ပုံရိပ်ယောင်ကို ဖောက်ထွက်ခြင်း
Vol. 39 Ch. 543
ဤနေရာရှိ အရာရာမှာ အလွန်ပင် စစ်မှန်နေ၍ အန်လင်း၏နှလုံးသားထဲရှိ ပုံရိပ်ယောင်နှင့် အစစ်အမှန်ကြားထဲမှ မျဉ်းကြောင်းမှာ တဖြည်းဖြည်း မှုန်ဝါးလာတော့သည်။
ဤနေရာတွင် ထာဝရနေထိုင်မည့်အတွေးက သူ့စိတ်ထဲတွင် ခေတ္တမျှပေါ်လာပြီးနောက် လျင်မြန်စွာပင် ထိုစိတ်ဆန္ဒကို ချိုးနှိမ်ထားလိုက်၏။
ထိုသည်က အပြိုင်အမှန်တရားဖြစ်ပါလျှင်တောင် စုရှောင်လန်၊ သူ့သူငယ်ချင်းများနှင့် မိသားစုက သူ့ကို စောင့်နေသော ကမ္ဘာတစ်ခုလဲ ရှိနေသေးပေ၏။ သူက သူတို့ကို မစွန့်ပစ်နိုင်ပါပေ။
သို့ဖြစ်၍ မေးခွန်းက ထပ်မံပေါ်ထွက်လာပြန်သည်။ သူသည် မည်သို့ ပြန်သွားရမည်နည်း။
အန်လင်းက မျက်မှောင်ကြုပ်လိုက်ကာ အလေးအနက် တွေးတောလိုက်လေ၏။ သူကြားဖူးသည်မှာ တစ်ချို့သော ပုံရိပ်ယောင်နယ်မြေများတွင် ပစ်မှတ်က နယ်မြေအတွင်းရှိ သူသိသမျှလူတိုင်းကို သတ်နိုင်ပြီး ပုံရိပ်ယောင်နယ်မြေ၏အူတိုင်ကို ပြိုကွဲစေကာ အောင်မြင်စွာ လွတ်မြောက်နိုင်ပေ၏။
သို့သော် ဤအရာမှာ အမှန်ပင် ပုံရိပ်ယောင်နယ်မြေတစ်ခုသာလား။
ထိုသို့ဆိုလျှင်တောင် အန်လင်းက သူ့သူငယ်ချင်းများနှင့် မိသားစုကို ဤကဲ့သို့ စစ်မှန်သော အခြေအနေများအောက်တွင် မသတ်ဖြတ်နိုင်ပါပေ။
ထို့အပြင် သူတို့က အမှန်ဖြစ်နေရင် မည်သို့လုပ်ရမည်နည်း။
အံ့ဖွယ် စစ်မေးခြင်း နည်းစနစ်။
အန်လင်း၏ မျက်လုံးများက နှင်းကဲ့သို့ ဖြူဖွေးလာကာ ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရှုပြီး ဤကမ္ဘာ၏ အားနည်းချက်ကို ရှာဖွေလိုက်လေ၏။ သို့သော် သူ၏ ကြိုးစားအားထုတ်မှုများ အားလုံးက အချည်းအနှီးသာဖြစ်ကာ သူ့ပတ်လည်တွင် မန္တန်နည်းစနစ်လက္ခဏာတစ်ခုပင် မရှိပါချေ။
