← Chapters

နတ်ဆိုး

Vol. 1 Ch. 55

နတ်ဆိုး

Vol. 1 Ch. 55

“စုစည်းကြ”

အနောက်ဘက် မြို့စောင့်တပ်၏ လက်ထောက် စစ်သူကြီးက အမိန့်ပေးလိုက်သည်နှင့် ပွဲကြည့်စင်ရှိ အရာရှိ အားလုံးသည် သူတို့၏ လက်အောက်ငယ်သားများကို စတင်စုစည်း လိုက်ကြသည်။ လူတိုင်းသည် တိတ်ဆိတ် နေကြပြီး လေးနက်သော အမူအရာများ ရှိနေခဲ့ကြသည်။ စစ်သားများသည် ဓားများနှင့် ချပ်ဝတ် တန်ဆာများကို ကောင်းစွာ ဝတ်ဆင်ထားပြီး သတ်ဖြတ်လိုသော အရိပ်အယောင်များဖြင့် သူတို့၏ အရာရှိများကို လျင်မြန်စွာ တုန့်ပြန် လိုက်ကြသည်။

လက်ထောက် စစ်သူကြီးက လူအနည်းငယ်ကို ဦးဆောင်ကာ ကျန်းအိမ်တော်သို့ ဦးတည် သွားနေခဲ့သည်။ သူသည် ကျန်းဂိုဏ်းချုပ် ကျန်းယွင်ရှန်ကိုပင် မလှည့်ကြည့်တော့ချေ။

ကျန်းယွင်ရှန်သည် အတော်လေး မသက်မသာ ဖြစ်နေပေသည်။ သူသည် ထိုင်ခုံမှ မထခင်တွင် မျက်လုံးများ ကျဉ်းမြောင်း သွားခဲ့ပြီး အနောက်ဘက် မြို့တပ်၏ အနောက်မှ ကပ်လျက် လိုက်ပါလာခဲ့သည်။

တစ်ခုခုတော့ မှားနေချေပြီ...

ကျီထျန်းသည် လူတိုင်းကို  ကြည့်လိုက်သည်။ သူတို့၏ ရင်ထဲတွင် အကြောက်တရားများနှင့် တုန်လှုပ် နေကြသည်။ ကျန်းယွင်ဟိုင် ဘာကို ဆိုလိုသည်ကို သူတို့ မသိကြသော်လည်း ကျန်းရီသာ သေဆုံး သွားခဲ့လျှင် ကောင်းကင်ဘုံ တစ်မြို့လုံး အထိန်းအကွပ်မဲ့ ဖြစ်သွားမည်ကိုတော့ သိထားကြသည်။ ကျီထျန်းသည် ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ အကြီးအကဲဖူကို မေတ္တာရပ်ခံ လိုက်သည်။

“အကြီးအကဲဖူ... ပြိုင်ပွဲကို ခဏလောက် နားမထားချင်ဘူးလား တစ်ချက်လောက် အခြေအနေတွေကို သွားကြည့်ရအောင်...”

အကြီးအကဲဖူသည် ခေါင်းညိတ်လိုက်သည်။ ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ ဆရာများကို လူငယ် တစ်ယောက်နှင့်အတူ မြှုပ်နှံပစ်မည်ဟု ခြိမ်းခြောက် ခံထားရသည်။ ၎င်းမှာ သူ့ကို မသက်မသာ ဖြစ်စေသော်လည်း လက်ရှိ အခြေအနေအရ ပြိုင်ပွဲကို ခေတ္တရပ်ထားကာ အခြေအနေ တည်ငြိမ်သွားအောင် စောင့်ကြည့်ရုံသာ တတ်နိုင်ပေသည်။

ကျီထျန်း၏ စကားဆုံးသည်နှင့် မာခွေမှာ ကျန်းအိမ်တော်သို့ ထွက်ခွာ သွားလေသည်။ မာယုံကျိ သူ့လူများကို ခေါ်သွားပြီး ပြဿနာ မရှာထားရန်သာ မျှော်လင့်ရသည်။ အကယ်၍သာ တိုက်ပွဲ ဖြစ်ထားပါက  ကျန်းယွင်ဟိုင် တစ်ဦးတည်းနှင့်ပင် မာဂိုဏ်း တစ်ခုလုံးကို ဖျက်ဆီးရန်  လုံလောက်ပေသည်။

