← Chapters

အမှန်တရားနှင့် ရူးသွပ်ခြင်း

Vol. 19 Ch. 282

အမှန်တရားနှင့် ရူးသွပ်ခြင်း

Vol. 19 Ch. 282

အမျိုးသမီးကြီးသည် ရှေ့သို့ တဖြည်းဖြည်း ရွေ့လျားလိုက်သည်။သူမ၏ ခြေလှမ်းတိုင်းမှာ လေးလံနေခဲ့သည်။ သူမသည် သူမ၏ ကလေးကို နားလည်သည်ဟု ယုံကြည်ထားခဲ့သော်လည်း တဖြည်းဖြည်းနှင့် ထိုသို့မဟုတ်မှန်း သိလာရသည်။ စီတုအန်း၏ မိခင်နောက်မှ လိုက်ပါရင်း ရွှမ်ဝမ်နှင့် ကောင်းမင်တို့သည် ယခင်က ဝင်ရောက်၍မရခဲ့သော ဇုန်ထဲသို့ နောက်ဆုံးတွင် ဝင်ရောက်နိုင်ခဲ့ကြသည်။ ဤနေရာတွင် စီတုအန်း၏ မိခင်သာ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ပေသည်။

တိုက်ခန်းအဆောက်အအုံသည် အိမ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အိမ်သည် လမ်းတစ်ဖက်ရှိ လီစန်းဆေးရုံနှင့် ပေါင်းစပ်မှသာ အိမ်တစ်ခုလုံးအဖြစ် ပြည့်စုံပေသည်။ အားလုံးသော အလှတရားနှင့် အရုပ်ဆိုးခြင်းအားလုံးတို့ကို အနာဂတ်ဆီသို့ ဦးတည်သော လမ်းမကြီးတစ်ခုဖြင့် ဖြတ်တောက်ထားလေသည်။ နွေးထွေးမှုနှင့် ရက်စက်ကြမ်းကြုတ်မှုတို့သည် ဘေးချင်းကပ် တည်ရှိနေကြသည်။

အမျိုးသမီးကြီးသည် ရှေ့ဆုံးမှ လျှောက်လှမ်းနေခြင်းဖြစ်သည်။ သူမ၏ နှလုံးသားထဲတွင် စီတုအန်းသည် သူမ၏ ဂုဏ်ယူစရာပင်။ သူသည် အလုပ်ကြိုးစား၊ စာကြိုးစား၊ ရိုးသားကြင်နာတတ်ပြီး လူတိုင်းက ချစ်ခင်ကြသူဖြစ်သည်။

“ဒီကလေး ကြီးပြင်းလာတာကို ငါကြည့်ခဲ့ရတာ ၊ သူ ငါ့ကို တစ်ခါမှ လိမ်တာ မရှိခဲ့ဘူး...”

ခြံဝင်းထဲရှိ နေရောင်ခြည်သည် သွေးကြောမျှင်များ ကြီးထွားလာသကဲ့သို့ ထွက်ပေါ်လာသည်။ ၎င်းတို့သည် အမျိုးသမီးကြီးအား ဆွဲထားရန် ကြိုးစားနေသည့် လက်များကဲ့သို့ ဖြစ်နေသည်။ သို့သော်လည်း အိမ်၏ အစစ်အမှန်ပိုင်ရှင်မှာ သေဆုံးသွားခဲ့ချေပြီ။ အတိတ်မှ နေရောင်ခြည်သည် အမျိုးသမီး၏ အရိပ်ကို ချဲ့ထွင်ပေးခဲ့သော်လည်း သူမအား တိုက်ခန်းဆီသို့ ပြန်ဆွဲခေါ်သွားနိုင်ခြင်း မရှိပေ။

“ ကျွန်မ ထင်ထားခဲ့တဲ့အတိုင်းပဲ”

