← Chapters

အိမ်

Vol. 19 Ch. 274

အိမ်

Vol. 19 Ch. 274

“မင်း ဝင်ချင်နေတာလား”

ခွေးကြီးသည် အပြင်းအထန်ကန့်ကွက်နေခဲ့သည်။

“တခြား ဆရာဝန်သုံးယောက် ကုသလို့ မရတဲ့ လူနာတွေကို ဘာလို့ ဒီကို လမ်းညွှန်တာလဲ ၊ ဒီဥမင်လိုဏ်ခေါင်းရဲ့ အဆုံးမှာ ဘာရှိနေတာလဲ”

ကောင်းမင်သည် မစ္စတာမေးခွန်း ချန်ထားခဲ့သော မြေပုံကို ထုတ်ယူလိုက်သည်။ ၎င်းသည် အစာအိမ်နှင့် အူလမ်းကြောင်းဌာန၏ ပုံစံကို အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။ သို့သော် မစ္စတာ မေးခွန်းသည် ထိုဌာနတွင် အိမ်ငယ်လေးတစ်လုံးကို ရေးဆွဲထားသည်။

“ဒီမြေပုံက သူငယ်တန်း ကလေးတစ်ယောက် ဆွဲထားသလိုပဲ”

ခွေးကြီးက ကောင်းမင်၏ အဝတ်ကို ကိုက်လိုက်သည်။

“အလျင်စလို မလုပ်နဲ့ ၊ ဒီနေရာက တစ်ခုခု မှားနေသလို ခံစားရတယ်”

“မင်း အိမ်သင်္ကေတကို အိမ်လို့ ထင်မိလား ၊ စီတုအန်းရဲ့ အိမ်က ဒီဥမင်လိုဏ်ခေါင်းအနက်ထဲမှာ ရှိနေတာလား”

ကောင်းမင်က နံရံများကို လက်ဖြင့် ထိတွေ့ကြည့်လိုက်သည်။ မည်သည့် စိုစွတ်သည့်အရာကိုမှ သူမခံစားရပေ။ သူ အထဲဝင်ရန် ကြိုးစားလိုက်သည်။

“ဘယ်သူက ဒီလို ရွံစရာကောင်းတဲ့ နေရာမျိုးမှာ သူတို့အိမ်ကို ဆောက်ထားမှာလဲ”

ခွေးကြီးက သူ့ခေါင်းကို ဆန့်လိုက်သည်။ သူသည် အော့အန်ချင်စိတ်ကို ထိန်း၍ ကောင်းမင်နောက်မှ လိုက်လာခဲ့သည်။

“ဥမင်လိုဏ်ခေါင်း... အူလမ်းကြောင်း…”

သူတို့နောက်မှ အလင်းရောင်သည် မှေးမှိန်သွားသည်။ ကောင်းမင်က သူသည် ဆာလောင်တစ္ဆေပွဲတော်ညဆီသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဝင်ရိုးလှည့်နေသည့် အသံကို ကြားလိုက်ရသည်။ ကောင်းမင် နောက်လှည့်ကြည့်လိုက်ရာ သူတို့နောက်မှ တံခါးသည် ပိတ်သွားပြီဖြစ်ကြောင်း သတိပြုမိသည်။ ပြန်ထွက်မည့် လမ်းမှာ ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။ အရာအားလုံးသည် ထိုအခိုက်အတန့်တွင် ပြောင်းလဲသွားပုံရသည်။

“ကောင်းမင်၊ နံရံတွေပေါ်မှာ တစ်ခုခု ကြီးထွားလာနေတယ် အဲ့ဒါတွေနဲ့ နီးနီးကပ်ကပ် မနေနဲ့”

ခွေးကြီးသည် ကောင်းမင်ကို သတိပေးလိုက်သော်လည်း ကောင်းမင်သည် ထူးဆန်းသော အခြေအနေတွင် ရှိနေခဲ့သည်။ ပတ်ဝန်းကျင်သည် သူ့အတွက် အလွန် ရင်းနှီးနေသလို ခံစားရသည်။ လှုပ်ယမ်းနေသည့် နံရံများ၏ အက်ကွဲကြောင်းများအတွင်းမှ အရိပ်များ ကြီးထွားနေကြသည်။ ကောင်းမင်က တစ်ခုခုကို ဆွဲထုတ်ရန် လက်လှမ်းလိုက်သည်။ ယင်းမှာ လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်က ယူနီဖောင်းတစ်ခု ဖြစ်သည်။ စီတုအန်းပိုင်ဆိုင်သည့် အိုင်ဒီကတ်ပြားတစ်ခုပင် ပါသေးသည်။ ဓာတ်ပုံထဲတွင် သူသည် ငယ်ရွယ်ချောမောပြီး မျက်လုံးများတွင် တရားမျှတမှု အလင်းရောင်များ တောက်ပနေသည်။ သူသည် ပထမဆုံး အမြင်တွင်ပင် ကောင်းမွန်သော ခံစားချက်ကို ပေးစွမ်းနေသည်။

