← Chapters

ရေကန်အောက်ခြေမှ ခေါင်းတလား

Vol. 74 Ch. 1108

ရေကန်အောက်ခြေမှ ခေါင်းတလား

Vol. 74 Ch. 1108

အေးစက်မှု

သေမင်းတမန် တိတ်ဆိတ်မှု့

လှုပ်ရှားနိုင်စွမ်း ကင်းမဲ့မှု

ဒါက တစ္ဆေရေကန်ထဲ နစ်မြုပ်သွားပြီးနောက် လူတိုင်း ခံစားနေရသည့် အရာပင် ဖြစ်ပြီးသူတို့၏ ခန္ဓာကိုယ်များသည် တစ်စုံတစ်ခု၏ ချည်နှောင်ခြင်းကို ခံထားရသကဲ့သို့ မိမိတို့ မပိုင်ဆိုင်တော့ဘဲ သက်မဲ့ အလောင်းများနှယ် ရေကန်ထဲတွင် မျောလွင့်နေကြ၏။ ထူးဆန်းသည်မှာ သူတို့၏ အသိစိတ်များက ကြည်လင်နေဆဲဖြစ်ပြီး ရေထဲမှ အရာအားလုံးကို မြင်နေရတုန်း ဖြစ်သည်။ သို့သော် သူတို့သည် ကူကယ်ရာမဲ့စွာ ကြည့်နေရုံမှတစ်ပါး ဘာမှ လုပ်ဆောင်နိုင်စွမ်း မရှိတော့ချေ။

အခြေအနေ အဆိုးဆုံးမှာ လီကျွင်း ဖြစ်သည်။ သူ၏ ခြေထောက်များကို အလောင်းတစ်လောင်း၏ ဆံပင်များက ရစ်ပတ်ထားပြီး လျင်မြန်စွာ နစ်မြုပ်နေ၏။ သူ၏ လူ့အရေပြားပေါ်မှ ဆိုးဆေးများ ပျံ့လွင့်နေပြီး အတွင်းမှ တစ္ဆေမီးတောက်သည်လည်း ယခင်ကဲ့သို့ တောက်ပစွာ မလောင်ကျွမ်းနိုင်တော့ဘဲ ၎င်း၏ လွှမ်းမိုးမှုအောက်တွင် ငြိမ်းသွားတော့မည်အလား ထင်ရသည်။ လီကျွင်းသည် တဖြည်းဖြည်း ခြောက်သွေ့ ပိန်လှီသွားရင်း သက်မဲ့ အရေပြားတစ်ချပ်အဖြစ်သာ ကျန်ရစ်တော့သည်။

အာဟုန်၏ အခြေအနေမှာလည်း မကောင်းလှပေ။ သူမသည် သဘာဝလွန် ဖြစ်တည်မှုတစ်ခု မဟုတ်ဘဲ သာမန် တစ္ဆေဆရာတစ်ဦးသာ ဖြစ်သည်။ သူမ ထိန်းချုပ်ထားသော တစ္ဆေက တစ္ဆေရေကန်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရပြီးနောက် သူမ၏ အသက်ရှင်သန်ခွင့်သည် နောက်ပြန် ရေတွက်နေရပြီ ဖြစ်သည်။ သူမ ရေနစ်တော့မည်။ အသက်ရှူကြပ်တော့မည်။

လျိုစန်းကတော့ ဖြည်းညင်းစွာ နစ်မြုပ်နေသည်။ သူ၏ စက္ကူခန္ဓာကိုယ်က သူ့ကို ထောက်ပံ့ပေးထားသဖြင့် သတိရှိနေဆဲဖြစ်ပြီး သူ ပတ်ဝန်းကျင်မှ အရာအားလုံးကို မြင်နိုင်သော်လည်း လှုပ်ရှားနိုင်ခြင်း မရှိပေ။ သူ၏ ခန္ဓာကိုယ်က မယုံနိုင်လောက်အောင် လေးလံနေပြီး လက်တစ်ချောင်းပင် မြှောက်နိုင်စွမ်း မရှိတော့ချေ။

