ဝမ်ကျား
Vol. 19 Ch. 272
“သက်ရှိငါးစာတစ်ယောက်ကို သရဲနီတစ်ကောင်က ကာကွယ်ပေးတာ ဘယ်လိုဖြစ်နိုင်မှာလဲ ၊ သုတေသနဌာနက အမှိုက်တွေက ပိုပိုပြီး အသုံးမဝင် ဖြစ်လာတာပဲ”
ကျင်းထောင်ရှန်းက မဲမှောင်စွာဖြင့် ပြောလိုက်သည် ။
“သူတို့က ရှေ့တန်းနဲ့ ဝေးနေတာ ကြာပြီဆိုတော့ သူတို့ ဦးနှောက်တွေက ထုံထိုင်းကုန်ကြပြီလို့ ငါထင်တယ်၊ သူတို့က ဘောင်အတွင်းကနေပဲ တွေးခေါ်နိုင်တော့တယ် ”
သူ့ လက်အောက်ငယ်သားနှစ်ဦးမှာ စကားမပြောဝံ့ကြပေ ။ သုတေသီများမှာ အလွန်ဩဇာကြီးမားသည် ။ ကျင်းထောင်ရှန်းသည် သူကိုယ်တိုင်လည်း သုတေသီတစ်ဦးဖြစ်သည့်အတွက် သူတို့အား ဆိုးဝါးစွာ ပြောရဲခြင်းဖြစ်သည် ။
“ကလေးက အဝေးကြီး သွားနိုင်မှာမဟုတ်ဘူး ၊ မင်းတို့ ငါ့အတွက် သူ့ကို ဖမ်းလာခဲ့”
“ဟုတ်ကဲ့ပါ”
“သူ့ နေတဲ့နေရာက စီတုအန်းရဲ့ ရုံးခန်းနေရာနဲ့ နီးတယ်၊ စီတုအန်းက အကြောင်းတစ်ခုခုကြောင့် သူ့ကို သရဲနီနားမှာ မွေးမြူထားတာ ၊ ကလေးအပေါ်က တစ်ခုခုကို ဖုံးကွယ်ဖို့ သရဲနီကို သူ အသုံးချချင်နေတာ ဖြစ်နိုင်တယ် ၊ သက်ရှိငါးစာနဲ့ နံပါတ်တွေက တခြားလူတွေ ဇဝေဇဝါဖြစ်အောင် လုပ်ထားတာပဲ”
ကျင်းထောင်ရှန်း အမိန့်ပေးပြီးသည့်နောက် သုတေသီအဖြစ်ကိုယ်စားပြုသော သူ့ အဖြူရောဆက်သွယ်ရေးစက်မှာ တုန်ခါလာသည်။ဆက်သွယ်ရေးစက်ပေါ်မှ မက်ဆေ့ချ်ကို မြင်သောအခါ ကျင်းထောင်ရှန်း၏ မျက်နှာအမူအရာက ပျော့ပျောင်းသွားသည် ။
“ဧည့်သည်တွေ ရောက်လာပြီ၊ ငါ ခဏ သွားလိုက်ဦးမယ် ၊ငါ ပြန်လာရင် အစွန်းအထင်းတွေအားလုံး သန့်ရှင်းနေတာကို မြင်ချင်တယ် ၊ သွေးတစ်စက်မှ မမြင်ချင်ဘူး ”
ပထမထပ်သို့ ပြန်ရောက်သောအခါ ဟန်ဟိုင်းမှ စုံစမ်းစစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများသည် ဧည့်ခန်းမထောင့်တွင် ရပ်နေကြသည် ။ ဧည့်ခန်းမအလယ်တွင် အနက်ရောင်ဝတ်စုံပြည့်ဝတ်ဆင်ထားပြီး သွေးနီရောင်ဆက်သွယ်ရေးစက်တပ်ဆင်ထားသော အဖွဲ့တစ်ဖွဲ့ ရပ်နေ၏ ။ သူတို့သည် အသံတိတ် သတ်ဖြတ်သည့် စက်များကဲ့သို့ပင် ။ မည်သူမျှ စကားမပြောကြပေ ။ လုံခြုံရေးအဖွဲ့ဝင်အားလုံးသည် ကျင်းထောင်ရှန်း ဓာတ်လှေကားထဲမှ ထွက်လာသည်ကို မြင်သောအခါ ခေါင်းလှည့်ကြည့်လိုက်ကြသည် ။ သူတို့အကြည့်များသည် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည် ။ သာမန်လူတစ်ဦးသည် သူတို့နှင့် မျက်လုံးချင်းဆိုင်ရဲမည် မဟုတ်ပေ ။
“ဝမ်ကျား မင်း နောက်ကျတယ် ”
ကျင်းထောင်ရှန်းသည် ကျန်လူများကို လျစ်လျူရှုပြီး လူရွယ်အမျိုးသားတစ်ဦးကိုသာ စိုက်ကြည့်နေသည် ။ ထိုလူသည် အလွန်ပင် သာမန်ဖြစ်ပုံရပြီး လူအုပ်ထဲတွင် ပျောက်ကွယ်သွားနိုင်မည့် ပုံစံမျိုးဖြစ်သည် ။ သူသည် မည်သည့်နေရာတွင်မဆို ထင်ရှားနေမည့် ကေ (K) နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည် ။
“ကျုပ်တကယ် နောက်ကျနေတာပါ”
ထိုအမျိုးသား စကားပြောသောအခါ သူ့ပတ်ဝန်းကျင်မှ လူများသည် အသံပင် ပြင်းပြင်း ရှူဝံ့ခြင်း မရှိပေ။သူ့စကားပြောပုံမှာ အလျင်စလိုမရှိသော်လည်း ဖော်ပြမရသော ဖိအားတစ်မျိုး ပါရှိသည် ။ သူတို့သည် လူတစ်ဦးကို ရင်ဆိုင်နေရခြင်းမဟုတ်ဘဲ အသံတိတ် ပင်လယ်ပြင်တစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ပင် ။
ကျင်းထောင်ရှန်းသည် ထိုလူ၏ စကားများတွင် ဖုံးကွယ်ထားသော အဓိပ္ပာယ်ကို ကြားလိုက်ရသည် ။ သူက ထိုလူ ဆက်ပြောရန် စောင့်ဆိုင်းနေခဲ့သည် ။ ထိုလူက လက်ကို အသာဝှေ့ယမ်းလိုက်သည် ။ လုံခြုံရေးအဖွဲ့ဝင်များသည် သူတို့၏ ကားထဲမှ အနက်ရောင် သေတ္တာနှစ်လုံး သယ်လာခဲ့သည် ။ သူတို့က ကျင်းထောင်ရှန်းရှေ့တွင် သေတ္တာများကို ဖွင့်လိုက်သည် ။ ဘယ်ဘက်ရှိ သေတ္တာထဲတွင် ရွှံ့နတ်ဘုရားရုပ်ထု လေးခု ပါရှိသည် ။ လက်ပေါင်းတစ်ထောင်ပါသည့် သရဲမျက်နှာ နတ်ဘုရားရုပ်တုမှာ ကွဲကြေနေပြီး ပြန်လည်ပြုပြင်၍ မရနိုင်တော့ပေ ။
