← Chapters

မှန်ထဲက လူ

Vol. 19 Ch. 280

မှန်ထဲက လူ

Vol. 19 Ch. 280

“သူက…”

ရွှမ်ဝမ်သည် ကောင်းမင်တစ်ယောက် အပြင်ဘက်တွင် စစ်ကူတစ်ယောက် ထားခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော် သူ့အခြေအနေအရ သူသည် အချိန်ကြာကြာ အသက်ရှင်နိုင်မည့်ပုံ မပေါ်တော့ပေ။

“နားဒဏ်ရာရနေတဲ့ မျက်မမြင်လူလား ၊ သူက ခွေးကြီးရဲ့ ကိုယ်ထဲက ထွက်လာတာလား”

ကောင်းမင်က ခွေးကြီး၏ အမှန်တကယ် ပင်ကိုယ်စရိုက်သည် မှောင်မိုက်နေသည့် နာကြည်းခြင်းအခန်းထဲတွင် အမြဲပုန်းအောင်းနေသည်ကို သိပေသည်။ ထိုလူသည် ဆိုးယုတ်သည့် လောကကြောင့် အပြင်းအထန်ထိခိုက်ခံစားခဲ့ရသည်။ သူသည် ခွေးလှောင်အိမ်ထဲမှ ထွက်လာခြင်းမရှိဘဲ ခွေးတစ်ကောင်လို နေရခြင်းကို ပိုနှစ်သက်ခဲ့သည်။ သို့သော်လည်း သူသည် သူ့လှောင်အိမ်ထဲမှ တစ်နည်းနည်းဖြင့် လွတ်မြောက်လာခဲ့ပြီး အသက်စွန့်၍ ကောင်းမင်၏ လက်မောင်းအား ဆုပ်ကိုင်ထားခဲ့သည်။

“သူ ဘာတွေ မြင်လိုက်တာလဲ ၊ သူက ငါ့ကို ကယ်ဖို့ လုပ်နေတာလား”

ကောင်းမင်သည် အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူသည် ခွေးကြီးကို သူငယ်ချင်းတစ်ယောက်လို ဆက်ဆံခဲ့သော်လည်း ဤလူက သူ့နားတွင် ရှိနေမည်ကို မမျှော်လင့်ခဲ့သလို၊ သူ့ကို ကယ်တင်ရန် အစွမ်းကုန် ကြိုးပမ်းနေသည်ကိုလည်း မမျှော်လင့်ခဲ့ပေ။

“ကျွန်မလိုပဲ လှည့်စားခံရတဲ့ နောက်ထပ် သနားစရာ ဝိညာဉ်တစ်ကောင်ပါလား ၊ ဒီလူလိုမျိုး ကျွန်မကို ကြင်နာပြီး ကိုယ်ကျိုးမပါဘဲ ဆက်ဆံပေးမယ့်သူရှိရင်တော့ ကျွန်မ သူတို့အတွက် အရာအားလုံး လုပ်ပေးမိမှာပဲ”

ရွှမ်ဝမ်က လှောင်ပြောင်ပြောဆိုလိုက်သည်။

“သူ့ကို ကြည့်လိုက် ၊ ရှင့်ကြောင့် သူ သေတာ မဖြစ်စေချင်ရင်တော့ ရှင်အမြန်ဆုံး ထွက်သွားမှ ရမယ်”

ရွှမ်ဝမ်က မှန်အသေးလေးကို ကောင်းမင်အား ပေးလိုက်ပြီး တိုက်ခန်းအဆောက်အအုံ၏ အပြင်ဘက်လမ်းကို ညွှန်ပြလိုက်သည်။

“စီတုအန်းက လမ်းတစ်ဖက်က အဆောက်အအုံမှာ အလုပ်လုပ်တယ် ၊ ဒါပေမဲ့ ကျွန်မရဲ့ စွမ်းအားကို ဒီနေရာမှာ မသုံးနိုင်ဘူး ၊ သူ့ရဲ့ အလုပ်နေရာထဲကိုလည်း ဝင်လို့မရဘူး ၊ ကျွန်မတို့ ဒီကမ္ဘာမှာ အားနည်းချက်တွေ ပိုဖန်တီးဖို့ လိုတယ်”

