← Chapters

ထူးဆန်းနေတဲ့ အိမ်

Vol. 145 Ch. 2165

ထူးဆန်းနေတဲ့ အိမ်

Vol. 145 Ch. 2165

“ ဒီနောက်ကွယ်မှာ ရှိနေတဲ့ ကွင်းဆက်က ငါတို့ စိတ်ကူးထားတာထက်တောင် ရှုပ်ထွေးနေလောက်တယ် … ပြီးတော့ သူ့နည်းသူ့ဟန်နဲ့လည်း ထူးခြားနေတယ် … ဘယ်လိုပဲ ဖြစ်နေပါစေ ငါတို့ ဒီ အမှုကို ဖြေရှင်းမှ ရမယ် …”

“ အစ်ကိုရီ … ကျွန်မ အခုလေးတင်ပဲ တစ်ခု တွေးမိလို့ …”

“ အင်း ပြောကြည့် …”

“ သုန်ဝမ်ကျားက လွန်ခဲ့တဲ့ လေးရက်လောက်တုန်းက သေသွားခဲ့တာ … ဒါပေမယ့် လီရုံလန် တိုက်ခန်းငှားတဲ့ နေ့စွဲအပေါ် အခြေခံပြီး တွက်ချက်ကြည့်ရင် သုန်ဝမ်ကျားက လွန်ခဲ့တဲ့ ခြောက်ရက်လောက်တုန်းကနေ ပြဿနာ တက်နေတာပဲ ဖြစ်ရမယ် …”ကျန်းဇီရှင်း ထိုသို့ ပြောပြီးနောက် စကားကို ခေတ္တရပ်နားလိုက်သည်။ ထို့နောက် ဆက်ပြော၏။

“ တကယ်လို့သာ အစ်ကိုရီ သုံးသပ်တဲ့အတိုင်းပဲ ဒီနေရာက လွှဲပြောင်းတဲ့နေရာ ဖြစ်မယ်ဆိုရင် မတော်တဆမှု ဖြစ်ပြီးတာနဲ့ သုန်ဝမ်ကျားလည်း ဒီနေရာ ခေါ်လာခံခဲ့ရမှာပဲလေ … ပြီးတာနဲ့ အချိန်တိုအတွင်း ကျိုးဟိုင်က ဝယ်သူ တစ်ယောက်ဆီ ရောင်းခံလိုက်ရမယ် … ဒါပေမယ့် သူကိုယ်တိုင်ကိုက ကျိုးဟိုင်ဒေသခံ ဖြစ်နေပြီကို ဘာလို့ ဒီလောက် အဝေးကြီးထိ ရောက်လာနေဦးမှာလဲ …”

“ အဲ့ကိစ္စကို ငါလည်း သေချာမသိသေးဘူး …” လင်းရီ လေးနက်တည်ကြည်စွာ ပြောဆိုလိုက်ပြီး “ သုန်ဝမ်ကျားက ကျိုးဟိုင်က … ယုတ္တိကျကျ ပြောကြေးဆို သူ့ကို ကျိုးဟိုင်က ဝယ်လက်ထဲ ထည့်ပေးလိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး … သူ့ကို လွယ်လင့်တကူ မှတ်မိသွားနိုင်တော့ စွန့်စားရာ ကျလွန်းတယ် …”

“ အတိအကျပဲ … သူ့ကို တခြား ပိုပြီး ဝေးလံတဲ့ နေရာတစ်ခုဆီ ခေါ်သွားသင့်တာ ….”

“ ဒီတော့ ဒါကြီးက အတော်လေးကို ပုံမှန် မဟုတ်ဘူး … အဓိပ္ပာယ်ကို မရှိတာ …”

“ အမှုနှစ်ခုက ဆင်တူရုံပဲ တူပြီး ဆက်စပ်မှု မရှိတာများလား … ကျွန်မတို့တွေ အစတုန်းကတည်းက မှားယွင်းနေခဲ့ကြတာများလား …”

“ ဖြစ်နိုင်တယ် … ဒါပေမယ့်လည်း မသေချာသေးဘူး …” လင်းရီ ပြောလိုက်ပြီး “ ဘဝက သင်္ချာပုံသေနည်း တစ်ခု မဟုတ်သလို အရာတော်တော်များများကိုလည်း ကြိုပြီး စီစဉ်ထားလို့ မရဘူး … အထူးသဖြင့် ငါတို့ရဲ့ အခုလို အမှုမျိုးပေါ့ … ထွက်ပေါ်လာတဲ့ တူညီမှုတွေက ဆက်စပ်နေဖို့ ဖြစ်နိုင်ချေ အတော်လေး များတယ် ….”

