သွေးမျိုးနွယ်စု စစ်တပ်ထဲသို့ အသစ်များ ထပ်မံပေါင်းထည့်ခြင်း
Vol. 39 Ch. 550
ထိုသည်ကိုကြားပြီးနောက် အန်လင်း၏ မျက်လုံးများက ချက်ချင်းပင် အရောင်တောက်သွားလေသည်။
သို့သော် မကြာမီပင် သူက ခံစားချက်များကို ဖိနှိပ်လိုက်ကာ မတုန်မလှုပ်သော တည်ငြိမ်မှုက သူ့မျက်နှာထက်တွင် အခြေတည်လာလေ၏။
အနီရောင်ဝတ်အဖိုးအိုနှစ်ဦးက ထွက်သွားပြီးဖြစ်ကာ ယခုက ဤစစ်မြေပြင်ကို ရှင်းလင်းရန် အချိန်ရောက်လာလေပြီ။
စုကျန်းရှင်းနှင့် ယန်ဟွားက တီနာမှာ နယ်မြေအူတိုင်အပိုင်းအစနှင့် ပေါင်းစပ်သွားပြီဖြစ်သည်ကို သိသည်မို့ သူမကို မတိုက်ခိုက်ဝံ့ပါချေ။
နက်နဲလှစွာ အစွမ်းထက်သော အန်လင်းနှင့် သူ့၏ ကိုယ်ပိုင်တပ်ဖွဲ့အပြင် တီနာကိုယ်တိုင်သည်ပင် သူတို့ကို ဤထိခိုက်ဒဏ်ရာရနေသည့်အခြေအနေတွင် အနိုင်တိုက်နိုင်လောက်ပေ၏။
သို့ဖြစ်၍ သူတို့က ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်ကာ မြူခိုးများသဖွယ် ပျောက်ကွယ်သွားပြီး သူတို့ခန္ဓာကိုယ်ပေါ်တွင် မြူနှင်းများ ကျဆင်းလာလေ၏။
အန်လင်းနှင့် တခြားသူများက လိုက်မဖမ်းတော့ပါချေ။ သူတို့က ထိုအနီရောင်ဝတ်အဖိုးနှစ်ဦးကဲ့သို့ အစွမ်းမထက်၍ သူတို့ကို ဖမ်းနိုင်ရန်အခွင့်အရေးနည်းလှပေသည်။ ထို့အပြင် သူတို့အများစုက အကောင်းဆုံးအခြေအနေတွင် မဟုတ်ကြပါချေ။ တီနာ၏ သွင်ပြင်များက နယ်မြေအူတိုင်အပိုင်းအစ၏ စွမ်းအားကို သုံးပြီးနောက် ပို၍ပင် ဖျော့တော့လာကာ သူမ၏ အားအင်များ အားလုံး ကုန်ဆုံးသွားသကဲ့သို့ အန်လင်း၏ ပုခုံးထက်တွင် အားနည်းစွာထိုင်နေလေ၏။
လုဒုန်ဘင်နှင့် ချင်းရှန်တို့နှစ်ဦးစလုံးမှာ အပြင်းအထန်ဒဏ်ရာရထားပြီး ပြန်လည်ကောင်းမွန်ရေး ဆေးတောင့်များ သောက်သုံးပြီးနောက် ချက်ချင်းပင် ထိုင်ကာ တရားမှတ်နေလိုက်လေ၏။ ထိုသည်က သူတို့၏ တာအိုအခြေခံများကို သက်ရောက်စေသည့် ဒဏ်ရာများကို ပြန်ကောင်းမွန်လာစေ၏။
အန်လင်းနှင့် တခြားသူများသည်လည်း သူတို့၏ စွမ်းအင်များ ပြန်လည်ရရှိရန် ဆေးတစ်ချို့ သောက်သုံးကာ မြေပြင်ပေါ်သို့ ဆင်းသက်လာလေ၏။
"အန်လင်း၊ နင့်ရဲ့ တပ်ဖွဲ့က ကြောက်စရာကောင်းလိုက်တာ။" လျှိုချူးချူးက လေထုကို ဖြတ်သန်းကာ ပျံသန်းလာပြီး လှပသော လိပ်ပြာလေးတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်သို့ ခပ်ဖွဖွ ဆင်းသက်လိုက်လေ၏။ သူမက အပြုံးခပ်ဖျော့ဖျော့ကို ဆင်းမြန်းထားသော်လည်း အန်လင်းကို စိုက်ကြည့်နေကာ သိလိုစိတ်များက သူမ၏ စူးရှရှမျက်လုံးများဆီမှ ဖြာထွက်နေလေသည်။
