အစွမ်းထက် အနီရောင်ဝတ်အဖိုးအိုများ
Vol. 39 Ch. 546
နယ်မြေအူတိုင်၏ အပိုင်းအစက သူ၏စွမ်းအားအစစ်အမှန်ကို ထုတ်လွှတ်လိုက်သောအခါ အဖြူရောင်အလင်းတိုင်ကြီးတစ်ခုက ကောင်းကင်သို့ မြောက်တက်လာပြီး မမြင်နိုင်သော စွမ်းအင် အတက်အကျများက နေရာပေါင်းစုံသို့ ကီလိုမီတာပေါင်းများစွာ ဖြာထွက်လာကာ ချီလော့တစ်မြို့လုံးကို လွှမ်းခြုံပစ်လိုက်လေ၏။
အန်လင်းက သူတို့ခန္ဓာကိုယ်ပတ်လည်မှ သစ်ကိုင်းနက်များသည် စတင် ရှုံ့လာကာ အနီရောင်တောက်တောက်လင်းလာသည်ကို တွေ့လိုက်ရ၏။
သူက ပတ်ဝန်းကျင်သို့ စိတ်ပျက်လက်ပျက် ကြည့်လိုက်သည်။ သူလုပ်နိုင်သည့်အရာရှိသည့်ပုံ မပေါ်ပေ။ သူက တကယ်ပဲ ဒီချီလော့မြို့တော်ကြီးမှာပဲ ထာဝရ ပိတ်မိနေတော့မှာလား။ သူက ဤကံတရားကို လက်မခံလိုပါပေ။
"အိုး...။ ငါတို့မှာ ဧည့်သည်တစ်ချို့ရောက်နေတယ် လုချန်...။" တုတ်ခိုင်သော အဖိုးအိုက ရုတ်တရက် ဆိုလိုက်၏။
အရပ်ရှည်သောအဖိုးအိုက ခေါင်းငြိမ့်ကာ တုံ့ပြန်လိုက်လေ၏။ "ငါသူတို့ကိုဖမ်းပြီး မြေဩဇာအနေနဲ့ သုံးလိုက်မယ်။"
သူ့အသံ အဆုံးသတ်သည်နှင့် သူ့ခန္ဓာကိုယ်က ပျောက်ကွယ်သွားလေ၏။
အန်လင်းနှင့် တခြားသူများက ထိုသည်ကို ကြားကာ မျှော်လင့်ချက်အသစ်များဖြစ်ပေါ်လာသည်ကို ခံစားလိုက်ကြရသည်။
ချီလော့မြို့တော်၏ အထက်လေထဲတွင် လုဒုန်းဘင်က အကွာအဝေး အက်ကွဲကြောင်းတစ်ခုကို ဆုတ်ဖြဲလိုက်ကာ လျှိုချူးချူးနှင့်အတူ ထွက်လာ၏။
သူက အနက်ရောင်မျှော်စင်ကို ကြည့်လိုက်ကာ အဆောက်အဦးဆီသို့ သူ၏ အံ့ဖွယ်အာရုံကို ဖြန့်ကျက်လိုက်ပြီး အမူအရာ သိသိသာသာ ပြောင်းသွားလေ၏။ "အဲ့ဒီမျှော်စင်ထဲမှာ ပျက်ပြယ်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တွေ အဖမ်းခံထားရတာ အများကြီးပဲ။ အန်လင်းတောင် အဲ့ဒီမှာရှိတယ်...။"
လျှိုချူးချူး၏ နှလုံးသားက အံ့ဩမှုဖြင့် တုန်လှုပ်သွားသည်။ "အန်လင်းတောင် အဲ့ဒီမှာရှိတယ်။ ငါတို့ သူတို့ကို သွားပြီး ကယ်ရမယ်။"
"သူက ကောင်းကင်ဘုံခုံရုံးရဲ့အဖွဲ့ဝင်ပဲ။ ပြီးတော့ ဘာပဲဖြစ်ဖြစ် ငါက သူ့ကို ရှောင်တုအစား အကြွေးတင်နေတာရှိတယ်။ အဲ့တော့ ငါ သူ့ကို သေချာပေါက်ကို ကယ်မှာပါ။ ဒါပေမဲ့ ငါတို့ရန်သူက အရမ်းကို အစွမ်းထက်နေတော့ ဒီကနေ ထွက်သွားပြီး ဝေးနိုင်သမျှ ဝေးဝေးကို သွားရမယ်။" လုဒုန်းဘင်က ဝမ်းနည်းစွာ သတိပေးလာ၏။