“ ဟုတ် နားလည်ပြီ အစ်ကိုရီ …”

ဘွန်း ဘွန်း ဘွန်း ….

သူတို့နှစ်ဦး စကားပြောဆိုနေစဉ်မှာပဲ ရုတ်ချည်းဆိုသလို နောက်ဘက်မှနေ၍ ဆိုင်ကယ်သံ တစ်သံကို ကြားလိုက်ရသည်။

လှည့်ကြည့်လိုက်တော့ စွပ်ကြယ် အနက်ရောင်နှင့် အမျိုးသားတစ်ဦးက လျှပ်စစ် မော်တော်ဆိုင်ကယ် တစ်စင်း မောင်းနှင်လာနေသည်ကို မြင်တွေ့လိုက်ရ၏။

မသိစိတ်အလျောက် ဆိုင်ကယ်ပေါ်ရှိ အမျိုးသားကလည်း လင်းရီနှင့် ကျန်းဇီရှင်းကို ကြည့်မိသွားခဲ့ကာ သူ့မျက်ဝန်းထဲ သတိထားသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သည်။

သို့သော် တဒင်္ဂမျှသာ အကြည့်ချင်း ဆုံပြီး အမျိုးသားက သူ၏ ဆိုင်ကယ်ကို အရှိန်တင်၍ ရှေ့ဘက်သို့ ဆက်လက် မောင်းနှင်ထွက်ခွာသွားခဲ့သည်။

“ အဲ့လူက ကျွန်မတို့ကို သတိထားနေသလိုပဲနော်… မသိရင် သူခိုးတွေကို မသင်္ကာတဲ့ မျက်လုံးနဲ့ ကြည့်နေတဲ့ ပုံစံမျိုးနဲ့ …” ကျန်းဇီရှင်း ဇဝေဇဝါ ဖြစ်နေမိ၏။

“ အစ်ကိုရီ ပြောသလိုမျိုး ဒီနေရာက လွှဲပြောင်းတဲ့ နေရာဆိုတော့ လူစိမ်းတွေ ရောက်လာတာက သူတို့ကို စိတ်ကြောင့်ကြစေပြီး ဆတ်ဆတ်ထိမခံ ဖြစ်စေတာများလား ….”

“ အဲ့လိုကြီးလည်း ကောက်ချက်ချလို့ မရဘူး … ဒီနေရာက လွှဲပြောင်းတဲ့ နေရာဆိုရင်တောင် ပါဝင်ပတ်သက်နေတဲ့လူက နည်းနည်းလေးလောက်ပဲ … တစ်ရွာလုံးကြီးတော့ မဖြစ်နိုင်ဘူး ….” လင်းရီ ပြောလိုက်သည်။ “ သူ ဘာလို့ အဲ့လို ပြုမူနေလဲဆိုတော့ ဒီက နေထိုင်မှုပုံစံက အချင်းချင်း တအား ရင်းနှီးကြလို့လေ … လူစိမ်းတွေ ၊ မျက်နှာသစ်တွေဆိုတာ မြင်ရခဲယဉ်းတယ် … ကမ္ဘာကြီးနဲ့ သီးသန့်ဖြစ်နေတဲ့ နေရာလိုမျိုးပေါ့ … အခု ငါတို့ ဒီရောက်လာတော့ ငါတို့ကို သေချာစူးစမ်းကြည့်ချင်တာ ထုံးစံပါပဲ …”

“ အစ်ကိုရီက ဘာလို့ အဲ့လောက်တောင် သေချာ သိနေရတာလဲ …”

