← Chapters

မှတ်ဉာဏ်များ

Vol. 19 Ch. 285

မှတ်ဉာဏ်များ

Vol. 19 Ch. 285

စီတုအန်းသည် ထိုအမျိုးသမီးကို သူ့မိခင်အဖြစ် သတ်မှတ်ထားခြင်း မရှိပေ။ သို့သော်လည်း သူသည် ထိုအမျိုးသမီးရှေ့တွင်သာ မတူညီသော သဘောထားကို ပြသလေ့ရှိသည်။

“ခင်‌ဗျား အရှုံးမပေးသေးဘူးပဲ ဟုတ်တယ်မလား”

ကောင်းမင်သည် ထိုကဲ့သို့ အခိုက်အတန့်မျိုးတွင်ပင် စီတုအန်း ထိုမျှ ခေါင်းမာနေသည်ကို အံ့သြမိသည်။

“မင်း အနိုင်ရပြီလို့ ထင်နေတာလား”

စီတုအန်းသည် ချိန်းကြိုးများဖြင့် ထိုးဖောက်ခံထားရသော သူ့ခန္ဓာကိုယ်အား မတ်မတ်ဆန့်တန်းလိုက်သည်။ သူက ညှဉ်းပန်းနှိပ်စက်ခန်း၏ ဖွင့်ထားသော တံခါးကို ကြည့်လိုက်သည်။

“လီစန်းဆေးရုံတစ်ဝိုက်မှာ ကျိုးပဲ့နေတဲ့ နတ်ဘုရားရုပ်ထုတွေ အများကြီး ပုန်းအောင်းနေကြတယ် ၊ သေဆုံးသွားတဲ့နတ်ဘုရားတွေနဲ့ ပြိုလဲသွားတဲ့ ယုံကြည်မှုတွေက သူတို့နဲ့ တွဲဆက်နေတယ် ၊ ငါ့အိမ်က သူတို့ကို အုတ်မြစ်ချပြီး တည်ဆောက်ထားတာပဲ ၊ မင်း အရာအားလုံးကို ဖျက်ဆီးလိုက်တာနဲ့ သေဆုံးနေတဲ့ နတ်ဘုရားတွေ နိုးထလာလိမ့်မယ် ၊ မင်းက ဟန်ဟိုင်းကို ငရဲထဲ ပို့မိလိမ့်မယ် !”

“ခင်ဗျား အတည်ပြောနေတာလား ၊ ဒီဘေးကပ်ဆိုးကို ဖန်တီးဖို့ အရာအားလုံး ခင်ဗျားလုပ်ခဲ့ပြီး အခုကျမှ ကျုပ်အပေါ် ပုံချနေတာလား”

ကောင်းမင်သည် ရွှမ်ဝမ်နှင့်အတူ ရပ်နေသည်။ ဆေးရုံသည် ပြိုကျလျက်ရှိသည်။ သို့သော်လည်း လူနာများ၏ သန္ဓေပြောင်းမှတ်ဉာဏ်များမှာ ပျောက်ကွယ်မသွားပေ။ သူတို့၏ မှတ်ဉာဏ်များသည် အိမ်သုတ်ဆေးသားနျားကဲ့သို့ ကွာထွက်လာခဲ့သည်။ ၎င်းတို့သည် လေထဲတွင် ပျံဝဲနေပြီး ဆေးရုံနှင့်ဆက်နွယ်နေသည့် အိပ်မက်ဆိုးများအဖြစ်သို့ ပေါင်းစပ်သွားသည်။

