← Chapters

ကုသမှု

Vol. 19 Ch. 273

ကုသမှု

Vol. 19 Ch. 273

“ဒီအခန်းတွေက ငါတို့လာတုန်းကနဲ့ လုံးဝမတူတော့ဘူး”

အနောက်ဘက် အဆောက်အဦ၏ အတွင်းပိုင်းသည် တိတ်ဆိတ်မနေတော့ချေ။ ညရောက်လာပြီးနောက် လီစန်းဆေးရုံမှ ဆရာဝန်များသည် စတင်အလုပ်စလုပ်နေကြပြီဖြစ်သည်။ သန္ဓေပြောင်း လူနာများက အခန်းများထဲတွင် လှည့်ပတ်သွားလာနေကြသည်။ ဆေးခန်းတွင် တန်းစီနေသူများမှာ ရှည်လျားလှသည်။လူနာများ၏သန္ဓေပြောင်းခြင်းကိုသာ လျစ်လျူရှုလိုက်ပါက အရာအားလုံးသည် တကယ့်ကမ္ဘာအစစ်လိုပင်။သူတို့ထဲမှ တချို့သည် လူနဲ့ပင် မတူတော့ချေ။ မျက်နှာတစ်ခုပါရှိသည့် အသားစိုင်ကြီးများလိုပင်။

“သူတို့ကို မနှောင့်ယှက်နဲ့”

ခွေးကြီးက လူနာများကို ရစ်ပတ်နေသည့် အရိပ်ကို မြင်လိုက်ရသည်။ သူတို့သည် အရိပ်ကမ္ဘာ၏ နိုင်ငံသာများဖြစ်သည်။ အနောက်ဘက်အဆောက်အဦတစ်ခုလုံးသည် အရိပ်များ၏ ဝါးမျိုခြင်းကို ခံခဲ့ရပြီးဖြစ်သော်လည်း ဤနေရာမှာ သူတို့ အိမ်ဖြစ်သည်။

“ငါတို့ အခု အရိပ်ကမ္ဘာရဲ့ အတွင်းပိုင်းကို ရောက်နေပြီ ၊ ငါတို့ ဒီမှာကြာကြာနေလေလေ ဒီအရိပ်ကမ္ဘာရဲ့ ဖျက်ဆီးတာကို ခံရဖို့ ပိုများလေလေပဲ”

ခွေးကြီးမှာ အလွန် သတိကြီးနေ၏။

“ပုံမှန်ဆိုရင် အရိပ်ကမ္ဘာထဲက အဆောက်အဦတစ်ခုထဲကို ငါဝင်ဖို့တောင် မဝံ့ရဲဘူး ၊ အရိပ်တွေ ကိုယ်တိုင် ထုတ်လုပ်နိုင်တဲ့ ဒီလိုနေရာမျိုးတွေနဲ့ ကြုံရမှာကို ငါကြောက်လို့ပဲ”

“မင်း ဘာကိုဆိုလိုတာလဲ”

ကောင်းမင်က ရုတ်တရက် မေးခွန်းတစ်ခု ထွက်လာလေသည်။

“အရိပ်ကမ္ဘာထဲက အရိပ်ဆိုတာ ဘာလဲ ၊ မင်းက အရိပ်တွေကြားမှာ လွတ်လွတ်လပ်လပ် လှုပ်လျားနိုင်တယ်လေ၊ မင်း နားလည်သင့်တယ် မဟုတ်ဘူးလား”

ခွေးကြီးက သူ့ခေါင်းကြီးကို ခါလိုက်သည်။

“အရိပ်ဆိုတာ လူသားရဲ့ စိတ်ခံစားမှုတစ်ခုနဲ့တူတယ် ၊ လူတစ်ယောက် စိတ်ဆိုးတဲ့အခါ ဒေါသဆိုတဲ့ စိတ်ခံစားချက်တွေကို ထုတ်လွှတ်တယ် ၊ အရိပ်ဆိုတာ ကမ္ဘာတစ်ခု သေဆုံးသွားတဲ့အခါ ကျန်ရစ်ခဲ့တဲ့ စိတ်ခံစားမှုတစ်ခု နဲ့ တူတယ် ၊အဲ့ထဲမှာ အရာများစွာ ပါဝင်တယ် ၊ စိတ်ပျက်အားငယ်မှုနဲ့ နာကျင်မှုတွေ ပါဝင်ပေမဲ့ အများစုကတော့ ဝမ်းနည်းမှုပဲ”