မြို့ဈေး အပြင်ဘက်ရှိ အခြေအနေများမှာ မတည်မငြိမ် ဖြစ်နေပြီ ဖြစ်သည်။ ခန့်ညားစွာ ဝတ်ဆင်ထားသော လူအိုကြီး  မကြေညာခင်မှာပင် ပြိုင်ပွဲသည် ရပ်သွားခဲ့ပြီ ဖြစ်သည်။ ကျန်းယွင်ဟိုင်၏ ဒေါသသံ၊ လက်ထောက်ဗိုလ်ချုပ်၏ အမိန့်သံများအပြင် ကျီထျန်း၏လူများ ရုတ်တရက် ထွက်ခွာသွားသံ များမှာ လူများကို မတည်မငြိမ် ဖြစ်စေကာ ဈေးထဲတွင် ဆူဆူညံညံ  ဖြစ်လာ စေတော့သည်။

ကျီထင်ယွီ၏ လှပသော မျက်လုံးများမှာ မှေးမှိန် နေခဲ့သည်။ သူမ၏ စင်ပေါ်မှ ခြေထောက်တစ်ချက်သာ ထောက်၍ ခုန်လိုက်ပြီး ကျန်းဟန်ရွှေ၏ စင်ပေါ်သို့ လိပ်ပြာအဝါလေး တစ်ကောင်နှယ် ပျံသန်း သွားခဲ့သည်။

“ဟန်ရွှေ.... အဲဒါဘယ်သူလဲ ကျန်းရီရဲ့ မွေးစားအဖိုးလား”

ကျန်းဟန်ရွှေက ပြန်မဖြေခဲ့ပေ။ သူ၏ မျက်လုံးများမှာ ကြောက်ရွံ့မှုများ လွှမ်းနေလျက် ကိုယ်မှာလည်း တဆတ်ဆတ် တုန်ယင်နေခဲ့သည်။  ကျန်းမိသားစုရှိ အကြီးအကဲများသည် ကျန်းရုလုံနှင့် ကျန်းရုဟူတို့ ကျန်းရှောင်နူကို ပြန်ပေးဆွဲထားသည်ကို မသိလောက်သော်လည်း သူသည် အားလုံးကို သိနေခဲ့သည်။  သူသည် ခုနစ်နှစ်ခန့် ပျောက်ဆုံး နေခဲ့သော ကျန်းယွင်ဟိုင် တစ်ယောက် အသက်ရှင်နေခဲ့မည်ဟု လုံးဝ ထင်မထားခဲ့ချေ။ ပိုဆိုးသည်ကား သူ့အင်အားသည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်ကို ဖြတ်သွား နိုင်လောက်အောင် တိုးတက် လာခဲ့သည်။

ကောင်းကင် ကြယ်တာယာ နယ်မြေတွင် ကိုယ်ခံပညာ လေ့ကျင့်သူ ပေါင်းများစွာ ရှိကြသည်။ သို့သော် တစ်ဆင့်နှင့် တစ်ဆင့် ကူးရန်  အလွန်ခက်လှသည်။ သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း အဆင့်မှ ခရမ်းရောင် နန်းတော်ရှင် အဆင့်သို့ ပြောင်းရန်လဲ အလွန်ခက်သည်။ သို့သော် ထိုအရာများထက် ဝိညာဉ်လွင့်မျော အဆင့်သို့ ရောက်ရန်မှာ ဆယ်ဆခန့် ပိုခက်ပေသည်။ သို့မဟုတ်ပါလျှင် ကျီထျန်းနှင့် သိုင်းခန်မသခင် အနှစ်နှစ်ဆယ်ခန့် ခရမ်းရောင် နန်းတော်ရှင် အဆင့်တွင် ရပ်နေခဲ့မည် မဟုတ်ပေ။ သူတို့ကို ကြည့်ရသည်မှာ ဘဝတစ်လျှောက်လုံး နောက်တစ်ဆင့် တက်ရန် အခွင့်အရေး ရမည့်ပုံ မပေါ်ချေ။

ခရမ်းရောင် နန်းတော်ရှင် အဆင့်အတွက် သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း အဆင့်ရှိသူများကို သတ်ဖြတ်ရသည်မှာ အတော်ပင် လွယ်ကူချေသည်။ ခရမ်းရောင် နန်းတော်ရှင် အဆင့်ရှိသူများ မှာလည်း စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်ရှိသူ တို့အဖို့ ပုရွက်ဆိတ် တစ်ကောင်ကို သတ်လိုက် သကဲ့သို့ပင် ရှိသည်။