“နတ်ဘုရားသရဲတွေရဲ့ စွမ်းအားကို ထိန်းချုပ်လို့ မရဘူး ၊ အဲ့ဒါက ဟန်ဟိုင်းကို အလွယ်တကူ ဖျက်စီးနိုင်တယ် ၊ ဒါကြောင့် ငါ့ရဲ့ တစ်ခုတည်းသော ရွေးချယ်စရာက အဲဒါကို ဆေးရုံထဲမှာ ပိတ်လှောင်ထားပြီး လူနာတွေနဲ့ နှစ်သိမ့်ဖို့ပဲ ၊ ကောင်းမင် သူတို့က ငါ့ရဲ့ အဖိုးအတန်ဆုံး ရတနာတွေဖြစ်ပြီး မင်းအတွက် ငါ့ရဲ့ နောက်ဆုံး လက်ဆောင်ပဲ”

ကောင်းမင် စီတုအန်းကို လျစ်လျူရှုလိုက်သည်။ အမျိုးသမီးကြီးသည် ညှဉ်းပန်းနှိပ်စက်ခန်းထဲသို့ ဝင်ရောက်သွားသည်နှင့် စီတုအန်း၏ အိမ်စည်းမျဉ်းများ စတင် ပြောင်းလဲလာခဲ့သည်။ ဆေးရုံနှင့် တိုက်ခန်းများမှာ လှိုင်းထလာတော့သည်။ ၎င်းတို့သည် ထွင်းဖောက်မြင်လာရသည်အထိ ကြည်လင်လာခဲ့သည်။ အိမ်ပတ်ဝန်းကျင်တွင် ဝှက်ထားသော အန္တရာယ် အမျိုးမျိုးကို နောက်ဆုံးတွင် ကောင်းမင် မြင်နိုင်ခဲ့သည်။ အငြိမ်းစားယူထားသော ဦးလေးများနှင့် အန်တီများသည် အရိပ်ကမ္ဘာတွင် တည်ရှိနေသော ညစ်ညမ်းမှု၏ အရင်းအမြစ်များ ဖြစ်ကြသည်။ နာခံတတ်သော ကလေးများသည် ရုပ်ဆိုးသောမျက်နှာများဖြင့် ဧရာမသရဲများ ဖြစ်ကြလာသည်။ အိမ်တွင် အိပ်ပျော်နေကြသော အိမ်နီးနားချင်းများသည် ဓာတ်ပုံစတူဒီယိုမှ ဦးလေးကျန်းကဲ့သို့ ရွှံ့ရုပ်ထုများနှင့် ကျောက်ရုပ်ထုများ ဖြစ်သွားကြသည်။ မူမမှန်ဖြစ်ရပ်၏ အဆင့်အရ စီတုအန်း၏ အိမ်သည် ထိပ်ဆုံးအဆင့်တွင် ရှိသည်။

“ကောင်းမင်၊ ငါ့ရဲ့ ကံကြမ္မာကို မင်း ဆက်ခံလိုက်ပြီ ၊ ငါ့အပေါ် ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးက မင်းဆီမှာ ထပ်ခါတလဲလဲ ဖြစ်လာလိမ့်မယ် ၊ ဒါဟာ ကံကြမ္မာရဲ့ ကစားပွဲပဲ”

“ဂိမ်းတစ်ခုဖြစ်နေသရွေ့ ရှင်းလင်းလို့ရတယ်”

ကောင်းမင်သည် သံကြိုးများကို ဆွဲယူလိုက်ပြီး သူလက်မောင်းများကို ဆန့်တန်းလိုက်သည်။ အားလုံးသော မှတ်ဉာဏ်အပိုင်းအစများမှာ သူ့ဆီသို့ လျင်မြန်စွာ စီးဆင်းလာကြသည်။ စီတုအန်း စုဆောင်းထားသော မူမမှန်ဖြစ်ရပ်များသည် ကောင်းမင်၏ နှလုံးသားထဲသို့ စီးဝင်လာကြသည်။ ညှဉ်းပန်းနှိပ်စက်ခန်း၏ နံရံများပေါ်တွင် ကြီးမားသော ပုံစံကွက်များ ထွက်ပေါ်လာလေသည်။ လောက၏ အရက်စက်ဆုံးသော ပုံရိပ်များမှာ အခန်းထဲတွင် ထွင်းထုခံလိုက်ရသည်။