အန်လင်းက ခပ်ဖွဖွပြုံးကာ တုံ့ပြန်လိုက်လေ၏။ "ငါလည်း မတတ်နိုင်ဘူးလေ။ ငါက အရမ်းကို ဩဇာကြီးလွန်းနေတော့ လူတိုင်းက ငါ့နောက်ကို လိုက်ချင်ကြတာပေါ့။"
မာလင်က တစ်ခွန်းမှမပြောပဲ မျက်လုံးလှန်လိုက်လေ၏။
ထိုအခိုက်တွင် ကတ်စီဒီက သူမ၏ အကွာအဝေး သိုလှောင်ရေး ပစ္စည်းထဲမှ အဖြူရောင် ဓားရှည်တစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး တိုဘိုင်းယစ်ကို စူးစူးရှရှကြည့်လိုက်လေ၏။
တိုဘိုင်းယစ်၏ ကျောရိုးတစ်လျှောက် စိမ့်အေးသွားသော်လည်း ဘာမှမပြောပါချေ။
သူက အခြေအနေကို ရှင်းရှင်းလင်းလင်း တီးခေါက်မိပြီးဖြစ်၏။ သူက ရန်သူ၏ လက်ထဲသို့ ကျရောက်သွားပြီးဖြစ်ကာ သွေးမျိုးနွယ်စု ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်နှစ်ဦးသည်လည်း သွေးမျိုးနွယ်စုကို သစ္စာဖောက်သွားပြီ ဖြစ်၏။ ထို့အပြင် သူတို့က ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အစေခံများ ဖြစ်လာလေ၏။
ဤသည်က သူ့အတွက် ဖရိုဖရဲအဖြစ်ဆုံးသော စိတ်ကူးယဉ် မဟုတ်သည့် ကြောက်စရာ ပုံပြင်တစ်ပုဒ် ဖြစ်ပေ၏။
"ဝိုး...၊ နင်က အရမ်းမိုက်တာပဲ။" လျှိုချူးချူးက အန်လင်း၏ ကြွားဝါလိုစိတ်နှင့် ကျင့်သားရနေပြီး ခေါင်းငြိမ့်ကာ တီနာဆီကို လှည့်လိုက်ပြီး သူမ၏ သေးငယ်သော ပန်းရောင် မျက်နှာလေးကို လက်တစ်ချောင်းနှင့် ပုတ်လိုက်လေ၏။ "နတ်သမီးလေး၊ နင်က ဘယ်လိုလုပ်ပြီး ကြီးလာတာလဲ။"
"ငါအရွယ်ရောက်လာတာလေ" တီနာက ပြုံးကာ ပြန်ဖြေလိုက်လေ၏။
သူမ၏ အဖြေကို ကြားပြီးနောက် လျှိုချူးချူး၏ နှုတ်ခမ်းများက ရှုံ့မဲ့သွားလေ၏။ သူမ၏ မေးခွန်းနှစ်ခုစလုံးမှာ အဓိပ္ပာယ်မရှိသော အဖြေများဖြင့် ပြန်ဖြေခြင်းကို ခံလိုက်ရပြီး သူမက ထပ်ပြီး မေးလိုစိတ်မရှိတော့ပါချေ။ ထိုသည်က အမှန်တကယ်ပင် သခင်တူ စိတ်ဝိညာဉ်သားရဲ ဖြစ်ပုံရလေ၏။
သူမက နူးညံ့ပြီး အမွေးပွသော ရွှယ်မုန်မုန်ကို ပိုပြီး တင်းတင်းဖက်ထားလိုက်လေ၏။ မည်သို့ဆိုဆို သူမ၏ စိတ်ဝိညာဉ်သားရဲက အကောင်းဆုံးဖြစ်နေသေးပေ၏။
အန်လင်းက သူ၏ စွမ်းအင်မှ အပြည့်အဝ ပြန်ဖြည့်ပြီးသည်အထိစောင့်ကာ ကတ်စီဒီ၏ ဓားရှည်ပေါ်သို့ သွေးတစ်စက်ချပေးလိုက်လေ၏။
ကတ်စီဒီက တိုဘိုင်းယစ်ဆီသို့ လောင်ကျွမ်းနေသည့်အကြည့်များနှင့် မျက်နှာထက်တွင် ဆန်းကြယ်သော အပြုံးတစ်ခု ဆင်မြန်းကာလျှောက်သွားလိုက်လေ၏။ သူမ၏ အပြုံးကိုမြင်သောအခါ တိုဘိုင်းယစ်၏ လည်ပင်းနောက်ရှိ အမွေးများက ထောင်လာလေ၏။
"ဒီဟာက သေစေနိုင်လောက်တဲ့ အဆိပ်လူးထားတဲ့ ဓားတစ်ချောင်းပဲ..."
