← Chapters

အိမ်ကနေ ကြိုဆိုပါတယ်

Vol. 19 Ch. 277

အိမ်ကနေ ကြိုဆိုပါတယ်

Vol. 19 Ch. 277

သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးက ဆက်တိုက် ဖုန်းခေါ်နေလေသည်။ သူမသည် စီတုအန်းအတွက် စိုးရိမ်ပူပန်နေခြင်း ဖြစ်သည်။ အပြင်လူများအတွက် စီတုအန်းသည် မည်မျှပင် အထင်ကြီးစရာကောင်းနေပါစေ သူမမျက်လုံးထဲတွင်တော့ အမြဲတမ်း ကလေးတစ်ဦးသာဖြစ်သည်။ သူသည် ဒုက္ခရောက်မည့်၊ ဒဏ်ရာရမည့်၊ လူများကို စိတ်ပူပန်စေမည့် ကလေးတစ်ယောက်သာ ဖြစ်သည်။

“နောက်ကျနေပြီ ၊ သူက ဖုန်းလည်း မကိုင်ဘူး ၊ တစ်ခုခု ဖြစ်နေပြီလား မသိဘူး”

သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးက ဖုန်းကို ထပ်ခါထပ်ခါ ခေါ်ဆိုနေသည်။ ကောင်းမင်က ဘေးမှာ မတ်တတ်ရပ်နေသည်။ စီတုအန်းသည် သူ့နှလုံးသားထဲတွင် ပိတ်မိနေသည့်အတွက် ဖုန်းကို မဖြေနိုင်သလို ပြန်လာမည်မဟုတ်ကြောင်းကိုလည်း သူသိသည်။

“သူ အလုပ် ရှုပ်နေလို့ ဖြစ်မယ် ၊ သူ့ကို စောင့်ရင်းနဲ့ ငါတို့ ထမင်းစားကြရအောင်”

သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးသည် ဖုန်းကို ချလိုက်သည်။ သူမက ထမင်းခူးရန် မီးဖိုချောင်ထဲသို့ ဝင်သွားသည်။ ဖုန်းခေါ်ဆိုမှုများ ရပ်သွားသော်လည်း ဖုန်းရင်းတုန်းသံသည် ကောင်းမင်၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်နေဆဲပင်။ ထိုအသံသည် စီတုအန်း၏ အဖြေကို စောင့်နေသကဲ့သို့ ပို၍ ရှင်းလင်းလာလေသည်။

စီတုအန်းသာ တကယ်ပြန်ဖြေလိုက်လျှင် ဘာဖြစ်လာမလဲ။

ကောင်းမင်သည် ဟင်းပန်းကန်များ ပြည့်နေသည့် စားပွဲကို ကြည့်လိုက်သည်။ နေရောင်သည် ပြတင်းပေါက်မှတစ်ဆင့် ထိုးဖောက်ဝင်ရောက်လာပြီး အခန်းကို နှစ်ပိုင်း ပိုင်းခြားထားသည်။ သူသည် အရိပ်ထဲ ရပ်နေခြင်းဖြစ်ပြီး စားပွဲဘက်ခြမ်းမှာ ပိုလင်းကျင်းနေသည်။

“ဒီ ထမင်းစားပွဲက အစားအသောက်အတွက် ဖြစ်နေပုံမရဘူး”

ကောင်းမင်သည် မှောင်ရိပ်ထဲတွင် ဆက်နေလိုက်ပြီး အခန်းတွင်းမှ ပုံမှန်မဟုတ်သည်များကို ဆက်လက်ရှာဖွေလိုက်သည်။

“စီတုအန်းရဲ့ အိမ်မှာ ဒီထက်မက ရှိနေရမယ် ၊ သူကိုယ်တိုင် ဖန်တီးခဲ့တဲ့ အပြစ်တွေက အရမ်းများတယ် ၊ သူ့ကြောင့် မိသားစု ဘယ်နှစ်ခု ကွဲပြားပျက်စီးခဲ့ရပြီလဲ ၊ သူ့အိမ်က ဘယ်လိုလုပ် နွေးထွေးမှုနဲ့ ချစ်ခြင်းမေတ္တာကို ထိန်းသိမ်းထားနိုင်မှာလဲ “

“သွေးတွေက ငါမမြင်နိုင်တဲ့ နေရာတွေ၊ နေရောင် မထိနိုင်တဲ့ ထောင့်တွေမှာ ပုန်းကွယ်နေနိုင်တယ် ၊ ပုပ်သိုးနေတဲ့ အလောင်းတွေကို ဒီပတ်ဝန်းကျင်မှာ ဝှက်ထားတာဖြစ်ရမယ်!”

