သေလုနီးပါး အခြေအနေ
Vol. 39 Ch. 545
သူတို့၏ မျက်စိရှေ့တွင် နယ်မြေအူတိုင် အပိုင်းအစတစ်ခု ရှိနေသော်လည်း သူတို့ထဲက မည်သူကမှ သူ့တို့၏ ခန္ဓာကိုယ်အား ချည်နှောင်ထားသော သစ်ကိုင်းများမှ လွတ်မြောက်အောင် မရုန်းကန်နိုင်ပါပေ။
တိုဘိုင်းယစ်ပင်လျှင် ဤနေရာ၌ အဖမ်းခံထားရမည်ဟု မည်သူက ထင်ပါမည်နည်း...
မာလင်က ကတုံးဆံပင်ပေါက်ကေနှင့် တောင့်တောင့်တင်းတင်း အမျိုးသားကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
တိုဘိုင်းယစ်မှာ သွေးမျိုးနွယ်စု ပျက်ပြယ်ခြင်းအုပ်စု၏ ခေါင်းဆောင်ဖြစ်ကာ ပျက်ပြယ်ခြင်း အလယ်အလတ်အဆင့်၏ အထွတ်အထိပ်တွင်ဖြစ်ပြီး သူက အဖွဲ့၏ အစွမ်းအထက်ဆုံး ကျင့်ကြံသူလည်း ဖြစ်ပေ၏။
"ငါတို့ ဒီက လွတ်ရင် သူ့ကို သန့်စင်ခံရခြင်းရဲ့ အရသာကို ပေးမြည်းလိုက်ကြရအောင်...။" ကတ်စီဒီက အကြံပြုလာ၏။
ထိုသည်က အန်လင်း၏ အတွေးများနှင့် တစ်ထပ်တည်းဖြစ်လေ၏။ "အဲဒါဆို သူ့ကို နင့်တာဝန်ထားလိုက်မယ်..."
"စိတ်မပူပါနဲ့ သခင်၊ ငါအလုပ်ကို ပြီးအောင်လုပ်ပေးပါမယ်...။" ကတ်စီဒီက ချိုသာစွာ ပြုံးလိုက်လေ၏။
ကောင်းလိုက်တာ။ မြင့်မြတ်သွေး ၅မီလီလီတာရေ ငါလာပြီဟေ့...။
မာလင်က အသိစိတ်ဝင်သောအခါ နောင်တအကြီးအကျယ်ရသော အမူအရာက သူ့မျက်နှာထက်တွင်ပေါ်လာလေ၏။ သူက ရွှေရောင်အခွင့်အရေးတစ်ခုကို လက်လွတ်သွားလေပြီ။
သူက ထိုနေရာရှိ တခြားပျက်ပြယ်ခြင်းအဆင့် ကျင့်ကြံသူများကိုသာ အာရုံစိုက်ရတော့မည်။ မည်သို့ဆိုဆို ပျက်ပြယ်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် သူတို့၏ သိုလှောင်လက်စွပ်ကို အန်လင်းဆီသို့ ပေးအပ်ပါက သူသည်လည်း သွေး၅မီလီလီတာ ရနိုင်ပေ၏။ ပျက်ပြယ်ခြင်းအဆင့် ကျင့်ကြံသူများမှာ ထိုက်ချူကုန်းမြေကြီးပေါ်တွင်ပင် အတော်ရှားပါးကာ အရေအတွက်နည်းပါး၍ မာလင်က ထိုပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီးပုဂ္ဂိုလ်နှစ်ယောက်ကို သိပေသည်။
မိယမှာ စိတ်ဝိညာဉ် ငါးမျိုးနွယ်၏ ပျက်ပြယ်ခြင်းအလယ်အလတ်အဆင့် ကျင့်ကြံခြင်းအခြေခံရှိကာ အနောက်ပင်လယ် ရေမကောင်းဆိုးဝါးများ၏တောင်ပိုင်းဘုန်းတော်ကြီးလည်းဖြစ်သည်။
ချင်းရှန်မှာ ဧဒင်ဥယျာဉ် ပျက်ပြယ်ခြင်းအလယ်အလတ်အဆင့် အထွတ်အထိပ် ခွန်အားကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပေ၏။ သူက ဝါယောအလင်းမျိုးနွယ် ပျက်ပြယ်ခြင်းအသင်း၏ခေါင်းဆောင် ဖြစ်ဟန်လည်း ရ၏။
ဟင်း... သူတို့နှစ်ဦးစလုံးကို သူက အနိုင်တိုက်နိုင်ဟန်လည်း မရပါပေ...