ကျန်းယွင်ဟိုင်သည် ကျန်းရီကို မည်မျှ တန်ဖိုးထားခဲ့သနည်း ကျန်းယွင်ဟိုင်သည် တစ်ချိန်က လူအများအပြား သတ်ရသည်ကို နှစ်ခြိုက်သူ ဖြစ်ကြောင်း ကျန်းဟန်ရွှေ သိထားလေသည်။ တစ်ချိန်က ကျန်းမိသားစုသည် ကောင်းကင် တောင်ပံမြို့၏ အဆင့်နှစ်ရောက်ရန် ကျန်းယွင်ဟိုင်ကို မှီခိုခဲ့ရသည်။ သို့သော် သူသည် ကျန်းရီကို သူ့စိတ်ရိုင်းအား တစ်ခါမှ ထုတ်မပြခဲ့ချေ။ ကြင်နာပြီး သစ္စာရှိသော အပြုံးများကြောင့် ချိနဲ့နေသော ဤအဖိုးအိုသည် ကောင်းကင် တောင်ပံမြို့ရှိ အခြားဂိုဏ်းငယ်များကို  အနိုင်ယူခဲ့သည်ကို ကျန်းဂိုဏ်းသားများ မေ့နေခဲ့ကြသည်။

“ကျန်းရီ... မင်းမသေရဘူး”

ကျန်းဟန်ရွှေသည် တိုးတိတ်စွာ ဆုတောင်း နေခဲ့သည်။ ကျန်းရီသာ သေသွားခဲ့လျှင် သူ၏အဖိုးသည် သွေးရူးသွေးတန်းဖြစ်ကာ   ကောင်းကင် တောင်ပံမြို့ တစ်ခုလုံး သွေးချောင်း စီးသွားပေလိမ့်မည်။

ကျန်းဟန်ရွှေ၏ သွေးပျက်နေသော အမူအရာကို ကျီထင်ယွီက မြင်ရုံနှင့်ပင် အရာတော်တော်များများကို ခန့်မှန်းမိလေသည်။ သူမသည် ဆက်မမေးတော့ဘဲ ပွဲကြည့်စင်ဘက်သို့ ပြေးသွားခဲ့သည်။ ထို့နောက် ခမ်းနားစွာ ဝတ်ဆင်ထားသော လူအိုကြီးကို သာသာယာယာပင် ပြောခဲ့သည်။

“ဦးလေးရှု... အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်မှာ သားဘယ်နှယောက်ရှိလဲ ဆိုတာ အခု သွားစုံစမ်း ပေးပါလား... အပြင်ကို ရောက်နေတဲ့ ဆက်ခံသူ တစ်ယောက်ယောက်များ ရှိနေမလား”

အကြီးအကဲဖေးသည် မျက်မှောင်ကြုတ် သွားခဲ့သည်။ ကျန်းယွင်ဟိုင်သည် တစ်ခါက အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်၏ အိမ်တော်တွင် တာဝန်ထမ်းဆောင် ခဲ့ဖူးပြီး လော့ကဲအရှင်နှင့် နီးကပ်သည့် ဆက်ဆံရေး ရှိခဲ့သည်။ သူ၏အရှင်သည် အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင် ဖြစ်ရာ သူပြောခဲ့သော အရှင်ငယ် ဟူသည်မှာ လော့ကဲအရှင်၏ သားဖြစ်ကြောင်း ထင်ရှားသည်။

သူသည် ပြန်မဖြေခင် သံသယအနည်းငယ် ဖြစ်သွားခဲ့သည်။

“ခန်းမသခင်... လော့ကဲအရှင်မှာ သားတစ်ယောက်ပဲ ရှိပြီးတော့ သူကအခု ဝိညာဉ် သားရဲကျောင်းမှာ ပညာသင်ယူ နေပါတယ်။ အရှင်ငယ်က အရမ်းကို အရည်အချင်းရှိပြီး ရှန်ဝူနိုင်ငံတော် တစ်ခုလုံးရဲ့ ပါရမီရှင် ထိပ်ဆုံး ငါးယောက်မှာ ပါဝင်ပါတယ်... သူ့ကို ကျန်းရိလျှိုလို့ ခေါ်ပါတယ်”

“သူတစ်ယောက်တည်းလား”