“ ငါ့အဘိုးရဲ့ ရွာကလည်း ဒီလိုပဲလေ … တစ်ရွာလုံးက ဆွေမျိုးသားချင်းတွေလိုပဲ … ဒါမျိုးတွေက ဒီလိုနေရာမျိုးမှာ ပုံမှန်လိုတောင် ဖြစ်နေပြီ …”

စကားပြောဆိုရင်းဖြင့် နှစ်ယောက်မှာ လမ်းကွေ့တစ်ခုသို့ ၀င်ချိုးလိုက်ကြသည်။ ကျန်းဇီရှင်း ရုတ်တရက် လက်ညှိုးထိုးပြလာခဲ့၏။

“ ဟင် … အဲ့တာ စောနတုန်းက ကျွန်မတို့ မြင်ခဲ့တဲ့ ဆိုင်ကယ်မလား … ဒီ အိမ်ကြည့်ရတာ တော်တော်လေး ချမ်းသာမယ့်ပုံပဲ … ဆိုင်ကယ်တစ်စင်းတင် မဟုတ်ဘူး … ဗင်လည်း ရှိတယ် … ဗင်က ကျွန်မတို့ ရှာနေတဲ့ ဗင်နဲ့ နည်းနည်းလေး မကိုက်ဘူးဆိုပေမယ့်ပေါ့ ….”

လင်းရီ သူမ၏ အကြည့်တို့နောက် လိုက်ပါကြည့်ရှုလိုက်ရာ နှစ်ဆယ်မီတာ အကွာရှိ အိမ်တစ်လုံးကို မြင်တွေ့သွားခဲ့၏။

အိမ်ရှေ့တွင် ကြီးမားသည့် မြေကွက်လပ်ကြီး တစ်ခု ရှိပြီး နှစ်ရာ စတုရန်းမီတာလောက် ကျယ်သည်။

၎င်းနောက်တွင် အနီရောင် အုတ်တို့ဖြင့် စီထားသည့် အိမ်တစ်လုံး ရှိနေပြီး ဟောင်းနွမ်းနေသည့် သဏ္ဌာန်ကိုလည်း မြင်တွေ့နေရသည်။

ကျန်းဇီရှင်း၏ စကားလုံးတို့က လင်းရီကို အတိုင်းအတာ တစ်ခုလောက်အထိ သံသယဖြစ်သွားစေခဲ့၏။

ဤရွာက အတော်လေး ဆင်းရဲပြီး မြင့်မားကြမ်းတမ်းသည့် တောတောင်တန်းတို့က ရွာ၏ လူနေမှု ဘဝကို အတော်လေး အကန့်အသတ်နှင့် ဖြစ်စေသည်။ အိမ်ခြေကလည်း အတော်လေး နည်းပါး၏။ သို့တိုင် ဤအိမ်တွင်တော့ ကားတစ်စင်း ရှိနေသည်သာမက ခြံကလည်း အင်မတန် ကျယ်ဝန်းနေသည်။ ၎င်း၏ တည်ရှိမှုက ချိန်ကုန်းကျေးရွာထဲ ကွဲထွက်နေသည့်သဖွယ် ဖြစ်အောင် ပြုလုပ်နေတော့သည်။

“ သွားစို့ … အထဲတစ်ချက် ဝင်ကြည့်ကြမယ် …”

“ အစ်ကိုရီက ဒီအိမ်ကို သံသယ ဝင်နေတာလား …”

“ သံသယဝင်တယ်ရယ်တော့ မဟုတ်ပါဘူး … ဘာပဲဆိုဆို ငါတို့က ဒီကို သဲလွန်စတွေ ရှာဖို့ ရောက်လာခဲ့တာလေ .. တစ်ချိန်လုံး လျှောက်ပတ်ကြည့်နေလို့မှ မရတာ … အိမ်ထဲ ဘာထဲဝင်ပြီး နည်းနည်းပါးပါး မေးမြန်းဦးမှပေါ့ …”

ကျန်းဇီရှင်း ခေါင်းညိတ်လိုက်ပြီး ခြေဖဝါးထောက်ကာ စူးစမ်းချင်စိတ်ဖြင့်‌ ရှေ့သို့ လှမ်းမျှော်ကြည့်လိုက်၏။