မာလင်မှာ ထိုသုံးသပ်ချက်ကို ရောက်ရှိသောအခါ စိတ်ပျက်ခြင်းဖြင့် ရိုက်ခတ်ခြင်း ခံလိုက်ရသည်။
"အခုလောလောဆယ် ငါတို့ ပထမဆုံး ဦးစားပေးရမှာက ဒီထူးဆန်းတဲ့ သစ်ကိုင်းနက်တွေကနေ လွတ်ဖို့ပဲ။ မင်းတို့မှာ အကြံရှိကြလား။" အန်လင်းက မေးလိုက်၏။
ကတ်စီဒီနှင့် မာလင်တို့နှစ်ဦးစလုံးက တိတ်ဆိတ်စွာ မျက်မှောင်ကြုတ်နေကြသည်။
ရွှယ်ကျန်းထျန်က ချက်ချင်းပင် တက်ကြွလာကာ သူ၏ချွန်ထက်လှသော သွားစွယ်များဖြင့် သစ်ကိုင်းနက်များပေါ်သို့ ကိုက်ချလိုက်လေ၏။ သို့သော် သစ်ကိုင်းများက အလွန်မာကြောနေပြီး သူက မည်မျှပင် ကြိုးစားကြိုးစား မကိုက်ဖြတ်နိုင်ပါပေ။
"အိုး...။ မင်းတို့က နိုးနေကြပြီပေါ့။"
အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာကာ လူတိုင်းကို တုံ့ဆိုင်းသွားစေသည်။
အနီရောင်ဝတ်ရုံနှင့် အရပ်ပုပြီး တုတ်ခိုင်သောအဖိုးအိုတစ်ယောက်က ရုတ်တရက် ပေါ်လာလေ၏။
အန်လင်း၏အမူအရာမှာ သိသိသာသာပြောင်းလဲသွားကာ အတွေးတစ်ခုပေါ်လာသည်။
သူတို့အားလုံးတော့ ဒုက္ခရောက်ပြီ...။
အဖိုးအိုမှာ အန်လင်းနှင့် တခြားသူများက နိုးလာသည်ကို အံ့ဩသွားသည့်ပုံ မရပါပေ။ သူက သိချင်ယုံမျှသာဖြစ်ပေ၏။ "မင်းတို့ ဘာလို့ နိုးလာကြတာလဲ။ အဲ့ကမ္ဘာက မင်းတို့ကို ပျော်အောင်မထားဘူးလား။"
"မပျော်ဘူး။ အဲ့ကမ္ဘာက ငါတို့သခင်ဆီက မြင့်မြတ်သွေးက အရသာလည်းမရှိဘူး။" ကတ်စီဒီက ရိုးသားစွာ ပြန်ဖြေလိုက်လေ၏။
"ငါလဲ အဲဒါကို ထောက်ခံတယ်။ ငါအများကြီး သောက်လိုက်တာ။ ထွီ...။ မစင်လိုအရသာကြီး...။" မာလင်က ရွံရှာစွာ ဝင်ပြောလာ၏။
ထိုသည်ကိုကြားပြီးနောက် အဖိုးအို၏ နှုတ်ခမ်းများက ရှုံ့မဲ့သွားလေသည်။ ဒါက ဘယ်လို တုံ့ပြန်မှုကြီးလဲ။ သူက သူတို့ပြောနေသည်ကို လုံးဝမသိပါချေ။
အန်လင်း : "..."
