မြင့်မြတ်နတ်သမီး၏ ကတိကဝတ်ပြုခြင်း
Vol. 39 Ch. 549
အရပ်ရှည်သော အဖိုးအိုက အန်လင်းဆီသို့ တိုးဝင်လာပြီး ဒေါသတကြီး အော်သံတစ်ခုနှင့် လက်သီးတစ်လုံးပစ်သွင်းလိုက်လေ၏။
သူ့၏ လက်သီးမှာ ရွှေငွေ မီးတောက်များနှင့် အပြည့် လွှမ်းခြုံခြင်း ခံထားရပြီး လက်သီးနောက်မှ ကြောက်မက်ဖွယ်ခွန်အားက သူ့ပတ်ဝန်းကျင်မှ နေရာလပ်တစ်ခုလုံးကို တုန်ခါသွားစေ၏။ ထိုသည်က သူ့၏ စွမ်းအားအပြည့် ထိုးနှက်ချက်တစ်ခုဖြစ်ကာ အန်လင်းကို တစ်ချက်တည်းနှင့် သတ်ဖြတ်ရန် ကြိုးစားသည်မှာ သိသာလှ၏။
သူသည် နယ်မြေအူတိုင် အပိုင်းအစက မည်သည့်နေရာတွင် ရှိသည်ကို မသိပါပေ။ သို့သော် ယခုသူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ဤနေရာရှိလူတိုင်းကို သတ်ဖြတ်ရန် ရည်ရွယ်ထားလျှင်တောင် လောလောဆယ်တော့ အသက်ရှင်ခွင့်ပေးထားရမည်ဖြစ်ပေ၏။
အရပ်ရှည်သော အဖိုးအိုက အလွန်လျင်မြန်သော်လည်း အစွမ်းထက် ဓားအလင်းတန်း အဖြူရောင်တစ်ခုက လေထုကို ဖြတ်သန်းကာ ပျံသန်းလာပြီး သူ့ကျောဆီသို့ ဦးတည်ကာ တိုက်ခိုက်လာလေ၏။
နောက်ဆုံးတွင် လုဒုန်းဘင်က အဖိုးအို လှုပ်ရှားသည်ကို ကြည့်ကာ တိုက်ခိုက်လိုက်လေ၏။
သို့သော် သူအံ့ဩသွားသည်မှာ အဖိုးအိုက ဓားအလင်းတန်းကို လုံးဝပင် လျစ်လျူရှုကာ အန်လင်းဆီသို့ အညှာအတာမဲ့ စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် လက်သီးတစ်လုံး ချိန်ရွယ်ထားပြီး သူ့ဆီသို့ ပျံသန်းလာလေ၏။
လက်သီးက အန်လင်း၏ မြင်ကွင်းထဲတွင် ကျယ်ပြန့်လာပြီး သူပတ်ဝန်းကျင်မှ နေရာလပ်တစ်ခုလုံးက ချိတ်ပိတ်သွားကာ သူ့အား မလွတ်မြောက်စေရန် ပြုလုပ်ထားလေ၏။
ထိုအချိန်တွင် လေတောင်ပံတစ်စုံကို ခတ်လိုက်ပြီး ပုံရိပ်တစ်ခုက ချက်ချင်းပင် အန်လင်း၏ ရှေ့တွင် နေရာယူလိုက်လေ၏။ ရွှေရောင်အဝိုင်းတစ်ခုက လည်ပတ်နေကာ အဖိုးအို၏ လက်သီးနောက်ကွယ်မှ ကြောက်မက်ဖွယ် စွမ်းအင်ဆီသို့ ဦးတည်သွားလေ၏။
ဘုန်း...။
လက်သီးက ရွှေရောင်အဝိုင်းနှင့် ကမ္ဘာမြေအက်ကွဲစေလောက်သည့် အားအင်ဖြင့် ထိခတ်သွားပြီး အားအင်ပမာဏ အများအပြားက မြေကြီးထဲသို့ ဦးတည်သွားကာ အချင်းဝက် တစ်ကီလိုမီတာကျော် ပန်းကန်လုံးပုံ တွင်းကြီးတစ်ခုကို ဖန်တီးလိုက်လေ၏။