“သူနာပြုလားတစ်ယောက်လား”

ကောင်းမင်သည် ဥမင်လိုဏ်ခေါင်းထဲ ဆက်လက်ရွေ့လျားလိုက်သည်။ နံရံတွင် မြှုပ်ထားသည့် ဓာတ်ပုံတစ်ပုံကို သူတွေ့လိုက်ရသည်။ စီတုအန်းနှင့် လူနာ မိသားစုတို့ အတူတကွ ရပ်နေကြသည်။ မိသားစုသည် သူ့အား အလွန်အမင်း ကျေးဇူးတင်စကား ပြောနေကြသော်လည်း သူတို့၏ မျက်နှာအချို့မှာ သတ်ဖြတ်ခံခဲ့ရသကဲ့သို့ အနီရောင် ကြက်ခြေခတ်ဖြင့် မှတ်သားထားခံရသည်။

“ယူနီဖောင်းနဲ့ အိုင်ဒီကတ်က သူ့အလုပ်ကို ကိုယ်စားပြုတယ် ၊ ဓာတ်ပုံက သူ့ရဲ့ ကိုယ်ချင်းစာစိတ်ကို ကိုယ်စားပြုတယ် ၊ သူပိုင်ဆိုင်တဲ့ အရာအားလုံးက ဥမင်လိုဏ်ခေါင်းထဲမှာ တဖြည်းဖြည်း ဆုံးရှုံးသွားပြီး အရိပ်ကမ္ဘာက အစာချေဖျက်နေတာပဲ”

ခွေးကြီးသည် သဲလွန်စများကို ဆန်းစစ်နေခဲ့သည်။ ကောင်းမင်က မည်သည့် တုံ့ပြန်မှုမှ မပေးခဲ့ပေ။

“ဘာလို့လဲ ၊ မင်းလည်း ဒီလို အတွေ့အကြုံမျိုး ရှိခဲ့တယ်လို့ ပြောတော့မလို့လား”

သူတို့ ပိုမို နက်ရှိုင်းစွာ စွန့်စားသွားလေ အသားနံရံများအတွင်း၌ အမျိုးမျိုးသောအရာများ ပိုမို ပေါ်လာလေဖြစ်သည်။ ဤဥမင်လိုဏ်ခေါင်းသည် စီတုအန်း၏ မသိရသေးသော အတိတ်ကို မှတ်တမ်းတင်ထားသည့် အချိန်ဥမင်တစ်ခုနှင့် တူသည်။ အစပိုင်းတွင် နံရံများမှ ထွက်လာသည့် အရာများသည် ဓာတ်ပုံများ၊ ယူနီဖောင်းများ၊ လူနာများထံမှ လက်ဆောင်များ၊ ပိုက်ဆံများနှင့် အခြားအရာများကဲ့သို့ ပစ္စည်းများဖြစ်သည်။ သို့သော် မင်္ဂလာလက်စွပ်တစ်ခု ပေါ်လာပြီးနောက် အရာအားလုံးသည် အမှောင်ဘက်သို့ ဦးတည်စပြုလာခဲ့သည်။

ကောင်းမင်သည် လက်စွပ်ကို စစ်ဆေးကြည့်ရှုလိုက်သည်။ လက်စွပ်ပေါ်ရှိ စိန်သည် အလွန်သေးငယ်သည်။ ၎င်းသည် ဈေးကြီးခြင်း မရှိပေ။ သို့သော်လည်း ၎င်းသည် ဥမင်လိုဏ်ခေါင်းထဲတွင် ထင်ရှားနေသည်။ ၎င်းသည် အလင်းရောင် အားလုံး စုစည်းနေခြင်းဖြစ်သည်။ ၎င်းသည် စီတုအန်းကို စိုက်ကြည့်နေသည့် မျက်လုံးတစ်လုံးနှင့် တူ၏။ မင်္ဂလာလက်စွပ်ပြီးနောက် လူ့ဆံပင်များ ပေါက်နေသည့် အရုပ်တစ်ရုပ် ထွက်ပေါ်လာသည်။ အရုပ်သည် ချစ်စရာကောင်းသော်လည်း ဆံပင်များဖြင့် ကြောက်စရာကောင်းမည့်ပုံ ပေါက်နေလေသည်။

ပထမအရုပ်နှင့် မလှမ်းမကမ်းတွင် ဒုတိယအရုပ် ရှိသည်။ ဒုတိယအရုပ်အတွက် ဆံပင်များအပြင် လူ့လက်သည်းများနှင့် သွားများ ပေါက်နေလေသည်။