အဖိုးအိုက သူ၏အမူအရာကို ပြန်ပြင်လိုက်ပြီး လည်ချောင်းရှင်းလိုက်၏။ "မင်းတို့အားလုံးက နိုးလာရင်တောင်မှ ရုန်းကန်နေလဲ ဘာမှ အကျိုးရှိမှာမဟုတ်ဘူး။ အဲ့ဒီစစ်မှန်နယ်မြေနွယ်တွေက မင်းတို့ရဲ့ အစွမ်းတွေကို ချိန်ပိတ်ထူးတာဖြစ်လို့ ချိုးဖျက်နိုင်မှာ မဟုတ်ဘူး။"
"ခင်ဗျားက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။" အန်လင်းက လေးလံသောအသံဖြင့် မေးလိုက်လေ၏။
"မင်းတို့က အစီအစဉ်ထဲမှာ ပါနေတော့ မင်းတို့ကို ပြောပြတာ အန္တရာယ်တော့မရှိပါဘူး။" တုတ်ခိုင်သောအဖိုးကြီးက လူတိုင်း၏ မျက်လုံးထဲသို့ ကြည့်လိုက်ရာ စိတ်ခံစားချက်များက သူ့မျက်လုံးထဲတွင် တွဲခိုနေလေ၏။ ထို့နောက်သူက ပြောလိုက်သည် "ငါ့အစီအစဉ်က နယ်မြေအူတိုင်အပိုင်းအစကိုသုံးပြီးတော့ ကမ္ဘာအသစ်တည်ဆောက်ပြီး ချီလော့မြို့ကို ပြန်ပြီးအသက်သွင်းမလို့။"
"ပြန်ပြီး အသက်သွင်းမယ်။" အန်လင်းက အနည်းငယ် ကြောင်အသွားလေ၏။
"ဟုတ်တယ်။ ပြန်ပြီး အသက်သွင်းမှာ။ တစ်ချိန်က ဒီကမ္ဘာပေါ်မှာ လျှောက်လှမ်းခဲ့ဖူးတဲ့ သက်ရှိတွေအားလုံးကို ပြန်ပြီးအသက်သွင်းမလို့။ ချီလော့မြို့ကို အရင်က ခမ်းနားမှုတွေ ပြန်ပြီး ပေးအပ်မလို့။" တုတ်ခိုင်သော အဖိုးအိုက အပြုံးတစ်ခုနှင့် ပြန်ဖြေလိုက်လေ၏။
"ရှင်က ရူးသွားပြီပဲ...။ ကမ္ဘာသစ် တည်ထောင်တယ်ဆိုတာက ဖြစ်နိုင်ပါသေးတယ်။ ဒါပေမဲ့ သေဆုံးပြီးသား သက်ရှိတွေကို ပြန်ပြီး အသက်သွင်းတာကတော့ လုံးဝကို မဖြစ်နိုင်ဘူး။" ကတ်စီဒီက အဖိုးအိုအား အရူးတစ်ယောက်ကဲ့သို့ စိုက်ကြည့်ကာ တုံ့ပြန်လိုက်၏။
အဖိုးအိုမှာ သူမ၏တုံ့ပြန်မှုကို ဒေါသမထွက်ပါပေ။ ထိုအစား သူက သူ၏အစီအစဉ်ကို ဖြည်းညင်း၊ သတိကြီးသော အသံဖြင့် ဆက်လက်ပြောပြနေလေ၏။ "ဒီကမ္ဘာက သက်ရှိတွေက အခုထိ အပြည့်အဝ မသေဆုံးသေးဘူးလို့ ငါပြောရင်ရော။"
"အပြည့်အဝ မသေသေးဘူး...။"မာလင်က မျက်မှောင်ကြုတ်ထားလိုက်၏။ "အဲဒါက ဘာကိုဆိုလိုတာလဲ။"
"အဲ့လှည့်လည်နေတဲ့ စိတ်ဝိညာဉ်တွေ..." အဖိုးအိုက စကားပြောနေရင်း ရှေးဟောင်းမြို့တော်ဆီသို့ ညွှန်ပြလိုက်သည်။ "အဲ့ဒီစိတ်ဝိညာဉ်တွေက ဒီမြို့ထဲမှာ နှစ်ပေါင်းမရေတွက်နိုင်အောင်ကို လှည့်လည်သွားလာနေကြတာ။ သူတို့က အမြဲတမ်းရှိနေပြီးတော့ အမှန်တကယ် မသေဆုံးကြသေးဘူး။ သူတို့ ကမ္ဘာက ဖျက်ဆီးခံလိုက်ရတာဖြစ်လို့ သူတို့ခန္ဓာကိုယ်တွေက သူတို့နဲ့ တွဲရက် ရှိမနေတော့တာပဲရှိတာ...။"