စကားပြောနေစဉ် ကတ်စီဒီက သူမ၏ ဆွဲဆောင်မှုရှိသော လျှာလေးကို ထုတ်ကာ ဓားပေါ်မှ သွေးများကို လျက်လိုက်လေ၏...။
ဖြန်း...
အန်လင်းက ကတ်စီဒီ၏ ခေါင်းကို ရိုက်ချလိုက်လေ၏။
"နင်ဆက်ပြီး လျက်နေရင် နင့်ရဲ့ မြင့်မြတ်သွေးဆုကို မရတော့ဘူးနော်။" အန်လင်းက အေးစက်စက်အသံနှင့် သတိပေးလာလေ၏။
ကတ်စီဒီက သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး တိုဘိုင်းယစ်ဘက်သို့ လှည့်ကာ သူမ၏ ဓားရှည်ကို မြှောက်လိုက်လေ၏။
တိုဘိုင်းယစ်က အနည်းငယ် ထိတ်ပြာစပြုလာလေ၏။ "နင်ဘာလုပ်နေတာလဲ။ ဧကရာဇ် ယီဒန်က ငါ့ကို တစ်ခုခု နာကျင်စေရင် နင့်ကိုခွင့်လွတ်မှာမဟုတ်ဘူးနော်။ သူက သေတာထက် အစပေါင်းများစွာ ဆိုးဝါးတဲ့ အပြစ်ပေးလိမ့်မယ်။"
"စောက်ပါးစပ်ကို ပိတ်ထားစမ်းပါ။ ငါက နင့်ရဲ့ ညစ်စုတ်တဲ့ တည်ရှိမှုကို သန့်စင်ပေးနေတာပဲ ရှိတာ။ ငါပြောပြမယ် နင်ကံကောင်းတာ..." ကတ်စီဒီက သူမ၏ မျက်လုံးကို မကျေမနပ် လှန်လိုက်ပြီး တိုဘိုင်းယစ်၏ ရင်ဘတ်ကို ဒဏ်ရာကြီးတစ်ခု ခုတ်ပိုင်းပစ်လိုက်၏။
သွေများက လေထဲတွင် လွင့်ပျံ့သွားလေ၏။
တိုဘိုင်းယစ်က ကတ်စီဒီကို စူးစိုက်ကြည့်ကာ နာနာကျင်ကျင် အော်ညည်းလိုက်လေ၏။
ထို့နောက် သူက အထူးနာကျင်မှုတစ်မျိုးမျိုးကို ကြုံတွေ့လိုက်ရသကဲ့သို့ သူ့ခန္ဓာကိုယ်က တုန်ယင်သွားလေ၏။
ထို့နောက် ချက်ချင်းပင် သူ့မျက်လုံးများက မိန်းမောလာကာ သူ့မျက်နှာက ရှက်သွေးဖြာလာလေသည်။
လျှိုချူးချူးက အန်လင်းဆီသို့ အံ့ဩတကြီး လျှောက်သွားလိုက်လေ၏။ "နင်က သူ့ကိုသတ်ဖို့ နင့်သွေးကို သုံးနေတာလား အဆိပ်သခင်။ သူက ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်တစ်ယောက်နော်။ နင့်သွေးက ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်တွေတောင် မကိုင်တွယ်နိုင်အောင်ကို အဆိပ်ရှိတာလား။"
"ဟီးဟီး... သူက သေမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သူက နောက်ကျရင် ငါ့ကို အရမ်းသစ္စာရှိလာမှာ။" အန်လင်းက ပြုံးကာပြောလိုက်လေ၏။
လျှိုချူးချူးက အန်လင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်ပြီး ရုတ်တရက် အတွေးတစ်ခု ပေါ်လာလေ၏။ သူမက အသက်ပြင်းပြင်းရှုကာ ကတ်စီဒီနှင့် မာလင်ကိုကြည့်လိုက်ပြီးနောက် တိုဘိုင်းယစ်ကို ကြည့်လိုက်၏။ "ဒါ... ဒါက ဖြစ်နိုင်တာ..."