“လွန်ခဲ့တဲ့နှစ်ဝက်က ဟန်ဟိုင်းဌာနချုပ်က လက်ရွေးစင် (၅၉၇) ဦးကို ရှင်းလုတားမြစ်ဂိမ်းတွေထဲကို စေလွှတ်ခဲ့တယ် ၊ သူတို့ထဲက လေးယောက်ပဲ နတ်ဘုရားအဆင့် သရဲတက်တူးတွေ ရခဲ့ကြတယ် ၊ သူတို့က နတ်ဘုရားရုပ်ထု လေးခုနဲ့ ကိုက်ညီခဲ့တယ်၊ သူတို့ဟာ လုံခြုံရေးဌာနရဲ့ အဓိက တိုက်ခိုက်ရေး တပ်ဖွဲ့တွေလည်း ဖြစ်တယ် ”
လူရွယ် အမျိုးသားသည် ကျိုးပဲ့နေသည့် အစိတ်အပိုင်းတစ်ခုကို ကောက်ယူလိုက်သည် ။
“ဒါပေမဲ့၊ နာရီဝက်အကြာမှာတော့ သရဲနတ်ဘုရားတစ်ပါး ပျောက်ကွယ်သွားခဲ့တယ် ”
“မင်း ပြောချင်တာက ကေ (K) အသတ်ခံလိုက်ရတာလား ၊ သူက လုံခြုံရေးအဖွဲ့ နှစ်ဖွဲ့နဲ့ ထွက်သွားတာ သိပ်မကြာသေးဘူးလေ”
ကျင်းထောင်ရှန်းသည် စိတ်ရှုပ်ထွေးသွားသည် ။ ထိုလုံခြုံရေးအဖွဲ့ဝင်များ မည်မျှ ကြောက်စရာကောင်းသည်ကို သူ သိသည် ။ သူတို့သည် တားမြစ်ဂိမ်းအတွင်း၌ အဆိုးရွားဆုံး လေ့ကျင့်မှုများကို တွေ့ကြုံခဲ့ကြရပြီး စမ်းသပ်မှုမှ ၇ယောက်တွင် ၁ယောက်သာ အသက်ရှင်ခဲ့ကြသည်။ လူရွယ်အမျိုးသားက ညာဘက်သေတ္တာကို ဖွင့်လိုက်သည် ။ ၎င်းတွင် သွေးရောင်ဆက်သွယ်ရေးစက်များဖြင့် ပြည့်နေပြီး အနည်းငယ်သာ မပျက်စီးဘဲ ကျန်ရှိနေခြင်းဖြစ်သည် ။
“လုံခြုံရေးအဖွဲ့ဝင်တိုင်း ဌာနချုပ်မှာ အပိုဆက်သွယ်ရေးစက်တစ်ခု ချန်ထားခဲ့တယ်၊ သူတို့ဟာ အစုံလိုက်ဖြစ်ပြီး အဖွဲ့ဝင်တိုင်းရဲ့ အချက်အလက်တွေကို ချိတ်ဆက်ထားတယ်၊ ပိုင်ရှင်သေဆုံးသွားရင် အပိုဆက်သွယ်ရေးစက်က အလိုအလျောက် ပျက်စီးသွားလိမ့်မယ်”
လူရွယ် အမျိုးသား၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း သူ့မျက်လုံးထဲတွင် ဒေါသများ ပွက်ပွက်ဆူနေပေသည် ။
“ဒါက ဘာကို ဆိုလိုတယ်ဆိုတာ ခင်ဗျားသိလား ”
“အဖွဲ့ ခုနစ်နဲ့ အဖွဲ့ကိုး အရှင်းခံလိုက်ရတာလား ”
ကျင်းထောင်ရှန်းလည်း ယင်းကို မမျှော်လင့်ထားခဲ့ပေ ။
“ခင်ဗျားသူတို့ကို ဘယ်လို မစ်ရှင်မျိုး ပို့လိုက်တာလဲ”