ရွှမ်ဝမ်က မူမမှန်မှုကို အာရုံခံမိသည်။

“ဒီပုံမှန်လို့ ထင်ရတဲ့ ကမ္ဘာကြီးထဲမှာ မိခင်ကသာ တစ်ဦးတည်းသော လူနာပဲ ၊ ဒါပေမဲ့ တကယ်တမ်းကျတော့ အရာအားလုံးက သရဲတွေနဲ့ ကျိန်စာသင့်ပစ္စည်းတွေကနေ ပြောင်းလဲလာတာ ၊ မိခင်က တစ်ဦးတည်းသော ပုံမှန်လူဖြစ်နေခဲ့တယ် ၊ ဘာကြောင့်လဲဆိုတော့ သူက စီတုအန်းရဲ့ နောက်ဆုံး လူသားဆန်မှုကို ပိုင်ဆိုင်ထားလို့ သူ့ရဲ့ အဖိုးအတန်ဆုံး ရတနာဖြစ်နေတာပဲ “

မိခင်ဖြစ်သူ ဖောက်ပြန်ပျက်စီးသွားသောအခါ အိမ်သည် အပြင်ဘက်နှင့် မခြားနားတော့ပေ။ နေရောင်သည် မှိန်ဖျော့သွားပြီး ၎င်း၏ ရောင်ခြည်သည် နွေးထွေးမှုကို မရှိတော့ဘဲ အေးစက်မှုကိုသာ ပေးစွမ်းတော့သည်။ နေရောင်ထဲသို့ သွေးများ ပိုမို ရောနှောလာသည်။ စက်ဆုပ်ဖွယ်ကောင်းသော အူနံရံများသည် ကောင်းကင်အဆုံးတွင် ပေါ်လော ပေါ်နေသယောင် ရှိနေလေသည်။

“စီတုအန်းက သေဆုံးသွားတဲ့ မိခင်ကလွဲပြီး ဘယ်သူ့ကိုမှ မယုံကြည်ဘူး ၊ ဒါကြောင့် သူ့အမေက အစစ်အမှန် အစောင့်အရှောက်ပဲ”

အိမ်ဟူသည် မိခင်ရှိရာအရပ် ဖြစ်သည်။ သူ့မိခင် ရူးသွပ်သွားပြီးနောက် လောကသည် ရူးသွပ်မှု၏ အရောင်များကို ဆောင်ယူလာပေတော့မည်။

“ကိုယ်တို့ စီတုအန်းရဲ့ အတိတ်ကို ကြုံတွေ့နေရပုံရတယ်”

ကောင်းမင်နှင့် ရွှမ်ဝမ်တို့သည် အမျိုးသမီးကြီးနောက်လိုက်၍ လမ်းမအလယ်သို့ ရောက်လာကြသည်။ အမျိုးသမီးကြီးက အရှိန်လျော့လိုက်သည်။ သူမသည် ဆေးရုံအတွင်းမှ မြင်ကွင်းများကို မြင်တွေ့လိုက်ရပြီး တိုက်ခန်း၏ နွေးထွေးမှုနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ခြောက်ခြားဖွယ်ရာများကို သတိပြုမိလိုက်သည်။

“အန်တီ၊ အခုအချိန်မှာ စီတုအန်းကို ကူညီနိုင်တာ အန်တီ တစ်ယောက်ပဲ ရှိတယ် ၊ အန်တီ သူ့ကို မကူညီဘဲ ချောက်နက်ထဲ ကျသွားတာကို ကြည့်နေမယ်ဆိုရင် သူဟာ နောက်ဆုံး မျှော်လင့်ချက်လေးကိုပါ ဆုံးရှုံးသွားလိမ့်မယ်”

ရွှမ်ဝမ်၏ လက်သည် အမျိုးသမီး၏ ပခုံးပေါ်သို့ အသာအယာကျရောက်လာခဲ့သည်။

ယင်းဟာ ရွှမ်ဝမ်၏ စကားများကြောင့်လော သို့မဟုတ် မိခင်မေတ္တာကြောင့်လော မပြောတတ်ချေ။ သူမသည် ရပ်မသွားခဲ့ပေ။ ဆေးရုံနှင့် နီးကပ်လာသော ခြေတစ်လှမ်းစီတိုင်းတွင် ပုံမှန်အရာများသည် အက်ကွဲစပြုလာခဲ့သည်။ တိုက်ခန်းခြံဝင်းထဲရှိ အဆောက်အအုံ လေးခုသည် အလောင်းထားရှိရာ ရေခဲတိုက်ခန်းများအဖြစ်သို့ ပြောင်းလဲစပြုလာသည်။ မိုးပြာရောင် ကောင်းကင်သည်လည်း ကြေမွစပြုလာခဲ့သည်။

