← Chapters

ဖန့်ချိန် ကုန်သည်ကြီးများ အသင်း

Vol. 145 Ch. 2175

ဖန့်ချိန် ကုန်သည်ကြီးများ အသင်း

Vol. 145 Ch. 2175

“ ကျွန်တော်ကတော့ ဒီခုက နေရာမှန်လို့ ထင်တယ် … တကယ်လို့ ခင်များက အခု ပြဿနာကို အခုချိန် မဖြေရှင်းနိုင်ဘူးဆိုရင် နောင်ကျရင် ပိုလို့တောင် မဖြစ်နိုင်တော့ဘူး …”

လင်းရီ သူ့အား ပြန်ခံပြောဝံ့နေသည်ကို မြင်တော့ စွန်းမင်ချန်း၏ မျက်နှာမှာ ပြောင်းလဲသွားခဲ့ပြီး သူ့သဘောထား အပြုအမူတို့ကလည်း သိပ်မကောင်းတော့ချေ။

“ အဲ့တာဆိုလည်း ကောင်းပြီလေ … အခု မင်း မေးချင်တာမေး … မင်းလို လူငယ်လေးက ဘာတွေများ ရှာတွေ့နိုင်မလဲ ငါ ကြည့်စမ်းဦးမယ် …”

စွန်းမင်ချန်းက ယခုလို အမူအရာမျိုး ပြသလာသဖြင့် လင်းရီကလည်း သူ့ကို ယဉ်ကျေးမနေတော့ချေ။

“ ခင်များက မြင်ချင်နေတယ်ဆိုတော့ ကျေးဇူးပြုပြီး အပြင်ထွက် စောင့်နေပေးပါ … ကျုပ် တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်လိုတယ် … ခင်များ ဒီမှာ ရှိနေရင် ကောင်းကောင်းစစ်ကြောလို့ ရမှာ မဟုတ်ဘူး …”

ဤသည်ကို ကြားတော့ မာရှင်းလုံး၏ နှုတ်ခမ်းတို့ လိမ်တွန့်သွားခဲ့၏။

ဒီကောင်လေးက တော်တော်သတ္တိကောင်းနေတာပဲ… ဗျူရိုက လူကိုတောင် ဒီလိုစကားမျိုး ပြောဝံ့နေတယ် ..

သူက အစွမ်းအစ ရှိတယ်ဆိုရင်တောင် ဒီလောက်ထိတော့ မမောက်မာသင့်ဘူးလေ …

“ ငါ့ကို အပြင်ထွက်ခိုင်းနေတယ်ပေါ့ …”

စွန်မင်ချန်းသည် ဝါးစားမတတ် မျက်လုံးစိမ်းကြီးများဖြင့် လင်းရီကို စူးစိုက်ကြည့်လိုက်ပြီ “ ငါ မင်းရဲ့ နည်းလမ်းတွေ ခိုးသွားမှာကို စိုးရိမ်နေတာလား ဘာလား …”

“ ကျုပ် အဲ့လို မပြောပါဘူး … ဒါပေမယ့် ခင်များက အဲ့လိုထင်နေတယ်ဆိုရင်တော့ ကျုပ်လည်း မတတ်နိုင်ဘူး …”

“ မင်း ….”

“ ဒါရိုက်တာစွန်း … ကျေးဇူးပြုပြီး စိတ်ထိန်းပါဦး … လင်းရီက စကားကို တုတ်ထိုးအိုးပေါက်ပဲ ပြောတတ်တဲ့ လူစားမျိုးမို့ပါ … သူ့ကို ဗွေမယူလိုက်ပါနဲ့ ….”

မာရှင်းလုံက ရှေ့သို့ ထွက်လာပြီး စကားကောင်းလေးများ ပြောပေးလိုက်သည်။ ထို့နောက် စွန်းမင်ချန်းကို နှုတ်ဆက်ပြီး စစ်ကြောရေး အခန်းတံခါးကို ပိတ်လိုက်၏။

“ ဒီကောင်က ဘာလား … သူ့ကိုယ်သူ အမှုဖြေရှင်းနိုင်တယ်ဆိုတာနဲ့ပဲ ကိုယ့်ကိုယ်ကို အဟုတ်ကြီး ထင်နေတနယ်ပေါ့ … ကျိုးဟိုင်ကလူတွေ အကုန်လုံး ဒီလိုတွေချည်းပဲလား … စောက်ရမ်း အရိုအသေ တန်လွန်းတယ် ….”