တိုဘိုင်းယစ်မှာ သူ့မျက်လုံးများကို ဖွင့်ထားပြီး ဖြစ်သော်လည်း သူ့ပါးများက အနည်းငယ် နီရဲနေသေး၏။ သူက သူ့နောက်လိုက် သွေးမျိုးနွယ်စု အပေါင်းအပါများကို အရင်ဆုံးကြည့်လိုက်ပြီး အန်လင်းကို ငေးကြည့်လိုက်လေ၏။ "မအံ့ဩတော့ပါဘူး...။ ငါအခုတော့ နားလည်သွားပြီ...။ ငါ့ရဲ့တည်ရှိမှုက သန့်စင်ခံလိုက်ရသလို ခံစားရတယ်...။"
မိစ္ဆာရှင်းဓားက အန်လင်း၏ လက်ထဲတွင် ပေါ်လာပြီး တိုဘိုင်းယစ်၏ ခန္ဓာကိုယ်အား ချည်နှောင်ထားသော နယ်မြေနက် နွယ်ပင်များကို ဖြတ်တောက်ပစ်လိုက်၏။ "ငါနဲ့ အစေခံစာချုပ်တစ်ခု ချုပ်လိုက်။ မင်းက အနာဂတ်မှာ ငါ့ရဲ့ မြင့်မြတ်သွေးကိုရနိုင်တဲ့ အခွင့်အရေးတွေ ပိုရှိလာမှာ။"
တိုဘိုင်းယစ်က အနည်းငယ် တုံ့ဆိုင်းသွားကာ အလွန်ပင် ဆုံးဖြတ်ရခက်နေသော အမူအရာက သူ့မျက်နှာထက်တွင် ပေါ်လာလေ၏။
"နင်မလိုချင်လဲ သေလိုက်တော့။ ငါတို့က မြင့်မြတ်သွေးအတွက် နင်နဲ့ပြိုင်ရမှာကို မလိုချင်ပါဘူး။" ကတ်စီဒီက ပြောကာ အေးစက်စွာ ချောင်းဟန့်လိုက်လေ၏။
"ငါတို့ သူ့ကို သွားခွင့်ပြုလိုက်လို့တော့မရဘူး။ သူက ပြန်ပြီးတော့ ဧကရာဇ် ယီဒန်ကို ဘာမှ သတင်းမပို့နိုင်အောင် သတ်ပစ်ရမယ်။"
တိုဘိုင်းယစ် : "..."
"ဟုတ်ပါပြီ။ ငါလက်ခံတယ်။" တိုဘိုင်းယစ်၏ မျက်ခုံးများက ရုတ်တရက် ကြုံ့သွားပြီး ပြောလိုက်လေ၏။ "အဲ့လို အထူးသွေးကို ပိုင်ဆိုင်ထားရဲ့ မြင့်မြတ်ခေါင်းဆောင်အတွက်ဆို မင်းက အနာဂတ်မှာ ကမ္ဘာကြီးရဲ့ အထွတ်အထိပ်မှာ ရပ်နေတဲ့ ခွန်အားကြီး ပုဂ္ဂိုလ်ဖြစ်လာမှာ အသေအချာပဲ။ အဲ့လိုဆိုရင် မင်းရဲ့ အစေခံဖြစ်လာတာလဲ ငါ့အတွက် ဂုဏ်သရေမကျဆင်းစေပါဘူး။"
တိုဘိုင်းယစ်၏ စကားများကိုကြားပြီးနောက် အန်လင်း၏ မျက်လုံးများက ချက်ချင်းပင် အရောင်တောက်သွားလေ၏။ "နင်က ငါ့ကို မြင့်မြတ်ခေါင်းဆောင်လို့ခေါ်တယ်။ အဲ့ဒီဘွဲ့က တစ်ဝက်တော့ မဆိုးပါဘူး။"
သူက ကတ်စီဒီနှင့် မာလင်ဆီသို့လှည့်ကာ အမိန့်တစ်ခု ပေးလိုက်လေ၏။ "ငါ့ကို သခင်လို့မခေါ်နဲ့တော့။ အခုကစပြီး မြင့်မြတ်ခေါင်းဆောင်လို့ခေါ်တော့။"
ကတ်စီဒီနှင့် မာလင်တို့၏ မျက်နှာက ရှုံ့မဲ့သွားကာ စိတ်မပါလက်မပါနှင့် ခေါင်းငြိမ့်လိုက်လေ၏။ "ဟုတ်ကဲ့၊ မြင့်မြတ်ခေါင်းဆောင်..."