“ ဒီအိမ်ရဲ့ အနေအထားက နည်းနည်လေးလည်း ထူးဆန်းတယ် … ခြံဝန်းအကျယ်ကြီးနဲ့ ကားတစ်စင်း ရှိတယ်ဆိုတော့ ရွာထဲမှာ ချမ်းသာတဲ့ မိသားစု ဖြစ်ဖို့ များတယ် … အဲ့တာတောင် သူတို့ နေတဲ့ အိမ်ကျတော့ တော်တော်လေးကို သာမန်ပဲ … ပုံမှန်ဆို ဒီကလူတွေ ပိုက်ဆံရှိလာတာနဲ့ အိမ်ကို အရင်ပြင်ကြမှာပဲ … ဒီအိမ်ရဲ့ ဦးစားပေးကကျတော့ ပြောင်းပြန်ဖြစ်သနေလိုပဲနော် …..”

“ အဲ့တာကြောင့် အထဲသွားကြည့်ဖို့ လိုတာပဲ … လာ သွားကြမယ် ….”

“ အွန်း …”

......

ထိုအချိန်တွင် မာကျောက်ပြားများ မွေ့နေသည့် အသံက အုတ်နီအိမ်လေးထဲ ဆူညံနေသည်။

အထဲတွင် အမျိုးသား လေးဦးက မာကျောက် ကစားနေကြပြီး ကိုယ်စီ စီးကရက်များ သောက်နေကြကာ နားလည်ရခက်သည့် ဒေသိယ အသံတို့ဖြင့် စကားပြောနေကြပြီး အားပါးတရ ရယ်မောနေကြလျက် ရှိသည်။

ထိုအချိန်မှာပဲ ဆိုင်ကယ်မောင်းလာခဲ့သည့်လူက အိမ်ထဲသို့ ရေးကြီး သုတ်ပျာနှင့် ပြေးဝင်လာသည်။

“ အစ်ကိုလီ .. မကောင်းတော့ဘူး … ရွာထဲမှာ ကလေး ဓာတ်ပုံတွေကိုင်ပြီး လိုက်မေးနေတဲ့ လူတွေနဲ့ ငါ တွေ့ခဲ့တယ် … ငါတော့ သူတို့တွေ ငါတို့ကို ရှာတွေ့သွားပြီလို့ ထင်တာပဲ …”

ဤသည်ကိုကြားတော့ မာကျောက် ကစားနေသည့် အမျိုးသားလေးဦး၏ အမူအရာမှာ ထိတ်ထိတ်ပျာပျာ‌တွေ ဖြစ်ကုန်ကြပြီး ပြတင်းပေါက်နားသို့ ထွက်ကြည့်လိုက်သော်လည်း မည်သည့် မူမမှန်မှုကိုမျှ မမြင်တွေ့ရချေ။

“ မင်း အဲ့လူတွေကို သေချာကြည့်ခဲ့လား … သူတို့က ရဲတွေလား … ဒါမှမဟုတ် ကလေးရဲ့ ဆွေမျိုးတွေလား …”

အစ်ကိုလီ အမည်ရသည့် လူ၏ နာမည်က ကျိုးလီပင်။ သူက အုပ်စု၏ ခေါင်းဆောင်လည်း ဖြစ်၏။

“ သူတို့ပုံစံကြည့်ရတာတော့ ရဲတွေနဲ့တူတယ် …”

“ သေစမ်း … ဒီနေရာထိ ရောက်လာခဲ့တယ်ဆိုတော့ တော်တော်အထင်ကြီးဖို့ ကောင်းကြတဲ့ ကောင်တွေပဲ ….”

ကျိုးလီ ကျိန်ဆဲ အခြားသူများအား ပြောဆိုလိုက်သည်။

“ ဘာ အထိတ်တလန့်မှ မဖြစ်ကြနဲ့ … ငါတို့ဘာငါတို့ မာကျောက် ဆက်ကစားကြမယ် … တကယ်လို့ သူတို့မှာ သက်သေ ရှိတယ်ဆိုရင် ငါတို့ဆီ တစ်ခါတည်း ရောက်လာပြီး စစ်မေးနေရောပေါ့ ….”