“အိမ်က လူသားတွေနဲ့ သရဲတွေရဲ့ အသိစိတ်ကို ခွဲထုတ်နိုင်တယ် ၊ ဒါဟာ လူတစ်ယောက်စိတ်ရဲ့ ဥမင်လှိုဏ်ခေါင်းပဲ ၊ အိမ်တစ်အိမ် တည်ဆောက်ဖို့အတွက် အရိပ်ကမ္ဘာက ရှားပါးတဲ့ အရာတွေ အများကြီး လိုအပ်တယ်”

ယင်းသည် ရွှမ်ဝမ်အတွက် ထိုအရာကို ပထမဆုံး မြင်ဖူးခြင်းပင်။ ကောင်းမင် အသာစီးရသွားသည်ကို မြင်ပြီးနောက် သူမသည် အမြန်ဆုံးနူန်းဖြင့် ဆေးရုံထဲမှ ပြေးထွက်သွားသည်။

ကောင်းမင်သည် သူမအား မည်သည့် ရှင်းပြချက်မှ မတောင်းဆိုခဲ့ပေ။ သူသည် သူမအား ခြွင်းချက်မရှိ ယုံကြည်သည်။

အိမ်သည် အရောင်မှိန်သွားသော ဆီဆေးပန်းချီကားတစ်ချပ်ကဲ့သို့ ပြောင်းလဲသွားခဲ့သည်။ ရွှမ်ဝမ်က တိုက်ခန်းဆီသို့ အလျင်အမြန် ပြန်သွားသည်။ သူမသည် အိမ်နီးနားချင်းများနှင့် ကလေးများကို ရှောင်ရှား၍ စီတုအန်း၏ အိမ်သို့ ဦးတည်သွားလိုက်သည်။တွေဝေခြင်းမရှိပဲ ရွှမ်ဝမ်သည် စီတုအန်း၏ မိခင် အသုံးပြုခဲ့သော ကြိုးဖုန်းနှင့် ‘အရုပ်များ’ ထည့်ထားသော သေတ္တာကို ကောက်ယူလိုက်သည်။ အရုပ်တိုင်းသည် ဆိုးသွမ်းသော သရဲများဖြစ်သည်။ သူတို့ တစ်ဦးချင်းစီသည် စီတုအန်း တန်ဖိုးထားသူများဖြစ်သည်။ အလားအလာမရှိသူများမှာ စားခံပြီးသား ဖြစ်သည်။

လီစန်းဆေးရုံအတွင်းတွင်

ကောင်းမင်၏ လက်ချောင်းများသည် မှန်ပြတင်းပေါက်မှတဆင့် ဖြတ်သန်းသွားသည်။

“ပြီးသွားပြီပဲ”

ရိုးရိုးသားသားပြောရလျှင် ကောင်းမင်သည် သူ့ကိုယ်ပိုင်အိမ်အကြောင်းကို သိပ်မသိပေ။ အိမ်တစ်အိမ်၏ ပုံဖော်မှုသည် အရိပ်ကမ္ဘာနှင့် အလွန်အမင်း ဆက်စပ်နေပြီး အိမ်တိုင်း မတူညီကြကြောင်းကိုသာ သူ သိသည်။

သွေးစွန်းနေသော နေရောင်ခြည်သည် ကောင်းမင်၏ မျက်လုံးများပေါ်သို့ ဖြာကျနေခဲ့သည်။ အိမ်သည် အိပ်မက်တစ်ခုနှင့် တူ၏။ ကောင်းမင် မျက်လုံးဖွင့်လိုက်သည်နှင့် အိမ်ထဲမှ မှတ်ဉာဏ်သည် ညှဉ်းပန်းနှိပ်စက်ခန်း၏ နံရံများပေါ်တွင် ရိုက်နှိပ်ခံလိုက်သည်။ နောက်ဆုံး ပုံစံကွက်ကို ရေးထွင်းလိုက်သောအခါ သားစားကြူးနတ်ဘုရား ဟိန်းဟောက်လိုက်သည်။သူ့အရေပြားပေါ်တွင် ထူးဆန်းသော သွေးပုံစံကွက်များ ပေါ်လာလေတော့သည်။