“မကြာသေးခင်ကမှ ဟန်ဟိုင်းမှာ ခြောက်ခြားဂိမ်းကစားသမားတစ်စု ပေါ်လာခဲ့တယ်၊ သူတို့က အရိပ်လောကနဲ့ ဆက်စပ်နေပုံရတယ် ၊ သူတို့က စုံစမ်းစစ်ဆေးရေးဌာနကို ဖြုတ်ချပြီး အစားထိုးချင်နေကြတာ ၊ ဒီည သူတို့ရဲ့ မစ်ရှင်နေရာက လီဆန်းဆေးရုံဆိုတဲ့ သတင်းကို ငါ ရခဲ့တယ် ၊ ဒါကြောင့် ငါ ကေ (K) ကို အဲဒီကို ပို့လိုက်တာ”
ကျင်းထောင်ရှန်းသည် ကေ (K) ကို စောင့်ခိုင်းခဲ့သော်လည်း ကေ (K) က မစ်ရှင် စတင်ချင်ခဲ့သည် ။
“လီဆန်းဆေးရုံလား ၊ အဲဒီက မူမမှန်မှုအဆင့်က ဘယ်လောက်လဲ ”
လူရွယ် အမျိုးသားသည် ပိုပြီး သတိထားလာသည် ။
“အဲဒါက စီတုအန်းရဲ့ ပိုင်ဆိုင်မှုပဲ ၊ သူ အဲဒီမှာ ဘာလုပ်ခဲ့လဲဆိုတာ ဘယ်သူမှ မသိဘူး ”
“ခင်ဗျားက မကောင်းဆိုးဝါးတစ်ကောင်ကို ခင်ဗျားမျက်စိအောက်မှာ ကြီးထွားခွင့် ပေးခဲ့တာလား ”
လူရွယ် အမျိုးသား၏လေသံမှာ ဖော်ရွေမှုမရှိပေ။ ။ သူ့အမြင်အရဆိုလျှင် ဟန်ဟိုင်းဌာနချုပ်မှ တစ်စုံတစ်ယောက်၏ ပေါ့ဆမှုကြောင့် သူ့လူများကို ဆုံးရှုံးခဲ့ရခြင်းဖြစ်သည် ။
“ဝမ်ကျား မင်း စကားပြောတာ သတိထားသင့်တယ်၊ ဒီလို ဆုံးဖြတ်ချက်မျိုးကို ငါတို့ နှစ်ယောက်စလုံး မချနိုင်ဘူး ”
ကျင်းထောင်ရှန်းက လေသံကို နှိမ့်ပြောလိုက်သည် ။
“ဘယ်သူက လူလဲ၊ ဘယ်သူက မကောင်းဆိုးဝါးလဲဆို ဆုံးဖြတ်ဖို့က ငါတို့တာဝန်မဟုတ်ဘူး ”
“မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေချပြီး အကျိုးဆက်ကို ရင်ဆိုင်ရတာပေါ့ ”
တခြားလူများနှင့်မတူဘဲ လူရွယ် အမျိုးသားသည် သူ့ဘဝအား လက်နက်တစ်ခုအဖြစ် နေထိုင်သွားမည် မဟုတ်ပေ။
“မင်း ပြောတာကို ငါမကြားချင်ယောင် ဆောင်လို့ရတယ်”
ကျင်းထောင်ရှန်းသည် သူ ကေ (K) ကို ပေးခဲ့သော အချက်အလက်များကို ဝမ်ကျားထံ ပေးပို့ပြီး ထွက်ခွာသွားသည် ။
သူသည် ဝမ်ကျားနှင့် အဆင့်တူဖြစ်သောကြောင့် သူ့တွင် သူ့အား အမိန့်ပေးနိုင်သော အခွင့်အာဏာ မရှိပေ။
“ခြောက်ခြားဂိမ်း ကစားသမားတွေ… တားမြစ်ဂိမ်းထဲမှာ လူတိုင်းက ခြောက်ခြားဂိမ်း ကစားသမားတွေပဲ ”
……………..