"ငါ တစ္ဆေရေကန်ထဲ ဆက် နစ်မြုပ်နေရင် ငါ့ စက္ကူခန္ဓာကိုယ်က အရင်တစ်ခါကလိုပဲ ရေထဲမှာ ကြေမွ ပျက်စီးသွားလိမ့်မယ်။ ဒါပေမဲ့ ရေထဲ နစ်မြုပ်သွားပြီးရင် အပေါ် ပြန်ပေါ်တက်ဖို့ အခွင့်အရေး တစ်ခု ရှိတာ ငါ မှတ်မိနေတယ်။"

လျိုစန်းကတော့ မျှော်လင့်ချက် မစွန့်လွှတ်သေးဘဲ လွတ်မြောက်ရာလမ်းကို တွေးတောနေဆဲ ဖြစ်သည်။

"လွတ်မြောက်ဖို့ဆိုရင် အဲ့ဒီ အပေါ် ပြန်ပေါ်တက်မယ့် အခွင့်အရေးကို ငါ အရ ယူရမယ်။ ဖြစ်နိုင်တာက စောစောက ရေထဲကနေ ပေါ်တက်လာတဲ့ စက္ကူလှေက အခွင့်အရေးတစ်ခု ဖြစ်နိုင်တယ်။ ဒါက ယန်ကျန့် တစ္ဆေလမ်းမကနေ ယူလာတဲ့ ပစ္စည်းပဲ။ စက္ကူလက်မှုပညာ ဆိုင်တစ်ဆိုင်နဲ့ ပတ်သက်နေတယ်လို့ သံသယရှိတယ်"

သူ၏ စိတ်က ကြည်လင်နေသည်။ သူက သင့်တော်သော အခွင့်အလမ်းတစ်ခုကို ရှာဖွေရင်း ပတ်ဝန်းကျင်မှ သတင်းအချက်အလက်အားလုံးကို အနီးကပ် အာရုံစိုက်ထားသည်။ လျိုစန်းက သူ၏ အောက်မှ ယန်ကျန့်ကိုပင် ငုံ့ကြည့်လိုက်သေးသည်။

"သူ ဘာဖြစ်နေတာလဲ။ အစကတည်းက မလှုပ် မပြောနဲ့။ လှေ နစ်မြုပ်နေတုန်းကတောင် မရုန်းကန်ခဲ့ဘူး။ ဒါ သူနဲ့ မတူဘူး။ သူ့မှာ ပြင်းထန်တဲ့ ပြဿနာတစ်ခုခု တက်နေတာ ဖြစ်နိုင်မလား"

"ဒီလို အရေးကြီးတဲ့ အခိုက်အတန့်ကျမှ သူ့ကံကလည်း ကုန်သွားပြီလား။ ဒီလိုဆိုရင်တော့ ငါ သူ့အတွက် စိတ်ပူနေလို့ မဖြစ်တော့ဘူး"

လျိုစန်း သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။ သူ၏ နောက်ဆက်တွဲ လုပ်ဆောင်မှုများထဲမှ ယန်ကျန့်ကို သူ ချန်လှပ်ထားလိုက်သည်။

နစ်မြုပ်မှုက ဆက်လက် ဖြစ်ပေါ်နေသည်။ သူတို့သည် ရေ၏ နက်ရှိုင်းသော အပိုင်းတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင် တစ္ဆေရေကန်ထဲ သေဆုံးခဲ့သော သာမန်လူများ၏ ပြန့်ကျဲနေပြီး မပြည့်စုံသော အလောင်းများစွာ နစ်မြုပ်နေ၏။ အလောင်းများက အလွန် များပြားလှသည်။ မျောပါနေသော အလောင်းပင်လယ်ကြီးတစ်ခုကို ဖြတ်သန်းသွားနေရသကဲ့သို့ပင်။ သူတို့၏ ဖူးယောင်နေသော အရေပြားများနှင့် ဟောက်ပက် ဖြူဖွေးနေသော မျက်လုံးများက မြင်ရသူကို ဦးရေပြား ကျဉ်တက်သွားစေသည်။