ကောင်းမင်၏ ဖိနပ်သည် ဗီရိုနှင့် တိုက်မိသွားသည်။ ဗီရိုနှင့် နံရံထောင့်ကြားတွင် စုတ်ပြဲနေသော စက္ကူပုံးလေးတစ်ပုံး ရှိသည်။ ထိုပုံးသည် သေးငယ်ပြီး အရုပ်များစွာဖြင့် ပြည့်နေသည်။ တိုက်ခန်းထဲရှိ အရာအားလုံးသည် ကောင်းမင်အတွက် ရင်းနှီးနေသော်လည်း... ထိုအရုပ်ပုံးလေးတစ်ခုတော့ ချန်လှပ်ထားခဲ့သည်။ အရုပ်အများစုတွင် လူသားပုံသဏ္ဌာန် ရှိသည်။ သတ္တု ဂိမ်းဦးထုပ်ကို ကိုင်ထားသည့် ကလေးတစ်ဦး၊ အမြီးရှည်တစ်ချောင်းပါသော ညအိပ်ခေါင်းစွပ် ဝတ်ထားသည့် သူနာပြုတစ်ဦး၊ ခေါင်းကြီးကြီးနှင့် ချစ်စရာကောင်းသော အရုပ်ကလေးတစ်ဦးနှင့် မျက်ကွင်းညိုနေသည့် နာမည်ကြီးလူတစ်ဦး၏ အရုပ်များ ပါဝင်သည်။

“ဟင်?”

ကောင်းမင်ကိုင်ထားသည့် အရုပ်သည် မျက်လုံး လှုပ်ရှားသွားသွားပုံရသည်။ ကောင်းမင်သည် အရုပ်၏ မျက်လုံးအိမ်အား တို့ထိလိုက်သည်။ ထို နာမည်ကြီးအမျိုးသားအရုပ်၏ လက်ရာမှာ ညံ့ဖျင်းလှသည်။ မျက်ခွံပင် မရှိပေ။ဆင်တူသော အရုပ်များစွာ ရှိနေသည်။ ၎င်းတို့သည် သူများ စွန့်ပစ်ထားသော အရုပ်ဟောင်းများ သို့မဟုတ် ဈေးကွက်တွင် ရောင်းချသော အရုပ်များ ဖြစ်ပုံမရပေ။ ၎င်းတို့အား သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးက စုဆောင်းထားပုံရလေသည်။

“စီတုအန်း ငယ်ငယ်က ဒါတွေနဲ့ ဆော့ဖူးတယ်လေ ၊ ဒီအရုပ်တွေကို အပြင်က ကလေးတွေကို ပေးမလို့ ငါ စုထားခဲ့တာ၊ ဒါပေမဲ့ စီတုအန်းက လက်မခံခဲ့ဘူးလေ ၊ သူ့အသက်အရွယ်နဲ့ ဘာလို့ ဆက်ထားနေလဲဆိုတာတော့ မသိဘူး”

သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးက ထမင်းပန်းကန်နှစ်လုံးကို ကိုင်၍ ထွက်လာသည်။

“စားရအောင်”

သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးက ပြတင်းပေါက်ကို ဆက်ကြည့်နေသည်။ နွေဦး၏အစောပိုင်း နေရောင်သည် နွေးထွေးသည်။ ပြတင်းပေါက်အပြင်ဘက် မြင်ကွင်းသည် အသက်ဝင်နေသည်။ အချိန်သည် ထိုအိမ်ရာဟောင်းတွင် ဖြည်းညှင်းစွာ စီးဆင်းနေသည်နှင့်တူသည်။ ဟင်းလျာအားလုံး ပြင်ဆင်ပြီးသော်လည်း ရှိသင့်သူများ မရှိနေ ထိုင်သင့်သူများ မထိုင်ဖြစ်သေးပေ။ တစ်ယောက်သည် သားဖြစ်သူ ပြန်အလာကို စောင့်နေပြီး နောက်တစ်ယောက်ကတော့ နောက်ဆုံး အဖြစ်အပျက်ကို စောင့်ဆိုင်းနေလေသည်။

“မင်းမှာ ကလေးရှိလား”

သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးက ရုတ်တရက် မေးလိုက်သည်။

“ဘာလို့လဲ”