“ဒီအရုပ်က လူနဲ့ ပိုပို တူလာတယ်”

မကြာမီတွင် ကောင်းမင်သည် လူ့အရေပြား ပါဝင်သည့် တတိယအရုပ်ကို တွေ့လိုက်ရသည်။ ထို့နောက် စတုတ္ထနံရံတွင် လူ့မျက်လုံးများနှင့် ကိုယ်တွင်းအင်္ဂါများ ရှိနေသည်။ ကောင်းမင်သည် နဝမမြောက်အရုပ်ကို မြင်သောအခါ အံ့အားသင့်သွားခဲ့သည်။ ထိုအရုပ်သည် လက်တွေ့ဘဝမှ ကလေးတစ်ဦးနှင့် မည်သို့မျှ မကွာခြားပေ။ အကြောက်စရာအကောင်းဆုံးအရာမှာ ကောင်းမင်သည် ဤအရုပ်ကို ဟန်သဲ့ပုဂ္ဂလိကအကယ်ဒမီတွင် မြင်ဖူးခြင်းဖြစ်သည်။ သူသည် စီတုအန်း၏ သားအရင်းပင်။

အရုပ်ကိုးခုသည် သာမန်အရုပ်တစ်ရုပ်၏ လူသားအဖြစ် ပြောင်းလဲလာသည့် လုပ်ငန်းစဉ်ကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ အခြားရှုထောင့်မှ ကြည့်လျှင် ၎င်းသည် သက်ရှိလူသားတစ်ဦးကို သရဲက မည်ကဲ့သို့ တဖြည်းဖြည်း အစားထိုးလိုက်ပုံကို ဖော်ပြနေသည်။ အရုပ်ကိုးခုသည် ပုံမှန်အတိုင်း ဖြစ်ပုံရသော်လည်း ၎င်းတို့သည် စီတုအန်း၏ သေဆုံးနေသော လူသားဆန်မှုကို ကိုယ်စားပြုသည်။

“အဖေ…”

ကောင်းမင်သည် ကောင်လေးတစ်ဦး၏ အသံကို ကြားလိုက်သည်။ သူနံရံအနီးသို့ လျှောက်သွားလိုက်ရာ ကလေး၏အသံသည် နံရံအတွင်းမှ လာနေကြောင်း သိလိုက်ရသည်။

“နံရံကနေ ကြီးထွာားလာတဲ့ အရာတွေက စီတုအန်း စွန့်ပစ်ခဲ့တဲ့ အရာတွေပဲ”

ကလေးငယ်သည် သူ့အဖေ အိမ်ပြန်အလာကို စောင့်နေဆဲဖြစ်သော်လည်း ထိုအရာသည် ဘယ်သောအခါမှ စီတုအန်း၏ ရည်ရွယ်ချက် မဟုတ်ခဲ့ပေ။

ဥမင်လိုဏ်ခေါင်းသည် ပိုမို ပြင်းထန်စွာ လှုပ်ရှားလာသည်။ နံရံမှ ကြီးထွားလာနေသော အရာများသည် ပိုမို ရူးသွပ်ပြီး ရက်စက်ကြမ်းကြုတ်လာ၏။ စီတုအန်းသည် သူ့ကိုယ်ပိုင်ကလေးကို သရဲအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ သူ့လိုလူက တခြားသူတွေကို ဘာလို့ သနားကြင်နာနေမှာတဲ့လဲ။

သူ၏ ကောင်းမွန်သောဝတ်စုံနှင့် ကြင်နာဟန်ဆောင်မှုတို့ဖြင့် သူသည် အထက်မြိဆုံးဓါးသွားကို အသုံးပြုကာ တစ်ယောက်ပြီးတစ်ယောက် လှပသောမျက်နှာများနှင့် မျှော်လင့်ချက်များပြည့်နေသော မျက်လုံးများကို ခွဲစိတ်ဖြတ်တောက်ပစ်ခဲ့သည်။

အသားနံရံများတွင် မပြည့်စုံသော အလောင်းများ ကြီးထွားနေကြသည်။ သူတို့သည် အကူအညီကို အလိုအပ်ဆုံးလူများ ဖြစ်ကြသော်လည်း စီတုအန်းကြောင့် တန်ဖိုးအရှိဆုံးသော အရာများကို စုပ်ယူခံခဲ့ရသည်။