သိုင်းခန်းမ သခင်သည် စဉ်းစားရင်း ရေရွတ် လာခဲ့သည်။

“ကျန်းယွင်ဟိုင်က အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်ထံမှာ ၁၀နှစ်ကျော် အမှုထမ်းခဲ့တယ်... သူဒဏ်ရာရပြီး မသန်မစွမ်း ဖြစ်လာတဲ့ အချိန်မှာ ကောင်းကင်တောင်ပံ မြို့ကို ပြန်လာခဲ့တယ်... သူတခြား ဘယ်သူ့ဆီမှာမှ အမှုမထမ်းတော့ဘူး... အကြီးအကဲဖေး... ဒီကိစ္စကို ချက်ချင်း တင်ပြပြီး ပင်မခန်းမက တစ်ယောက်ယောက်ကို စုံစမ်းပေးဖို့ တောင်းဆိုလိုက်... အနောက်ဘက် နယ်စပ်မြို့စား လော့ကဲ အရှင်ဆီမှာ တရားမဝင် ကလေးတစ်ယောက်ယောက်များ ရှိနေလားလို့ စုံစမ်းခိုင်းလိုက်...”

***

“ဘန်း”

ကျန်းဂိုဏ်း၏ အနောက်ဘက် တောင်ကုန်းတွင် မာယင်းသည် မတ်တတ်ရပ် နိုင်ရန်ပင် အနိုင်နိုင် ကြိုးစားနေ ရသည်။ သူ့လက် တစ်ပိုင်းသည် ကျန်းရီကြောင့် ဆုံးရှံးသွားရကာ မေ့လဲ သွားမတတ် နာကျင်နေခဲ့သည်။ ကျန်းရီသည် ရှေ့သို့တိုးလာကာ နောက်ထပ် ပြတ်ရှရာတစ်ခု မာယင်း၏ ကိုယ်ပေါ်တွင် ပြုလုပ်လိုက်သည်။ ကံတရား၏ ဓားစိမ်းသည် ချွန်ထက် လွန်းနေသည်ဖြစ်ရာ မာယင်းမှာ ခုခံ၍သာ နေရသည်။

“ခွေးကောင်... ငါ့အသက်ကို ရင်းပြီးတော့ မင်းကို သတ်မယ်”

မာယင်းသည် ဤအတိုင်း ဆက်သွား နေပါလျှင် ကျန်းရီလက်အတွင်း သေရတော့မည်ကို သိပေသည်။ သူ၏ တိုက်ပွဲဝင် အင်အားများ ကျဆင်းလာပြီ ဖြစ်သည်။ ကံတရား၏ ဓားသိမ်းသည် သူ့ထံသို့ ရောက်ရှိ လာခဲ့ပြန်သည်။ သူသည် ကျန်ရှိနေသော လက်တစ်ဖက်နှင့် အတွင်းအားများကို စုစည်းလိုက်ကာ တစ္ဆေတစ်ကောင်၏ လက်သည်းနှယ် ကျန်းရီ၏ခေါက်းကို ဖမ်းဆုပ် လိုက်လေသည်။ ကျန်းရီသာ ဓားကို ရှေ့ဆက် တိုးလာခဲ့ပါလျှင် သူ့ဦးနှောက် သည် ဖရဲသီး တစ်လုံးကဲ့သို့ ပွင့်ထွက်သွား ပေလိမ့်မည်။

“မာယင်း... မင်းရဲ့ နောက်လက်တစ်ဖက်ကိုလဲ မသန်စွမ်း ဖြစ်အောင် လုပ်ပေးမယ်”

ကျန်းရီသည် လှောင်ပြောင်လိုက်ကာ သူ၏ လက်တစ်ဖက်မှာ အပြာရောင်နှင့် အနက်ရောင် အလင်းများ တောက်ပလာခဲ့သည်။

“ဟမ်”

မာယင်းသည် ထိတ်လန့် နေခဲ့သည်။ သူ၏ လက်နှစ်ဖက်လုံးသာ ဆုံးရှံးလိုက်ရပါလျှင် သူသေရ ပေတော့မည်။ သူသည် ကျန်းရီ၏ ရင်ဘတ်ထံ ရည်ရွယ်၍ လက်ကို ဆန့်ထုတ်လိုက်သည်။ သူ့အမြင်တွင် ကျန်းရီ၏ တိုက်ခိုက်မှုနှုန်းသည် သူ့လက်သည်းထက် နှေးပေသည်။ ကျန်းရီ၏ အတွင်းအား ပေါက်ကွဲလက်ဝါး သူ့ကို မထိခင်တွင် သူသည် ကျန်းရီ၏ နှလုံးကို ထုတ်ယူ လိုက်သင့်သည်။