ခွေးကြီး၏အမွေးများသည် ရေထဲမှ ရေမှော်ပင်များကဲ့ လေထဲတွင် တလွင့်လွင့် ဖြစ်နေသည်။

“ငါ အရိပ်ထဲကို ပျော်ဝင်နိုင်တာက ငါ ထုတ်လိုက်တဲ့ စိတ်ခံစားချက်တွေက အရိပ်နဲ့ ဆင်တူနေလို့ပဲ ၊ ဒါပေမဲ့ ဒါကပဲ ငါ့ကို ကြောက်ရွံ့စေတာ ၊ ငါ့ အတွေ့အကြုံကို ငါ သိတယ်။ မျက်စိမမြင်၊ နားမကြားတဲ့ ကလေးတစ်ယောက်ဟာ အကြမ်းဖက်မှု၊ မှောင်မိုက်မှုနဲ့ ထိတ်လန့်မှုတွေကြားမှာ ကြီးပြင်းလာခဲ့တယ်။ အရိပ်ရဲ့ စိတ်ခံစားမှုတွေဟာ ငါ့ စိတ်ခံစားမှုတွေနဲ့ ဆင်တူတယ် ၊ဆိုလိုတာက အဲဒါက ငါ့လို အတွေ့အကြုံမျိုးရှိခဲ့တယ် ဆိုတဲ့အဓိပ္ပာယ်ပဲ”

“ကမ္ဘာတစ်ခုက ကြောက်ရွံ့မှုကို ခံစားရနိုင်တာလား”

“အရိပ်ကမ္ဘာဆိုတာ သေဆုံးနေတဲ့ ကမ္ဘာတစ်ခုပါပဲ”

ခွေးကြီးက အစာအိမ်နှင့် အူလမ်းကြောင်းဌာန ရှေ့တွင် ရပ်လိုက်သည်။ တခြားဌာနများနှင့် ယှဉ်ရလျင် တံခါးသည် အလွန်ကျယ်ပြီး နေရာမှာလည်း ကြီးမားသည်။ ကော်ရစ်ဒါတွင် လူနာများ တန်းစီနေကြသည်။ သူတို့သည် သူတို့ အလှည့်ရောက်သည့်အခါ ကုလားကာကို ဖြတ်လျှောက်၍ ကုသခန်းထဲ ဝင်သွားကြသည်။ လူနာအများစုသည် ကုသခန်းမှ ထွက်လာပြီးနောက် ပိုမို အခြေအနေကောင်းလာသည်ကို ခံစားရသည်။

ခွေးကြီးသည် ခေါင်းငုံ့လိုက်ပြီး ကောင်းမင်အား ခပ်တိုးတိုး ပြောလိုက်သည်။

“လီစန်းဆေးရုံမှာ လူနာ နှစ်မျိုးရှိတယ် ၊ ပထမအမျိုးအစားကတော့ လက်တွေ့ကမ္ဘာကနေ ဆေးရုံကို ပို့လိုက်တဲ့ လူနာတွေပဲ ၊ သူတို့ရဲ့ စိတ်အခြေအနေတွေက မတည်ငြိမ်ကြဘူး ၊ သူတို့အများစုက အရိပ်တွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံစားခဲ့ရပြီး ရူးသွပ်သွားခဲ့ကြတယ် ၊ သူတို့ရဲ့ သန္ဓေပြောင်းအခြေအနေက များသောအားဖြင့် သူတို့ရဲ့ အကြောက်တရားနဲ့ သက်ဆိုင်တယ်၊ ဒုတိယအမျိုးအစားကတော့ ငါတို့ အခုတွေ့နေရတဲ့ လူနာတွေပဲ ၊ သူတို့က အရိပ်ကမ္ဘာရဲ့ ဒေသခံတွေဆိုတော့ သူတို့ ဒီကဘဝနဲ့ အသားကျနေကြပြီ ၊ သူတို့ရဲ့ အရေခွံတွေပေါ်မှာ အရိပ်အလွှာပါးပါးလေး ရှိတယ်၊ သူတို့က တည်ငြိမ်တယ် ၊ ​​ဘာလို့လဲဆိုတော့ သူတို့အတွက် မူမမှန်မှုတွေဟာ သူတို့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့်ပဲ”

“ဒုတိယအမျိုးအစားကို လူလို့ သတ်မှတ်နိုင်သေးလား”

ကောင်းမင် ပြောလိုက်တဲ့အချိန်မှာတွင် သူနာပြုတစ်ဦးက လူနာတစ်ဦးကို အခန်းထဲမှ တွန်းထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် အပိုင်းပိုင်းဖြတ်တောက်ခံထားရသော်လည်း သွေးများ ထွက်မနေပေ။ ဒဏ်ရာများတဝိုက်တွင် အရိပ်များသာ စီးဆင်းနေ၏။

“ငါတော့ မထင်ဘူး”