“ဒါကရော ပုံရိပ်ယောင်တစ်ခုလား”

အမျိုးသမီးကြီးသည် ဆေးရုံမှန်ပြတင်းပေါက်ကို ကြည့်နေရင်း သူမ မြင်နေရသည့်အရာကို မယုံနိုင်ဖြစ်နေပေသည်။ ရွှမ်ဝမ်က အမျိုးသမီးကြီးရှေ့တွင် ရပ်၍

“ဒီအရာတွေကို စီတုအန်း တစ်ယောက်တည်း ရင်ဆိုင်ခွင့်ပေးတော့မှာလား ၊ အမှန်တရားက အဲ့ဒီမှာ ရှိတယ် ၊ တကယ့် စီတုအန်းက အဲ့ဒီမှာ ရှိနေတာ”

ချစ်ခြင်းမေတ္တာကြောင့် ဂယ်ပေါက်တစ်ခု ဖြစ်လာခဲ့သည်။ စီတုအန်း၏ မိခင်သည် နောက်ဆုံးတွင် လမ်းတစ်ဖက်သို့ ရောက်ရှိသွားသည်။ သူမသည် ဆေးရုံဝင်ပေါက်တွင် ရပ်တန့်လိုက်သည်။ ရွှမ်ဝမ်က တစ်ခုခု ပြောရန် ကြံရွယ်လိုက်သော်လည်း ကောင်းမင် သူတို့နောက် လိုက်မလာသည်ကို သတိပြုမိလိုက်သည်။

“ရှင် တစ်ယောက်ယောက်ကို စောင့်နေတာလား။”

ကောင်းမင်က ခေါင်းခါ၍ သူ့ဘယ်လက်မောင်းကို မြှောက်ပြလိုက်သည်။ ခြောက်ကပ်နေသည့် လက်ချောင်း ငါးချောင်း ပေါ်လာလေသည်။ သူသည် အိတ်ဆောင်မှန်ဖြင့် သူ့ကျောဘက်သို့ ကြည့်လိုက်ရာ မျက်မမြင်လူ၏ ခန္ဓာကိုယ်သည် ဆွဲဖြဲခံရလုနီးပါး ဖြစ်နေသည်ကို မြင်လိုက်ရသည်။ ထူးဆန်းသည့် နတ်ဘုရားရုပ်ထု နှစ်ခုသည် သူ့ခန္ဓာကိုယ်အား ကိုက်ဖဲ့နေသော်လည်း သူသည် ကောင်းမင်၏ ဘယ်ဘက်လက်မောင်းကို မလွှတ်ခဲ့ပေ။ စီတုအန်း၏ အိမ်သည် အလွန်တရာ မတည်မငြိမ် ဖြစ်နေခဲ့သဖြင့် မျက်မမြင်လူ၏ လက်သည် ကောင်းမင်ထံသို့ အမှန်တကယ် ရောက်ရှိလာခဲ့ခြင်းပင်။

“သူက အိမ်ထဲကို လက်လှမ်းနိုင်ခဲ့တာလား ! ဘယ်လိုလုပ်လိုက်တာလဲ”

ရွှမ်ဝမ်မှာ အံ့အားသင့်သွားခဲ့သည်။

“ဒါပေမဲ့ ရှင်တို့ရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးက တော်တော် ပိုနေတယ်လို့ ကျွန်မခံစားရတယ်”

သူမသည် ထိုသို့ ပြောသော်လည်း သူမ၏ လုပ်ရပ်များကမူ အခြားတစ်မျိုးကို ပြသနေသည်။

“ဒီအိမ်ရဲ့ သတ်ဖြတ်တဲ့နည်းလမ်းက ရိုးရှင်းတယ် ၊ ကျွန်မတို့ရဲ့ အသိစိတ်ကို အိမ်ထဲမှာ ပိတ်လှောင်ထားပြီး ရုပ်ခန္ဓာကိုတော့ အပြင်က နတ်ဘုရားရုပ်ထုတွေက ဝါးမျိုလိမ့်မယ် ၊ အခု ရှင့်ခန္ဓာကိုယ် မထိခိုက်သေးတာက သူက ရှင့်ကို ကာကွယ်ပေးနေလို့ပဲ ၊ သူ သေသွားရင် ရှင်လည်း နောက်တစ်ယောက် ဖြစ်လာလိမ့်မယ်”