“ သူ့အစွမ်းအစတွေက သန်မာလွန်းတော့ ဒီခုလိုမျိုး ဖြစ်နေတာ နေမှာပါ … ဒါပေမယ့် သူ့လုပ်ဖော်ကိုင်ဖက်တွေကတော့ အတော်လေး ကောင်းကြပါတယ် … စကားပြောလည်း နိမ့်ချကြတယ် … သူတစ်ယောက်တည်း ဒီလိုဖြစ်နေတာ ….”

“ ရတယ် … ၊ ငါ ဒီနေ့ ဒီမှာ စောင့်မယ် … ငါမရနိုင်တဲ့ သတင်းတွေကို သူ ဘယ်လိုနည်းလမ်းသုံးပြီး ရလာမလဲ ကြည့်ကြတာပေါ့ …”

“ ဒါက ….”

မာရှင်းလုံနှင့် ရွှီကျင်းတို့၏ အမူအရာများ အေးခဲသွားခဲ့ကြပြီး သဘာဝမကျ ဖြစ်လာသည်။

လင်းရီ၏ အစွမ်းအစများက တိုက်ခိုက်ရေး တစ်ခုတွင် ကောင်းမွန်သည်သာ မဟုတ်ဘဲ စစ်ကြောရေး နည်းလမ်းတို့ကလည်း အတော်လေး တမူထူးခြားလှသည်။

ယခင် ဝူကျင်းယွီကို စစ်ဆေးမေးမြန်းသကဲ့သို့ သူတို့ဘက်ခြမ်းက နေ့ရက်ပေါင်းများစွာ စစ်မေးသည့်တိုင် ဝန်မခံသော်လည်း လင်းရီ စစ်ဆေးမေးမြန်းသည်နှင့် ချက်ချင်းပဲ အရာအားလုံးကို ဝန်ခံသွားခဲ့သည်။

ယနေ့ … လျိုဟွာရှန်းကို စစ်ဆေးမေးမြန်းရာတွင်လည်း ထိုသို့သော မထင်ထားသည့် ရလဒ်များ ရရှိလာနိုင်သည်။

သို့သော် လက်ရှိအချိန်၌ စွန်းမင်ချန်းက အနားတွင် ရှိနေသဖြင့် လင်းရီဘက်က လိုက်ပြီး စကားကောင်းပြောပေးဖို့ရာ အဆင်မပြေပေ။

“ သူ့လို လူငယ်လေး တစ်ယောက် အဆင့်ရောက်အောင် ကိုယ့်ကိုယ်ကို တန်းညှိနေစရာ မလိုပါဘူး ဒါရိုက်တာစွန်း … စစ်ကြောရေးနဲ့ ပတ်သက်လာရင် မင်းကမှ တကယ့် ကျွမ်းကျင်သူလေ … သူက မင်းပြိုင်ဘက် မဟုတ်ပါဘူး ….”

“ အဲ့ဒီအကြောင်းအရင်းကြောင့်ပဲ ငါ ဒီမှာ နေချင်တာ … ငါ့ အရည်အချင်းတွေက အပြောချည်း သပ်သပ် မဟုတ်ဘူးဆိုတာ ဒင်း နားလည်သွားစေရမယ် …”

စွန်းမင်ချန်းနှင့် မာရှန်းလုံတို့ စကားပြောနေစဉ်မှာပဲ စစ်ကြောရေး အခန်းထဲရှိ စစ်ရေးမေးမြန်းမှုက စတင်နေပြီး ဖြစ်သည်။

