ယန်ယုချင်း၏စမ်းသပ်မှု
Vol. 15 Ch. 211
ဦလေးဆရာ?...
မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ်၏တပည့်ကြီးဖြစ်သူ ဟွာရှန်ချန် ပဟေဠိဖြစ်သွား၏။
"ငါ ကြားတာမှန်ပါတယ်နော်? ရှချောင်ကော သူ့ကို ဦးလေးဆရာလို့ခေါ်လိုက်တာမလား...."
"သူအသက်က ငါတို့နဲ့ ရွယ်တူလောက်ပဲလေ..."
တကယ်တော့ သူ့ကို စိတ်အပျက်သွားစေဆုံးက....
ရှချောင်ကောသူတို့နှင့်ရှိချိန်၌ အမြဲတမ် အေးစက်သီးခြားနေပြီး စကားသိပ်မပြောပေ။
သို့ပေမယ့် ထိုလူငယ်လေးကိုမြင်သည့်အခါ သူမက အမှန်တကယ်ကို ရှားရှားပါးပါးပြုံးပြီး နွေးထွေးစွာကြိုဆိုနေ၏။
ထို လုံးလုံးလျားလျားကွဲပြားသည့် သဘောထားက သူ့ကို နေမထိထိုင်မသာဖြစ်သွားစေခဲ့သည်။
ဟွာရှန်ချန် ဘေးနား၌ သင်းပျံ့သည့်ဆေးရနံ့တွေထုတ်လွတ်နေသည့် အရပ်ရှည်ရှည်မိန်းခလေးတစ်ယောက် ထိုင်နေ၏။ သူမက အတော်လေးလှပ၏။
ရှချောင်ကောလို ရင်သက်ရှုမောဖွယ်အလှမျိုး မဟုတ်သော်လည်း သူမက အတော်လေး လှနေဆဲဖြစ်သည်။
သူမက ဂျန်ဖန်းကို အထင်သေးစွာကြည့်ပြီး ပြောလိုက်သည်။
"သူက ငါတို့ဆရာ အသိအမှတ်ပြုထားတဲ့ တိမ်စိမ်းဂိုဏ်းကဂျူနီယာတစ်ယောက်ပါ..."
"ကြားတာတော့ သူက စိတ်ဝိညာဥ်အမြစ်မရှိတဲ့တပည့်တစ်ယောက်တဲ့။ နာမည်က ဂျန်ဖန်း...."
"ဆရာဘာတွေးနေလဲ ငါတကယ်ကို နားမလည်တော့ဘူး။ သူ့ကို ငါ့တို့နတ်ဆေးတောင်ထိပ်တပည့်တွေရဲ့ ဦးလေးဆရာလို့ မိတ်ဆက်ပေးထားတယ်။ ဒါပြောရမှာတောင် ရှုက်ဖို့ကောင်းလွန်းတယ်...."
"ချောင်ကောတစ်ယောက်ပဲ ကြင်နာတတ်တဲ့နှလုံးသားရှိပြီး သူ့ကို ဦလေးဆရာအဖြစ်ဆက်ဆံနေတာ..."
"အခြား ဘယ်ညီအကို၊ ညီအမတွေက အသိအမှတ်ပြုမှာလဲ..."
စိတ်ဝိညာဥ်အမြစ်မရှိဆိုသည့် ဂျန်ဖန်း၏ဂုဏ်သတင်း ဂိုဏ်း ၉ ဂိုဏ်း နယ်မြေတစ်လျောက်ကို အချိန်အတော်ကြာတကည်းက ပျံ့နှံ့နေပြီဖြစ်သည်။
စင်မြင့်ပေါ်ရှိတပည့်တွေ ချက်ချင်းပဲ မတ်တပ်ထရပ်လိုက်သည်။
ဟွာရှန်ချန် မျက်လုံးထဲရှိ ရန်လိုစိတ်တွေ ပျောက်ကွယ်သွားခဲ့သည်။
ဤကဲ့သို့တပည့်မျိုး သူတို့မြင့်မြတ်ဂိုဏ်းမှာသာရှိလျှင် စီနီယာအကိုကြီးဖြစ်သည့်သူနှင့် စကားပြောဖို့ အခွင့်အရေးတောင်ရှိမည်မဟုတ်ပေ။
ထိုကောင်က သူနှင့် ယှဥ်ပြိုင်ဖို့ လုံးဝ အဆင့်မမှီပေ။
ဂျန်ဖန်း လေးလေးစားစားနှုတ်ဆက်နေသည့် ရှချောင်ကောကိုကြည့်ပြီး အနည်းငယ်ပြုံးကာ ပြောလိုက်သည်။
"ဒီလို လုပ်ထုံးလုပ်နည်းတွေ မလိုပါဘူး...."
