အလင်းအမြန်နှုန်းနဲ့ မျက်နှာ ဖြတ်ရိုက်ခံရခြင်း
Vol. 145 Ch. 2168
မာဟွား အပေါ်သို့ တက်လာခဲ့ပြီး သတိထားနေသည့် သူ၏ မျက်လုံးတို့က လင်းရီထံပါးမှ တစ်ဖဝါးမခွာခဲ့ချေ။
ထို့ပြင် သူ့လက်ကလည်း ကလေးကို မလွှတ်တမ်း ထိန်းချုပ်ထား၏။
သူ့အတွက် ဤသည်က အသက်ကယ် အဆောင်ဖြစ်ပြီး ၎င်းသာ မရှိဘူးဆိုပါက ဤနေရာမှ ထွက်ခွာနိုင်မှာ မဟုတ်ချေ။
လင်းရီကတော့ ဘေးတွင် ပျင်းရိစွာ ရပ်နေရင်း လှုပ်ရှားမည့် ရည်ရွယ်ချက် လုံးဝ မတွေ့ရချေ။
မာဟွားထွက်ခွာသွားခဲ့ပြီးနောက် လင်းရီလည်း နောက်ကလိုက်ပါလိုက်ပြီး သူတို့နှစ်ဦးကြားတွင် ငါးမီတာ အကွာအဝေးကို ထိန်းသိမ်းထားသည်။ မလိုအပ်သည့် မည်သည့်လှုပ်ရှားမှုကိုမျှလည်း မပြုလုပ်ချေ။
“ အစ်ကိုရီ … ကျွန်မတို့ တကယ်ပဲ သူ့ကို လွှတ်ပေးလိုက်မှာလား ….”
ကျန်းဇီရှင်းက အိမ်ရှေ့တွင် ရပ်နေရင်း တီးတိုး မေးမြန်းလာသည်။
လင်းရီ များများစားစား မဆိုဘဲ ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ သို့သော် သူ၏ မျက်လုံးတို့ကတော့ မာဟွားထံ၌သာ စွဲကပ်နေခဲ့သည်။
“ ကလေးကို လွှတ်လိုက် … ပြီးရင် ငါတို့ မင်းကို ထွက်သွားခွင့် ပြုမယ် ….”
“ မင်းတို့ တစ်ယောက်မှ တုတ်တုတ်မလှုပ်ကြနဲ့ ….”
မာဟွား အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းနေပြီး မျက်ဝန်းတို့ကလည်း ရုန့်ရင်းကြမ်းတမ်းနေကာ စိုးရိမ်ထိတ်လန့်နေကြောင်း သိသာသည်။
“ ငါ ကားထဲ ဝင်ပြီးမှပဲ သူ့ကို လွှတ်ပေးနိုင်မယ် … ဒီ ဝန်ထုပ်ဝန်ပိုး ဖြစ်တဲ့ ကလေးကို ငါနဲ့ ခေါ်သွားမှာ မဟုတ် အားးးးးး…..”
မာဟွား စကားပြောမဆုံးသေးခင်မှာပဲ နာကျင်သည့် အော်သံတစ်ခုက ရုတ်ချည်း ထွက်ပေါ်လာသည်။
စကေဘာက သူ၏ လက်ကောက်ဝတ်တည့်တည့်သို့ ထိုးစိုက်နေခဲ့သည်။
အငိုက်မိနေသည့် အချိန်ကို အခွင့်ကောင်းယူ၍ လင်းရီ ရှေ့သို့ လျင်မြန်စွာ တက်လာခဲ့ပြီး မာဟွား၏ အခြားလက်တစ်ဖက်ကိုဆွဲကာ ကျောနောက်သို့ အတင်းပို့ထားလိုက်၏။
နာကျင်စွာ အော်မြည်သည့်အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြီး ကလေးသည်လည်း သူ၏ လက်တွင်းမှ ပြုတ်ကျသွားခဲ့သည်။
သို့သော် လင်းရီက ပြုတ်ကျသွားသည့်ကလေးကို ချက်ချင်းပဲ လျင်မြန်စွာ ဖမ်းလိုက်၏။
“ ဇီရှင်း … ကလေးကို ထိန်းထား … မင်း ဒီကိစ္စထဲ ဝင်ပါစရာ မလိုဘူး ….”