လင်းရီ သံတိုင် တံခါးကို ဖွင့်သွားခဲ့ပြီး အထဲသို့ လျှောက်ဝင်လာခဲ့၏။

လင်းရီ ဝင်လာသည်ကို မြင်တော့ လျိုဟွာရှန်းသည် မသိစိတ်အလျောက် ထောင့်စွန်းသို့ ကပ်သွားခဲ့ပြီး သူ၏ မျက်လုံးထဲတွင် သတိထားမှုတို့ အပြည့်ဖြစ်နေကာ သတိလက်လွတ် မနေဝံ့ပေ။

“ မင်းတို့ငါ့ကို စစ်မေးနေတာ တစ်ညလုံး ရှိပြီ … ငါသိသမျှ အကုန်ပြောပြီးပြီကို ငါ ထပ်ပြီး ဘာပြောသင့်သေးလဲ … မင်းတို့က ဘာတွေများ ဆက်ပြီး မေးချင်နေသေးလဲ ….”

“ ခင်များရဲ့ ဝယ်လက်တွေ အကြောင်းပြော … အဲ့ဒါဆိုရင် ခင်များအမှုလည်း ရှင်းလင်းသွားပြီလို့ သတ်မှတ်ပေးမယ် …”

လျိုဟွာရှန်းမှာ ရင်ကွဲပက်လက် ဖြစ်နေသည့် အမူအရာဖြင့် ဖြစ်သွားခဲ့ပြီး လင်းရီကို ဒူးထောက်ချလုလု နီးနီး ဖြစ်နေသည်။

“ အဲ့လူတွေက သူဌေးတွေ … တစ်ချို့ဆို အဖွဲ့အစည်းထဲ ထိပ်သီးကြီးတွေ … မင်း အွန်လိုင်းမှာ ခဏခဏ မြင်နေရမယ့် လူတွေလည်း ပါတယ် … သူတို့က သူတိ့ရဲ့ ကိုယ်ရေးကိုယ်တာအကြောင်း သိပ်လျှို့ဝှက်ထားကြတော့ ငါ့ကို ဘာမှ ပေးမသိဘူး …”

“ ခင်များတို့ အလဲအလှယ်လုပ်တိုင်း ဘယ်လို နည်းလမ်းသုံးလဲ … သူတို့ဘာသူတို့ ဆက်သွယ်လာတယ်လို့တော့ ကျုပ်ကို မပြောနဲ့ ….”

“ အဲ့အတိုင်း အတိအကျပဲ .. ငါတို့ ဖုန်းကတ်အသစ်တွေသုံးပြီး အချင်းချင်း ဆက်သွယ်ကြတယ် … ပြီးလို့ ငွေလွှဲပြီးတာနဲ့ ကတ်ကိုလည်း ဖျက်စီးလိုက်ကြတယ် ….”

“ ကျုပ်တို့ ကျိုးလီကို ဖမ်းမိတုန်းက ကလေးတစ်ယောက်ကိုလည်း ကယ်ခဲ့သေးတယ် … ဒီအတောအတွင်း ခင်များတို့နှစ်ယောက်ကြားမှာ အဆက်အသွယ်တော့ ရှိမှာပါ …”

လျိုဟွာရှန်း၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။

“ အဲ့ကလေးကိုက ငါတို့ တိုက်ဆိုင်ပြီး ရခဲ့တာ … တစ်ယောက်ယောက် ဆက်သွယ်လာခဲ့ရင် ငါတို့ ဒီတိုင်း တိုက်ရိုက် ရောင်းလိုက်မှာပဲ … အခုထိ သူ့ကို ဘယ်သူမှ မဆက်သွယ်လာသေးလို့ သူ ကျန်နေသေးတာ …”

“ အဲ့စကားကို ကျုပ် ယုံမယ်လို့ ခင်များထင်လား ….”

လျိုဟွာရှန်း သက်ပြင်းချလိုက်သည်။ “ ငါ တကယ်ကြီး မင်းကို မလိမ်ရပါဘူးကွာ … ငါ သိသမျှ အကုန် ပြောပြီးပြီ … မင်း မယုံလည်း ငါ မတတ်နိုင်တော့ဘူး ….”