"မင်းဆရာ ဘယ်မှာလဲ..."
ရှချောင်ကော ပြန်ပြောလိုက်သည်။
"ဆရာက တံခါးပိတ်ပြီး ဆေးလုံးသန့်စင်နေပါတယ်။ ချောင်ကော အခုပဲ သွားအကြောင်းကြားလိုက်ပါ့မယ်...."
တံခါးပိတ်နေတာကြားနေသည့်အခါ....
ဂျန်ဖန်း လက်မြောက်ပြီး သူမကို တားလိုက်သည်။
"အလျှင်မလိုပါဘူး။ ငါတို့ သူပြီးတဲ့ထိ စောင့်တာပေါ့....."
ဘယ်လိုပဲဖြစ်ဖြစ် သူက အခြားလူတွေကို စောင့်ရအုန်းမည်ပင်။
ရှချောင်ကောပြန်လာမှာကိုစောင့်နေသည့် အဝေးမှ မြင့်မြတ်ဂိုဏ်းတပည့်တွေကိုကြည့်ပြီး ဂျန်ဖန်း ပြောလိုက်သည်။
"သွားတော့၊ မင်းအလုပ်မင်းဆက်လုပ်ပါ။ ငါ နောက်မှ ပြန်လာခဲ့မယ်....."
ရှချောင်ကော ခေါင်းခါယမ်းလိုက်သည်။
"ရပါတယ်, ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက စကားပြောရတာမကြိုက်ဘူး။ ဒီမှာ ကြာကြာနေမှာမဟုတ်ဘူး..."
"ဦးလေးဆရာ မြင့်မြတ်ဂိုဏ်းကိုအလည်လာတာ ရှားရှားပါးပါးပဲ။ ချောင်ကော ဦးလေးဆရာနဲ့အတူ လမ်းလျှောက်ပေးပါ့မယ်...."
ထိုလူအုပ်နှင့် သိုင်းပညာအကြောင်းစကားပြောရတာနှင့်ယှဥ်လျှင် သူမက တစ်ယောက်တည်းနေရတာကို ပိုသဘောကျ၏။
မဟုတ်လျှင် အခြားလူတွေနှင့် ဆေးပညာသာ ဆွေးနွေးချင်၏။
နောက်ဆုံးအကြိမ် ဂျန်ဖန်းသူမကို ပေးခဲ့သည့် သားရဲဘုရင် အစာအိမ်အိတ်ကို သူမက ဆေးသန့်စင်ဖို့ အသုံးပြုခဲ့ပြီး အာနိသင်က တကယ်ပဲ အများကြီး တိုးတက်လာခဲ့သည်။
ထိုအရာကြောင့် လူအများကြီးကို ကယ်လိုက်နိုင်သည်။
သူမက အလွန်ပျော်နေခဲ့ပြီး ထိုဦးလေးဆရာကို အမြဲကျေးဇူးတင်စကားပြောချင်နေခဲ့သည်။
ယခု တိုက်တိုက်ဆိုင်ဆိုင်ပဲ ရောက်လာခဲ့သည်။
ဂျန်ဖန်း တခဏတွေးပြီး ပြောလိုက်သည်။
"ကောင်းပြီလေ, ဘယ်လိုပဲဖြစ်ဖြစ် ငါ့မှာလည်း ဘာမှလုပ်စရာမရှိပါဘူး...."
ရင်ပြင်ရှိ တပည့်တွေ အံ့အားသင့်သွားကြ၏။
"ဂျူနီယာညီမယန်, ဂျူနီယာညီမချောင်ကောနဲ့ပတ်သတ်ပြီး ဘာမှားနေတာလဲ...."
ဟွာရှန်ချန် နားမလည်နိင်ဖြစ်နေ၏။
ပုံမှန်တစ်ယောက်တည်းနေတတ်ပြီး ဘယ်သူနှင့်မှ နီးနီးကပ်ကပ်မနေတတ်သည့် ရှချောင်ကော တကယ်ပဲ ယောက်ျားတစ်ယောက်ကို လမ်းလျှောက်ဖို့ ဖိတ်ခေါ်နေခဲ့သည်?
သူ့ဘေးရှိ ယန်ယုချင်လည်း ရှချောင်ကောသဘောထားကို မရင်းနှီးဖြစ်နေခဲ့သည်။
ရှချောင်ကော ယောက်ျားတစ်ယောက်ကို အလွန်ယဥ်ကျေးနေတာ သူမ အရင်က တစ်ခါမှ မမြင်ဘူးပေ။
တစ်ခဏတွေးပြီးနောက်, မတ်တပ်ထရပ်ကာ နှစ်ယောက်ကို တားလိုက်သည်။
"ချောင်ကော, စီနီယာအကိုဟွာနဲ့ စီနီယာအကို၊ အမများစွာက နင်ပြန်လာတာကို စောင့်နေတယ်...."