“အရူး... မင်းအလှည့်စား ခံလိုက်ရပြန်ပြီ”

ကျန်းရီသည် အေးစက်စက် ရယ်မောလိုက်သည်။ သူ့တွက် အတွင်းအား ပေါက်ကွဲ လက်အားကို နောက်တစ်ကြိမ် အသုံးပြုရန် အတွင်းအား မလုံလောက်တော့ပေ။ သူသည် မာယင်းအတွက် အတွင်းအားကို မဖြုန်းတီးတော့ဘဲ ကံတရား၏ ဓားစိမ်းကို သာ အသုံးပြု၍ ဖိအားပေး နေခဲ့သည်။

“ပိုးမျှင်လက်... မှားလို့... ပိုးမျှင်ဓား”

သူ၏ အစိမ်းရောင်ဓားသည် မြွေတစ်ကောင်ကဲ့သို့ ရှေ့တိုး သွားခဲ့သည်။ မာယင်း၏ လက်သည်းသည် သူ့နှလုံးကို မဖမ်းဆုပ်နိုင်ခင်မှာပင် ဓားသည် မာယင်း၏ လက်မောင်းကို ပိုင်းချလိုက်လေသည်။

လက်တစ်ချောင်းသည် ထပ်မံ လွင့်ထွက်သွားခဲ့ကာ အော်သံ တစ်ခုပါ ကပ်ပါလာခဲ့သည်။ ထို့နောက် ဓားသည် မာယင်း၏ ရင်ဘတ်သို့ တိုးဝင် သွားခဲ့လေသည်။

“သခင်လေးလုံ... ကျွန်တော်ဒီမှာ”

ထိုအချိန်တွင် အရိပ်တစ်ခုသည် တောင်ပေါ်သို့ ရောက်လာခဲ့သည်။ သူပထမဆုံး မြင်လိုက်ရသည်မှာ ကျန်းရီသည် အစိမ်းရောင်ဓားကို မာယင်း၏ ရင်ဘတ်မှ ဆွဲထုတ် လိုက်သည်ကို ဖြစ်သည်။ မာယင်း၏ရင်ဘတ်မှ သွေးများပန်း ထွက်လာခဲ့ပြီး လူသည်လဲ မြေပြင်ပေါ်သို့ လဲကျ သွားလေသည်။ မာယင်း၏ မျက်လုံးများသည် ပြူးကျယ် နေခဲ့လေသည်။

ကျန်းချီသည် ငရဲနှင့်တူသော ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူသည် မြေပြင်ပေါ်တွင် လဲကျနေသော မာဟေးချီကို မြင်ခဲ့သည်။  လူးလိမ့်အော်ဟစ် နေကြသော မာဂိုဏ်းသားများနှင့် ကျန်ဂိုဏ်းသားများကိုလည်း တွေ့လိုက်ရသည်။ ဖရဲသီး တစ်လုံးကဲ့သို့ ကွဲကြေနေသော ကျန်းရုဟူ၏ ခေါင်းကိုလဲ တွေ့လိုက်ရသည်။

အသားစများ ဖြစ်နေပြီဖြစ်သော ကျန်းရုလုံကိုလဲ မြင်လိုက်ရသည်။ မြင်ကွင်း တစ်ခုလုံးသည် သူ့ကိုဆွံ့အ သွားစေသည်။ ကျန်းရီသည် နီရဲနေသော မျက်လုံးများနှင့် သူ့ကို ကြည့်လာသောအခါ ကျန်းချီ၏ ကိုယ်သည် တုန်ယင် လာခဲ့သည်။ ဤမြင်ကွင်း ဤခံစားချက်သည် ဆောင်းရာသီ၏ ရက်တစ်ရက်တွင် ရေခဲရေ တစ်ပုံးဖြင့် လောင်းချ လိုက်သည့်နှယ်... သူသည် မာယင်းကဲ့သို့ ကျန်းရီထံသို့ ချက်ချင်းပြေး မသွားခဲ့ပေ။ ထိုအစား သူ့ခြေထောက်များသည် ပျော့ခွေလာကာ ဖင်ထိုင်ရက်သားလေး ပြုတ်ကျ သွားခဲ့သည်။