“ ဒါဆိုလည်း ဂိမ်းတစ်ခု ကစားကြတပေါ့ … ခင်များ ကိုင်တွယ်နိုင်မယ်ဆိုရင် ခင်များပြောတဲ့စကားကို ကျုပ် ယုံကြည်ပေးမယ် ….”

“ ဂိမ်း … ဘာဂိမ်းလဲ ….”

လင်းရီ သူ့အိတ်ထောင်ထဲက ဆေးထိုးအပ်တစ်ချောင်း ထုတ်လာခဲ့ပြီး ဖောက်ထွင်းမြင်နေရသည့် ပုလင်း သေးသေးလေးကလည်း ကပ်လျက် ပါလာခဲ့သည်။

အပ်ကို ပုလင်းထဲ စိုက်လိုက်ပြီးနောက် အထဲရှိ အရည်ကြည်များအားလုံးကို ဆေးထိုးအပ်ထဲ ဆွဲစုပ်လိုက်၏။

ဆေးထိုးအပ်ကို မြင်တော့ လျိုဟွာရှန်း၏ မျက်နှာသည် သိသိသာသာကြီး ပြောင်းလဲသွားခဲ့သည်။

သူလည်း ယခင်က ထိုကဲ့သို့သော ပစ္စည်းများကို အရောင်းအဝယ် ပြုလုပ်ခဲ့ဖူးသောကြောင့် လင်းရီ ကိုင်ထားသည့် ပစ္စည်းလေးက မည်မျှကောင်းကြောင်း နားလည်နေသည်။ သူ့ နှလုံးခုန်သံတို့ အရူးအမူး မြန်ဆန်လာခဲ့ပြီး လည်ချောင်းဝသို့ ရောက်လာခဲ့သည်။

“ မင်း … မင်း ဘာလုပ်မလို့လဲ …”

“ ခင်များ တစ်ညလုံး အိပ်ရေးပျက်ထားတာမြင်တော့ ဆေးလေး နည်းနည်းပါးပါး ပေးချင်လို့ပါ …” လင်းရီ ပြောလိုက်ပြီး “ ခင်များ ခုနစ်ရက် တောင့်ခံနိုင်မယ််ဆိုရင် ခင်များရဲ့ စကားတွေ မှန်ကြောင်း ယုံကြည်ပေးမယ် …”

“ မင်း … မင်း ဒါက တရားမဝင်ဘူးကွ …”

“ ထာဝရ ကျေးရွာမှာ ကျုပ် တစ်ချီတည်းနဲ့ လူတွေ အများကြီး သတ်ခဲ့တာတောင် ဘယ်လိုမှ မနေတဲ့ဟာ ဥပဒေက ကျုပ်ကို ထိန်းချုပ်နိုင်မယ်ထင်လား ….” လင်းရီ ခွန်းတုံ့ပြန်လိုက်သည်။

“ ပြီးတော့ ကျုပ်မှာတော့ တကယ့် စကေးတွေ မရှိရင် ဒီလို ပစ္စည်းမျိုးတွေ ကိုင်တွယ်နိုင်မယ်လို့ ထင်လား …”

“ အခု စလိုက်ကြတာပေါ့ … ကျုပ်လည်း ရှင်းပြရတာ မောလာပြီ …”

လင်းရီသည် ဆေးထိုးအပ်ကို ကိုင်၍ လျိုဟွာရှန်းအနားသို့ ချဉ်းကပ်လာခဲ့သည်။ တစ်ဖက်လူမှာ သူ့လက်များကိုကာပြီး တရစပ် နောက်ဆုတ်နေကာ လင်းရီ၏ အကြည့်တို့အောက်မှ ဖြစ်နိုင်သည့် မည်သည့်နည်းနှင့်မဆို လွတ်မြောက်ချင်နေခဲ့သည်။

“ ခင်များ အေးဆေးနေတာ ကောင်းမယ်နော်… မဟုတ်ရင် ကျုပ် လက်မောင်း ရိုက်ချိုးပစ်လိုက်မယ် …”

လင်းရီသည် လျိုဟွာရှန်း၏ လက်ကို ဆွဲလိုက်ပြီး အင်္ကျီလက်ကို လိပ်တင်လိုက်သည်။ ထို့နောက် သွေးကြောထဲသို့ အပ်စိုက်လိုက်၏။