“ ဟုတ် အစ်ကိုရီ …”
ကျန်းဇီရှင်း ရောက်လာခဲ့ပြီး ကလေးကို သူမ လက်မောင်းထဲ ပွေ့ချီထားကာ ဘေးသို့ ထွက်ရပ်နေလိုက်သည်။
မာဟွား လင်းရီကို ကြမ်းကြုတ်စွာ စိုက်ကြည့်လိုက်၏။
“ မင်း စကား မတည်ဘူး … မင်း ငါ့ကို လွှတ်ပေးမယ် ပြောခဲ့တယ် မဟုတ်ဘူးလား ….”
“ မင်းဘာမင်း ဆဲချင်သလိုဆဲ … ငါက သူတော်စင်ကြီး မဟုတ်တာတော့ အမှန်ပဲ …” လင်းရီ အေးအေးဆေးဆေးပဲ တုံ့ပြန်လိုက်သည်။ “ ဒါပေမယ့် သတိတော့ ပေးလိုက်မယ် … မင်း တစ်ခွန်းထပ်ပြီး ကျိန်ဆဲဝံ့ဦးမယ်ဆိုရင်တော့ ငါ မင်းကို အခုချက်ချင်း သတ်မှာ … မယုံဘူးဆိုရင် စမ်းကြည့်ကြည့်ပေါ့ ….”
မာဟွား ကျောချမ်းသွားခဲ့ပြီး ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ရသည်။ လင်းရီကို ပြန်မပြောဝံ့သည်အထိ ကြောက်လန့်သွားခဲ့၏။
“ အဲ့မှာနေ … ပြီးရင် ဟိုကောင်တွေလိုမျိုး ဆောင်ကြောင့်ထားပြီး လက်တွေကို ခေါင်းနောက်ပို့ထား ….”
“ ဒါပေမယ့် ငါ့လက် ……”
“ အဲလောက်လေးနဲ့ မသေဘူး … ငါ့ကို စကားနှစ်ခါ ပြောရအောင် မလုပ်နဲ့ ….”
မာဟွား အပိုထပ်မပြောဝံ့တော့ချေ။ နာကျင်နေသည့် လက်ကောက်ဝတ်ကို ဖိရင်း ကျိုးလီနှင့် ကျန်သူများကဲ့သို့ ဆောင့်ကြောင့်ထိုင်ချလိုက်၏။
“ ငါ မင်းတို့ကို မေးခွန်း နည်းနည်းမေးမယ် … ရိုးရိုးသားသား ဖြေမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ … အဲ့လိုဆို ငါလည်း ညှင်းပန်းဖို့ မလိုတော့ဘူး …”
လင်းရီ လူလေးဦးကို ညှင်သာစွာ ပြုံးရင်း ကြည့်လိုက်သည်။
“ မင်းတို့လို လူစားမျိုးတွေက အသည်းမာတဲ့ ကောင်တွေ ဆိုတာ ငါသိတယ် … တော်ရုံ ခြိမ်းခြောက်လို့ ကြောက်မယ့်ကောင်တွေ မဟုတ်ဘူး … ဒါပေမယ့် အဲ့တာက ကြောက်စရာကောင်းစေရမယ်လို့ ငါ အာမခံတယ် …”
….
ထိုအချိန်တွင် ကူရိရန်က ကျန်းဖန့်ကို ဦးဆောင်ပြီး ၊ လီဟောက်က ကျိုးမင်နှင့် အတူ တစ်အုပ်စုဖွဲ့၌ ရွာထဲတွင် လှည့်လည်သွားလာနေလျက် ရှိကာ ကလေးများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို မေးမြန်းစုံစမ်းနေသည်။
မှောင်ရီပျိုးခါနီး အချိန်၊ ရွာပြင်ရှိ အစောင့်များ တစ်ယောက်ပြီး တစ်ယောက် အိမ်သို့ ပြန်လာသည့် အချိန်မှသာ နှစ်ဖွဲ့သား ပြန်ဆုံကြသည်။
“ မင်းတို့ဘက်ခြမ်းက ဘာသတင်းထူးလဲ …” လီဟောက်က ကူရိရန်ကို ကြည့်ပြီး မေးလိုက်၏။
ကူရိရန် ခေါင်းခါလိုက်သည်။ “ ငါတို့ လူဒါဇင်ကျော်လောက် မေးကြည့်တယ် … အကုန်လုံးက ဒီကလေးတွေကို တစ်ခါမှ မမြင်ဖူးဘူးတဲ့ … နင်တို့ဘက်ရော ….”
