော်တဆက သူ၏တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြီးနောက် ဖြစ်သွားလေ၏။

အန်လင်းနှစ်ပေါင်းများစွာ တမ်းတခဲ့ရသော ဝက်သားပေါင်း၏မှတ်ဉာဏ်က ထိုကဲ့သို့ သူ့နှလုံးသားထဲတွင် သော့ခတ်သိမ်းထားရသော ချိုမြိန်ခါးသက်သည့်မှတ်ဉာဏ်တစ်ခု ဖြစ်လာလေ၏။

...

အန်လင်းက စားပွဲပေါ်တွင် ထိုင်လိုက်ပြီး ဝက်အဆစ်တစ်ခုကို တူဖြင့် ယူကာ ကိုက်ချလိုက်လေ၏။

မွှေးပျံ့ပြီး ကြွယ်ဝကာ အဆီပါသော်လည်း ဆီအရမ်းမများ...

ထိုသည်မှာ အကျွမ်းတဝင်ရှိသော အရသာနှင့် ထိုအကျွမ်းတဝင်ရှိသော လက်ရာပင် ဖြစ်လေ၏...။

ဒီမှာ ဝက်ဆစ်၏ အရသာက ဘာလို့ အရမ်းကို အမှန်လို ဖြစ်နေရတာလဲ...။ အဲဒါက ပုံရိပ်ယောင်ဆိုတာ ရှင်းနေတာပဲကို...။

သူက ဝက်ဆစ်မှာ အလွန်အရသာရှိသည်ကလွဲရင် မည်သည့်အရသာဆိုသည်ကိုပင် မေ့နေပြီဖြစ်လေ၏။ ဒီဝက်ဆစ်ပေါင်းက အဘယ့်ကြောင့် သူလုံးဝ မေ့သွားပြီဖြစ်သော မှတ်ဉာဏ်ထဲမှ အရသာကို ပြန်လည်ပေါ်ပေါက်လာစေပါသနည်း။ အဲဒါက သူ့အမေ ယခင်က သူ့အတွက် ချက်ပေးခဲ့သော ဝက်ဆစ်ဟင်းနှင့် ဘာလို့ အရမ်းတူနေရသနည်း...။

အန်လင်း၏ မျက်နှာထက်တွင် မျက်ရည်များ ကျဆင်းလာပြီး သူ့နှလုံးသားက ခံစားချက်များဖြင့် ပြည့်လျှံနေလေ၏။

စုရှောင်လန်၊ အန်မင်ချွန်းနှင့် မုယွီဒီတို့မှာ ကြောင်အနေလေ၏။ သူက ဘာလို့ထပ်ငိုနေပြန်တာလဲ။

"လင်းလေး... နင်အဆင်ပြေတာ သေချာရဲ့လား။" အန်မင်ချွန်းက မမေးပဲ မနေနိုင်တော့ချေ။

အန်လင်းက သူ့ခံစားချက်များကို ပိုကောင်းလာခွင့် ပြုလိုက်သည်ကို သိသော်လည်း ခေါင်းခါပြလိုက်လေ၏ "အဆင်​ပြေပါတယ်။ ဝက်ဆစ်က အရမ်းကောင်းလို့ မျက်ရည်ကျလာတာပါ။"

ထိုသည်ကို ကြားပြီးနောက် အန်မင်ချွန်း၏ မျက်နှာမှာ အနည်းငယ် ရှုံ့မဲ့သွားလေ၏။ ဒါက အနည်းဆုံးတော့ ပိုကောင်းတဲ့ ဆင်ခြေလေး ပြုလုပ်လိုက်လို့မရဘူးလား။

မုယွီဒီ၏ မျက်နှာထက်တွင် ညင်သာသော အပြုံးလေးတစ်ခုပေါ်လာကာ အန်လင်း၏ပန်းကန်ထဲသို့ ဝက်ဆစ်နောက်တစ်ခုကို သူမ၏တူများဖြင့် ထည့်ပေးလိုက်လေ၏ "အဲ့လောက်ကြိုက်ရင် ထပ်စားအုံးနော်။ အခုက ကျင့်ကြံရေးကို စနေပြီဆိုတော့ ထပ်ပြီး ဝလာစရာ မရှိတော့ဘူး။"

"ဟင်..." အန်လင်းက ခေါင်းငြိမ့်ပြကာ မျက်ရည်များကို မျိုသိပ်လိုက်ပြီး ဒုတိယ ဝက်ဆစ်ကို ကောက်ယူလိုက်လေ၏။