သူက ကိုယ်ပိုင်ခွန်အားကို သုံးပြီးတော့ ဒီကမ္ဘာကို ဖြတ်သန်းဖို့ ကြိုးစားကြည့်ရမှာလား။
မြေအောက်ကမ္ဘာ၏မူလစွမ်းအင်...။
သူ့ခန္ဓာကိုယ်မှ အနက်ရောင်မြူခိုးများ ထွက်ပေါ်လာပြီး သူ့အော်ရာက သိသိသာသာ မြင့်တက်သွားလေ၏။ တစ်ချိန်တည်းမှာပင် ရွှေရောင်ဟာလာပြင်လျှပ်စီးက သူ၏ မိစ္ဆာရှင်းဓားပတ်လည်တွင် စတင်လည်ပတ်လာပြီး ကောင်းကင်သို့ တောက်ပသော ဓားအလင်းတန်းတစ်ခုကို ခုတ်ပိုင်းပစ်လိုက်သည်။
ရွှေရောင် ဟာလာပြင် လျှပ်စီးဓားအလင်းတန်းက ကောင်းကင်တစ်ခုလုံးကို လင်းလက်သွားစေပြီး လေထုထဲသို့ ဖြတ်သန်းသွားလေ၏။ နောက်ဆုံးတွင် မဆုံးဖြတ်နိုင်သော အကွာအဝေးသို့ ခရီးသွားပြီးနောက်တွင် လျှပ်စီးစွမ်းအင်က တဖြည်းဖြည်း ကွယ်ပျောက်စပြုလာလေ၏...။
ထိုသည်လည်း အလုပ်မဖြစ်ပါပေ...။
အန်လင်းက သူ၏မြေအောက်ကမ္ဘာ၏ မူလစွမ်းအင်ကို စိတ်ပျက်စွာ ရုပ်သိမ်းလိုက်သည်။
"အန်လင်း၊ နင်က ဘယ်လိုပြန်သွားရမလဲ မသိတာတော့မဟုတ်ဘူးမလား" စုရှောင်လန်သည်လည်း အန်လင်း၏ အမူအရာကိုကြည့်ကာ သဘောပေါက်သွားပြီး စိတ်ပူသော အမူအရာတစ်ခုက သူ့မျက်နှာထက်တွင် ပေါ်လာလေ၏။
အန်လင်းက အနည်းငယ် အနေခက်စွာ ပြုံးလိုက်ပြီး အတွေးတစ်ခုက ရုတ်တရက် ပေါ်လာသည်။ ထို့နောက် သူက သူ့၏ဗာမီလီယမ်ငှက်ကြေးမုံကို ဆွဲထုတ်လိုက်လေ၏။
"မှန်လေးရေ၊ ငါ့လက်ထဲက မှန်လေးရေ... ငါဘယ်မှာလဲပြောပါအုံး။ ငါဘယ်လိုပြန်ရမလဲ ပြောပြပါအုံး။"
ဗာမီလီယမ်ငှက်ကြေးမုံက အနည်းငယ် အံ့ဩသွားပြီး တက်ကြွကာ နူးညံ့သောအသံတစ်ခုက ပြောလိုက်၏ "သခင်၊ နင်က ထိုက်ချူကုန်းမြေကြီးပေါ်မှာလေ။ ပြန်သွားမယ် ဟုတ်လား။ နင်က ဘယ်ကို ပြန်သွားချင်တာလဲ။ နင့်ဇနီးကိုသာ ဦးဆောင်လမ်းပြခိုင်းလိုက်ပြီး ငါ့ကို ထပ်ပြီး လာမနှောက် ယှက်နဲ့တော့။"
အန်လင်း : "..."