ဒေသခံများ၏ ခန္ဓာကိုယ်များသည် အခေါင်းပေါက် ဖြစ်နေပြီး အခွံသက်သက်သာ ကျန်ရှိနေခြင်းဖြစ်သည်။ သူတို့၏ အသက်စွမ်းအားများသည် စုပ်ယူခံလိုက်ရပြီးဖြစ်၍ အခွံများသည် ထိုစိတ်ပျက်အားငယ်မှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာကြသည်။ တစ်နည်းအားဖြင့် ဒေသခံအများစုသည် အရိပ်များ ဖြစ်နေကြချေပြီ။

အစာအိမ်နဲ့ အူလမ်းကြောင်းဌာနအတွင်းမှ နောက်နံပါတ်တစ်ခုကို ခေါ်လိုက်သောအခါ ခွေးကြီး၏ မျက်လုံးများက ကလယ်ကလယ်ဖြစ်သွားလေသည်။ ကုသခန်းထဲ ဝင်ခါနီး လူနာအား သူ စိုက်ကြည့်လိုက်သည်။ ထို့နောက်တစ်ကိုယ်လုံး မျိုချလိုက်လေသည်။

“ဒါက တန်းကျော်တာ မဟုတ်ဘူး မဟုတ်လား”

ခွေးကြီးက တံခါးကို တွန်းဖွင့်လိုက်သည်။ သူနှင့် ကောင်းမင်တို့က အခန်းထဲ ဝင်လိုက်ကြသည်။

“ဘာဖြစ်တာလဲ”

စားပွဲနောက်တွင် မျက်မှန်တပ် အမျိုးသမီးဆရာဝန်တစ်ယောက် ထိုင်နေ၏။ သူမသည် အသက်ကြီးသေးပုံ မရပေ။ သူမ၏ လှပသော မျက်လုံးများက မျက်မှန်ထူထူနောက်တွင် ပုန်းကွယ်နေလေသည်။ သူမသည် တံခါးဖွင့်သံ ကြားသော်လည်း သူမ၏အကြည့်က ကွန်ပျူတာစခရင်ပေါ်တွင်သာ ရှိနေပြီး လူနာအား လှည့်မကြည့်ပေ။

“ကျွန်တော် ဗိုက်နာနေတယ်၊ အဖျားနည်းနည်း ရှိတယ်”

ကောင်းမင်သည် ထိုင်ရန် နေရာရှာချင်သော်လည်း အခန်းထဲတွင် ထိုင်ခုံတစ်လုံးမှ မရှိချေ။

အမျိုးသမီးဆရာဝန်က သူ့ဘာသာ ပြောနေသကဲ့သို့ ရေရွတ်လိုက်သည်။

“အစာအများကြီး စားမိတာ ဒါမှမဟုတ် မစားသင့်တဲ့ အရာတစ်ခုခု စားမိတာဆိုရင် ဘယ်ဘက်က ဒုတိယအခန်း ကို သွားပြီး ဆေးသောက်ပါ ၊ ခေါင်းက အစားအသောက်တွေကို ရွံစရာကောင်းတယ်လို့ ပြောလာပြီး အစားအသောက်တွေကို ဆံပင်နဲ့ လက်ချောင်းတွေလို တခြားအရာတွေအဖြစ် မြင်လာပြီဆိုရင် ကုသမှုခံယူဖို့ ဘယ်ဘက်က တတိယအခန်း ကို ဝင်ပါ ၊ ဗိုက်ထဲမှာ တစ်ခုခု ကြီးထွားလာသလို နာကျင်နေရင်တော့ ဘယ်ဘက်က စတုတ္ထအခန်း ကို အသုံးပြုပါ”

“တခြားရောဂါလက္ခဏာတွေ ရှိရင် ဘယ်လိုလုပ်မလဲ”

“ဘယ်အခန်းမှ အကူအညီမပေးနိုင်ရင် ဘယ်ဘက်က ပထမအခန်း ကို သွားပါ”

ဆရာဝန်မသည် တူညီသောအရာများကို ထပ်တလဲလဲပြောနေလေသည်။ ကောင်းမင် သံသယဖြစ်သွားသည်။ သူက စားပွဲတစ်ဖက်ကို လျှောက်သွားလိုက်ရာ အမျိုးသမီးဆရာဝန်တွင် ခန္ဓာကိုယ်အောက်ပိုင်းမရှိသည်ကို သိလိုက်ရသည်။ သူမ၏ခါးအဆုံးသည် အရိပ်အဖြစ် ဝါယာကြိုးများကို ရစ်ပတ်နေ၏။ အမျိုးသမီးဆရာဝန်၏ ဝိညာဉ်သည် ကွန်ပျူတာဟောင်းတွင် ပိတ်မိနေပုံရသည်။

“လီစန်းဆေးရုံက အရိပ်လောကမှာ ရှိနေတာ ၊ သူက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လူနာတွေကို ကုသပေးနေခဲ့တယ်”