သားစားကြူး နတ်ဘုရားသည် အနားယူရန်အတွက် ညှဉ်းပန်းနှိပ်စက်ခန်းသို့ ပြန်လာခဲ့သည်။ ကောင်းမင်နှင့် ခွေးကြီးသည် လုံးလုံးပျက်စီးနေသော ဆေးရုံကော်ရစ်ဒါလမ်းများအတိုင်း လျှောက်လာခဲ့ကြသည် ။တစ်စုံတစ်ယောက်သည် ဆေးရုံအတွင်း ရောက်နေသည်ဟုသာ သတိထားမိနိုင်တော့မည်ဖြစ်သည်။ အနောက်ဘက်အဆောက်အဦ၏ ပြတင်းပေါက်များ ကွဲအက်သွားပြီးနောက် ကောင်းမင်သည် အရှေ့ဘက်အဆောက်အဦတွင် ဖြစ်ပျက်နေသော သတ်ဖြတ်မှုများကို မြင်နိုင်သည် ။
လူသားများ စွမ်းအားရရှိလာသောအခါ သူတို့၏ လိုအင်ဆန္ဒများက ကျယ်ပြန့်လာမည်ဖြစ်သည်။ ထိုအလိုဆန္ဒများကို မထိန်းချုပ်နိုင်ပါက ပျက်စီးခြင်းဆီသို့သာ ဦးတည်သွားပေလိမ့်မည် ။
လက်ရှိအခြေအနေတွင် ခြောက်ခြားဂိမ်း ကစားသမားများမှာ စည်းလုံးမှု မရှိသေးပေ ။ သူတို့သည် အစောပိုင်း ကပ်ဆိုးကာလတွင် ကံကောင်းခြင်းကြောင့် စွမ်းအားများ ရရှိခဲ့ကြခြင်းဖြစ်သည် ။ သူတို့သည် အရှေ့ဘက်အဆောက်အဦတွင် စုဝေးနေကြပြီး သူတို့၏စွမ်းအားများဖြင့် စည်းမျဉ်းများကို ဖျက်ဆီးနေကြသည် ။ အရှေ့ဘက်အဆောက်အဦမှာ ငရဲအဖြစ် ပြောင်းလဲသွားချေပြီ ။ ခြောက်ခြားဂိမ်း ကစားသူအချို့က သရဲများနှင့် သူတို့၏ ‘အသင်းဖော်များ’ ကို ရှောင်ရှားရန် အနောက်ဘက်အဆောက်အဦသို့ ထွက်ပြေးကြရသည် ။
“ကစားသမားတွေ ပိုများလာလိမ့်မယ် ၊ ရှရန် ရေသေဖိုရမ်ကို ထိန်းချုပ်တုန်းက သာမန်လူတွေရဲ့ အသက်မွေးဝမ်းကျောင်းကို ဂရုမစိုက်ခဲ့ဘူး ၊ သူ လုပ်ခဲ့သမျှအားလုံးက သူအကျိုးအမြတ်ကို အမြင့်ဆုံးမြှင့်ဖြစ်ဖို့ပဲ ၊ ငါလည်း ဒီလမ်းကြောင်းအတိုင်း မလျှောက်နိုင်ဘူး ၊ ငါ ဆေးရုံကနေ ထွက်သွားပြီးရင် ကစားသမားတွေအတွက် စည်းကမ်းတချို့ ချမှတ်ဖို့ လိုတယ် ”
အရှေ့ဘက်အဆောက်အဦတွင် သွေးများ တသွင်သွင် စီးဆင်းနေသည် ။လူသားများသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ကောင်းမင်သိသည် ။ သူ့သေဆုံးမှတ်ဉာဏ်များတွင် အကြိမ်အများစုက သူ့အား အခြားလူသားများက သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည် ။
“မင်း တခြားသူတွေကို မကယ်တင်ခင် ကိုယ့်ကိုယ်ကို အရင်ကယ်တင်ဖို့ လိုတယ် ”
ခွေးကြီးသည် ဆေးရုံမြေပုံကို နံရံမှ ကိုက်ချွတ်လိုက်သည် ။
“ငါ အစာအိမ်နှင့် အူလမ်းကြောင်းဌာနကို တွေ့ပြီ၊ ဒါပေမဲ့ ဒီနေရာက ငါ မျှော်လင့်ထားတဲ့အတိုင်း မဟုတ်ဘူး ”
ခွေးကြီးက ကောင်းမင်အား ပထမထပ်သို့ ခေါ်ဆောင်လာ၏။ ခန်းမသည် သူတို့ ပထမဆုံး ရောက်ရှိလာစဉ်ကနှင့်မတူညီစွာ လုံးဝ ပြောင်းလဲသွားခဲ့သည် ။ ချိတ်ပိတ်ထားသော စစ်ဆေးရေးအခန်းများအားလုံး ပွင့်နေပြီး အားလုံးအထဲမှ ခြောက်ခြားဖွယ် အသံများ ပဲ့တင်ထပ်နေလေသည် ။