သို့သော် အဖိုးအို၏ လက်သီးက ရွှေရောင်အဝိုင်းကို ဖြတ်သန်းသွားနိုင်ဆဲဖြစ်ကာ ချင်ရှန်း၏ ရင်ဘတ်ကို ထိမှန်သွားပြီး လက်သီးအတွင်းပြည့်နှက်နေသော အမှုန့်ချေနိုင်သော စွမ်းအားဖြင့် သူ့ရင်ဘတ်တွင် အပေါက်ကြီးတစ်ခုကို ဖန်တီးလိုက်လေ၏။
"ဖွီး..." ချင်ရှန်း၏ ခန္ဓာကိုယ်က ယမ်းခါသွားပြီး လဲကျတော့မလိုဖြစ်သွားလေသည်။
"မင်းက သူ့အတွက် လက်သီးကို ခံချင်တာကိုကြည့်ရတာ မင်းကို အရင်သတ်ရမယ်ထင်တယ်။" အရပ်ရှည်သော အဖိုးအိုက ပထမတွင် ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်များကို ချီလော့မြို့၏ လှည့်လည်သွားလာနေသော စိတ်ဝိညာဉ်များကို အသက်သွင်းရန် အသုံးပြုဖို့ ချန်ထားမည်ဟု စီစဉ်ထားသော်လည်း ယခုတွင် နယ်မြေအူတိုင်အပိုင်းအစက ပျောက်ကွယ်သွားပြီ ဖြစ်ကာ မည်သူ့ကိုမှ အသက်ချမ်းသာပေးရန် ဆန္ဒမရှိတော့ပါပေ။
ထိုအခိုက်တွင် အဖြူရောင်ဓားအလင်းတန်းသည်လည်း အရပ်ရှည်သော အဖိုးအို၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားကာ သူ့နှလုံးတည်ရှိရာတွင် အပေါက်ကြီးတစ်ခု ချန်ရစ်ခဲ့၏။ သို့သော် အဖိုးအို၏ ရင်ဘတ်မှ ဒဏ်ရာကိုမြင်သောအခါ လုဒုန်းဘင်၏ မျက်ဆံများက သိသိသာသာ ကျုံ့သွားလေ၏။ ထိုနေရာတွင် ဘာမှမရှိပါပေ။ သွေးရော အသားရော မရှိပါပေ။ သူက ပုံရိပ်ယောင် ပုဂ္ဂိုလ်တစ်ဦးကဲ့သို့ပင်။
ထိုအချိန်၌ အရပ်ရှည်သော အဖိုးအိုက လှည့်လာကာ လုဒုန်းဘင်ကို ပျံသန်းသွားစေကာ ပါးစပ်မှ သွေးများ စီးကျလာစေသည့် တခြားသော ကြောက်မက်ဖွယ်ထိုးနှက်ချက်ကို ထုတ်လွှတ်လိုက်လေ၏။
"အဲ့တော့ မင်းတို့နှစ်ယောက်ကလဲ လှည့်လည်သွားလာနေတဲ့ စိတ်ဝိညာဉ်ပဲပေါ့..." လုဒုန်းဘင်က နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်သည်။ သူ့မျက်လုံးထဲတွင် စာနာ၊ အံ့ဩမှုများ ရှိနေလ၏။
ရွှေရောင်မီးတောက်များက အဖိုးအို၏ လက်သီးဆီသို့ ထပ်မံကာ တိုးဝင်လာလေ၏။ "ဒါက ဝန်ထုပ်ဝန်ပိုး မဟုတ်ပါဘူး။ ငါတို့ တစ်ချိန်က ငါတို့ကာကွယ်ခဲ့တဲ့ မြို့တော်ကို ပြန်ပြီး ကယ်တင်ပြီး ဒီငရဲ ကမ္ဘာပေါ်ကနေ လွတ်မြောက်အောင် ဦးဆောင်ပေးရမှာ..."