“ဒီအိမ်မှာ ချို့ယွင်းချက်တွေ အများကြီးပဲ ၊ အက်ကြောင်းတစ်ခုတော့ အတင်းအကျပ် ဖွင့်ကြည့်လို့ ရနိုင်တယ်”

“အူတွေထဲမှာ ကျိုးပဲ့နေတဲ့ သရဲနတ်ဘုရားတွေ အများကြီး အိပ်ပျော်နေကြတယ် ၊ လုဇန်နဲ့ စီတုအန်းတို့က နှစ်တွေအများကြီး စုဆောင်းထားခဲ့တာ ၊ သူတို့က အရမ်းကိုင်တွယ်ရ ခက်တယ်”

ရွှမ်ဝမ်သည် ကောင်းမင်၏ နှလုံးသားကို စိုက်ကြည့်လိုက်သည်။

“ရှင့်နှလုံးသားထဲမှာ တခြား ဘာတွေ ရှိသေးလဲ ၊ သူတို့နဲ့ ဆက်သွယ်ဖို့ ကြိုးစားပြီး ဒီနေရာကို ခေါ်ထုတ်နိုင်မလား စမ်းကြည့်လိုက်ပါဦး”

“အလုပ်ဖြစ်ပါ့မလား”

“ဘာလို့ မကြိုးစားကြည့်ရတာလဲ”

ရွှမ်ဝမ်သည် စီတုအန်း၏ မိခင်ကို နှစ်သိမ့်ရန် ပြန်သွားလိုက်သည်။ ကောင်းမင်က ဒဏ်ရာနှင့် အသားမာများ ဖုံးလွှမ်းနေသည့် လက်ချောင်းများကို ဆုပ်ကိုင်လိုက်သည်။ မျက်မမြင်လူသည် မမြင်နိုင်ပေ၊ နားကိုလည်း ဖြတ်ခံထားရသည်။ သူ့လက်များသည် လောကနှင့် ဆက်သွယ်ရန် နည်းလမ်းဖြစ်သည်။ သို့သော်လည်း လောကသည် သူ့အပေါ် ဆိုးယုတ်ခဲ့သည်။

“ကျေးဇူးတင်ပါတယ်။”

ကောင်းမင်က သားစားကြူးနတ်ဘုရားကို ခေါ်ဆိုလိုက်သည်။ အစောပိုင်းက အိမ်၏ စည်းမျဉ်းများဖြင့် ကန့်သတ်ခံထားရချိန်တွင် သားစားကြူးနတ်ဘုရားသည် သူ့ကို အဖြေမပေးနိုင်ခဲ့ပေ။ ထိုအခိုက်အတန့်တွင်မူ သူသည် နတ်ဘုရား၏ အသံကို ကြားလိုက်သည်။ သံကြိုးများ တချွင်ချွင် မြည်ဟည်းလာခဲ့သည်။ ကောင်းမင်က သူ့ဘယ်ဘက်အား နှလုံးပေါ်သို့ တင်လိုက်သည်။

“ဘာပဲဖြစ်ဖြစ် ငါတို့ သူ့ကို ကယ်ရမယ် ၊ သူ နောက်ထပ် စွန့်ပစ်ခံရမှာ မဟုတ်ဘူး”

သွေးများသည် သူ့လက်ချောင်းများပေါ်သို့ စီးကျလာသည်။ ကောင်းမင်က သားစားကြူးနတ်ဘုရားကို နှိုးဆွလိုက်သည်။ ညှဉ်းပန်းနှိပ်စက်သည့် ကိရိယာအားလုံး တုန်ယင်လာသည်။ ကုန်းစီ၏ မျက်နှာသည် ကောင်းမင်အား ပထမဆုံး တုံ့ပြန်သူ ဖြစ်သည်။ သူသည် လေးလံသော ချိန်းကြိုးများကို ဆွဲယူ၍ သူ့လက်က ကောင်းမင်၏ ရင်ဘတ်ဒဏ်ရာဆီသို့ တဖြည်းဖြည်း ရွေ့လျားလာလေသည်။ ဖြူဖျော့နေသော နေရောင်အောက်တွင် သွေးများသည် မြူများအဖြစ်သို့ ပြောင်းလဲသွားသော်လည်း ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားသည် ထိုသေးငယ်သည့် အဖိုးအခကို ဂရုမစိုက်ခဲ့ကြပေ။