တစ္ဆေဆရာများက ဒီနေရာတွင် မနေနိုင်ဘဲ ဆက်လက် နစ်မြုပ်သွားကြသည်။ သို့သော် ထိုအခိုက်အတန့်တွင် လျိုစန်းပေါ်မှ အရေပြားများ စတင် ကွာကျ ကြဲပြန့်လာသည်။ ဒါ သူ၏ အရေပြား မဟုတ်ပဲ သူ့အပေါ် ကပ်ထားသော စက္ကူများ ဖြစ်သည်။ အလွှာလိုက် အလွှာလိုက်ဖြစ်ကာ ခဏတာမျှ အသားအရေနှင့် ခွဲခြားမရနိုင်ပေ။ သို့သော် ရေအောက်တွင် ၎င်းက နောက်ဆုံးတွင် သဘာဝလွန် ထောက်ပံ့မှုအချို့ ဆုံးရှုံးသွားပြီး ကွာကျသွားသည်။

စက္ကူဝါများ ကွာကျသွားသည်။ လျိုစန်း၏ အခြား အသွင်အပြင်တစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာသည်။ သူ၏ ခန္ဓာကိုယ်က ပိုမို စစ်မှန်ပြီး ဈေးပေါသော စက္ကူသား အသွင်အပြင် ကင်းမဲ့နေသည်။ စက္ကူရုပ်အတွင်း ပုန်းကွယ်နေသော ဒီလူသည် လျိုစန်း အစစ် ဖြစ်ပုံရသည်။ သို့သော် မည်သူမျှ သေချာ မပြောရဲပေ။

"အခုပဲ"

လျိုစန်းက ဒီအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ် လှုပ်ရှားမှု ပြန်လည် ရရှိသွားသည်ကို ခံစားလိုက်ရသည်။ သူ ရုတ်တရက် ခေါင်းမော့လိုက်ပြီး အပေါ်ဘက်သို့ အရူးအမူး ကူးခတ်တက်သွားသည်။

"အခွင့်အရေးက တစ်ကြိမ်ပဲ။ မျက်နှာပြင်ပေါ်က နေရာက အရေးကြီးတယ်"

လျိုစန်းက ရေကန်မျက်နှာပြင်ပေါ်မှ နေရာတစ်ခုကို စူးစိုက်ကြည့်နေသည်။ ထိုနေရာတွင် စက္ကူလှေငယ်လေးတစ်စင်း မျက်နှာပြင်ပေါ် မျောပါရင်း ညင်သာစွာ ယိမ်းထိုးနေသည်။ ဖြစ်နိုင်သည်မှာ ဒါက ရေနစ်နေသူများအတွက် အသက်ကယ်ကြိုးတစ်မျှင် ဖြစ်နိုင်သည်။

လျိုစန်း လျင်မြန်စွာ တက်သွားသည်။ သူက သက်ရှိ မဟုတ်ပဲ အသက်ရှူရန် မလိုအပ်ပေ။ ထို့ကြောင့် ရေနစ်သေဆုံးမည်ကို စိုးရိမ်စရာ မရှိဘဲ လှုပ်ရှားရန် အချိန် အလုံအလောက် ရရှိနေသည်။

"ဒီလူ သူ တကယ်ပဲ ဒီကနေ လွတ်မြောက်ဖို့ နည်းလမ်း ရှိနေတာပဲ"

ဒီမြင်ကွင်းကို ယန်ကျန့် တွေ့မြင်နေရသည်။ သူ မလှုပ်ရှားနိုင်သော်လည်း မြင်နိုင် ကြားနိုင်သည်။ လျိုစန်း ထွက်ပြေးသွားစဉ် ယန်ကျန့်က နာကြည်းမှု တစ်စုံတစ်ရာ မထားရှိပေ။ ဒီလို ကျရှုံးနေသည့် အခိုက်အတန့်တွင် ကိုယ်ပိုင်စွမ်းရည်ဖြင့် ထွက်ခွာသွားခြင်းသည် နားလည်ပေးနိုင်စရာ ဖြစ်သည်။

"ဒါပေမဲ့ အခုလောလောဆယ် အန္တရာယ်အရှိဆုံးက အာဟုန်ပဲ။ တစ္ဆေဆရာတစ်ယောက်အနေနဲ့ သူမသာ အရမ်း နက်ရှိုင်းစွာ နစ်မြုပ်သွားပြီး သူမထဲက တစ္ဆေ လုံးဝ ဖိနှိပ်ခံလိုက်ရရင် သူမ ဒီနေရာမှာ ရေနစ်သေဆုံးသွားလိမ့်မယ်။ သူမ သေရင် လီကျွင်းလည်း ဒီနေရာမှာ မြှုပ်နှံခံရပြီး နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာလိမ့်မယ်"