ကောင်းကင်နှင့် မြေကြီးတစ်လျှောက်တွင် စောင်းသံက ရုတ်တရက် ထွက်ပေါ်လာလေ၏။
တုတ်ခိုင်သော အဖိုးအိုက သူ့စောင်းကြိုးများကို တီးခတ်ကာ အလွန်အမင်း ဝမ်းနည်းဖွယ် သီချင်းတစ်ပုဒ်က ကောင်းကင်နှင့် မြေပြင်တစ်ခွင်၌ ပဲ့တင်ထပ်နေပြီး မရေမတွက်နိုင်သော နှစ်များဆီမှ ဝိညာဉ်များနှင့် အဆုံးမရှိ အထီးကျန်ခြင်းနှင့် အားငယ်ခြင်းတို့၏ ပုံပြင်တစ်ပုဒ်ကို ပြန်ပြောပြနေလေ၏...။
အံဖွယ်အပြစ်ပေးခြင်းက ကမ္ဘာမြေထက်သို့ ဆင်းသက်လာကာ စည်ကားလှသော မြို့တော်ကြီးကို ဖုန်မှုန့်နှင့် ပြာမှုန့်များအဖြစ် လျော့ချပစ်လိုက်လေ၏။ မရှင်းပြနိုင်သော သေဆုံးခြင်းက လူတိုင်းအပေါ်သို့ ကျရောက်လာပြီး သူတို့၏ ခန္ဓာကိုယ်များက ပြိုပျက်သွားလေသည်။ သို့သော် ထိုလူများက ဝိညာဉ်လောကတွင် ပိတ်မိနေကာ ဘဝမကူးနိုင်ပါပေ။
ဘာလို့လဲ။ ငါတို့က ဒါမျိုးတွေကို ထိုက်တန်ရအောင် ဘာများ လုပ်မိလို့လဲ။
စိတ်ရှုပ်ထွေးခြင်း၊ ကြောက်ရွံ့ခြင်း၊ ခါးသီးခြင်း၊ စိတ်ပျက်အားငယ်ခြင်း စသည်ဖြင့်...။
လှည့်လည်နေကြသော စိတ်ဝိညာဉ်များက ရှေးဟောင်းမြို့တော်တွင် လမ်းလျှောက်ကာ မည်သည်မှ မပြောင်းလဲသွားသကဲ့သို့ အတိတ်မှ သက်ဝင်နေသော မြင်ကွင်းများကို ပြန်လည် ပြုလုပ်နေပေ၏။
ကြယ်များက ထပ်မံထွန်းလင်းလာကာ သွေးမိုးများက ကမ္ဘာမြေပေါ်သို့ ထပ်မံကျရောက်လာလေ၏။
အန်လင်းက သူ့ခေါင်းထဲတွင် မရေမတွက်နိုင်သော လူအများ၏ အားငယ်စွာ ငိုကြွေးသံများက ပဲ့တင်ထပ်နေသကဲ့သို့ ခံစားလိုက်ရကာ သူ၏ သတိတရားက ပြင်းပြင်းထန်ထန် တုန်ယင်သွားပြီး ပြင်းပြင်းထန်ထန် မူးဝေလာလေ၏။
သူတင်မကပဲ ထိုနေရာရှိ ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်များအားလုံးသည်လည်း လူပေါင်းသန်းချီရှိနေသော မြို့ကြီးတစ်မြို့၏ နာကြည်းမှု၊ စိတ်ပျက်အားငယ်မှုများ ပြည့်နေသော ကြောက်မက်ဖွယ် အကွာအဝေး တိုက်ခိုက်ခြင်းကို ခံလိုက်ရ၍ ခေါင်းကွဲထွက်မတက် ခေါင်းကိုက်ခြင်းကို ကြုံတွေ့လိုက်ရလေ၏။
တုတ်ခိုင်သောအဖိုးအို၏ တိုက်ခိုက်မှုက ချက်ချင်းပင် နေရာတွင်ရှိသော လူတိုင်းအပေါ် သက်ရောက်လာလေ၏။
"ဝါးး... သူတို့အားလုံးက အရမ်းဆိုးဝါးတာပဲ..."