“မင်း ကိုယ့်ကို ဘာလုပ်စေချင်တာလဲ”

“လိုအပ်တဲ့အခါ ပေါ်လာပြီး ရှင့်နှလုံးထဲက စီတုအန်းကို အသုံးချလိုက်ရုံပဲ”

ရွှမ်ဝမ်နှင့် ကောင်းမင်တို့သည် ခြံဝင်းထဲသို့ ပြန်ရောက်လာကြသည်။ အိမ်နီးနားချင်းများမှာ အနားယူရန် ထွက်သွားကြပြီဖြစ်သည်။ နေရောင်သည် ပရိဘောဂအဟောင်းများပေါ်တွင် တိတ်တဆိတ် ထွန်းလင်းနေသည်။ ကော်ရစ်ဒါတွင် လှန်းထားသော အဝတ်များမှ ဆပ်ပြာနံ့ သင်းသင်းလေး ထွက်နေသည်။ အရာအားလုံးသည် နွေးထွေးနေပြီး စိတ်ကို အပန်းဖြေစေသည်။ ထိုနေရာတွင် အဆောက်အအုံ လေးခုရှိပြီး အလယ်က ခြံဝင်းကို ဝိုင်းရံထားကြသည်။ စီတုအန်းနှင့် သူ့အမေသည် အတွင်းဘက်အကျဆုံး အဆောက်အအုံတွင် နေထိုင်ကြခြင်းဖြစ်သည်။

ရွှမ်ဝမ်သည် ထိုဘက်သို့ မသွားဘဲ ဂိတ်နှင့် အနီးဆုံးဖြစ်သည့် အဆောက်အအုံ (၁) ဘက်သို့ သွားလိုက်သည်။ထိုတိုက်ခန်းအဟောင်းကြီးမှာ အလွန်ကြီးမားသည်။ အိမ်ငှားအချို့သည် ၎င်းတို့၏ နေအိမ်များကို ကုန်စုံဆိုင်လေးများ၊ ဆေးခန်းလေးများအဖြစ်ပင် ပြောင်းလဲထားကြသေးသည်။ ဦးလေးကျန်း၏ ဓာတ်ပုံရိုက်စတူဒီယိုမှာ မြေအောက်ခန်းတွင် တည်ရှိသည်။ ထိုအဖိုးကြီးမှာ သဘောထားဆိုးသူဖြစ်ပြီး ပုံမှန်အားဖြင့် မည်သူမှ သူ့ထံသို့ လာလည်ခြင်း မရှိပေ။

“ငါတို့ ဘာလို့ ဒီကို လာခဲ့တာလဲ ၊ ဦးလေးကျန်းက သူ့(စီတုအန်း) အကြောင်းကို ဘာများ သိထားလို့လဲ”

ကောင်းမင်သည် ရွှမ်ဝမ်နှင့်အတူ မြေအောက်ခန်းထဲသို့ ဝင်လာရင်း ရွှမ်ဝမ်က အမျိုးသမီးကြီး၏ အိမ်တွင် ဦးလေးကျန်းကို ပြောခဲ့သည်ကို သတိရလိုက်သည်။

ရွှမ်ဝမ်သည် သော့ကို ထုတ်၍ မြေအောက်ခန်းတံခါးကို ဖွင့်လိုက်သည်။ ထိုနေရာကို သန့်ရှင်းရေး လုပ်ထားသော်လည်း သွေးနံ့ကတော့ လေထဲတွင် ကျန်ရှိနေဆဲပင်။

ရွှမ်ဝမ်က မီးခလုတ်ကို ဖွင့်လိုက်ပြီး သူမနောက်တံခါးကို သော့ခတ်လိုက်၍ ပြောလိုက်သည်။

“သူ့မှာ သဲလွန်စတွေ ရှိရင်တောင် ကျွန်မတို့ကို ပြောပြနိုင်မှာ မဟုတ်ဘူး... ဘာလို့လဲဆိုတော့ သူက သေနေပြီလေ”