"အခု ငါ ကိုယ်တိုင် မလှုပ်ရှားနိုင်ဘူး။ တခြားသူတွေအတွက် စိတ်ပူနေမယ့်အစား ကိုယ့်ကိုယ်ကို အရင် ဂရုစိုက်တာ ပိုကောင်းတယ်"

ယန်ကျန့်က သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားရန် အဆက်မပြတ် ကြိုးစားနေသည်။ သို့သော် အချည်းနှီးသာဖြစ်ပီး အစကတည်းက သူ၏ ခန္ဓာကိုယ်သည် အေးစက် ထုံကျင်နေခဲ့သည်။ တစ္ဆေအရိပ်ပင် အတွင်းထဲတွင် ပိတ်မိနေပြီး ရုန်းကန် လှုပ်ရှားနိုင်ခြင်း မရှိပေ။ ဒါက တစ္ဆေရေကန်ထဲ ပြုတ်ကျသွားခြင်းကြောင့် မဟုတ်ဘဲ အစောပိုင်းကတည်းက ဖြစ်ပေါ်ခဲ့သော အခြေအနေတစ်ခု ဖြစ်သည်။

နစ်မြုပ်မှုက ဆက်လက် ဖြစ်ပေါ်နေသည်။ ပထမ အလောင်းအလွှာကို ဖြတ်ကျော်ပြီးနောက် အောက်ဘက်ရေပြင်တွင် ပိုမို ကြဲပြန့်သော အလောင်းများ ရှိနေသည်။ အရေအတွက် မများလှ။ အချို့မှာ တစ္ဆေဆရာများ ပိုင်ဆိုင်သည်။ ၎င်းတို့ထဲတွင် ယခင် ကျုံးကျိုးမြို့၏ မန်နေဂျာတစ်ဦး၏ အလောင်းလည်း ပါဝင်သည်။ သို့တိုင် ယန်ကျန့်သည် ဒီအလွှာတွင် မရပ်တန့်ခဲ့ပေ။ သူ ဆက်လက် နစ်မြုပ်သွားသည်။

သူ ပိုမို နက်ရှိုင်းစွာ နစ်မြုပ်လေလေ ရေက ပိုမို အေးစက်လာလေလေ ဖြစ်ပြီး အလင်းရောင် မထိုးဖောက်နိုင်သော မှောင်မိုက်မှုဖြင့် ဖုံးလွှမ်းနေသည်။ သို့သော် လီကျွင်းက အနီးအနားတွင် ရှိနေသည်။ သူ၏ တစ္ဆေမီးတောက်က ငြိမ်းတော့မည့် ခံစားချက် ရှိနေသော်လည်း လောင်ကျွမ်းနေဆဲ ဖြစ်ကာ ဖယောင်းတိုင်တစ်တိုင်ကဲ့သို့ ထူးဆန်းသော အလင်းရောင် ဖြာထွက်လျက် ပတ်ဝန်းကျင်ကို ထွန်းလင်းပေးထားသည်။ လီကျွင်းက ဒီနေရာတွင် ပိတ်မိနေပြီး ဆက်လက် ဆင်းသက်နိုင်ခြင်း မရှိတော့ပေ။

ယန်ကျန့် ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ ဒီနေရာမှ အများစုသည် တစ္ဆေဆရာများ မဟုတ်ကြတော့ဘဲ တစ္ဆေအစစ်များ ဖြစ်ကြသည်။ ယန်ကျန့်သည် ထူးဆန်းပြီး မပျက်စီးသေးသော အလောင်းများစွာကို တွေ့လိုက်ရသည်။ ပထမဆုံး သေဆုံးခဲ့စဉ်ကအတိုင်း မပြောင်းလဲပေ။ သူတို့၏ ခန္ဓာကိုယ်များက ရေစိမ်ခံထားရခြင်း မရှိပဲ မာကျော တောင့်တင်းမနေဘဲ နိုးထလာနိုင်ခြေ ရှိသည့် အိပ်စက်နေသော အခြေအနေတွင်သာ ရှိနေကြသည်။