မရေမတွက်နိုင်သော စိတ်ပျက်အားငယ်စွာ ငိုကြွေးသံများကို ဖြတ်သန်းပြီး ငှက်ခါးတစ်ကောင်၏ ခေါ်သံတစ်ခုကဲ့သို့ နာပျော်ဖွယ် ငိုကြွေးသံတစ်ခုက လူတိုင်း၏ နားထဲသို့ ရှင်းရှင်းလင်းလင်း ကူးပြောင်းလာသည်မှာ အမှောင်ထုထဲရှိ အလင်းမှုန်လေးတစ်ခုကဲ့သို့ပင်။
အန်လင်းက သူ၏ခေါင်းကို နာကျင်စွာ တင်းတင်း ဆုပ်ကိုင်ကာ တီနာကို ကြည့်လိုက်လေ၏။
တီနာက သူမမျက်နှာပေါ်က မျက်ရည်များကို သုတ်ရင်း ရှိုက်ငိုနေလေသည်။ သူမ၏ မျက်လုံးအိမ်များထဲတွင် တောက်ပနေသော အဖြူရောင်အလင်းတစ်ခု ထွန်းလင်းလာကာ နယ်မြေအူတိုင် အပိုင်းအစက ကမ္ဘာကြီးကို အလင်းပေးနေသော ပြိုးပြိုးပြက်ပြက်လက်နေသည့် မှန်တစ်ချပ်ကဲ့သို့ ပေါ်လာလေ၏။
ကြေးမုံပြင်အတွင်း၌ မရေမတွက်နိုင်သော နေထိုင်သူများက ရှင်သန်ကာ အသက်များကို ဖြည့်ဆည်းနေသော စည်ကားသိုက်မြိုက်နေသည့် မြို့ကြီးတစ်မြို့ရှိနေပေ၏။
ကြေးမုံအပြင်ဘက်တွင် ဝိညာဉ်လောကတွင် ထာဝရ ပိတ်မိနေသည့် မရေမတွက်နိုင်သော လှည့်လည်နေသည့် စိတ်ဝိညာဉ်များ ရှိနေသော ပျက်စီးယိုယွင်းနေသည့် ရှေးဟောင်းမြို့တော်တစ်ခုရှိလေ၏။
သူမ၏မျက်လုံးများထဲရှိ အဖြူရောင် အပိုင်းအစမှာ စစ်မှန်ခြင်းနှင့် စိတ်ကူးယဉ် ဆန်ခြင်းတို့ တစ်ပြိုင်နက်တည်း ဖြစ်နေပုံရပြီး ထိုဖြစ်တည်မှုနှစ်ခုအကြားတွင် ရွေ့လျားနေပုံရပေ၏။
တီနာက အနည်းငယ် တုန်ယင်သွားပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံးက တောက်ပသော အလင်းဖြင့် ထွန်းလင်းစပြုလာလေ၏။
အလင်းတိုင်ကြီးက လေထုထဲသို့ ထိုးထွက်လာကာ သူမ၏ ခန္ဓာကိုယ်က အရင်းအမြစ်ဖြစ်နေပြီး ကောင်းကင်မှ သွေးမိုးများကို ပျောက်ကွယ်သွားစေကာ ကောင်းကင်ထက်တွင် အဖြူရောင် လေပွေငယ်တစ်ခုကိုဖန်တီးကာ မြို့တော်တစ်ခုလုံးကို အဆုံးမရှိသော စုပ်ယူခြင်းအားအင်ဖြင့် လွှမ်းခြုံပစ်လိုက်လေ၏။
ထိုသည်သည်ကိုမြင်သောအခါ အနီရောင်ဝတ်အဖိုးအိုနှစ်ဦးသည် ကြောင်အနေလေ၏။
"ဒီ...ဒီဟာက နယ်မြေအူတိုင်းအပိုင်းအစရဲ့ အော်ရာပဲ။" အရပ်ရှည်သော အဖိုးအိုက တစ်ကိုယ်တည်း ရေရွတ်နေလေ၏။
ယန်ဟွား၏လက်ထဲမှ ရေခဲအရုပ်က တီနာကို ညွှန်ပြကာ မရပ်မနား အော်ဟစ်လာလေ၏။
ယန်ဟွားမှာ အတန်ပင် ဒေါသထွက်သွားပြီး ရေခဲအရုပ်ကို သူမ၏လက်ဖဝါးကြားတွင် ညှပ်ထားလိုက်လေ၏။
"နယ်မြေအူတိုင်းအပိုင်းအစက အဲ့နတ်သမီးနဲ့ ပေါင်းစပ်ပြီးသွားတာကို ငါခံစားမိတယ်...။ ရှားပါးပြီး အားကျစရာ အခွင့်အရေးပဲ...။" စုကျန်းရှန်း၏ မျက်နှာထက်တွင် ခါးသက်သက်အပြုံးတစ်ခု ပေါ်လာလေ၏။
ချီလော့မြို့အတွင်း၌ မရေမတွင်နိုင်သော လှည်လည်သွားလာနေသည့် ဝိညာဉ်များက ကောင်းကင်ရှိ လေပွေငယ်ဆီသို့ ပျံသန်းစပြုလာလေ၏။
အနီရောင်ဝတ် အဖိုးအိုနှစ်ဦးပင်လျှင် လေပွေငယ်မှ ထုတ်လွတ်နေသော စုပ်ယူစွမ်းအားကို ခံစားနိုင်ပေ၏။
တီနာက အဖိုးအို နှစ်ယောက်ကို လှည့်ကြည့်လိုက်ကာ ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို ဖွင့်ပြီး မျက်လုံးထဲတွင် မျက်ရည်များ စီးကျလာလေ၏။ "အဘိုး လုချန်၊ အဘိုး လော့ချန်၊ ဒီမရေမတွက်နိုင်တဲ့ အထီးကျန်နှစ်တွေ တစ်လျှောက်လုံး မြို့ကို ကာကွယ်စောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ အခု အိမ်ပြန်ပို့ပေးမယ်နော်..."