ကောင်းမင်သည် နောက်သို့ လှည့်ကြည့်လိုက်ရာ အမျိုးသမီးကြီးက ဟင်းပွဲများကို ခွက်ငယ်တစ်ခုထဲသို့ ခပ်ထည့်ပြီး စီတုအန်းအတွက် သီးသန့် ချန်ထားသည်ကို တွေ့ရသည်။

“မင်းက အရုပ်တွေကို ကြည့်နေလို့လေ ၊ မင်း ကလေးတွေအတွက် ဝယ်ပေးဖို့ စီစဉ်နေတယ် ထင်လို့ပါ”

အမျိုးသမီးကြီးက စီတုအန်းအတွက် ရည်ရွယ်ထားသည့် ခွက်ကို အုပ်ထားလိုက်သည်။

“စားရအောင်”

ဤသည်မှာ အမျိုးသမီးကြီးက ကောင်းမင်ပါး စားပွဲတွင် အတူတူ ထိုင်ရန် ဒုတိယအကြိမ် ဖိတ်ခေါ်ခြင်းဖြစ်သည်။ ဟင်းနံ့မွှေးမွှေးက သူ့အတိတ်မှ အမှတ်ရစရာများကို ဆွဲဆောင်နေသည်။ ကောင်းမင်သည် စားပွဲဘက်သို့ မရည်ရွယ်ဘဲ လှမ်းသွားမိသည်။ သူသည် မည်သည့် အန္တရာယ်ကိုမှ မခံစားရပေ။ စားပွဲနှင့် ပိုနီးလာသည်နှင့်အမျှ ကောင်းမင်သည် သူ့နာမည်ကို တစ်စုံတစ်ဦးက ခေါ်နေသည်ကို ကြားလိုက်ရသည်။ သို့သော် ထိုအသံသည် သူ့နှလုံးသားမှ ထွက်ပေါ်လာသည့် ရင်းတုန်းသံဖြင့် မကြာမီတွင် ဖိနှိပ်ခံလိုက်ရသည်။ ကောင်းမင်သည် စားပွဲသို့ ရောက်လာပြီး စီတုအန်းအတွက် ရည်ရွယ်သည့် ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးက သူ့ကိုယ်သူ ရေရွတ်လိုက်သကဲ့သို့

“ကလေးရယ်၊ မင်းက ငါ့သားနဲ့ တော်တော် ဆင်ပါလား”

သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးသည် အလွန် ကြင်နာတတ်ပြီး နူးညံ့ပြီး ပွင့်လင်းသူ ဖြစ်သည်။

“စီတုအန်းက သူငယ်ချင်းသိပ်မရှိဘူး။ သူက အမြဲတမ်း အရမ်းကြိုးစားလွန်းပြီး ပထမနေရာကိုပဲ ရည်မှန်းတာလေ ၊ သူက သူများနဲ့ ဘယ်လို မျှဝေရမယ်ဆိုတာ မသိဘူး”

အမျိုးသမီးကြီးက သက်ပြင်းချသည်။

“တခြားမိဘတွေက သူတို့ကလေးတွေ ပညာကြိုးစားပြီး အနာဂတ် ကောင်းဖို့ မျှော်လင့်ကြပေမဲ့ ငါကတော့ စီတုအန်းကို သူ့ကိုယ်သူတင်းကျပ်နေတာကို လျှော့စေချင်တယ် ၊ သူ ကျန်းမာနေရင်ပဲ ငါကျေနပ်ပါပြီ”

ကောင်းမင်က သူ့ကို ကြည့်နေသည်ကို သတိထားမိသောအခါ သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးသည် ချက်ထားသော နံရိုးများကို ကောင်းမင်ဘက်သို့ တွန်းပေးသည်။

“မြည်းကြည့်ပါဦး ၊ စီတုအန်းက ငါဟင်းချက်တာကို သဘောကျခဲ့တာ ၊ နေ့တိုင်း ချီးကျူးတော့ ငါ့ကိုယ်ငါ ထူးချွန်တဲ့စားဖိုမှုးတစ်ယောက်လို ခံစားရစေတယ်လေ”

ကောင်းမင်သည် တူဖြင့် နံရိုးတစ်ချောင်းကို ကောက်ယူလိုက်သည်။ သူသည် ချက်ချင်း မစားဘဲ အမျိုးသမီးကြီး ပြောသော စကားကို ဆင်ခြင်နေသည်။ ‘စီတုအန်းက ကျွန်မချက်တာကို သဘောကျခဲ့တာ’