"ပို နက်ရှိုင်းစွာ နစ်မြုပ်လေလေ ပိုင်ဆိုင်ထားတဲ့ သဘာဝလွန်စွမ်းအားက ပို ကြောက်မက်ဖွယ် ကောင်းလေလေပဲ။ လီကျွင်း ဒီအနက်မှာ ရပ်တန့်နေတာက တစ္ဆေရေကန်ရဲ့ သတ်မှတ်ချက်ထဲမှာ သူက တကယ့် တစ္ဆေတစ်ကောင်နဲ့ ဘာမှ မကွာခြားဘူးဆိုတာကို ညွှန်ပြနေတယ်"

ယန်ကျန့် နားလည်လိုက်သည်။

"ခဏနေဦး။ ဒါက"

ရုတ်တရက်။ သူ ရင်းနှီးသော အလောင်းတစ်လောင်းကို သတိပြုမိလိုက်သည်။ ရင်းနှီးမှုသည် အလောင်းပေါ်မှ အဝတ်အစားများမှ လာခြင်း ဖြစ်သည်။ ဒါက တာဝန်ခံတစ်ဦး၏ ယူနီဖောင်း ဖြစ်ပြီး အလောင်းသည် တစ်ချိန်က ဌာနချုပ်မှ တစ္ဆေဆရာတစ်ဦး ဖြစ်ခဲ့ကြောင်း ညွှန်ပြနေသည်။

ယန်ကျန့် ဆက်လက် နစ်မြုပ်သွားသည်နှင့် သူ၏ ရှုထောင့် အနည်းငယ် ပြောင်းလဲသွားသည်။ ယူနီဖောင်း ဝတ်ထားသော တစ္ဆေဆရာ၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို သူ မြင်လိုက်ရသည်။

ဒါက ချောင်ယန်……

ချောင်ယန်၏ ခန္ဓာကိုယ်က မလှုပ်မယှက် လဲလျောင်းနေသည်။ ကံကြမ္မာကို မသိနိုင်ပေ။ သို့သော် သူ၏ အနည်းငယ် တောင့်တင်းနေသော လက်ထဲတွင် အနက်ရောင် ဆံပင်များဖြင့် ထူးဆန်းသော ကတ်ကြေးတစ်လက်ကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။ ဒါက တစ်ချိန်က သူ၏ မိတ်ဆွေအသိုင်းအဝိုင်းမှ ဖန်ရှီမင် ပိုင်ဆိုင်ခဲ့သော တစ္ဆေကတ်ကြေး ဖြစ်သည်။ ရှင်းရှင်းလင်းလင်းပင် ချောင်ယန်သည် အတိတ်က တစ္ဆေရေကန်ကို ခုခံ ရုန်းကန်ရာတွင် တစ္ဆေကတ်ကြေးကို အသုံးပြုခဲ့သော်လည်း ၎င်းထဲသို့ ဆွဲသွင်းခံလိုက်ရဆဲ ဖြစ်သည်။

ယန်ကျန့်က ချောင်ယန်၏ ခန္ဓာကိုယ်ကို စိုက်ကြည့်နေစဉ်။ ချောင်ယန်၏ မျက်လုံးများ ထူးဆန်းစွာ ရွေ့လျားသွားပြီး ယန်ကျန့်ဆီသို့ ကြည့်နေပုံရသည်။

"ဒီလူ... သူ အသက်ရှင်နေတုန်းပဲလား"

ချက်ချင်းပင် ယန်ကျန့် သဘောပေါက်လိုက်သည်။

ချောင်ယန် မသေဆုံးသေးပေ။ သူ အသက်ရှင်နေဆဲ ဖြစ်သည်။ တစ္ဆေရေကန်ထဲတွင် ပိတ်မိနေပြီး ယခု သူကိုယ်တိုင်ကဲ့သို့ပင် လွတ်မြောက်နိုင်ခြင်း မရှိချေ။ သူ၏ အသိစိတ်က ကြည်လင်နေသော်လည်း သူ၏ ခန္ဓာကိုယ်က လှုပ်ရှားနိုင်ခြင်း မရှိပေ။