သူမ၏ အဖြူရောင်ဝတ်စုံသည် ညကောင်းကင်တွင် ပွင့်လန်းနေသော ကြာပန်းဖြူတစ်ပွင့်ကဲ့သို့ လေထဲတွင် လှိုင်းထနေလေ၏။ ကောင်းကင်နှင့်မြေကြီးသည် တီနာ၏မျက်လုံးများတွင် ရောင်ပြန်ဟပ်နေပြီး ထိုအချိန်တွင် သူမက ဝိညာဉ် လောကတွင် ပိတ်မိနေသော လှည့်လည်သွားလာနေသော ဝိညာဉ်အားလုံးကို ကတိကဝတ်ပြုပေးနေသော တောက်ပလှသည့် မြင့်မြတ် နတ်မိမယ်တစ်ပါးနှင့်တူလှပေသည်။
အဖိုးအိုနှစ်ဦးက တီနာ၏ မျက်လုံးထဲတွင် ယခင်က စည်ကားလှသော ချီလော့မြို့ကို မြင်နိုင်လေ၏။ ထိုသည်က လှပလွန်းသည်မို့ မျက်ရည်ပင် ဝဲစေနိုင်သည့် ရှုခင်းတစ်ခုဖြစ်လေ၏။ မရေမတွက်နိုင်သော လှည့်လည်သွားလာနေသည့် ဝိညာဉ်များက ကောင်းကင်မှ ဆင်းသက်လာကာ တောက်ပသော နေရောင်အောက်တွင် ပျောက်ကွယ်သွားလေ၏။
"အဲ့တော့ ဒီလိုတွေ ဖြစ်ခဲ့ကြတာပေါ့။ သူမက အတိတ်ကို ပြန်ကြည့်နိုင်ပြီး ပုံရိပ်ယောင်ကို အခြေခံပြီးတော့ အစစ်အမှန်တစ်ခုကို ဖန်တီးနိုင်တယ်ပေါ့...။ နယ်မြေအူတိုင် အပိုင်းအစက အဲ့လိုများလုပ်နိုင်တယ်ဆိုတာ တွေးကြည့်ရရင်...။ ငါတို့ ဖန်တီးဖို့ကြိုးစားနေတဲ့ တခြားကမ္ဘာနဲ့ အတူတူပဲပေါ့။ ဒါပေမဲ့ အဲဒါက ဘာပဲနေနေ စိတ်ကူးယဉ် အိမ်တစ်ခုပဲ ဖြစ်မှာပေါ့လေ...။" အရပ်ရှည်သော အဖိုးအို၏ ခန္ဓာကိုယ်က တဖြည်းဖြည်း လေထဲတွင် မျောလွင့်စပြုလာလေ၏။
တုတ်ခိုင်သော အဖိုးအိုသည်လည်း သူ့၏ စောင်းကို သိမ်းဆည်းလိုက်ကာ စိတ်အေးသွားသော အပြုံးတစ်ခုကို ပြုလုပ်လိုက်လေ၏။ "နောက်ဆုံးကျတော့ ငါတို့က ကတိကဝတ်ကို လက်ခံရတဲ့ လူတွေ ဖြစ်လာမယ်လို့ ဘယ်သူကထင်မှာလဲ။"
အရပ်ရှည်သော အဖိုးအိုက ခေါင်းညိတ်ကာ တီနာဆီသို့ လှည့်ပြီး သူ့နှုတ်ခမ်းများက အနည်းငယ်ရွေ့လျားသွားလေ၏။
တီနာ၏ အမူအရာက အနည်းငယ် တုံ့ဆိုင်းသွားကာ သာမန်ပြန်ဖြစ်သွားလေ၏။