အိမ်ခြေမဲ့များမှ ဟန်ဟိုင်း၏သူဌေးကြီးများအထိ စီတုအန်းသည် မည်သူ့ကို သတ်ဖြတ်ရာတွင် တရားမျှတသည်။ သူသည် သူ့အတွက် အကျိုးရှိမည့် မည်သည့်အရာကိုမဆို လုပ်ဆောင်မည်။ သူသည် သူ့လမ်းကို ပိတ်ဆို့သည့် လူတိုင်းကို ဖယ်ရှားပစ်မည်ဖြစ်သည်။ပျက်စီးနေသော မျက်နှာများမှာ နံရံများ၏ အက်ကွဲကြောင်းများတွင် ကြီးထွားနေသည်။ သူတို့သည် လက်များကို လှုပ်ယမ်းနိုင်ရုံမျှသာ ရှိသည်။သူတို့သည် ကောင်းမင်မား မှောင်မိုက်နေသော အူလမ်းကြောင်းထဲမှ ခေါ်ထုတ်သွားရန် တောင်းပန်နေကြသည်။

ဥမင်လိုဏ်ခေါင်းထဲ လျှောက်သွားရင်း ကောင်းမင်သည် အသက်တစ်ဝက်သေနေသော အလောင်းများကို ကြည့်ပြီး ဤအရာသည် အဘယ်ကြောင့် ရင်းနှီးနေသည်ကို နားလည်သွားခဲ့သည်။

“ဥမင်လိုဏ်ခေါင်းတွေပဲ…”

ဆာလောင်တစ္ဆေပွဲတော်ညတွင် သူ ဘတ်စ်ကားပေါ်မှ ဆင်းပြီးနောက် ဥမင်လိုဏ်ခေါင်းအတွင်း၌ အလားတူတစ်ခုခုကို မြင်ခဲ့ရသည်။

စီတုအန်း၏ ဥမင်လိုဏ်ခေါင်းထဲတွင် အလောင်းများသည် အခြားသူများ၏ အလောင်းများဖြစ်သည်။ ကောင်းမင်၏ ဥမင်လိုဏ်ခေါင်းထဲတွင် အလောင်းများအားလုံးသည် ကောင်းမင်၏ အလောင်းများ ဖြစ်သည်။

“လူတစ်ယောက်က ကံကြမ္မာကို စတင်ဖျက်ဆီးဖို့ အထူးဝတ်ပြုဓလေ့တစ်ခုကို လုပ်ဆောင်ဖို့ လိုအပ်တာဖြစ်မယ် ၊ စီတုအန်းက တခြားလူတွေရဲ့ ဘဝတွေကို သုံးတယ်၊ ငါကတော့ ငါ့ရဲ့ ကိုယ်ပိုင်ဘဝတွေကို သုံးခဲ့တယ်”

ကောင်းမင်သည် သူ့ဥမင်လိုဏ်ခေါင်း၏ အဆုံးတွင် ဘာရှိနေသည်ကို မသိသေးပေ။ သို့သော်လည်း ထိုအခိုက်အတန့်တွင် သူသည် စီတုအန်း၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်ကို မြင်တွေ့ရတော့မည်ဖြစ်သည်။ ကောင်းမင်နှင့် ခွေးကြီးသည် အဆုံးမဲ့ အလောင်းများကို ကျော်ဖြတ်၍ လျှောက်သွားလိုက်ကြသည်။သတ်ဖြတ်ခြင်းအားလုံးသည် ထူးခြားသည်။ သန္ဓေပြောင်းသရဲများနှင့် လူသားများ ပိုမိုထွက်ပေါ်လာကြသည်။ ရုတ်တရက် ကောင်းမင်နှင့် ခွေးကြီးတို့က ရယ်မောသံတစ်ခုကို ကြားလိုက်ရသည်။

အလောင်းများပြည့်နေသည့် ဥမင်လိုဏ်ခေါင်းထဲတွင် ထိုရယ်သံသည် အစီစဉ်မကျဖြစ်နေ၏။ ၎င်းသည် ပိုမို အပြစ်ကင်းစင်လေလေ ပိုမို ကြောက်စရာကောင်းလေလေ ဖြစ်သည်။

“ရှေ့မှာ စီတုအန်းရဲ့ အိမ်ရှိနေတာလား”

ခွေးကြီးလည်း မပြောနိုင်ခဲ့ပေ။ သူက ကောင်းမင်နောက်တွင် ပုန်းလိုက်သည်။

“ဥမင်လိုဏ်ခေါင်းရဲ့ အဆုံးမှာ စီတုအန်းရဲ့ အိမ် ရှိနေတာလား ၊ ဒါဆို ငါ့ရဲ့ ဥမင်လိုဏ်ခေါင်းရဲ့ အဆုံးမှာကော ငါ့အိမ်လား ၊ အဲဒီမှာ ငါ့မိသားစုနဲ့ ငါ့အတိတ် ရှိနေမလား”

All Chapters