"ငါက နယ်မြေအူတိုင်ရဲ့ အပိုင်းအစကို သုံးပြီးတော့ ပုံရိပ်ယောင်ကို အစစ်အမှန်အဖြစ် ပြောင်းလိုက်ပြီးတော့ ကမ္ဘာသစ်တစ်ခုကို ဖန်တီးနိုင်တယ်။ ဒါပေမဲ့ လှည့်လည်နေတဲ့ စိတ်ဝိညာဉ်တွေကို ဘဝအသစ်ပေးချင်ရင် သူတို့ရဲ့ ခန္ဓာကိုယ် အခွံအဖြစ်ပေးဖို့အတွက် သက်ရှိတွေ လိုအပ်တယ်..." သူက စကားပြောနေစဉ် အန်လင်းနှင့် တခြားသူများဆီသို့ အကြည့်ပို့ကာ ဆိုးယုတ်သော အပြုံးတစ်ခု ပေါ်လာလေ၏။
အဖိုးအို၏အမူအရာကို မြင်သောအခါ အန်လင်း၏ကျောရိုးတစ်လျှောက် စိမ့်တက်သွားလေ၏။
ကတ်စီဒီနှင့် မာလင်တို့၏ အမူအရာများက တင်းမာသွားသည်။ သူတို့က ဤနေရာတွင် သေဆုံးနိုင်ခြေများသည်ကို သိ၏။
"သေဆုံးခြင်းက ဘဝသစ်တစ်ခုရဲ့ အစပဲ။ အဲ့တော့ စိတ်ပူစရာမလိုပါဘူး။" ရုတ်တရက် ထွက်ပေါ်လာသည့် တခြားသောအသံတစ်ခုက ပြောလိုက်လေ၏။
ထို့နောက်ချက်ချင်းပင် အဖြူရောင်ဝတ်စုံနှင့် ရှည်လျား၊ ပိန်ပါးသော အဖိုးအိုတစ်ဦးက သူတို့ရှေ့တွင် ပေါ်လာသည်။
"မင်းတို့က ချီလော့မြို့ထဲမှာ မြို့တော်ကိုအုပ်စိုးတဲ့ နတ်ဘုရားတွေအဖြစ်နေသွားလို့ရတယ်။" သူက အန်လင်းနှင့် တခြားသူများကိုကြည့်ကာ လေထဲတွင် လက်တစ်ဖက်မြှောက်လိုက်လေ၏။ ထို့နောက် သူက ထပ်ပေါင်းပြောလိုက်သည် "မင်းတို့အတွက် လမ်းခင်းပေးသွားတဲ့ ဘိုးဘေးတွေ ၉ ယောက်တောင် ရှိတယ်။ မင်းတို့က နောက်ဆုံးအုပ်စုပဲ။ ချီလော့မြို့ကို ဒီနေ့ပြန်ပြီး အသက်သွင်းတော့မှာ။"
နယ်မြေအူတိုင်အပိုင်းအစက တောက်တောက်ပပနှင့် စတင်လင်းလက်လာလေသည်။
ဘုန်း...
အနက်ရောင် မျှော်စင်၏ အောက်တွင် ကြက်သွေးရောင် သွေးကြောပုံစံ အတန်းလိုက်က ရုတ်တရက် ပေါ်လာကာ ပုံစံများက ချီလော့မြို့တော်တစ်ခုလုံးကို လွှမ်းခြုံသွားကာ မြို့တော်ကို ထူးဆန်းသော ကြက်သွေးရောင်အလင်းအတွင်း၌ နစ်မြုပ်နေစေ၏။
ထူးဆန်းသည့်အဖြူရောင် အလင်းတစ်ခုက မျှော်စင်၏ထိပ်မှ ကောင်းကင်ဆီသို့ လင်းလက်လာကာ ကောင်းကင်ကို ထိုးဖောက်သွားတော့မယောင် ခြိမ်းခြောက်နေလေ၏။
ထူးဆန်းသောလှိုင်းငယ်တစ်ခုက မျှော်စင်၏ ထိပ်မှ ဖြာထွက်လာကာ ကောင်းကင်နှင့် မြေကြီးတစ်ခွင်လုံးကို ပဲ့တင်ထပ်သွားစေ၏။
အဖြူရောင်အလင်းက အောက်ဘက်ကမ္ဘာဆီသို့ လင်းလက်လာကာ အဆုံးမရှိ ဖြစ်နိုင်ခြေများကို သယ်ဆောင်လာလေ၏။
ထိုအခိုက်၌ ကီလိုမီတာ အနည်းငယ် အဝေးတွင်...။
"ဟမ်...။ အဲ့အလင်းက အရမ်းတောက်ပတာပဲ။ အဲ့မှာ အရမ်းကို မိုက်တဲ့ ရတနာပေါ်လာမှာ အသေအချာပဲ။" ပန်းရောင်ဝတ်စုံနှင့် ကျစ်လစ်လှပသော အမျိုးသမီးငယ်လေးတစ်ဦးက ထူးဆန်းသော အဖြူရောင်အလင်းကို ညွှန်ပြကာ စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