“အန်တီ၊ အန်တီ့သားရဲ့ တကယ့်အသွင်အပြင်ကို မမြင်ချင်ဘူးလား”

ရွှမ်ဝမ်က မြေပြင်မှ လူနာစာရင်းတစ်ခုကို ကောက်ယူလိုက်သည်။ ထိုစာရင်းပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ဓာတ်ခွဲခန်းမှတ်တမ်းများ ပါရှိသည်။ တစ်ခါတရံတွင် စီတုအန်းသည် မကောင်းသည့် အရာအချို့ကို အိမ်တွင် ကိုင်တွယ်လေ့ရှိသည်။ ထိုနေရာသည် သူ၏ အမှောင်မိုက်ဆုံး လျှို့ဝှက်ချက် ပုန်းကွယ်နေသည့် နေရာဖြစ်သည်။

စီတုအန်းမိခင်၏ အသက်ရှူနှုန်းသည် မတည်ငြိမ်တော့ပေ။ သူမ၏ ဦးနှောက်သည် မတူညီသော အသံများဖြင့် အာရုံပျံ့လွင့်နေခဲ့သည်။ သူမသည် ပြတင်းပေါက်ပေါ်ရှိ သွေးများ ၊ ပြတင်းပေါက်နောက်ကွယ်ရှိ ဖော်ပြမရနိုင်သော ကြောက်မက်ဖွယ်မြင်ကွင်းများကို မြင်လိုက်ရခြင်းဖြစ်သည်။ ဤအရာများ၏ နောက်ကွယ်တွင် စီတုအန်း ရှိနေခြင်းကို သူမ မယုံကြည်နိုင်ပေ။ သူမသည် ယင်းကို သူမ၏စိတ်ကူးယဉ်ဖြစ်သည်၊ သူမ ရူးသွပ်သွားသည်ဟုသာ ယုံကြည်လိုသည်။

အမျိုးသမီးကြီးသည် လှေကားထစ်များပေါ်သို့ တက်လာပြီး နောက်ဆုံးအခိုက်အတန့်တွင် ရပ်တန့်သွားသည်။ သူမ၏ မျက်ရည်များသည် မထိန်းနိုင်ဘဲ ကျဆင်းလာတော့သည်။ သူမသည် ထိုအခိုက်အတန့်ကို လွန်ခဲ့သော နှစ်ပေါင်းများစွာက ကြုံတွေ့ခဲ့ဖူးသည်။ အချိန်သည် နောက်သို့ ပြန်သွားနေသကဲ့သို့ ဖြစ်သည်။ သူမသည် ဆေးရုံထဲသို့ ဝင်ရောက်ပြီးသည့်နောက် တစ်ခါမှ ထွက်ခွာမသွားခဲ့ပေ။ ထိုအချိန်မှစ၍ ဘေးကပ်ဆိုးများ စတင်ခဲ့ခြင်းဖြစ်ပေသည်။

အိမ်တစ်ခုလုံးသည် အမျိုးသမီး၏ အသက်ရှူသံနောက်သို့ လိုက်၍ ကျယ်ပြန့်လိုက်၊ ကျုံ့သွားလိုက် ဖြစ်နေတော့သည်။ သူမ ခေါင်းခါလိုက်သည်။ ရုတ်တရက် သူမသည် ဝင်ပေါက်ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။ သူမသည် ဦးခေါင်းကို ထုနှက်လိုက်သည်။

“ဒီအရာတွေကို လုပ်တာ ငါ့သား မဟုတ်ဘူး ၊ သူ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး ၊ငါ ရူးသွားတာပဲ ဖြစ်ရမယ်!”

All Chapters