“ ငါတို့ ဒီတိုင်းပဲ လျစ်လျူရှုလိုက်တော့မှာလား …” အနက်ရောင် စွပ်ကျယ်နှင့် အမျိုးသားက မျက်မှောင်ကြုတ်လျက် စိတ်ပူစွာ မေးလိုက်သည်။

“ ငါ့အထင် သူတို့တွေ တစ်စိတ်တစ်ပိုင်းလောက်ကပဲ ဒီကို ရောက်တာဖြစ်မယ် … ကျန်တဲ့ တခြားလူတွေက ထာဝရကျေးရွာကို သွားခဲ့ကြလောက်တယ် …. အခု အရမ်း အန္တရာယ်များနေပြီ …”

“ မင်း စောက်ဦးနှောက်ကို အေးအေးထားစမ်း … ငါ ဘော့စ်ကို ဖုန်းဆက်ပြီး အခြေအနေတစ်ချက် မေးကြည့်လိုက်မယ် ….”

ပြောရင်းဖြင့် ကျိုးလီ ဖုန်းထုတ်လိုက်သည်။ သူ၏ မျက်လုံးတို့ကလည်း ပြတင်းပေါက်ဆီသို့ မျက်ခြေမပြတ် စောင့်ကြည့်လို့နေသည်။

“ ဘော့စ် … ကျိုးလီပါ …”

“ ဘယ်လိုလဲ … အဆင်ပြေတဲ့ သားကောင်ကို တွေ့ထားပြီလား …” ဖုန်းတစ်ဖက်ခြမ်းရှိ လူက မေးမြန်းလာသည်။

“ မတွေ့သေးပါဘူး … ဒါပေမယ့် ရဲတစ်ချို့ ရွာကို ရောက်လာလို့ … အဲ့တာ ရဲတွေ ဘော့စ်တို့ ရွာကိုရော ရောက်လာသေးလား မေးချင်လို့ပါ …”

“ ဒီမှာတော့ တိတ်တိတ်ဆိတ်ပါပဲ … ဒါပေမယ့် ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး …”

“ ဘာမှမပူနဲ့ဘော့စ် … ငါတို့ ဒီမှာ သေချာပုန်းနေတယ် … သူတို့ ဘာမှ မသိသွားစေရဘူး …”

“ ငါမှတ်မိတာ မမှားရင် မင်းဆီမှာ မပို့ရသေးတဲ့ တစ်ယောက် ကျန်သေးတယ်မလား ….”

“ အင်း … သူ့ကို မြေအောက်ခန်းထဲ သိမ်းထားတယ် ….”

“ သေချာစောင့်ကြည့်ထား … ငါ့အထင် ရဲတွေက ရှောင်တခင် လာစစ်ဆေးတာ ဖြစ်မယ် … ကလေးကို ရှာမတွေ့သွားစေနဲ့ ….”

“ နားလည်ပါပြီ….”

“ မင်းတို့ လုပ်စရာရှိတာလုပ်တော့ … ဘာမှ ကြောက်စရာ မလိုဘူး …”

အနည်းငယ် ညွှန်ကြားပြီးနောက် ဖုန်းတစ်ဖက်ခြမ်းရှိ လူက ဖုန်းချသွားခဲ့သည်။ ကျိုးလီ တခြားသူများအား အမိန့်ပေးလိုက်၏။

“ မြေအောက်ခန်းကို သွားစစ်ဆေးချည် … အားလုံး သေချာအောင် လုပ်ထား …”

“ ဟုတ် အစ်ကိုလီ … ငါ အခုပဲ သွားစစ်ဆေးလိုက်မယ် …”

အနက်ရောင် စွပ်ကျယ်နှင့် အမျိုးသားက လျင်မြန်စွာ တုံ့ပြန်၍ အခန်းထဲက ထွက်သွားခဲ့ကာ မျက်နှာချင်းဆိုင် အခန်းထဲသို့ ဝင်သွားခဲ့သည်။

သို့သော် ထိုအချိန်မှာပဲ ခေါင်းတုံး(ဂတုံး)နှင့် လူတစ်ယောက်က ထိတ်လန့်တကြား အသံပေးလာသည်။

“ အစ်ကိုလီ ... အဲ့လူတို့တွေ ရောက်လာနေပြီ …”

All Chapters