သူထွက်ပြေး ခဲ့တော့သည်။

ကျန်းရီသည် ကြိတ်၍ သက်ပြင်းချ ခဲ့သည်။ သူသည် ပြေးမလိုက်ခဲ့ပေ။ သူသည် အရှေ့ဘက်ခြမ်းရှိ တောင်ကြီး တစ်လုံးကို ငေးကြည့်လိုက်သည်။ ထိုနေရာတွင် သူနှင့်ရှောင်နူ ငယ်စဉ်က ကစားခဲ့ကြသော ချိုင့်ဝှမ်းလေး တစ်ခု ရှိပေသည်။ ကျန်းရှောင်နူသည် သူမသေသွားခဲ့လျှင် ထိုနေရာတွင် မြှုပ်နှံပေးရန် တောင်းဆိုခဲ့ဖူးသည်။

“ဝှစ်”

ကျန်းရီသည် တောင်အောက်သို့ ဆင်းလာသော အခါတွင် သူ့ထံ ပြေးလာနေသော ကျန်းအိမ်တော်မှ အစောင့်များကို မြင်လိုက်ရပေသည်။ တစ်ဖက်တွင်လည်း ကျန်းယွင်ရှစ်၊ ကျန်းယွင်ရှဲနှင့် မာယုံကျိ တို့ကို တွေ့လိုက်ရပေသည်။ သူတို့နှင့် ဝေးနေသေးသော်လည်း ကျန်းရီသည် သေခြင်း၏ အငွေ့အသက်များကို ရှင်းရှင်းလင်းလင်း ခံစားနေရသည်။

“နတ်ဆိုး... ကျန်းရီက နတ်ဆိုးပဲ သူက လူတွေ အများကြီးကို သတ်ခဲ့တယ်... သူမာဟေးချီကို သတ်ခဲ့တယ်... သခင်လေးလုံနဲ့ သခင်လေးဟူကိုလည်း သတ်ခဲ့တယ်... သူက မာဂိုဏ်းက မာယင်း ကိုတောင် သတ်ခဲ့သေးတယ်... ကျန်းရီက နတ်ဆိုးပဲ... အကြီးအကဲယွင်ရှဲနဲ့ အကြီးအကဲယွင်ရှစ်... သူ့ကို မြန်မြန်သတ်ပေးပါ”

တောင်ကုန်းပေါ်မှ ပြေးဆင်း လာခဲ့သော ကျန်းချီသည် စစ်ကူများ ရောက်လာသည်ကို မြင်လိုက်ရသောအခါ ရုတ်တရက် အော်ဟစ်လိုက်သည်။ သူ့အမြင်တွင် ကျန်းရီကို နတ်ဆိုးတစ်ကောင် ဝင်စီး ထားသကဲ့သို့ပင် မဟုတ်လျှင် သူ၏ သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း အဆင့်အင်အားနှင့် လူအများကြီးကို ဘယ်လိုလုပ် သတ်နိုင်မည်နည်း။

လူတိုင်းသည် ဆွံ့အ သွားကြသည်။

“ဖေးအာ... ဟေးချီ...”

“ရုလုံ... ရုဟူ...”

မာယုံကျိနှင့် ကျန်းယွင်ရှဲတို့သည် လဲကျသွားတော့ မတတ်ပင် တောင်ပေါ်မှ ဆင်းလာသော ကျန်းရီသည် ခရမ်းရောင် နန်းတော်ရှင် အဆင့်ဖြစ်သော ကျန်းချီကို ဤအခြေအနေထိ ဖြစ်အောင် ခြောက်လှန့် လိုက်နိုင်သည်မှာ တောင်ကုန်းပေါ်တွင် သေနေသော လူများက သက်သေဖြစ်သည်။

“ဟား... ဟား... ဟား”

ကျန်းရီသည် ရပ်တန့် လိုက်သည်။ သူသည် လူများ၏ မျက်နှာများကို ဝေ့ကြည့်လိုက်ပြီး မာယုံကျိနှင့် ကျန်းယွင်ရှဲတို့၏ အမူအရာများကို မြင်လိုက်ရသောအခါ သူအတော်လေး ကျေနပ် သွားခဲ့သည်။ သူသည် လှောင်ပြုံးပြုံးလိုက်ပြီး ပြောခဲ့သည်...

“လူတွေ အများကြီးကို ကျွန်တော်နဲ့အတူ မြှုပ်နှံလိုက်ပြီးတော့... အာဏာရှိ လူကြီးတွေက ကျွန်တော့်ရဲ့ ခရီးကို ပို့ဆောင်ပေးကြမယ် ဆိုတော့ ကျွန်တော် သေပျော်ပါပြီ”

***

All Chapters