ကျန်ရှိသော လုပ်ငန်းစဉ်မှာ အတော်ပင် ရိုးရှင်းလှပေ၏။ သူက ကတ်စီဒီနှင့် မာလင်ကို အဝေးသို့ နှင်ထုတ်ကာ အစေခံစာချုပ်ချုပ်ဆိုရန် သွေးအဆီအနှစ်တစ်စက်ကို ထုတ်လွှတ်လိုက်လေ၏။ လုပ်ငန်းစဉ်တစ်ခုလုံးမှာ အလွန်ပင် လေ့ကျင့်ပြီးဖြစ်ရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ပြီးဆုံးသွားလေ၏။
ထို့နောက် အန်လင်းက တိုဘိုင်းယစ်အား သွေးဆုလာဒ် စနစ်ကို ဖော်ပြလိုက်ပြီး ကတ်စီဒီဆီသို့ သွေး၅မီလီလီတာကို ထုတ်လွှတ်ပေးလိုက်လေ၏။
ကတ်စီဒီက ပျော်ရွှင်စွာ မြင့်မြတ်သွေးကို သောက်သုံးလိုက်ကာ တိုဘိုင်းယစ်နှင့် မာလင်ဆီသို့ မနာလိုမှုမျာစွာက ဝင်ရောက်လာလေ၏။
နောက်ဆုံးအနေဖြင့် အန်လင်းက သွေး၃ မီလီလီတာနှင့် တိုဘိုင်းယစ်၏ သိုလှောင်လက်စွပ်ကို လဲလှယ်လိုင်လေ၏။ သို့သော် အန်လင်းက အနာဂတ်တွင် တိုက်ပွဲတိုက်ပါက အသုံးပြုရန် တိုဘိုင်းယစ်၏ လက်နက်ကို ချန်ထားပေးလိုက်၏။
တိုဘိုင်းယစ်မှာ မြင့်မြတ်ခေါင်းဆောင်၏ စဉ်စားပေးတတ်သော အပြုအမူကြောင့် အလွန်ပင် စိတ်ထဲခံစားသွားရလေ၏...။
လျှိုချူးချူးက လုံးဝပင် ပြောစရာစကားပျောက်ရှနေလေ၏။ ပျက်ပြယ်ခြင်းအဆင့် ခွန်အားကြီးပုဂ္ဂိုလ်တစ်ဦးက မည်ကဲ့သို့ ဤမျှအထိ သနားစရာကောင်းနေရသနည်း။
"အန်လင်း... နင်၊ နင်က တကယ်ကို ကြောက်စရာပဲ။" လျှိုချူးချူးက မပြောဘဲ မနေနိုင်တော့ပါချေ။
ရွှယ်ကျန်းထျန်က ရယ်မောနေလေ၏။ "ဒါက ဘာမှမဟုတ်သေးဘူး။ သခင်က ဒီကမ္ဘာကြီးရဲ့ အထွတ်အထိပ်မှာ ရပ်တည်ဖို့ ကံပါလာတဲ့ ခွန်အားကြီး ပုဂ္ဂိုလ်တစ်ဦးပဲ။ အဲ့သုံးယောက်က သူ့ကို နာခံတယ်ဆိုတာ သာမန်ပဲ။"
"နင်က ငါတို့ နှုန်းထားအတူတူနဲ့ တိုးတက်ကြမယ်လို့ ကတိပေးမထားဘူးလား။ ငါတို့က လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်ကပဲ ရှေးဟောင်းအံ့ဖွယ်အပိုင်းမှာ ရုန်းကန်နေကြတာလေ။ ဒါပေမဲ့ အခုတော့ နင်က ပျက်ပြယ်ခြင်း ကြယ်စင်အပိုင်းမှာ ခြေဆန့်နေပြီပေါ့။ ဒီကမ္ဘာကြီးက အရမ်းကို ရူးသွပ်နေတာပဲ..." လျှိုချူးချူးက စိတ်ခံစားချင်အပြည့်နှင့် သက်ပြင်းချကာ ကောင်းကင်သို့ မော့ကြည့်လိုက်လေ၏။
အန်လင်းက ခပ်ဖွဖွပြုံးလိုက်လေ၏။ "နင်က နင့်အတွက်နင် ဦးတည်ချက်တစ်ခုထားရမယ်။ အဲဒါဆို အဲ့ဦးတည်ချက်အတွက် အလုပ်လုပ်နေရင် နင်တောင်မသိလိုက်ပဲ နင်က အကြမ်းစားဖြစ်လာလိမ့်မယ်။"