ရွှမ်ဝမ်သည် မပြောင်းလဲသေးပေ။ အရင်ဘဝ တစ်ခုတွင် သူမသည် တခြားသော အမျိုးသမီးဇာတ်လိုက်အားလုံးကို သတ်ပစ်ခဲ့ဖူးသည်။ ကောင်းမင်သည် လိုက်ကာထူထူများကို ဆွဲဖွင့်လိုက်သည်။ ကုတင်အောက်မှ သွေးများ စီးထွက်နေသည်ကို သူတွေ့လိုက်ရသည်။ သူ ကိုယ်ကို ကိုင်းလိုက်သည်။ ခရမ်းရောင်သန်းနေသည့် မျက်နှာသည် ဖူးရောင်နေ၏။ လူအိုကြီးတစ်ယောက်၏ အလောင်းမှာ မြန်မြန်ဆန်ဆန် ပုပ်သိုးနေသည်။ သူ့မျက်လုံးများမှာ ပတ်တီးစည်းထားပြီး ပြုံးနေသကဲ့သို့ ဖြစ်နေသည်။

“မင်း သူ့ကို သတ်လိုက်တာလား”

“သူကိုယ့်သူ သတ်သေသွားတာ... ကျွန်မရဲ့ စည်းရုံးမှုအောက်မှာပေါ့”

ရွှမ်ဝမ်သည် အခန်းကို စတင်မွှေနှောက်ရှာဖွေလိုက်သည်။ ကောင်းမင်က ဘာမှ မပြောဘဲ မှန်အသေးလေးကို ထုတ်ယူလိုက်ပြီး ထိုမှန်အား အဖိုးကြီးဆီသို့ ချိန်လိုက်သည်။ မှန်ထဲတွင် ရောင်ပြန်ဟပ်နေသည်မှာ ရေညှိများ ဖုံးလွှမ်းနေသည့် ကျောက်ရုပ်အဖိုးအို (Stone Elder) ဖြစ်သည်။ ဒဏ္ဍာရီများအရ တောင်နက်ကြီးများထဲ လမ်းလျှောက်နေစဉ် ကျောက်ရုပ်အဖိုးအိုနှင့် တွေ့ဆုံပါက ထိုကျောက်ရုပ်အဖိုးအိုသည် လမ်းပျောက်သူများကို တောင်စောင့်နတ်ဆီ ပူဇော်ရန် ဦးဆောင်ခေါ်သွားတတ်သည်။ အကယ်၍ ခရီးသွားများ လွတ်မြောက်သွားလျှင်ပင် ကျောက်အဖိုးအိုသည် သူတို့၏ ကျောရိုးထဲသို့ ကြီးထွားလာသည်အထိ နောက်မှ လိုက်ပါနေတတ်သည်။ ကျောက်ရုပ်အဖိုးအိုသည် လူတစ်ယောက်ကို သတ်လိုက်တိုင်း သူ့ကျောပေါ်တွင် သွေးစွန်းနေသည့် ကျောရိုးတစ်ချောင်း ရရှိသည်။ ကုတင်အောက်မှ ကျောက်ရုပ်အဖိုးအိုတွင်မူ လူ့ကျောရိုးအပြည့်အစုံ ရှိနေခဲ့သည်။

“တိုက်ခန်းထဲမှာ ကျွန်မရဲ့ သရဲစွမ်းအားကို မသုံးနိုင်ဘူး ၊ ဒီဟာကို ဖြေရှင်းဖို့ ကျွန်မ အချိန်တွေ အများကြီး ကုန်ခဲ့ရတယ်”

ရွှမ်ဝမ်က ဦးလေးကျန်း၏ ဖုန်းကို အံဆွဲထဲတွင် ရှာတွေ့လိုက်သည်။ သူမသည် စီတုအန်း၏ အမေ စီတုအန်းအား ဖုန်းခေါ်ခဲ့သည့် နံပါတ်များကို ရိုက်ထည့်လိုက်သည်။ ရှင်းလင်းသည့် ဖုန်းမြည်သံသည် ကောင်းမင်၏ နှလုံးသားထဲမှ ထွက်ပေါ်လာသည်။ စီတုအန်း၏ ဝိညာဉ်သည် ညှဉ်းပန်းနှိပ်စက်ခန်းထဲတွင် ပိတ်မိနေပြီး ဖုန်းကို ဖြေဆိုရန်အတွက် အစွမ်းကုန် ကြိုးစားနေခြင်းပင်။

“ဒါ အလုပ်ဖြစ်တယ်”