လျှိုချူးချူးက ခေါင်းငြိမ့်ကာ တပ်ဆုပ်တော့မည့်အချိန်တွင် အနီရောင်ဝတ်စုံနှင့် အရပ်ရှည်ပြီး ပိန်ပါးသော အဖိုးအိုတစ်ဦးက သူတို့ရှေ့တွင် ပေါ်လာလေ၏။
"ဘာပဲဖြစ်ဖြစ် ဒီကိုတောင် ရောက်လာပြီကို ငါတို့ရဲ့ ကြီးမြတ်တဲ့ အစီအစဉ်ထဲကို ဘာလို့ဝင်မပါသွားတာလဲ။"
"သွားစမ်း..." လုဒုန်းဘင်က သူ့၏ ဓားရှည်ကို ဆွဲထုတ်လိုက်ကာ ပြိုင်ဘက်ကင်း ချွန်ထက်လှသော အဖြူရောင် ဓားအလင်းတန်းတစ်ခုက ကောင်းကင်ဘုံနှင့် မြေကြီးကို ဖြတ်သန်းကာ အရပ်ရှည်သော အဖိုးအိုဆီသို့ ကျရောက်သွားလေ၏။
အဖိုးအိုက ဓားအလင်းတန်း၏ ရှေ့တွင် မြဲမြဲမံမံရပ်နေကာ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။
သူ့လက်သီးနောက်မှ ကြောက်မက်ဖွယ် အားအင်က ချက်ချင်းပင် အဖြူရောင် ဓားအလင်းတန်းကို အမှုန့်ချေပစ်ကာ လုဒုန်းဘင်၏ ခန္ဓာကိုယ်သို့ ရိုက်ခတ်သွားပြီး ပေါက်ကွဲမှုတစ်ခုကို ဖန်တီးပြီး အနီးနားရှိ လျှိုချူးချူးကိုပင် လွင့်ထွက်သွားစေ၏။
လျှိုချူးချူးက ထိုစွမ်းအားပေါ်တွင် မှီခိုကာ ရွှယ်မုန်မုန်နှင့်အတူ တပ်ဆုပ်သွားလေ၏။ ရွှေရောင်အလင်းတန်းတစ်ခုက သူမမျက်လုံးရှေ့တွင် လင်းလက်သွားပြီး အနက်ရောင်မျှော်စင်၏ ထိပ်ဆီသို့ အကြည့်ပို့လိုက်သည်။
"မျက်လုံး နည်းစနစ်၊ X-Ray အမြင်အာရုံ..."
သူမ၏ မျက်လုံးအတွင်း၌ လက္ခဏာများလှည်ပတ်လာကာ အနက်ရောင် မျှော်စင်၏ နံရံများက သူမ၏ မျက်လုံးရှေ့တွင် အရည်ပျော်ကျ၍ အတွင်းပိုင်းကို လှစ်ဟာပြသနေ၏။
ထို့နောက် သူမက အန်လင်းနှင့် တခြားကျင့်ကြံသူတစ်ချို့က သစ်ကိုင်းနက်များဖြင့် ချည်နှောင်ခံရထားရကာ လုံးဝ မလှုပ်နိုင်နေသည်ကို တွေ့လိုက်ရ၏။
"ဟမ်...။ သူတို့အပြင် တခြားသူတွေလည်း ရှိသေးတယ်...။" လျှိုချူးချူးက မျက်မှောင်ကြုတ်လိုက်ကာ သူမကိုယ်သူမ ကယ်ဆယ်ရေးမစ်ရှင်တစ်ခု ဆွဲရန် ဆုံးဖြတ်လိုက်၏။
လုဒုန်းဘင်က အဖိုးအို၏ထိုးနှက်ချက်ကြောင့် လွင့်ထွက်သွားကာ သူ့ပါးစပ်မှ သွေးများစီးကျလသည်။ သူက အဖိုးအိုကို အနည်းငယ်မျှပင် လျှော့တွက်မထားကာ သူ၏ ခွန်အားအပြည့်ကို ချက်ချင်းထုတ်လိုက်သော်လည်း သူ၏ ပထမဆုံးတိုက်ချက်မှ ဒဏ်ရာအပြင်းအထန် ရနေဆဲဖြစ်၏။