စုရှောင်လန်က သူမ၏ပါးစပ်ကို အုပ်ကာ ခပ်ဖွဖွ ရယ်မောလိုက်လေ၏ "နင်က အဲ့မှန်ကို မေးခွန်းတွေ မေးရဲသေးတယ်နော်။ သူမက စိတ်မရှည်တာ နင်မသိဘူးလား။ သူမနဲ့ ဆက်ပြီး စကားပြောနေရင်တော့ နင် ညမအိပ်ရတော့ဘူးပဲ။"
အန်လင်းက ထိုသည်ကို ကြားသောအခါ မျက်နှာမဲ့လိုက်လေ၏ "ငါ့ရဲ့မှန်က အဲ့လောက်ထိ စိတ်မကြည်နေစရာ အကြောင်းမှ မရှိတာ။"
စုရှောင်လန်က တစ်ခုကို သဘောပေါက်သွားပုံရပြီး သူမမျက်နှာထက်တွင် လမ်းပျောက်သွားဟန် ပေါ်လာလေ၏ "ဟုတ်သားပဲ...။ နင်က သူမှမဟုတ်တာ...။"
အန်လင်းမှာ စိတ်ခံစားချက်များကို လိုက်ခံစားနေရန် အချိန်မရှိပါပေ။ သူက ဤနေရာမှ ထွက်ရန် နည်းတစ်ခု ရှာဖို့လိုနေသေးပေ၏။
အတွေးတစ်ခုက သူ့ဆီတွင် ရုတ်တရက် ပေါ်လာလေ၏။ သူက မြို့တော်၏ ဗဟိုရှိ အနက်ရောင် မျှော်စင်ကို အကြည့်ပြန်ပို့လိုက်သည်။
"ရှောင်လန်၊ ငါဒီကနေ ထွက်သွားရမယ်" အန်လင်းက သူ့အုတ်ခဲနက်ပေါ်သို့ ခုန်တက်လိုက်လေ၏။
"နင်က ပြန်တော့လာမယ် မဟုတ်လား။ နင် မဟုတ်လဲ သူပေါ့" စုရှောင်လန်က အန်လင်းကို ထိတ်ထိတ်ပြာပြာကြည့်လိုက်လေ၏။
အန်လင်းက အနည်းငယ် တုံ့ဆိုင်းသွားပြီး စုရှောင်လန်ကို ငုံ့ကြည့်လိုက်လေ၏။
သူမက သူ့ကို အလေးအနက်စိုက်ကြည့်လိုက်ကာ မျက်ရည်များက သူမ၏မျက်လုံးထဲတွင် တောက်ပလာလေ၏။
အန်လင်း၏နှလုံးသားက တုန်ယင်နေသော်လည်း တစ်ခွန်းမှ မပြောလိုက်ပါချေ။ ထိုအစား သူက သူမကို ခေါင်းခပ်ဖွဖွသာ ငြိမ့်ပြလိုက်ပြီး အနက်ရောင် မျှော်စင်ဆီသို့ ပျံသန်းလာလိုက်သည်။
ထိုသည်က ညအချိန်ဖြစ်သည်ဟူသောအချက်ကြောင့်မဟုတ်ပါက မြို့တော်တစ်ခုလုံးမှာ အလွန်ပင် ထိန်လင်းနေပြီး လူအများကလည်း လမ်းမထက်တွင် လမ်းလျှောက်နေကြသည်မှာ ဤသည်က မည်သည့်အခါမှ အိပ်မောမကျသော မြို့တော်တစ်ခုကဲ့သို့ပင်။
အဖြူရောင် အနက်ရောင်မျှော်စင်၏ထိပ်မှ အလင်းတန်းတစ်ခုက လင်းလက်လာသည်မှာ ထိုသည်က ညကို အလင်းပေးကာ လူများကို လမ်းပြနေသော အံ့ဖွယ်မီးပြတိုက်တစ်ခုကဲ့သို့ပင်။
အန်လင်းက အနက်ရောင်မျှော်စင်ဆီသို့ ပျံသန်းသွားပြီး နီးကပ်လာသည်နှင့် အနီရောင်ဝတ် အစောင့်နှစ်ဦးကို တွေ့လိုက်ရ၏။
တစ်ဦးမှာ အရပ်ရှည်ပြီး ပိန်ပါးကာ တစ်ခြားတစ်ဦးက အရပ်ပုပြီး တုတ်ခိုင်လေ၏။