လူတိုင်း မသိလိုက်ခင်မှာပင် ပန်းကန်ကြီးထဲရှိ ဝက်ဆစ်များ အားလုံးနီးပါးကို အန်လင်းက စားသောက်ပစ်လိုက်လေ၏။

လူတိုင်း အတူတကွ စုစည်းလိုက်ကာ အစားအသောက် စားနေရင်းဖြင့် နေ့စဉ်လုပ်ငန်းစဉ်များအကြောင်း ပြောဆိုနေကြလေ၏။ သူတို့က ဆေးခန်း စီမံရေးအကြောင်း၊ ထိုက်ချူကုန်းမြေမှ စိတ်ဝင်စားစရာ သတင်းတစ်ချို့အကြောင်းနှင့် တခြားသော စကားစမြည်ပြောဆိုရာ ခေါင်းစည်းများအကြောင်းကို ပြောဆိုနေကြသည်။

အန်လင်းက ဤသည်မှာ ပုံရိပ်ယောင်တစ်ခုဖြစ်သည်ကို သိသော်လည်း ဒီနေရာတွင် ရှိခဲ့သော သူ့အချိန်များကို အလွန်နှစ်သက်ပါ၏။ ထိုအသိမှလွဲ၍ သူက ဤကဲ့သို့ ပတ်ဝန်းကျင်တစ်ခု၏ အောက်တွင် အလွန်နွေးထွေးပြီး ပျော်ရွှင်သည်ဟု ခံစားရလေ၏။ သူ့၏ မိသားစု တစ်ခုလုံးက သူ့ဘေးတွင် ရှိနေကာ သူ့ဘဝ၏အချစ်ကလဲ ရှိနေပေ၏။ သူ့ဘဝတွင် တခြားမည်သည်ကမှ ပိုမကောင်းနိုင်တော့ပါချေ။

ညစာစားပြီးနောက် ညကောင်းကင်ယံတွင် ကြယ်များ စတင်ထွက်ပေါ်လာလေ၏။

အန်လင်းက ခြံထဲသို့လျှောက်သွားလိုက်ပြီး လမရှိသော ညကောင်းကင်ယံကိုကြည့်ကာ အတွေးများက သူ့စိတ်ထဲတွင် ပေါ်လာလေ၏။

"နင် ဒီနေ့ အရမ်းထူးဆန်းနေတယ်..." ညင်သာပြီး နားပျော်ဖွယ်အသံတစ်ခုက သူ့ဘေးမှ ထွက်ပေါ်လာသည်။

အန်လင်းက လှည့်ကြည့်လိုက်ရာ သူ့ကိုကြည့်နေသော လှပသည့်မျက်လုံးလေးတစ်စုံနှင့် တွေ့လိုက်ရလေ၏။

ကြယ်စင်များအလင်းရောင်၏အောက်တွင် သူမ၏မျက်နှာက အနည်းငယ် တောက်ပနေသော်လည်း ပိုကာ ညင်သာပြီး နူးညံ့နေပုံရလေ၏။

"ဟုတ်တယ်။ ငါရုတ်တရက်ကြီး စိတ်ခံစားလွယ်နေတယ်..." အန်လင်းက ပြုံးလိုက်လေ၏။

"အဲ့လိုမဟုတ်ဘူး..." စုရှောင်လန်က သူမ၏ခေါင်းကို စောင်းလိုက်ကာ ရှုပ်ထွေးလှသော အပြုံးတစ်ခုက သူမမျက်နှာထက်တွင် ပေါ်လာပြီး ပြောလိုက်လေ၏ "ငါက နင်ဟာ သူမဟုတ်ဘူးလို့ ထူးထူးဆန်းဆန်း ကြီး ခံစားနေရတယ်။"

အန်လင်း၏မျက်လုံးများက အံ့ဩတကြီး ပြူးကျယ်သွားပြီး စုရှောင်လန်ကို ကြည့်လိုက်လေ၏။

စုရှောင်လန်က ဤကဲ့သို့ ပြောလာမည်ဟု သူလုံးဝပင် မထင်ထားခဲ့ပါပေ။

"အံ့ဩသွားလား..." စုရှောင်လန်က ပြုံးကာ ဆက်ပြောလာ၏ "ရိုးရိုးသားသားပြောရရင် ငါ အစကတည်းက နင်က ဒီနေ့ နင်နဲ့မတူအောင်ကို စိတ်ခံစားလွယ်နေတယ်လို့ တွေးနေတာ။ ဒါပေမဲ့လည်း ထပ်ပြီး စုံစမ်းကြည့်လိုက်တော့ နင်က အန်လင်းပေမဲ့ ငါသိတဲ့ အန်လင်းမဟုတ်ဘူးဆိုတာကို တွေ့လိုက်ရတယ်။"