ထိုလက်သီးအတွင်း၌ ပါဝင်နေသော စွမ်းအင်က ပျက်ပြယ်ခြင်းနောက်ဆုံးအဆင့် အထွတ်အထိပ် အဆင့်ထက်ပင် ကျော်လွန်နေသော်လည်း အဖိုးအို၏အော်ရာကို လုံးဝပင် အာရုံခံ၍ မရပါပေ။ ထိုသည်က သူသည် တည်ရှိမှုမရှိသော လှည့်လည်နေသည့် စိတ်ဝိညာဉ် တစ်ခုကဲ့သို့ပင်။
ထိုအချိန်၌ အခြားသော အကွာအဝေးအက်ကွဲကြောင်းတစ်ခုက အဝေးတွင် ကွဲအက်လာလေ၏။
ငွေရောင်ဆံပင်များနှင့် မြူနှင်းနတ်မိမယ် နှစ်ဦးက သူတို့မျက်စိရှေ့တွင် ထွက်ပေါ်လာပြီး အခြေအနေကို ကြည့်ရှုကာ သူတို့၏ မျက်လုံးများက အရောင်တောက်သွားလေ၏။
"ကောင်းတယ် စုကျင်းရှန်း...။ ငါတို့ရဲ့ ရန်သူက လူသားကျင့်ကြံသူတစ်ယောက်နဲ့ တိုက်နေတာဆိုတော့ အဲဒါကို အခွင့်အရေးယူပြီးတော့ နယ်မြေအူတိုင် အပိုင်းအစကို သွားယူရမယ်။" ရေခဲရုပ်ကိုင်ထားသော မြူနှင်းနတ်မိမယ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"အိုး...။ နယ်မြေအူတိုင် အပိုင်းအစတွေက တကယ်ပဲ အဲ့လောက်တောင် ယူရလွယ်လား...။"
အလျင်မလိုသော အသံတစ်ခုက အနီးနားမှ ထွက်ပေါ်လာလေ၏။
ထို့နောက်တွင် အနီရောင်ဝတ်ရုံနှင့် အရပ်ပုကာ တုတ်ခိုင်သော အဖိုးအိုတစ်ဦးက မြူနှင်းနတ်မိမယ် နှစ်ဦးရှေ့တွင် ပေါ်လာလေ၏။
"သွား ယွမ်ဟွား...။ ငါသူ့ကို ထိန်းထားလိုက်မယ်။"
အဖြူရောင် ရေခဲကြာပန်းတစ်ခုက စုကျန်းရှန်း၏ လက်ထဲတွင် ပေါ်လာပြီး သူ့ဘေးမှ မြူနှင်းနတ်မိမယ်ကို ပြောလိုက်လေ၏။
ယွမ်ဟွားက ချက်ချင်းပင် စတင်လှုပ်ရှားလိုက်ကာ မျှော်စင်၏ထိပ်သို့ ပျံသန်းသွားလေ၏။
ထိုသည်က စုကျန်းရှန်း တုတ်ခိုင်အဖိုးအိုဆီသို့ သူမ၏ရေခဲကြာပန်းကို ပစ်လွှတ်လိုက်သော အချိန်လည်းဖြစ်ပေ၏။
ရေခဲကြာပန်းက ချက်ချင်းပင် ကျယ်ပြန့်သွားပြီး အချင်းဝက် တစ်ကီလိုမီတာကျော်ရှိသော ဧရိယာကို လွှမ်းခြုံသွားပြီး အထူးမြူနှင်း၏ အဆုံးမရှိ စွမ်းအားက လေထုကို ဖြတ်ကာ ပြင်းပြင်းထန်ထန် တိုးဝှေ့လာပြီး အဖိုးအိုအပေါ်သို့ ဖျက်ဆီးစေတတ်ပြီး ချိတ်ပိတ်သော စွမ်းအားပုံစံဖြင့် စုစည်းလာလေ၏။
တုတ်ခိုင်သော အဖိုးအိုက သူ၏စောင်းကို ဆင့်ခေါ်ပြီးသားဖြစ်ကာ ခေါင်းကို ဘယ်ညာယမ်းခါနေလေ၏။ "ပုံရိပ်ယောင် သီချင်းက တီးဖို့အတွက် စွမ်းအင်အရမ်းကုန်တယ်။ ကြည့်ရတာ ငါက အဲ့အစား သတ်ဖြတ်ခြင်း သီချင်းကိုပဲ တီးရတော့မယ်ထင်တယ်။ ဒီကလေးမလေးတွေက သနားစရာပဲ..."