“ ငါတို့လည်း အတူတူပဲ … ဘာအသုံးဝင်တာမှ မရဘူး …” လီဟောက် ပြောလိုက်သည်။
“ ငါ့အထင် ငါတို့ရထားတဲ့ သဲလွန်စတွေက တစ်နေရာမှာ မှားသွားလို့နဲ့ တူတယ် … ဖမ်းခံလိုက်ရတဲ့ ကလေးတွေက ဒီနေရာကို မခေါ်လာခံရလောက်ဘူး … မဟုတ်ရင် ခြေရာလက်ရာ တစ်ချို့တော့ ကျိန်းသေပေါက် ကျန်နေခဲ့ရမှာ ….”
“ ငါတို့ တစ်ခုခုများ ကျန်နေခဲ့လား မသိဘူးနော်…..” ကူရိရန်က ပြန်လည် သုံးသပ်ကြည့်လိုက်၏။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ….” လီဟောက် ပြောလိုက်ပြီး “ ငါတို့ တစ်ရွာလုံးကို အိမ်တိုင်းစေ့ လိုက်မေးကြည့်ပြီးပြီ … ငါတို့ရဲ့ အတွေ့အကြုံတွေနဲ့ဆိုရင် တစ်ခုခု ကျန်ခဲ့တာမျိုး လုံးဝ မဖြစ်နိုင်ဘူး … ရွာနဲ့ ပတ်သက်လို့က ဘာမူမမှန်တာမှ မရှိဘူး … ငါတို့ရဲ့ သဲလွန်စတွေကိုက လွဲနေတာ ….”
“ လင်းရီနဲ့ ကျန်းဇီရှင်းတို့လည်း ပြန်မလာကြသေးဘူး … ခဏလောက် ထပ်စောင့်ကြည့်ကြတာပေါ့ … တကယ်လို့သာ သူတို့လည်း ဘာသတင်းမှ မထူးခဲ့ဘူးဆိုရင်တော့ ပြန်ရုံပဲ ….”
“ ဘာမှ ထပ်စောင့်နေစရာမလိုဘူး …” ကျိုးမင် ဝင်ပြောလာခဲ့ပြီး “ သူ့ကို အခုပဲ ပြန်လာခိုင်းလိုက်တော့ … ငါတို့ဘက်က ဘာမှ မမှားဘူးလို့ အတည်ပြုပြီးသွားပြီ… နင် ငါတို့ရဲ့ ကျွမ်းကျင်မှုကို ယုံကြည်သင့်တယ် …”
“ ရပြီ ကျိုးမင် … ဘာမှ ထပ်ပြောမနေနဲ့တော့ … ဌာနကို ဖုန်းဆက်ပြီး ဒီက အခြေအနေကို အမှန်အတိုင်း တင်ပြလိုက် ….”
“ အိုကေ …”
ကျိုးမင် ဖုန်းထုတ်၍ လက်ရှိ အခြေအနေကို လုံဟူ ရဲစခန်းသို့ တင်ပြ၍ ပြန်လည်ဆုတ်ခွာရန် ဟန်ပြင်လိုက်သည်။
လီဟောက်က စီးကရက် တစ်လိပ်ကို မီးညှိပြီး အနည်းငယ် စိတ်မရှည်ဖြစ်နေသည်။
“ မြန်မြန် မင်းလူတွေကိုလည်း ပြန်ခေါ်လိုက်တော့ … ဒီမှာထပ်ပြီး အချိန်ဖြုန်းဖို့ မလိုတော့ဘူး ….”