လူနာများနှင့် စီတုအန်းတို့၏ အိပ်မက်ဆိုးများသည် ညှဉ်းပန်းနှိပ်စက်ခန်းထဲတွင် ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့သည် ကြောက်မက်ဖွယ်ကောင်းသော အိပ်မက်တစ်ခုကိုပုံဖော်ရန် ပေါင်းစပ်သွားခဲ့သည်။ သားစားကြူးနတ်ဘုရား၏ မူမမှန်မှုကို ကောင်းမင် သတိပြုမိလိုက်သည်။ သွေးအမာရွတ်များ ပေါ်လာသည်နှင့်အမျှ သားစားကြူးနတ်ဘုရားမှ ဖြာထွက်နေသော တည်ရှိမှုသည် ကျန်းတင်းထက် ပိုမို အားကောင်းနေခဲ့သည်။

ဟန်ဟိုင်းမှ သရဲများသည် အိပ်မက်သရဲများ ဖြစ်လာရန် အဆင့်သုံးဆင့်ကို ဖြတ်သန်းရသည်။ ပထမအနေဖြင့် သူတို့သည် ကိုယ်ပိုင်အသိစိတ်ရှိသော သရဲနီများ ဖြစ်ရမည်ဖြစ်သည်။ ထို့နောက် သူတို့၏ ကိုယ်ပိုင်သရဲအိမ်များကို ပိုင်ဆိုင်ရမည်။ နောက်ဆုံးတွင် သူတို့၏ ကိုယ်ပိုင် အတွေ့အကြုံကို အသုံးပြု၍ အိပ်မက်ဆိုးတစ်ခုကို ယက်လုပ်နိုင်မည်ဖြစ်သည်။

ကျန်းတင်းသည် လက်ရှိ တတိယအဆင့်တွင် ရှိသည်။ သားစားကြူးနတ်ဘုရားသည် အိမ်နှင့်ပတ်သက်သော စီတုအန်း၏ မှတ်ဉာဏ်ကို စားသုံးပြီးနောက် သူသည်လည်း ထိုအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

အိပ်မက်ပြီးဆုံးသွားပြီးနောက် နေရောင်အောက်တွင် ပေါ်ထွက်လာသော အပြစ်အားလုံးကို ကောင်းမင်၏ နှလုံးသားထဲတွင် သိမ်းဆည်းထားလိုက်သည်။

“ဒါက စီတုအန်းအိမ်ရဲ့ တကယ့်အစစ်အမှန်ပုံစံပဲ”

အူလမ်းကြောင်း၏ အဆုံးတွင် စေးကပ်နေသော အရိပ်သည် အနက်ရောင် ရေကန်တစ်ခုကို ဖွဲ့စည်းထားခဲ့သည်။ ၎င်းသည် လူတစ်ဦး၏ အစာအိမ်ဖြင့် တူလို့နေသည်။ ရေကန်ထဲတွင် ပျက်စီးနေသော နတ်ဘုရားရုပ်ထုများစွာရှိနေသည်။ ၎င်းတို့ထဲမှ အများစုမှာ မျက်လုံးများပွင့်နေကြသည်။ ရေကန်၏ ဘယ်ဘက်တွင် မပျက်စီးသေးသည့် အလောင်းများ ထည့်သွင်းထားသော သွေးသားနံရံတစ်ခု ရှိသည်။ ရေကန်၏ ညာဘက်တွင်မူ အလွန်အမင်းသန္ဓေပြောင်း အလောင်းများဖြင့် ဖွဲ့စည်းထားသည့် နံရံတစ်ခု ရှိသည်။

“ဘယ်ဘက်က တိုက်ခန်းတွေရဲ့ အုတ်မြစ်ဖြစ်ပြီး ညာဘက်က လီစန်းဆေးရုံပဲ”