သူက ပြောနေရင်းဖြင့် သူ့လက်က စောင်းကြိုးများကို တီးခတ်လိုက်ရာ တိုပြီး ချွမ်ထက်လှသော သံစဉ်များက ပေါက်ကွဲထွက်လာလေ၏။
အချင်းဝက် ငါးကီလိုမီတာ အတွင်းရှိ နေရာလပ်က ပျစ်ခဲသွားကာ အသံလှိုင်းများက လေထုကို ဖြတ်သန်းသွားသည့် မရေမတွက်နိုင်သော ဓားသွားများ ပြောင်းသွားကာ ရေခဲကြာပန်းကြီးကို အဖြူရောင် အလင်းမှုန်များအဖြစ်သို့ လျော့ချလိုက်ပြီး မြူနှင်းနတ်မိမယ်နှစ်ဦးဆီသို့ ပျံသန်းသွားလေ၏။
ယန်ဟွားက သူမပတ်လည်ရှိ ပျစ်ခဲနေသော နေရာလပ်ကို ထိုးဖောက်ရန် မန္တန်နည်းစနစ်တစ်ခုကို ထုတ်လွှတ်တော့မည့်အချိန်တွင် မရေမတွက်နိုင်သော အသံဓားသွားများက သူမဆီသို့ စုစည်းလာလေ၏။
အဖိုးအိုကို တားဆီးရန် ကိုယ့်သဘောနှင့်ကိုယ် ပြုလုပ်သော စုကျန်းရှန်းအတွက်မူ သူမသည်လည်း အလွန်ပင် အန္တရာယ်ရှိသော အခြေအနေသို့ ကျရောက်နေလေ၏...။
အနက်ရောင် မျှော်စင်၏ ၁၅ကီလိုမီတာဝန်းကျင်အဝေးတွင် လျှိူချူးချူးက ပန်းရောင်လေးကိုင်းကို ဆွဲထုတ်လိုက်လေ၏။ ကြက်သွေးရောင် မြှားတစ်ချောင်းက လေးကြိုးပေါ်တွင် ဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင်မှ လေထုကို ထိုအရာ၏ ကြောက်မက်ဖွယ် အပူချိန်ကြောင့် တွန့်လိမ်ကာ တောက်ပလာစေ၏။
"အံ့ဖွယ်နည်စနစ်- ပေါက်ကွဲမီးတောက် မြှား..."
ဝှစ်...။
မြှားက ရှေ့သို့ ပျံသန်းသွားကာ လေထုကို ဉက္ကာခဲတစ်ခုကဲ့သို့ ဖြတ်သန်းသွားလေ၏။
မြှား၏ ပစ်မှတ်များမှာ မျှော်စင်အတွင်းရှိ သစ်ကိုင်းနက်များဖြစ်ပေ၏။
အနီရောင်ဝတ်အဖိုးအိုနှစ်ဦးက အာရုံလွှဲခြင်းခံထားရ၍ ယခုမှာ အန်လင်းကို ကယ်တင်ဖို့ ကြိုးစားရန်အချိန်ဖြစ်၏။
လုဒုန်းဘင်မှာ အရပ်ရှည်ရှည် အဖိုးအိုနှင့်တိုက်ပွဲတွင် အရေးနိမ့်နေသော်လည်း သူ၏ စိတ်ဓာတ်များက ကြက်သွေးရောင်မြှားကို မြင်လိုက်ရသောအခါ ချက်ချင်းပင် တက်ကြွသွားလေ၏။ ထို့နောက် သူက အံတင်းတင်းကြိတ်ကာ ဆက်လက်ခုခံနေလေသည်။
ဘုန်း...