ဆိုလိုသည်မှာ စီတုအန်းသည် သူမချက်ပြုတ်ထားသည်ကို နောက်ထပ် မကြိုက်တော့ သို့မဟုတ် စီတုအန်းသည် သူမချက်ပြုတ်ထားသည်ကို အချိန်အတန်ကြာ မစားရတော့ဟု ဆိုလိုသည်။ ကောင်းမင်သည် ဤအသေးစိတ်အချက်ကို ဖမ်းမိပြီး တစ်စုံတစ်ခုကို နားလည်သွားသည်။ သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးသည် သူ့ကိုယ်သူ လိမ်ညာနေခြင်းဖြစ်သည်။ စီတုအန်းသည် ဘယ်တော့မှ အိမ်သို့ ပြန်မလာတော့ကြောင်း သူမသိနေပေသည်!။

ထိုသို့ဆိုလျှင် သူမသည် သူ့အား ထိုမျှ စိတ်အားထက်သန်စွာဖြင့် အဘယ်ကြောင့် ကြိုဆိုနေရသနည်း။ ဆိုလိုသည်မှာ သူမသည် သူမ၏ ‘အိမ်’ တွင် အမြဲတမ်း နေလိုခြင်းပင်ဖြစ်သည်။

ဒုန်း! ဒုန်း! ဒုန်း!

ရုတ်တရက် တံခါးခေါက်သံ ကြားလိုက်ရသည်။ ကောင်းမင်က တူကို ချလိုက်သည်။

“ဒါ စီတုအန်း ဖြစ်ရမယ် ကျွန်တော် တံခါးသွားဖွင့်လိုက်မယ်”

သူသည် ပြေးလွှားသကဲ့သို့ စားပွဲမှ ထွက်ခွာသွားသည်။ အမျိုးသမီးကြီးက မျှော်လင့်တကြီးဖြင့် အိမ်ရှေ့တံခါးကို မတ်တတ်ရပ်၍ ကြည့်နေသည်။ သူမသည် စီတုအန်း အိမ်ပြန်လာရန် မည်သူ့ထက်မဆို ပို၍ ဆန္ဒရှိပေသည်။

ကောင်းမင်က လေးလံသော တံခါးကို ဖွင့်လိုက်သည်။ နွေရာသီ လေပြေသည် နေရောင်၏ နွေးထွေးမှုကို အခန်းထဲသို့ သယ်ဆောင်လာသည်။ ဆံပင်နက်များသည် သူမ၏ ပါးပြင်ကို ပွတ်သပ်သွားပြီး ထမင်းနံ့သည်လည်း မှေးမှိန်သွားရသည်။

စကတ်သည် လေတွင် တဖျတ်ဖျတ်လှုပ်ခါသွားသည်။ ပုစဉ်းရင်ကွဲသံများ မှေးမှိန်သွား၏။ လောကကြီးသည် တိတ်ဆိတ်သွားတော့သည်။ တံခါးအပြင်ဘက်မှ အမျိုးသမီးသည် ကောင်းမင်နှင့် မျက်နှာချင်းဆိုင် ရပ်နေလေသည်။ အမျိုးသမီး၏ ရင်းနှီးသော မျက်နှာကို မြင်လိုက်ရသည့်အခါ ကောင်းမင် တုန်လှုပ်သွားခဲ့သည်။ သူတို့သည် ဤကဲ့သို့ ပြန်လည် ဆုံတွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့။

“ရွှမ်ဝမ်လား”

ကောင်းမင်က သူ့အသံကို တိုးလိုက်သည်။

တံခါးမှ ရွှမ်ဝမ်က တုန်လှုပ်သွားသည်။ သို့သော် သူမသည် ကောင်းမင်ကို မသိကျိုးကျွန်ပြုသည့်အလား ယဉ်ကျေးစွာ တစ်လှမ်းနောက်ဆုတ်၍ ပြောလိုက်သည်။

“မင်္ဂလာပါ”

ကောင်းမင်က တခြားဘာမှ မပြောတော့ဘဲ ဤသည်မှာ သူတို့၏ ပထမဆုံး တွေ့ဆုံမှုသဖွယ် ပူးပေါင်းဆောင်ရွက်မှုဖြင့် ခေါင်းညိတ်လိုက်သည်။ သူ့နှလုံးသားထဲမှ ရင်းတုန်းသံသည် ဆူညံနေသည်။ ကောင်းမင်က သူမအတွက် လမ်းဖယ်ပေးလိုက်သည်။

“မင်းလည်း ဒီအိမ်ထဲကို ဝင်ချင်ပါသလား”

All Chapters