"ဥပမာဆိုရင်..." လျှိုချူးချူးက မေးလိုက်လေ၏။
"ဥပမာဆိုရင် ငါက ငါ့ကိုယ်ငါအတွက် ရွှေရောင် နယ်မြေအဆီအနှစ် သလင်းကျောက် အခု၁၀၀ ရရမယ်လို့ ဦးတည်ချက်ထားတယ်။" အန်လင်းက အပြုံးတစ်ခုနှင့် ပြန်ဖြေလိုက်လေ၏။
ထိုသည်ကိုကြားသောအခါ လျှိူချူးချူး၏ ရင်ဘတ်က တင်းကြပ်သွားလေ၏။ "ဟီးဟီး... နင်က ဘာလို့ တစ်သန်းလို့ ဦးတည်ချက်မထားတာလဲ။"
ထိုသည်ကိုကြားရာ အန်လင်းက မေ့စေ့ကို သပ်လိုက်၏။ "ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ၁ခုဆိုရင် စိတ်ဝိညာဉ်ကျောက်တုံး ၁သန်းနဲ့ ညီတယ်လေ။ အဲ့ဒီတော့ နယ်မြေအဆီအနှစ် ကျောက်တုံးတစ်ရာဆိုရင် စိတ်ဝိညာဉ်ကျောက်တုံး သန်း၁၀၀ပဲပေါ့။ နင်ပြောတာလဲ မမှားပါဘူး။"
လျှိုချူးချူး : "..."
လျှိုချူးချူးမှာ အန်လင်းက တခြားကမ္ဘာမှ လာသည်ဟု ခံစားလိုက်ရပြီး သူမက သူ့ကို စကားဆက်ပြောနေပါက သွေးတိုးရောဂါ ခံစားရတော့မည်ဖြစ်သည်။
အန်လင်းက တိုဘိုင်းယစ်၏ သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများကို ပျော်ရွှင်သောအပြုံးတစ်ခုနှင့် ရေတွက်လိုက်လေ၏။
ရွှေရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ၂ခု၊ အနီရောင် နယ်မြေအဆီအနှစ် သလင်းကျောက် ၅ခု၊ အပြာရောင် နယ်မြေအဆီအနှစ် သလင်းကျောက် ၃ခု၊ အဖြူရောင်နယ်မြေအဆီအနှစ် သလင်းကျောက် ၂၅ခု၊ စိတ်ဝိညာဉ်ကျောက်တုံး သန်း ၃၀၀၊ စိတ်ဝိညာဉ်ဆေးတောင့် ၃၀၊ စိတ်ဝိညာဉ် သစ်သီး ၁၂လုံး၊ စိတ်ဝိညာဉ်လက်နက် ၇ခုနှင့် အင်မော်တယ် သစ်သီး ၃လုံး...။
အင်မော်တယ် သစ်သီးများမှာ အဆင့် ၆ အင်မော်တယ် သစ်သီးအမျိုးအစားဖြစ်သော အနက်ရောင်လေ အင်မော်တယ် သစ်သီးများဖြစ်ပြီး သစ်သီးကို စားသုံးပါက အနက်ရောင်လေ၏ စွမ်းအင်ကို အချိန်ခဏ အသုံးပြုစေနိုင်ပြီး စားသုံးသူ၏ အရှိန်ကို ပေါက်ကွဲထွက်သည်အထိ တိုးပေးနိုင်၏။
အန်လင်းက ပစ္စည်းများအားလုံးကို ရေတွက်ပြီးနောက် မိယကို ကြည့်လိုက်သည်။
စိတ်ဝိညာဉ် ငါးမျိုးနွယ်စု ခွန်အားကြီးပုဂ္ဂိုလ်မှာ အခြေခံအရဆို သူ၏ရန်သူတစ်ဦးဖြစ်၍ သူက သူမကို မည်သို့လုပ်သင့်သနည်း...။
စာစဉ် ၃၉ ပြီး၏။
-----------