"ဟင်..." သူမ၏မျက်လုံးတောက်တောက်များက လင်းလက်လာကာ သူမ၏ အတွေးများကို ထုတ်ပြရန်အတွက် စကားလုံးများကို ရှာဖွေနေလေ၏ "နင်တို့က ရုပ်တစ်ထပ်တည်းတူနေပြီး စရိုက်တွေ ထပ်တူညီနေပေမဲ့... နင်က ဘဝအတွေ့အကြုံမတူတဲ့ အန်လင်းလိုပဲ..."

အန်လင်းမှာ ဤတစ်ကြိမ်တွင်တော့ အမှန်တကယ် အံ့ဩသွားပြီး မနှစ်မြို့သော ခံစားချက်ကြီးက သူ့နှလုံးသားထဲတွင် ဖြစ်တည်လာလေသည်။

ဒါက ပုံရိပ်ယောင်လား အပြိုင် အဖြစ်မှန်လား။ ဒီကမ္ဘာက ဘယ်လို အမျိုးအစားကြီးလဲ။

"နင်ကတော့ င့ါကို တခြားသူတွေထက်ကို ပိုသိတဲ့ ထက်မြက်တဲ့ ရှောင်လန်ဖြစ်နေတုန်းပဲ" အန်လင်းက အပြုံးဖြင့် ဝန်ခံလိုက်လေ၏။ "ပြီးတော့ နင်သိတဲ့ အန်လင်းနဲ့တုန်းက ကြုံခဲ့တဲ့ အတွေ့အကြုံတွေ ငါ့ကို ပြောပြလို့ ရမလား။"

စုရှောင်လန်က မျက်လုံးများကို မှေးကာ ရွှင်မြူးစွာ ပြုံးပြလိုက်လေ၏ "ငါပြောပြချင်ပါတယ်။ ဒါပေမဲ့ ပြောပြီးရင်တော့ ငါ့ရဲ့ အန်လင်းကို ပြန်ပေးရမယ်။"

အန်လင်းက အနေခက်စွာ ရယ်မောလိုက်လေ၏။ "ငါက အန်လင်းပဲလေ..."

"ဒါပေမဲ့ နင်က ငါနဲ့အတူ မှတ်ဉာဏ်တွေ ဝေမျှခဲ့တဲ့ အန်လင်းမဟုတ်ဘူးလေ။ နင့်မျက်လုံးထဲက စိတ်ရင်းမှန်ပြီး ရင်းနှီးနေတဲ့ ခံစားချက်တွေကြောင့်သာမဟုတ်ရင် ငါက နင့်ကို သရဲဝင်ပူးခံနေရတယ်လို့ ထင်မိမှာ" စုရှောင်လန်က ပြန်ပြောလိုက်လေ၏။

အန်လင်းမှာ ထိုသည်ကို ပြန်လည်ငြင်းဆန်စရာ မရှိသည်မို့ ပြန်မဖြေနိုင်ပါချေ "ဟုတ်ပါပြီ။ ငါဒီနေရာကနေ ထွက်သွားတာနဲ့ နင့်ရဲ့ အန်လင်းက ပြန်လာမှာပါ။"

သို့ဖြစ်၍ စုရှောင်လန်က ဤကမ္ဘာရှိ အန်လင်းနှင့် သူမ၏ အတွေ့အကြုံများကို ပြန်ပြောပြလိုက်လေ၏။

သူတို့က ဤကုန်းမြေကြီး၏ အံ့ဖွယ်ခုံရုံးတွင် တစ်ယောက်နှင့်တစ်ယောက်တွေ့ကြပြီး ဂိုဏ်းတစ်ခုတည်းမှ တပည့်များဖြစ်ကြသည်။

စုရှောင်လန်က သူတို့မည်သို့ တွေ့ဆုံခဲ့သည်၊ မည်သို့ သိကျွမ်းလာကြသည်နှင့် သူမ၏ မှတ်ဉာဏ်ထဲတွင် နက်နက်ရှိုင်းရှိုင်းပုံပေါ်နေသော အဖြစ်အပျက်များကို ပြန်ပြောပြလိုက်လေ၏။