အစောင့်နှစ်ဦးက တကယ့်ဘဝတွင် တွေ့ကြုံခဲ့ရသော အဘိုးအိုအစောင့်များနှင့် မတူပဲ အတော်ပင် ငယ်ရွယ်ပုံရသော်လည်း သူတို့က တစ်ယောက်တည်းဖြစ်သည်ကိုတော့ မျက်နှာသွင်ပြင်ကိုကြည့်ကာ ပြောနိုင်ပေ၏။
"အဲ့တော့ မင်းက ဒီရောက်လာပြီပေါ့။ ဘယ်လိုခံစားရလဲ။"
အရပ်ပုကာ တုတ်ခိုင်သော အစောင့်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်မှာ အန်လင်း ဤနေရာသို့ ရောက်လာသည်ကို လုံးဝ မအံ့ဩဟန်ပင်။
အန်လင်းက အနည်းငယ် တုံ့ဆိုင်းသွားကာ သူ့နှလုံးသားထဲတွင် မနှစ်မြို့သော ခံစားချက်များ ဖြစ်တည်လာလေ၏ "မင်းက ဘယ်သူလဲ။ ဒီနေရာကရော ဘာလဲ။"
တုတ်ခိုင်သော အစောင့်က ရှင်းပြလိုက်၏ "ငါတို့က ဒီချီလော့မြို့တော်ရဲ့ အစောင့်တွေ။ မဟုတ်သေးဘူး ပိုပြီး တိတိကျကျ ပြောရရင်တော့ ယန်လော့နိုင်ငံကြီးတစ်ခုလုံးရဲ့ အစောင့်တွေပဲ။ ဒီဟာက ထိုက်ချူကုန်းမြေကြီးရဲ့ ချီလော့နိုင်ငံပဲ။"
အန်လင်း၏ မျက်နှာထက်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာလေ၏။ "ချီလော့နိုင်ငံက ဖုန်မှုန့် ပြာမှုန့်တွေအဖြစ် လျော့ချခြင်း ခံလိုက်ရပြီလေ။ ဒီကမ္ဘာကြီးက ပုံရိပ်ယောင်တစ်ခုပဲလေ။"
တုတ်ခိုင်သော အစောင့်က ခေါင်းခါပြလိုက်လေ၏ "အစစ်အမှန်ဆိုတာ ဘာလဲ။ ပုံရိပ်ယောင်ဆိုတာရော ဘာလဲ။ ဒီမှာရှိတဲ့ အရာရာက ပြီးပြည့်စုံအောင်ကို အစစ်နဲ့တူနေတာ။ အဲဒါကို မင်းက ဘယ်လိုလုပ်ပြီး ပုံရိပ်ယောင်လို့ ပြောနိုင်ရတာလဲ။"
အရပ်ရှည်သော အစောင့်သည်လည်း အန်လင်းဆီသို့ လှည့်လာကာ မတူညီသော အသံဖြင့် ပြောလိုက်လေ၏။ "မင်းမှာ ရွေးချယ်စရာနှစ်ခုရှိတယ်။ ဒီကမ္ဘာမှာ ဝင်ဆံ့နိုင်အောင် ကြိုးစားပြီး ဒီကမ္ဘာက အန်လင်းဖြစ်လာပြီးတော့ ပျော်စရာ ဘဝတစ်ခုနဲ့ ဒီမှာနေထိုင်သွား။ ဆန့်ကျင်ဖက်ဆိုရင် ဒီမှာရှိတဲ့ မင်းသိသမျှလူတိုင်းကို သတ်ပြီးတော့ ဒီမှာရှိတဲ့ ကံကြမ္မာကို လွန်ဆန်ပြီး ဒီကမ္ဘာကနေလုံးဝ ခွဲထွက်ပြီးတော့ မူလကမ္ဘာဆီကို ပြန်သွား။"
ထိုသည်ကို ကြားပြီး အန်လင်း၏ နှလုံးသားမှာ တုန်ယင်လာလေ၏။ သို့သော် ရုတ်တရက် အတွေးတစ်ခုပေါ်လာကာ အပြုံးတစ်ခုက သူ့မျက်နှာထက်တွင် နေရာယူလာလေ၏။