ရွှမ်ဝမ် လှည့်ကြည့်လိုက်ရာ ကောင်းမင်သည် ကျောက်ရုပ်အဖိုးအို၏ အလောင်းကို ကုတင်အောက်မှ ဆွဲထုတ်ပြီး ပတ်တီးဖြင့် ပတ်နေသည်ကို တွေ့လိုက်ရသည်။

“ရှင် ဘာလုပ်နေတာလဲ”

“ဒါကို ပတ်ပြီးတော့ ပစ္စည်းတချို့နဲ့ လောင်းလိုက်မယ်ဆိုရင် ဗီရိုထဲမှာ ပိတ်ပြီး ဖုံးထားလို့ရတယ် ၊ ဒါဆိုရင် ရှာတွေ့ခံရမယ့် အခွင့်အရေး လျော့သွားလိမ့်မယ်”

ကောင်းမင်က ကျွမ်းကျင်စွာနှင့် အခင်းဖြစ်ရာနေရာကို ရှင်းလင်းလိုက်သည်။

ရွှမ်ဝမ်သည် သူမခေါင်းကို ကုတ်လိုက်ရင်း ကောင်းမင်အား ကြည့်လိုက်ပြီး

“ရှင်ပိုးပန်းတဲ့ ပုံစံက တော်တော် ထူးဆန်းတာပဲနော်”

“တလွဲတွေးမနေနဲ့”

ကောင်းမင် မှန်ကို ရွှေ့လိုက်သည်။ မျက်မမြင်လူ၏ အခြေအနေမှာ ပိုဆိုးလာသည်ကို သူ သတိထားမိသည်။ သူ့ခန္ဓာကိုယ်ကား ပုံပျက်ပန်းပျက် ဖြစ်နေချေပြီ။

“ကိုယ်တို့ ဒီက လူတိုင်းကို သတ်ဖို့ အချိန်ရတော့မယ် မထင်ဘူး”

“ဦးလေးကျန်းကို သတ်ဖို့အတွက် ကျွန်မရဲ့ ကတ်တွေ အကုန်လုံး ဖြုန်းတီးလိုက်ရပြီ ၊ ဒီကလူတွေကို သတ်ရတာ လွယ်တယ်လို့ ရှင်ထင်နေတာလား”

ရွှမ်ဝမ်က မျက်လုံး လှန်လိုက်သည်။

“လာပါ ၊ ကျွန်မတို့ စီတုအန်းရဲ့ အမေကို ရှာဖို့ လိုတယ် ၊ ကျွန်တို့ မကောင်းတဲ့ ရည်ရွယ်ချက် ဘာမှ ပြလို့ မရဘူး ၊ ပြီးတော့ သူ့ကို အကောင်းဆုံး ကူညီရမယ်”

ရွှမ်ဝမ်သည် ဦးလေးကျန်း၏ ဖုန်းကို ဖွက်လိုက်ပြီး ဗီရိုထဲမှ ဓာတ်ပုံတချို့နှင့် ဒိုင်ယာရီ စာအုပ်တစ်အုပ်ကို ယူလိုက်သည်။ သူမက ထိုအရာများကို ပြင်ဆင်လိုက်ပြီး စီတုအန်း၏ အမေရှိရာ အထပ်သို့ အလျင်အမြန် သွားလိုက်သည်။

“အန်တီ၊ အန်တီ”

ရွှမ်ဝမ်သည် သူမ၏ ဆံပင်များကို ဖရိုဖရဲ ဖြစ်အောင် လုပ်လိုက်သည်။ သူမ၏ နဖူးပေါ်တွင် ချွေးများ စိုရွှဲ‌နေ၏။သူမသည် စိတ်လှုပ်ရှားနေပုံရသော်လည်း ဖုံးကွယ်ရန် ကြိုးစားနေသည်။ တံခါးပွင့်လာပြီးနောက် သူမ၏ အသက်ရှူနှုန်း ပြောင်းလဲသွားသည်။

“စီတုအန်းကို တွေ့ခဲ့လား”

အဲဒီအမျိုးသမီးကြီးသည် အစာစားချင်စိတ် မရှိပေ။သူမသည် သတင်းကို စောင့်နေခဲ့ခြင်းဖြစ်သည်။ ရွှမ်ဝမ်၏ အသံကို ကြားလိုက်သည်နှင့် သူမပြေးလာခဲ့သည်။

“မတွေ့ခဲ့ဘူး ဒါပေမဲ့...”