မည်သို့ပင်ဖြစ်စေ ယန်ကျန့်၏ နစ်မြုပ်မှုက ဆက်လက် ဖြစ်ပေါ်နေသည်။ ဒါက တစ္ဆေရေကန်၏ တတိယအလွှာသည် သူ့ကို အပြည့်အဝ ပိတ်လှောင်ထားနိုင်ခြင်း မရှိသည်ကို ညွှန်ပြနေသည်။ ထို့ကြောင့် သူ ပိုမို နက်ရှိုင်းစွာ နစ်မြုပ်ရန် လိုအပ်သည်။

သို့သော် ဒီအလွှာကို ဖြတ်ကျော်ပြီး ယန်ကျန့် ဆက်လက် နစ်မြုပ်သွားသည်နှင့် သူ၏ ခန္ဓာကိုယ်မှ အေးစက် ထုံကျင်နေသော ခံစားချက် ဖြည်းညင်းစွာ မှေးမှိန်သွားသည်။

ဒါက အမြင်မှားမှု မဟုတ်ပဲ တကယ် ဖြစ်သည်။ ယန်ကျန့်၏ လက်ချောင်းများ အနည်းငယ် တွန့်ကနဲ ဖြစ်သွားသည်။ နီရဲသော တစ္ဆေမျက်လုံး တဖြည်းဖြည်း တစ်စွန်းတစ်စ ပွင့်လာသည်။

တဖြည်းဖြည်းနှင့် သူ စတုတ္ထအလွှာထဲသို့ နစ်မြုပ်သွားသည်။ ဒီနေရာသည် တစ္ဆေရေကန်၏ အောက်ခြေတွင် တည်ရှိသည်။ ယန်ကျန့် အောက်ခြေသို့ ရောက်ရှိသွားပြီ။ ပတ်ဝန်းကျင်ကို ခွဲခြား မရနိုင်အောင် မည်းနက်နေသည်။

သို့သော် သူ၏ တစ္ဆေမျက်လုံး အနည်းငယ် ပွင့်လာမှုမှတစ်ဆင့် သူ ရေကန်အောက်ခြေကို လှစ်ကနဲ မြင်လိုက်ရသည်။ အဆောက်အအုံ အပျက်အစီးအချို့ အနည်အနှစ်အချို့….. ထူးထူးခြားခြား ဘာမှ မရှိပေ။ သို့တိုင် သူ၏ တစ္ဆေမျက်လုံးက တစ်စုံတစ်ခုအပေါ် စိုက်ကြည့်မိသွားသည်။

အနက်ရောင် ခေါင်းတလားတစ်လုံး။

ခေါင်းတလားက ကြီးမားပြီး ရေကန်အောက်ခြေတွင် တိတ်တဆိတ် လဲလျောင်းနေသည်။ ၎င်း၏ အဖုံးက အနည်းငယ် ဟနေပြီး ထူးဆန်းသော အနက်ရောင် ဆံပင်မျှင် အနည်းငယ် အပြင်သို့ ထွက် မျောလွင့်နေသည်။ ရေနေ အပင်များကဲ့သို့ ရေထဲတွင် ယိမ်းထိုးနေသည်။ ထိုအရာမှလွဲ၍ အခြား ဘာမှ မရှိတော့ပေ။

"ဒါက ဒီတစ္ဆေရေကန်ကို ဖန်တီးခဲ့တဲ့ ရင်းမြစ်လား။ တစ်ချိန်က တစ္ဆေတမန်တော်ကို အကျဉ်းချခဲ့တဲ့ ခေါင်းတလားနဲ့ ဆင်တူတဲ့ အနက်ရောင် ခေါင်းတလားတစ်လုံးပဲ"

ယန်ကျန့်၏ တစ္ဆေမျက်လုံးက ထိုနေရာတွင် စူးစိုက်နေသည်။ သူ၏ ခန္ဓာကိုယ်မှ အအေးဓာတ်နှင့် ထုံကျင်မှု အနည်းငယ် ပိုမို မှေးမှိန်သွားသည်။ ခေါင်းတလားအတွင်းမှ တစ်စုံတစ်ခုကို သူ ခပ်ရေးရေး ခံစားမိနေပုံရသည်။

All Chapters