သားစားကြူးနတ်ဘုရားသည် မျက်မမြင်လူအား ဆုပ်ကိုင်ထားသော ရုပ်ထုများကို ခြေမွပစ်လိုက်သည်။သို့သော်လည်း ထိုအပိုင်းအစများသည် ချက်ချင်း ပြန်လည်တည်ဆောက်သွား၏။ သူတို့၏ အပြုံးများမှာ ပိုမို အသက်ဝင်လာလေသည်။

“သူတို့က သေဆုံးနေတာ ကြာပြီ ၊ သူတို့ကို ဖျက်ဆီးဖို့ အလွယ်ဆုံးနည်းလမ်းက စားပစ်ဖို့ပဲ ၊ မဟုတ်ရင်တော့ သူတို့အပေါ်က ယုံကြည်မှု ပျောက်ကွယ်သွားတဲ့အထိ စောင့်ရမယ်”

ရွှမ်ဝမ်သည် သေလုဆဲဆဲဖြစ်နေသော မျက်မမြင်လူအား ကောက်ယူလိုက်သည်။ ထိုလူသည် ဆောင်းဦးလေတွင် လွင့်မျောနေသော သစ်ရွက်တစ်ရွက်နှင့် တူနေပေသည်။

“သူတို့ကို စားသုံးတာက သူတို့ ပူးကပ်ခံရနိုင်ခြေ ရှိပေမယ့် ရှင်နဲ့တော့ မဆိုင်ပါဘူး ၊ ရှင့်ထဲမှာ ကြောက်စရာကောင်းတဲ့ နတ်ဘုရားတစ်ပါး ရှိနေပြီးသားပဲလေ”

“ထွက်ခွာဖို့ အသင့်ပြင်ထားကြတော့!”

ကောင်းမင်က အနီရောင်မိုးကာအင်္ကျီအား သားစားကြူးနတ်ဘုရားကို သွားကူစေလိုက်သည်။ အနီရောင်မိုးကာအင်္ကျီသည် အနက်ရောင်ရေကန်ထဲသို့ ဆွဲသွင်းခံရလုနီးပါး ဖြစ်နေသည်။

မျက်နှာလေးခု အော်ဟစ်လိုက်သည်။သားစားကြူးနတ်ဘုရားက အရိပ်ကို လျစ်လျူရှုလိုက်သည်။ သူသည် အနက်ရောင်ရေကန်မှ ပေါက်ဖွားလာသူဖြစ်သည် ။သို့သော် ကောင်းမင်နှင့် ဆုံတွေ့ရခြင်းက သူ့အတွက် ကံကောင်းနေခြင်းပင်။

သားစားကြူးနတ်ဘုရား ထွက်ခွာသွားသည်နှင့် ကျိုးပဲ့နေသော ရုပ်ထုများသည် ချက်ချင်းပင် ကောင်းမင်အား ဝန်းရံလိုက်ကြသည်။ ကောင်းမင်သည် ရွှမ်ဝမ်နှင့်အတူ ဆုတ်ခွာလိုသော်လည်း ရွှမ်ဝမ်က ရှေ့တက်လိုက်သည်။

“အိမ်ကနေ ကျွန်မတို့အတွက် အကူအညီတချို့ ရှာတွေ့ခဲ့တယ်လေ”

သူမသည် အရုပ်သေတ္တာပေါ်မှ တိပ်ကို ခွာလိုက်ပြီး အရုပ်များကို ရုပ်ထုများထံ ပစ်ပေါက်လိုက်သည်။ အရုပ်များသည် သေတ္တာထဲမှ ထွက်လာသည်နှင့် သူတို့ခန္ဓာကိုယ်များသည် အရိပ်နှင့် ပြန်လည် ပေါင်းစည်းသွားပြီး နာကြည်းမုန်းတီးမှုများပြည့်နှက်နေသော လူနာများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

All Chapters