ရွှမ်ဝမ်သည် သူမ ဆက်ပြောသင့်မပြောသင့် တုံ့ဆိုင်းနေသည့် အမူအရာကို ပြသလိုက်သည်။

အမျိုးသမီးကြီးသည် ပထမတော့ စိတ်ပျက်သွားသော်လည်း ‘ဒါပေမဲ့’ ဟူသည့် စကားကို ကြားလိုက်ရသောအခါ မျက်လုံးများ တောက်ပလာသည်။သူမ၏ စိတ်ခံစားချက်များအား ရွှမ်ဝမ်က ဦးဆောင်နေလေသည်။

“ကျွန်မ ဦးလေးကျန်းရဲ့ နေရာမှာ အန်တီနဲ့ ပတ်သက်တဲ့ တစ်ခုခုကို တွေ့ခဲ့ရတယ် ၊ ဒါပေမဲ့ အန်တီ့ကို ပြောပြသင့်မပြောသင့် မသိလို့ပါ”

ရွှမ်ဝမ်က ဒိုင်ယာရီ၏ ထောင့်စွန်းလေးတစ်ခုကို 'မတော်တဆ' ဖော်ပြလိုက်သည်။ သူမသည် ဘေးအိမ်ရှိ ခင်မင်တတ်သော မိန်းကလေးတစ်ယောက်ပုံစံလို ဖြစ်နေလေသည်။

“ငါနဲ့ ပတ်သက်တယ် ဟုတ်လား”

“ပိုတိတိကျကျ ပြောရရင် အန်တီနဲ့ စီတုအန်းနဲ့ ပတ်သက်တယ်”

ရွှမ်ဝမ်သည် ကြီးမားသည့် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရသကဲ့သို့ တံခါးနှင့် အပြင်ဘက်က ‘နေရောင်’ ကို ကာရန် လိုက်ကာများကို ပိတ်လိုက်သည်။

“အန်တီက အရမ်းရှားပါးတဲ့ စိတ်ရောဂါတစ်မျိုး ခံစားနေရတာပဲ ၊ အန်တီရဲ့သားက ဆေးရုံမှာ သူနာပြုအဖြစ် အလုပ်လုပ်ပြီး အန်တီ့ကို အဖော်ပြုဖို့အတွက် အများကြီး ခံစားခဲ့ရတယ်”

“စီတုအန်း အများကြီး ခံစားခဲ့ရတာကိုတော့ သိပါတယ် ၊ ဒါပေမဲ့ ငါနေမကောင်းမဖြစ်ပါဘူး”

အမျိုးသမီးကြီးသည် ရှုပ်ထွေးသွားပြီး “ငါအရမ်း နေကောင်းပါတယ်” ဟု ဆိုလိုက်သည်။

“ဒါဆိုရင် ဘာလို့ စီတုအန်းက မြို့ဟောင်းကို ပြောင်းရွှေ့ပြီး လီဆန်ဆေးရုံမှာ သူနာပြုအဖြစ် အလုပ်လုပ်နေရတာလဲ”

“ငါ နေမကောင်းဖြစ်တဲ့အခါ သူ အဖော်ပြုပေးနိုင်ဖို့လေ...”

အမျိုးသမီးသည် အချို့အရာများကို မှတ်မိသွားပုံရသည်။

“ဒါပေမဲ့ အန်တီ အခုဘယ်မှာလဲ”

ရွှမ်ဝမ်က ပတ်ဝန်းကျင်ကို ညွှန်ပြလိုက်သည်။

“အန်တီက အိမ်မှာ ရှိနေတာပဲ”

အမျိုးသမီးကြီးသည် ၎င်းကို ငြင်းဆိုခြင်း မပြုပေ။

“ဒီအဆောက်အအုံဝင်းထဲက လူတိုင်းက အန်တီ့ကို လိမ်ညာနေကြတာပါ ၊ သူတို့အားလုံးက အန်တီ့ရဲ့ ကုသမှုအစိတ်အပိုင်းမှာ ပါဝင်နေကြတာ ၊ အန်တီ့အိမ်က ဧရာမ လူနာခန်းကြီးတစ်ခုပါပဲ”

All Chapters