ခွေးကြီးသည် သူ့ခန္ဓာကိုယ်အား အခန်းထဲတွင် လှုပ်ရှားလိုက်သည်။

“စီတုအန်းက လီစန်းဆေးရုံကို လက်တွေ့ကမ္ဘာကနေ အရိပ်ကမ္ဘာထဲ ဆွဲထည့်ခဲ့တာ မဟုတ်ဘူး၊ ဒါပေမဲ့ သူက အရိပ်ကမ္ဘာက ဆေးရုံကို လက်တွေ့ကမ္ဘာက ဆေးရုံနဲ့ လဲလှယ်လိုက်တာ ဖြစ်နိုင်တယ်”

“လွန်ခဲ့တဲ့ နှစ်များစွာက စီတုအန်းရဲ့ ကံကြမ္မာဟာ ဒီဆေးရုံမှာ ပြောင်းလဲသွားခဲ့တာ ၊ သူနာပြုအဖြစ် သူ အလုပ်လုပ်ခဲ့တုန်းက အရိပ်ကမ္ဘာထဲက ဆေးရုံထဲကို မတော်တဆ ဝင်သွားခဲ့တာ ဖြစ်နိုင်တယ်”

ကောင်းမင်က အမျိုးသမီးဆရာဝန်၏ အမိန့်များကို လိုက်နာလိုက်သည်။ ဘယ်ဘက်သို့ ကွေ့လိုက်ပြီး ဒုတိယတံခါးမှ စတုတ္ထတံခါးထံ လျှောက်သွားလိုက်သည်။ အခန်းတိုင်းတွင် သရဲနီတစ်ကောင်စီ ရှိနေပေသည်။

ထိုဖျားနာခန်း သုံးခန်းသည် နာကြည်းခြင်းအခန်း သုံးခန်းဖြစ်သည်။သရဲနီများသည် အဖြူရောင်ကုတ်များ ဝတ်ဆင်ထားပြီး ကိရိယာမျိုးစုံကို ကိုင်ဆောင်ထား၏။ ဆေးများသည် စိတ်ထုံထိုင်းစေသော ဆေးများဖြစ်သည်။ ထူးဆန်းသည့် အင်းဆက်များ ၊ အနံ့ပြင်း ဆေးရည်များနှင့် ကျိန်စာသင့်ပစ္စည်းများလည်း ရှိသည်။ လူသတ်သမား၏ လက်နက်များ၊ ကလေး ဆံပင်များနှင့် အလောင်းအဝတ်အစားများပါ ဆေးဝါးအဖြစ် အသုံးပြုနေကြသည်။

အမျိုးသမီးဆရာဝန်နှင့် မတူသည်က သရဲနီဆရာဝန်သုံးယောက်သည် ကောင်းမင်နှင့် ခွေးကြီးကို မြင်သောအခါ မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ခဲ့ကြပေ။ သူတို့က ခေါင်းခါ၍ ထွက်သွားရန်သာ ပြော၏။ သရဲနီများက ရန်လိုသည့် အမူအရာများ မရှိချေ။ သူတို့သည် အလွန်ယဉ်ကျေး၏။ သူတို့သည် ကောင်းမင်အား ဟန်သဲ့ပုဂ္ဂလိကအကယ်ဒမီရှိ သင်ကြားရေးဆရာသရဲနီများကို အမှတ်ရစေလေသည်။ သူတို့သည် ရွေးချယ်ထားသော စည်းမျဉ်းများကို လိုက်နာကြသည်။ သူတို့သည် တုံ့ပြန်မှုမရှိသောကြောင့် ကောင်းမင်မှာ ပထမအခန်းကို သွားရပေတော့မည်။

“အမျိုးသမီးဆရာဝန်က တခြားဆရာဝန်သုံးယောက် အကူအညီ မပေးနိုင်ရင် ဒီအခန်းကို လာသင့်တယ်လို့ ပြောလိုက်တယ်”

ခွေးကြီးက တံခါးကို တရှုံ့ရှုံ အနံ့ခံလိုက်သည်။

“ဘယ်လို ထူးဆန်းတဲ့ အနံ့ကြီးလဲဟ ၊ ငါတို့ တစ်ချက် ကြည့်သင့်လား”

“ငါတို့ ရောက်နေပြီပဲ ၊ ဘာလို့ မကြည့်ရမှာလဲ”

ကောင်းမင် တံခါးကို ဖွင့်လိုက်ပြီး လေအေးတစ်ချက် စုပ်သွင်းလိုက်သည်။ တံခါးနောက်ရှိအခန်းသည် ပုံမှန်အခန်းတစ်ခန်း မဟုတ်ပေ။ ယင်းသည် နာကြည်းခြင်းအခန်း မဟုတ်ဘဲ အူလမ်းကြောင်းတစ်ခုကဲ့သို့ လှုပ်ရှားတွန့်လိမ်နေသည့် လှိုဏ်ခေါင်း တစ်ခု ဖြစ်နေလေသည်။

All Chapters