လျိုဟွာရှန်း၏ ခန္ဓာကိုယ်မှာ ဆက်တိုက် တုန်ယင်နေလျက် ရှိ၏။ ဤဆေး၏ အာနိသင်ကို သူ ကောင်းကောင်းကြီးသိသည်။ တစ်စက် နှစ်စက်လေးကပင် လူအယောက် နှစ်ဆယ်ခန့်ကို ဆေးခပ်ဖို့ရာ လုံလောက်နေပြီ ဖြစ်၏။

ဤမျှ များပြားသည့် ဆေးပမာဏကို သူ့ကိုယ်ထဲ ထိုးသွင်းလိုက်မည်ဆိုပါက တစ်ပတ် မပြောနှင့် သုံးရက်ပင် ခံနိုင်မှာ မဟုတ်ချေ။

သို့သော် လင်းရီ၏ စကားကို နာခံပြီး သူ မလှုပ်ဝံ့။ ကြောက်ရွံ့မှုက လုံးလုံးလျားလျား ကြီးစိုးနေသည်။

“ မဟုတ်ဘူး … မလုပ်ပါနဲ့… ငါ အားလုံး ပြောပြပါ့မယ်….”

“ ခင်များ အစောကြီးကတည်းက ဝန်ခံလိုက်သင့်တာ .. ဘာလို့ ဒီလောက်တောင် ဒုက္ခခံချင်နေရတာလဲ …”

လင်းရီ ရပ်တန့်သွားသည်ကို မြင်တော့ လျိုဟွာရှန်းမှာ ရေနစ်ထားသည့် လူတစ်ယောက်နှယ် သူ့တစ်ကိုယ်လုံး ချွေးအေးတို့ ရွှဲနစ်နေသည်ကို ခံစားမိလိုက်သည်။

လင်းရီ ထိုင်ခုံသို့ ပြန်ရောက်သွားခဲ့ပြီး လက်ထဲတွင် ဆေးထိုးအပ်ကို ကစားရင်း

“ အခုပြောတော့ … ခင်များ သိသမျှ အကုန်ပြော .. ကျုပ်ရဲ့ စိတ်ရှည်နိုင်စွမ်းက အကန့်အသတ်ရှိတယ် … အပိုစကားတွေ ထပ်ပြောရအောင် မလုပ်နဲ့ ….”

“ ငါ့အခန်းထဲမှာ ကွမ်းယွီ ရုပ်ထု တစ်ခုရှိတယ် .. အောက်ခံ အပြားလေးအောက်မှာ အခေါင်းပေါက် တစ်ခု ရှိတယ် .. အဲ့ထဲက မှတ်စု စာအုပ်ထဲမှာ ငါ အရောင်းအဝယ်လုပ်ခဲ့တဲ့ လူနာမည်စာရင်းတွေ အားလုံး မှတ်ထားတယ် …”

“ ခင်များအခန်းဆိုတာက ထာဝရကျေးရွာက အိမ်ကိုပြောတာလား …”

“ ဟုတ်တယ် ဟုတ်တယ် ….”

“ အဲ့လူတွေက ဘယ်ကလဲ …”

“ အများစုကတော့ ဖန့်ချိန် ကုန်သည်ကြီးများ အသင်းက … သူတို့က အတော်လေး ကြီးမားတဲ့ အဖွဲ့အစည်းကြီးပဲ … ငါတို့အချင်းချင်း နှစ်တွေ အကြာကြီး ပူးပေါင်းလာတော့ ယုံကြည်မှုကလည်း နက်ရှိုင်းတယ် … ဆိုတော့ တစ်ခါလေးမှ ပြဿနာ မရှိခဲ့ဖူးဘူး ….”

“ ကြည့်ရတာ ဖန့်ချိန် ကုန်သည်ကြီးများ အသင်းမှာ ဇစ်မြစ်လိုက်ရမယ်နဲ့ တူတယ်….”

စာစဉ် (၁၄၅)ပြီး၏။

All Chapters