သူတို့ပြောတာနဲ့ပဲ သူက တကယ်ကြီး အဲ့နှစ်ခုထဲက ရွေးချယ်စရာလိုလို့လား။
အန်လင်းက ထိုသို့ ပြုလုပ်မည် မဟုတ်ပါပေ။ သူ့တွင် မသုံးရသေးသော ဝှက်ဖဲတစ်ချပ် ကျန်နေပေသေး၏။
အံ့ဖွယ် အယောင်ဆောင် နည်းစနစ်။
မရေမတွက်နိုင်သော ကြယ်စုတန်းများက သူ့မျက်လုံးထဲတွင် ပေါ်လာလေ၏။ တဖြည်းဖြည်းနှင့် သူရှိနေသော နယ်မြေက သူ့မျက်လုံးထဲသို့ ဝင်ရောက်သွားလေ၏။
မမြင်နိုင်သော လှိုင်းငယ်လေးများက လေထုကို ဖြတ်သန်းထွက်လာကာ ကောင်းကင်နှင့် မြေကြီးအကြားရှိ အသေးစိတ်တစ်ခုစီတိုင်းက သူ့စိတ်ထဲတွင် ထပ်မံဖြစ်ပေါ်နေလေ၏။ အလွန် ကျယ်ပြန့်လှသော အချက်အလက်များက သူ့ဦးနှောက်ထဲသို့ စီးဝင်လာကာ မည်သည်က မှန်ကန်သည်၊ မည်သည်က မတည်ရှိသင့်ဆိုသည်ကို ပြောပြနေလေ၏...။
အနီရောင်ဝတ်အစောင့်နှစ်ဦး၏ ဤမမြင်နိုင်သော လှိုင်းလေးများကို အာရုံခံမိသောအခါ အမူအရာက သိသိသာသာပြောင်းလဲသွားလေ၏။
ထိုအခိုက်၌ သူတို့ရှေ့မှ မြေကြီးက ပေါက်ကွဲထွက်သွားပြီ ဖြစ်လေ၏။
အန်လင်းက လေထဲသို့ ခုန်တက်ကာ သူ့ခန္ဓာကိုယ်က ဒုံးကျည်တစ်ခုကဲ့သို့ မြှောက်တက်သွားပြီး အနက်ရောင်မျှော်စင်၏ ထိပ်သို့ ရောက်ရှိသွားလေ၏။
သူကချက်ချင်းပင် သူ၏မြေအောင်ကမ္ဘာ၏ မူလစွမ်းအင်ကို အသက်သွင်းလိုက်ကာ ရွှေရောင် ဟာလာပြင် လျှပ်စီးက သူ၏ မိစ္ဆာရှင်းဓားပတ်လည်တွင် တစ်ဖျတ်ဖျတ်လက်နေကာ ခွန်အားကြီး ဓားအလင်းတန်းတစ်ခုကို အနက်ရောင် မျှော်စင်ဆီသို့ ခုတ်ပိုင်းပစ်လိုက်လေ၏။
အနက်ရောင် မျှော်စင်ေထိပ်ရှိ တောက်ပသော အဖြူရောင်အလင်းရင်းမြစ်က သူ၏ လျှပ်စီးဓားအလင်းတန်းဖြင့် ခုတ်ပိုင်းခြင်း ခံလိုက်ရပြီး ညကောင်းကင်ယံတစ်ခုလုံးကို ရွှေရောင်လျှပ်စီး ပေါက်ကွဲမှုဖြင့် ရွှေရောင်ခြယ်လိုက်လေ၏။
မရေမတွက်နိုင်သော ချီလော့မြို့သူ မြို့သားများက အနက်ရောင်မျှော်စင်ထိပ်ရှိ ရွှေရောင်လျှပ်စီးလက်နေသည်ကို အံ့ဩ၊ စိတ်ရှုပ်ဟန်ဖြင့် ကြည့်ရှုနေကြလေ၏။
အဝေးတွင် မုယွီဒီနှင့် အန်မင်ချွန်းက တစ်ယောက်လက်တစ်ယောက်ကိုင်ထားကာ ဘေးချင်းယှဉ်ရပ်ပြီး မျှော်စင်မြင့်ကြီးကို ငေးကြည့်နေလေ၏။ ရွှေရောင်လျှပ်စီးက တောက်ပ လှပသော ရွှေရောင်လျှပ်စီးဘောလုံးအဖြစ် ပေါက်ကွဲသွားပြီး ဖြစ်လေ၏။
ဘုန်း...