ခန္ဓာကိုယ်မှ အဆုံးမရှိ အော်ရာများ ထုတ်လွှတ်နေသော ချောမောလှသည့် အမျိုးသား ဓါးအင်မော်တယ်တစ်ဦးက အဝေးသို့ သတိတကြီး ကြည့်ရှုလိုက်လေ၏။ သူက သတိတကြီး အမူအရာဆင်မြန်းထားသော်လည်း အကွာအဝေးဂိတ်ပေါက်တစ်ခုကို ဆုတ်ဖြဲလိုက်ဆဲ ဖြစ်၏။ "လျှိုချူးချူး၊ နင်က တစ်ချိန်လုံး ငါ့နောက်မှာပဲနေပြီးတော့ ဘယ်တော့မှ တစ်ယောက်တည်း ပြေးမသွားရဘူး။"
"ပြဿနာမရှိပါဘူး စီနီယာ လုဒုန်းဘင်။ ငါက အရမ်းနာခံတတ်ပါတယ်။" လျှိုချူးချူးက ရွှယ်မုန်မုန်ကို ဆုတ်ကိုင်ကာ စိတ်လှုပ်ရှားနေသော အမူအရာကို ဆင်မြန်းကာ အမျိုးသားနောက်မှလိုက်ပြီး အကွာအဝေးဂိတ်ထဲသို့ ဝင်သွားလိုက်သည်။
တခြားသောတစ်နေရာတွင် ငွေရောင်ဆံပင်နှင့် အဖြူရောင်ဝတ်စုံများဝတ်ဆင်ထားသော မြူနှင်းနတ်မိမယ် နှစ်ဦးက ရုတ်တရက် ကောင်းကင်သို့ ကြည့်လိုက်လေ၏။ သူတို့၏ အမူအရာများက သိသိသာသာပြောင်းလဲ သွားလေ၏။ မြူနှင်းနတ်မိမယ်တစ်ဦးက သူမလက်ထဲတွင် ရေခဲအရုပ်လေးတစ်ခုကို ကိုင်ထားပြီး အဝေးမှအဖြူရောင် အလင်းဖျော့ဖျော့လင်းနေရာသို့ ညွှန်ပြလိုက်ကာ နားမလည်နိုင်သော ဆူညံသံများကို ထုတ်လွှတ်နေသည်။
"အဲဒါက နယ်မြေအူတိုင် အပိုင်းအစတစ်ခုပဲ။ ငါတို့က နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီ...။" မြင့်မြတ်နန်းတော်ခေါင်းဆောင်တစ်ဦးက ထိုအဖြူရောင်အလင်းကို မြင်ပြီးနောက် တက်ကြွကာ စိတ်လှုပ်ရှားလာလေ၏။ "တခြားသူတွေ အရင်မရောက်အောင် ငါတို့က အဲ့ဒီကို အခုသွားရမယ်။"
"ရော့ကုကို အရင်မစောင့်တော့ဘူးလား။ ငါတို့က သူမကို ဒီမှာတွေ့မယ်လို့ ချိန်းထားပြီးသားဆိုတော့ သူမက လာနေလောက်ပြီ။"
"နယ်မြေအူတိုင်းအပိုင်းအစဆီကို တစ်ပြိုင်တည်းသွားနေတဲ့ တခြားစွမ်းအားက ကျင့်ကြံသူတွေ အများကြီး ရှိလောက်တယ်။ ငါတို့စွမ်းအားအဆင့်နဲ့ဆိုရင် ငါတို့က အရမ်းအစောကြီးရောက်သွားရင် တခြားစွမ်းအားတွေက ကျင့်ကြံသူတွေရဲ့ နှိမ်နင်းခြင်းကို ခံရနိုင်တယ်။" တခြားသော ရှည်သွယ်သွယ် မြူနှင်းနတ်မိမယ်တစ်ဦးက တုံ့ဆိုင်းနေသော အမူအရာဖြင့် သူမ၏ အတွေးကို ထုတ်ပြောလာလေ၏။
"ဖြုန်းနေစရာ အချိန်မရှိဘူးဟ...။" လက်ထဲတွင် ရေခဲအရုပ်နှင့် မြူနှင်းနတ်မိမယ်က အကွာအဝေးဂိတ်ပေါက်တစ်ခုကို စုတ်ဖြဲကာ ဝင်ရောက်သွားလေ၏။
ရှည်သွယ်သွယ် မြူနှင်းနတ်မိမယ်က ခေါင်းယမ်းကာ သက်ပြင်းခပ်ဖွဖွ ချလိုက်သော်လည်း တခြားအကွာအဝေး ဂိတ်ပေါက်တစ်ခုကို စုတ်ဖြဲပြီး သူမနောက်ကို လိုက်သွားရန်သာ တတ်နိုင်ပေတော့သည်။
---------------