ကလင် ကလင် ကလင် …
ထိုအချိန်မှာပဲ ကူရိရန်၏ ဖုန်းသံက အသံမြည်လာသည်။ ကျန်းဇီရှင်းက ဆက်သွယ်လာခဲ့ခြင်းပင်။
“ အစ်မရိရန် … ငါတို့ သံသယ တရားခံတွေကို မိထားပြီးပြီ … ရွာအရှေ့ပိုင်းက အုတ်နီလေးနဲ့ အိမ်ကို လာခဲ့လိုက် … အဲ့မှာ ခြံဝန်း အကျယ်ကြီးနဲ့ ဗင်ကားတစ်စင်းလည်းရှိတယ် … ငါနဲ့ အစ်ကိုရီလည်း ဒီမှာပဲ ….”
“ သံသယ တရားခံတွေကို မိထားပြီ ဟုတ်လား ….” ကူရိရန် အံ့အားသင့်သွားခဲ့၏။
“ အွန်း … ဒီမှာ ငါးယောက်တောင်မှ …”
“ ကောင်းတယ် … အဲ့မှာ စောင့်နေ … ငါတို့ အခုပဲ လာနေပြီ …”
ကူရိရန် ဖုန်းချလိုက်ပြီး လီဟောက်နဲ့ ကျိုးမင်တို့ အံ့အားတကြီး အမူအရာတို့ဖြင့် မေးမြန်းလာခဲ့သည်။ “ ဘာဖြစ်တာလဲတဲ့ …”
“ လင်းရီတို့တွေ သံသယတရားခံကို ဖမ်းထားပြီ … ရွာအရှေ့ဘက်ပိုင်းမှာပဲ … သွားပြီး ကြည့်ကြစို့ ….”
“ ဟက် ….”
ကျန်းဖန့်က နှာမှုတ်လိုက်ပြီး “ စောနက တစ်ယောက်ယောက် ဒီမှာ သံသယ တရားခံတွေ မရှိဘူး ပြောပြီး အရေးတကြီး ပြန်ဖို့ ပြင်နေသလိုပဲနော် … အခု သွားကြတော့ …. ကျန်တာ ငါတို့ ကိုင်တွယ်လိုက်မယ် … မင်းတို့ ပြန်မယ့် ခရီးကို မနှေးဖင့်ခိုင်းတော့ဘူး …..”
ရှက်ရွံ့သွားခဲ့ရသော်လည်းပဲ နှစ်ယောက်မှာ မျိုသိပ်ရုံသာ တတ်နိုင်သည်။
“ တော်တော် ကောက်ကျစ်တဲ့ ကောင်တွေ … ငါ့ကိုတောင် လှည့်စားနိုင်လုနီးနီးပဲ … သူတို့ကို တွေ့ပြီဆိုမှတော့ သေချာကောင်းကောင်းလေး တစ်ချက် သွားကြည့်ပြီး အကုန်လုံးကို တစ်ခါတည်း ဖမ်းလိုက်ကြတာပေါ့ ….”
“ မလိုဘူး … ညီကိုလင်းက အဲ့မှာ ရှိနေပြီ … ငါတို့လုပ်ဖို့ လိုတာ နောက်ဆက်တွဲ ကျန်တာလေးတွေ ရှင်းလင်းရုံပဲ ….”
“ ကဲ စကားပြောနေတာတော်ပြီး ရွာအရှေ့ဘက်ပိုင်းကို သွားကြမယ် …” ကူရိရန် ဆော်ဩလိုက်သည်။
များမကြာမီ လေးယောက်မှာ ကျိုးလီ၏ အိမ်သို့ ရောက်လာကြ၏။
သို့သော် သူတို့ အထဲသို့ ဝင်လျှင်ဝင်ချင်း ရှေ့တွင် မြင်နေရသည့် မြင်ကွင်းက သူတို့တစ်ကိုယ်လုံး တုန်ခါ ထိတ်လန့်သွားစေခဲ့လေသည်။
လူ ငါးဦးလုံးက သွေးများဖြင့် ဖုံးလွှမ်းနေပြီး ရှုမြင်မကောင်းအောင် ရှိနေခဲ့ကာ ကျန်းဖန့်ကို မျက်နှာ ရှုံ့မဲ့သွားစေခဲ့၏။
“ ညီကိုရီ … ဒါ မင်းလက်ချက် မလား ….”