အနက်ရောင် မျှော်စင်၏ထိပ်မှာ အန်လင်း၏ဓားချက်ကြောင့် အမှုန့်ချေခံလိုက်ရ၏။
သူ့ပတ်လည်မှ နေရာလပ်မှာ တွန့်လိမ်ကာ အက်ကွဲစပြုလာပြီး သူ့ပတ်လည်မှ ကမ္ဘာကြီးကရုတ်တရက် သူ့မျက်လုံးထဲတွင် အရောင်မှိန်ကာ မှုန်ဝါးလာလေတော့သည်...။
အမှောင်ထုက သူ့မျက်လုံးထက်သို့ ကျရောက်လာကာ ဗလာအဖြစ်သို့ ရောက်ရှိသွားလေ၏။
အနီရောင်ဝတ်အစောင့်နှစ်ဦးက အန်လင်းပျောက်သွားသောနေရာသို့ စိတ်ရှုပ်ထွေးစွာ ကြည့်နေကြလေ၏။
တုတ်ခိုင်သောအစောင့်က မျက်နှာတည်ဖြင့် ခေါင်းခါလိုက်လေ၏။ "နေပါစေလေ။ သူ့နှလုံးသားက ဒီကမ္ဘာထဲမှာ ရှိမနေချင်မှတော့ အတင်းတွန်းအားပေးစရာ အကြောင်းမရှိပါဘူးလေ။"
အရပ်ရှည်သော အစောင့်က သဘောတူညီမှုဖြင့် ခေါင်းငြိမ့်ပြလိုက်လေ၏။ "သူက ပုံရိပ်ယောင်ကို ဖြားယောင်းတဲ့နေရာမှာ လက်လျော့လိုက်တော့ အမှန်တကယ်ဖြစ်လာနိုင်စရာ အကြောင်းမရှိတော့ဘူးပေါ့။"
အမှောင်ထုထဲတွင်
အန်လင်း၏ခန္ဓာကိုယ်က တုန်ယင်သွားပြီး တဖြည်းဖြည်း အသိစိတ်ဝင်လာလေ၏။
သူက မျက်လုံးဖွင့်လိုက်ရာ သူ့မျက်စိရှေ့တွင် မျက်စိကျိန်းလောက်သည့် အဖြူပြင်ကျယ်ကြီးကို တွေ့လိုက်ရလေ၏။
အန်လင်းက သူ့အကြည့်များကို အာရုံစိုက်လိုက်ရာ အဖြူရောင်အလင်းဖြင့် တောက်ပနေသော အပိုင်းတစ်ခု ရှိသည်ကို တွေ့လိုက်ရ၏။
အပိုင်းမှာ အမှန်ဖြစ်ပုံလဲရပြီး ပုံရိပ်ယောင်ဖြစ်ပုံလည်းရလေ၏။ ထိုသည်က ပထမကြည့်ခိုက်တွင် အစစ်အမှန်နှင့်တူ၏။
သို့သော် တစ်စုံတစ်ယောက််စိတ်ထဲတွင် အမှန်ဖြစ်သည်ဟု တွေးတောလိုက်သည်နှင့်တစ်ပြိုင်နက် ထိုသည်က ပုံရိပ်ယောင်ဖြစ်လာပေ၏။ သို့သော် ထိုသည်က ပုံရိပ်ယောင်ဟု အတွေးတစ်ခုဝင်လာသည်နှင့် ထိုသည်က ထပ်မံကာ အစစ်အမှန်ဖြစ်လာပေ၏။
အန်လင်းက သိလိုစိတ်အပြည့်နှင့် မျက်တောင်ခတ်လိုက်လေ၏။
အဲဒါက ဘာကြီးလဲ။
----------------