သူတို့က ပထမဆုံးတွေ့ဆုံပြီး နှစ်တစ်ရာအကြာတွင် တာအိုတွဲဖက်များ ဖြစ်လာကြသည်။

ထိုသည်က အန်လင်းသည် သူမကို သူ၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်ကို ပြောပြသည့်အချိန်လည်းဖြစ်ပေ၏။

သူက အမှန်တကယ်မူ အဝေးမှ ဂြိုလ်တစ်ခုဆီမှ ဤထိုက်ချူကုန်းမြေကြီးဆီသို့ နေရာကူးပြောင်းလာခဲ့ခြင်းဖြစ်သည်။

စုရှောင်လန်က စိတ်ထဲမထားခဲ့ပါချေ။ သူမက အန်လင်း၏မိဘများကို ထိုအဝေးဂြိုလ်ဆီမှ ဖိတ်ခေါ်ကာ မင်္ဂလာဆောင်ခဲ့ကြ၏။ ထို့နောက် သူတို့က ဤကုန်းမြေကြီးပေါ်တွင် ကြီးမားပျော်ရွှင်သော မိသားစုတစ်ခုအနေဖြင့် အတူတကွ နေထိုင်ကြလေ၏။

ပုံပြင်မှာ အလွန်ရှည်လျားပြီး အန်လင်းမှာ နားထောင်ရင်းနှင့် လွှမ်းမိုးခံလိုက်ရသည်။

ပုံပြင်လေးမှာ အံ့ဩဖွယ် အမှတ်တရများပါဝင်ပြီး ထိုအထဲမှ တစ်ချို့မှာ ပျော်ရွှင်ဖွယ်ဖြစ်ကာ တစ်ချို့မှာ ဝမ်းနည်းဖွယ်ဖြစ်ပေ၏။ သို့သော် ထိုသည်များအားလုံးက စုရှောင်လန်၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲကျန်ရစ်နေလေ၏။

ကမ္ဘာမြေကြက အတူတူဖြစ်ကာ ဤထိုက်ချုကုန်းမြေကြီးက မတူညီပါပေ...။

စု​ရှောင်လန်၏ပုံပြင်ကို နားထောင်ပြီးနောက် အန်လင်းက ဖြစ်နိုင်ချေနှစ်ခုကို စဉ်းစားမိလေ၏။ အရာရာမှာ အမှန်ဖြစ်နေပြီး ဤသည်က အပြိုင်အမှန်တရားဖြစ်နေခြင်း မဟုတ်ပါက ထိုအဖိုးအိုနှစ်ဦးမှာ အသက်ရှိနေသည့် အကောင်းဆုံးသော ဒါရိုက်တာများ ဖြစ်ကြပေမည်။ ပုံရိပ်ယောင်နယ်မြေတစ်ခုကို ဖန်တီးရန် တစ်ခုတည်းနှင့် ဤကဲ့သို့ အရှည်ကြီးအထိသွားရန် တကယ်ပဲ တန်သည်လား။

အန်လင်းက သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး စုရှောင်လန်ကို ငေးကြည့်ရင်း သူ့အမူအရာမှာ ရှုပ်ထွေးလာလေ၏။

တခြားသော အန်လင်း။ တခြားသော စုရှောင်လန်။

သူ၏ စိတ်ဝိညာဉ်များနှင့် တခြားသော သူငယ်ချင်းများအားလုံးပင် သူ၏အမှန်တရားမှ ပြုလုပ်ထားသည်ဖြစ်၍ အကျင့်စရိုက်များ ထပ်တူညီကြသော်လည်း သူတို့အားလုံးက ဘဝနေထိုင်မှုများ ကွဲပြားကြပေ၏။

တခြားသော အန်လင်း...။ လက်ရှိအန်လင်းမှာ ဤကမ္ဘာရှိ အန်လင်းအား အနည်းငယ် မနာလိုမိပါ၏။

ဤသည်က သူစိတ်ကူးယဉ်သော အပျော်ရွှင်ရဆုံးဘဝဖြစ်သည်။

သို့သော် ဤသည်များအားလုံးက သူနှင့်မသက်ဆိုင်ပါပေ။

ဖြစ်နိုင်သည်က...

ဤသည်က အပြိုင်အမှန်တရားဖြစ်စေ၊ ပုံရိပ်ယောင်ကမ္ဘာဖြစ်စေ သူသည် ဤကမ္ဘာကို နှုတ်ဆက်ထားခဲ့ရမည်ဖြစ်ပေသည်။

--------

All Chapters