လှည်လည်နေသော ဝိညာဉ်များအားလုံးက ကောင်းကင်ရှိ အဖြူရောင် လေပွေငယ်ဆီသို့ ပျံသန်းသွားကာ တီနာ၏ မျက်လုံးထဲရှိ နယ်မြေအူတိုင်းအပိုင်းအစနှင့် ပေါင်းစည်းသွားလေ၏။
အနီရောင်ဝတ် အဖိုးအိုနှစ်က လေပွေငယ်ဆီသို့ ပျံသန်းနေကြသော လှည့်လည်နေသည့် ဝိညာဉ်များအားလုံးကို ကြည့်ကာ စိတ်သက်သာရာရသွားပြီး စုပ်ယူစွမ်းအားကို ခုခံနေခြင်းအား ရပ်တန့်လိုက်ပြီး သူတို့ကိုယ်တိုင်ပင် လေပွေငယ်ဆီသို့ ပျံသန်းသွားလေ၏။
"အဖိုးကြီး လု၊ ငါတို့က အကြာကြီး တွဲဖက်တွေဖြစ်ခဲ့ကြတာ အနာဂတ်မှာလဲ ငါ့ကို ကြည့်ရှုပေးဖို့ အကူအညီတောင်းရမယ်ထင်တယ်။" တုတ်ခိုင်သော အဖိုးအိုက ပြုံးလိုက်လေ၏။
"ဒါပေါ့။ တခြားကမ္ဘာရောက်သွားရင် ပိုပြီးသတိရဖို့ မမေ့နဲ့ အဖိုးကြီး လော့။ အဲ့လိုမှ မဟုတ်ရင် ငါမင်းကို မမှတ်မိပဲနေမယ်။" အရပ်ရှည်သော အဖိုးအိုက အပြုံးတစ်ခုနှင့် ပြန်ဖြေလိုက်လေ၏။
သို့ဖြစ်၍ သူတို့နှစ်ဦးက လေပွေငယ်ထဲသို့ တဖြည်းဖြည်း ဝင်ရောက် ပျောက်ကွယ်သွားလေ၏။
အလင်းတိုင်ကြီးက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ချီလော့မြို့က လုံးဝပင် တိတ်ဆိတ်သွားလေ၏။ လည့်လည်သွားလာနေသော ဝိညာဉ်များမှ စကားပြောသံများ မရှိတော့ပါပေ။ လေထုကို ဖြတ်သန်းတိုက်ခတ်နေသော လေပြည်ညင်း၏ အသံသာ ရှိတော့သည်။
တီနာက မျက်တောင်ခတ်လိုက်ပြီး အဖြူရောင် အပိုင်းအစက ပျောက်ကွယ်သွားကာ သူမ၏ မျက်လုံးက မြစိမ်းရောင်ကို ပြန်လည်ရရှိလာလေ၏။
သူမ၏ ခန္ဓာကိုယ်လေးက အနည်းငယ် ယမ်းခါသွားပြီး မြေပြင်ပေါ်သို့ ထိုးကျလာသော်လည်း သူမ၏ ကျဆင်းလာသော အရှိန်က နွေးထွေးပြီး ကြံ့ခိုင်သော လက်မောင်းတစ်စုံ၏ ဟန့်တားခြင်းကို ခံလိုက်ရလေ၏။
"တော်တယ် နာလေး။" အန်လင်းက ချီးကျူးလိုက်လေ၏။
တီနာ၏ မျက်နှာထက်တွင် ချိုသာသော အပြုံးတစ်ခုက ပေါ်လာလေ၏။ "ငါနောက်ကျမှ နင့်ကို ပြောပြရမဲ့ တခြား ရတနာတစ်ခုရှိသေးတယ်။"
---------------