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာ … ငါက အမြဲတမ်း ညင်သာတဲ့ လူပါဟ… သူတို့ကို ဒီလိုမျိုး ဖြစ်အောင် ငါမလုပ်ဘူး … ဟုတ်တယ်နော်…”
“ ဟုတ်ပါတယ် ဟုတ်ပါတယ် …”
ကျိုးလီနှင့် ကျန်သူများမှာ တောက်တဲ့ကဲ့သို့ တရစပ် ခေါင်းညိတ်ပြလာခဲ့ကြကာ အားတက်သရော ထောက်ခံနေခဲ့ကြသည်။
“ ငါတို့တွေ ရှပ်ပြာရှပ်ပြာ နိုင်လို့ ချော်လဲပြီး ဒီလိုတွေ ဖြစ်ကုန်တာပါ … ဒီအရာရှိနဲ့ ဘာမှမသက်ဆိုင်ဘူး … သူက ရဲကောင်းလေ … လူတွေကို ဘယ်တော့မှ မရိုက်ဘူး …”
ကူရိရန်မှာ ရယ်ရအခက်၊ ငိုရအခက် ဖြစ်သွားခဲ့တော့သည်။
လင်းရီ သူတို့ကို ရိုက်နှက်လိုက်၍ စိတ်ထရော်မာရသည်အထိ ထိတ်လန့်သွားခဲ့ကြဟန်ပင်။
“ အခု လူတွေကိုလည်း ဖမ်းမိပြီဆိုတော့ သူတို့ကို ပြန်ခေါ်သွားကြတာပေါ့ … ဒီနေရာက စစ်ဆေးမေးမြန်းဖို့ မသင့်တော်ဘူး …”
“ နေဦး … မလောသေးနဲ့ ….” လင်းရီ လက်ကာပြလိုက်ပြီး “ သူတို့က ဒီတိုင်း ငါးသေးသေးလေးတွေ … သူတို့နောက်မှာ တခြားလူတွေ ရှိရင် ရှိနေနိုင်သေးဘူး … ဒီ အမှုက ငါတို့ ထင်ထားတာထက်တောင် ပိုပြီး ရှုပ်ထွေးနေလောက်တယ် ….”
“ တခြားလူတွေ ဟုတ်လား …” ကူရိရန်နှင့် ကျန်သူများမှာ အံ့အားသင့်သွားခဲ့ကြ၏။
“ အင်း … သူတို့ လူနည်းနည်းလေးနဲ့ ဒီလောက် ကြီးကြီးမားမား ကိစ္စကြီးတွေကို ဘယ်လိုလုပ်နိုင်မှာ … သူတို့ဆီကနေ စကားအကုန်ထွက်အောင် မေးလိုက်ဦးမယ် .. ပြီးမှ သွားကြတာပေါ့ …”
“ ကောင်းပြီလေ … ဒီအထိရောက်လာပြီးမှတော့ လုပ်မယ့်လုပ် အဆုံးထိ လုပ်ကြတာပေါ့ ….”
လင်းရီ ခေါင်းတညိတ်ညိတ်ဖြင့် ပြုံးလိုက်ပြီး ကျိုးလီနှင့် အခြားသူများဘက်သို့လှည့်ကာ သွားပေါ်သည်အထိ ပြုံးပြလိုက်သည်။
“ ငါ စကားအများကြီး မပြောချင်ဘူး … မင်းတို့ကို နောက်ကွယ်ကနေ ညွှန်ကြားနေတဲ့လူကို ထုတ်ခဲ့ … ရိုးရိုးသားသားပဲ ပြောကြတာပေါ့ … ဘာပဲဆိုဆို ရိုက်နှက်ခံရတာက သာယာဖို့ကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူးလေ …”
“ မလုပ် … မလုပ်ပါနဲ့ … ငါတို့ကို ထပ်မရိုက်ပါနဲ့တော့ အရာရှိကြီးရယ် ….”
ကျိုးလီ ငိုမဲ့မဲ့ အမူအရာဖြင့် လင်းရီအား စိုက်ကြည့်လာခဲ့ပြီး ပြောလိုက်သည်။ “ ငါတို့မှာ တခြား နောက်တစ်အုပ်စု ရှိပါသေးတယ် … သူတို့က ထာဝရရွာမှာ ပုန်းနေကြတာ … သူတို့ကို အဲ့မှာ ရှာလို့ရတယ် …”