ပေါက်ကွဲမီးတောက်မြှားက မျှော်စင်မှ ၁၀ပေ ပတ်လည်အဝေးသို့ရောက်သောအခါ ရုတ်တရက် တစ်စုံတစ်ခုကို ထိမှန်သွားပုံရပြီး သူ၏အရှိန်က လျော့နည်းလာလေ၏။ အနက်ရောင်မျှော်စင်၏ မျက်နှာပြင်မှ လှိုင်းတစ်ခုထွက်ပေါ်လာပြီး မြှားက ထိုသည်ကို ထိုးဖောက်ရန် တိုက်ခိုက်သောအခါ စူးရှရှအော်သံတစ်ခုက ထွက်ပေါ်လာကာ ချက်ချင်းပင် ပေါက်ကွဲထွက်သွားကာ ကောင်းကင်တစ်ခုလုံးကို မီးတောင်ပင်လယ်တစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်သည်။
မီးတောင်ပင်လယ်က မမြင်နိုင်သော အတားအဆီးတစ်ခု၏တားမြစ်ခြင်းကို ခံရကာ အနက်ရောင်မျှော်စင်ကို လုံးဝပင် မထိခိုက်ပါပေ။
"စွမ်းအင်တွေ မဖြုန်းတီးပါနဲ့။ မင်းတို့အကုန်လုံးက မျှော်စင်ကို တကယ်ပဲ အကာအကွယ်မရှိ ထားခဲ့မယ် ထင်နေတာလား။ ငါတို့က အသက်တော့ကြီးနေပေမဲ့ မချို့တဲ့သေးဘူးကွ။" အရပ်ရှည်သော အဖိုးအိုက အေးဆေးသော အသံဖြင့်ပြောကာ လုဒုန်းဘင်အပေါ်သို့ တိုက်ချက်များ ထုန်လွှတ်နေလေ၏။
သူ၏တိုက်ချက်များက ပိုပိုပြီး အစွမ်းထက်လာကာ လုဒုန်းဘင်အပေါ်သို့ ကျရောက်လာသော သူ၏ လက်သီးချက်တစ်ခုစီတိုင်းက ကြီးမားသော အားအင်များ ပါဝင်နေသည်။
လုဒုန်းပင်က အရေးနိမ့်သည်အထိ တွန်းအားပေးခံရ၍ နောက်သို့ တုန်ယင်စွာဆုတ်လိုက်လေ၏။
သူသည် ထိုနေရာတွင်လည်း အကာအကွယ် မန္တန်ဖွဲ့စည်းခြင်းတစ်ခု ရှိနေမည်ဟု မထင်ထားပါပေ။
တကယ်ပဲ မျှော်လင့်ချက် မရှိတော့ဘူးလား...
လျှိုချူးချူးက နှုတ်ခမ်းကို တင်းတင်းစေ့ကာ သူမ၏လေးကိုင်းကို ထပ်မံဆွဲထုတ်လိုက်လေ၏။
အနက်ရောင်မျှော်စင်အတွင်း၌...။
အန်လင်းနှင့် တခြားသူများက ဘာမှမလုပ်နိုင်ပဲ အခမ်းအနားကိုသာ စောင့်နေရလေ၏။
သစ်ကိုင်းများပေါ်တွင် ချွန်ထက်ပြီး အခေါင်းပေါက်ပါသော ပိုက်များက ဖြစ်ပေါ်လာပြီးဖြစ်ကာ တဖြည်းဖြည်း သူ့တို့ ပစ်မှတ်များ၏ နှလုံးသားပေါ်တွင် နေရာယူနေပြီး ဖြစ်လေ၏။
ရွှယ်ကျန်းထျန်၏ နှလုံးတည်နေရာက အရမ်းမသိသာပါပေ။ ထိုသို့ဖြင့် သူ့၏ သစ်ကိုင်းနက်က သူ့ပါးစပ်သို့ ချိန်ရွယ်ထားလေ၏။
ရွှယ်ကျန်းထျန်မှာ အလွန်ကြောက်ရွံ့နေကာ မျက်ရည်များပင်ကျနေပြီး လျှာကိုက်ကာ အဆုံးစီရင်မည့်အရေးကိုပင် တွေးမိနေလေ၏။
ထိုအခိုက်မှာပင် အန်လင်းသည် ရုတ်တရက် သူ့အိတ်ကပ်က အနည်းငယ် ဖောင်းလာသည်ကို ခံစားရ၏။
မဟုတ်သေးဘူး။ ခဏနေအုံး။ အဲဒါက အများကြီးကို ဖောင်းလာတာဟ...။
"ငလူး...။ ဘာကြီးလဲဟ။" အန်လင်းက သူ့ခါးမှာ ကြီးမားလှသောအရာကြီးတစ်ခုကြောင့် ဘေးသို့ တွန်းအားပေးခံလိုက်ရသည်ကို ခံစားလိုက်ရ၏။
ထို့နောက် အဖြူရောင်အလင်းတန်းတစ်ခုက သူ့အိတ်ကပ်ထဲမှ လင်းလက်လာလေသည်။
ထို့နောက်တွင် အက်ကွဲသံတစ်ခုက ထွက်ပေါ်လာလေ၏။
အန်လင်းက ရုတ်တရက် အတွေးတစ်ခုပေါ်လာလေ၏ "တီနာလား...။"
-----------------