ရှချောင်ကော တည်ငြိမ်စွာပြောလိုက်သည်။
"စီနီယာအမ, နင် သူတို့နဲ့ရှိနေတာပဲ, အဆင်ပြေမှာပါ...."
"ငါ ဦးလေးဆရာဂျန်ကို အဖော်ပြုပေးလိုက်အုန်းမယ်...."
ပြောပြီးနောက် သူမက ဂျန်ဖန်းနှင့်အတူ တောင်အောက်ကို ဆင်းသွားလိုက်သည်။
ယန်ယုချင်း ဘယ်လိုလုပ်ပြီး သူမကို သွားခွင့်ပြုနိုင်မည်နည်း။
ဂိုဏ်းပြိုင်ပွဲက နီးကပ်လာပြီဖြစ်သည်။ ထိုရှားပါးသည့်အခွင့်အရေးကိုအသုံးပြုပြီး ရှချောင်ကောကို အပြင်ထွက်အောင် ဖိတ်ခေါ်ထားရတာဖြစ်သည်။
ပိုကောင်းသည့်ဆက်ဆံရေးတည်ဆောက်ဖို့ပင်။
သူမသာထွက်သွားလျှင် ဤသိုင်းပညာဖလှယ်ပွဲက ဆက်လို့ရပါအုန်းမည်လား....
"ချောင်ကော, ဒီ... ဦးလေးဆရာကို ငါတို့ဆီဖိတ်ခေါ်ခဲ့လေ...."
'ဦးလေးဆရာ' လို့ ခေါ်ရခြင်းက သူမကို မဖော်ပြနိုင်သည့်အဆင်မပြေမှုကို ခံစားရစေ၏။
ရှချောင်ကော ဆန္ဒမရှိပေ။
သို့ပေမယ့် ဤလူအုပ်၌ ရှချောင်ကောက အဓိကဆိုတာ ဂျန်ဖန်းမြင်နိုင်၏။
သူမသာ ပြန်မသွားလျှင် သိုင်းပညာဖလှယ်ပွဲက ဘယ်လိုမှ ရှေ့ဆက်ရမည်မဟုတ်ပေ။
သူရောက်လာခြင်းက ဆွေးနွေးပွဲကို ပျက်ဆီးသွားမှာမျိုး မလိုချင်ပေ။
"သွားပူးပေါင်းကြတာပေါ့...."
ဂျန်ဖန်း ပြောလိုက်သည်။
ရှချောင်ကောလိုပဲ သူလည်း ဤကဲ့သို့ တွေ့ဆုံပွဲမျိုးကို မကြိုက်ပေ။
ရွေးချယ်စရာမရှိပဲ စိတ်မပါစွာဖြင့် သွားလိုက်ရသည်။
ဂျန်ဖန်း၏ပါဝင်မှုအတွက်...
ရှိနေသည့်မြင့်မြတ်ဂိုဏ်းတပည့်တွေ အတော်လေး အတိုက်အခံလုပ်နေ၏။
သူက လျိုချင်းရှန်၊ ဝမ်ချန်းဂျန်၊ တန်ထျန်လုံတို့လို တိမ်စိမ်းဂိုဏ်းမှပါရမီရှင်တစ်ယောက်သာဆိုလျှင် လက်ခံနိုင်သေး၏။
သို့ပေမယ့် သူက စိတ်ဝိညာဥ်အမြစ်မရှိသည့် တပည့်တစ်ယောက်ဖြစ်ပြီး သူတို့၏ သိုင်းပညာဆွေးနွေးပွဲ၌ အံဝင်ခွင်ကြဖြစ်မနေခဲ့ပေ။
"ဦလေးဆရာ, ဒီမှာထိုင်ပါ...."
ရှချောင်ကော သူမနေရာ ဂျန်ဖန်းကို ပေးလိုက်သည်။ ထို့နောက် သူ့ဘေးမှာ ဒူးထောက်ပြီး လက်ဖက်ရည်ငှဲ့ပေးလိုက်၏။
သူမက သူ့ကို အလေးဂရုပြုပြီး ဧည့်ခံနေခဲ့သည်။
ထိုအရာက သူတို့ကို ပိုလို့တောင် မသက်မသာဖြစ်သွားစေ၏။
ဟွာရှန်ချန်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။
ရှချောင်ကော၏ အဆင့်အတန်းက ဘာနည်း?....
ထိပ်တန်းပါရမီရှင်သုံးယောက်ထဲမှတစ်ယောက်ဖြစ်ပြီး ဂျန်ဖန်းက သူမဧည့်ခံမှုနှင့် ထိုက်တန်သည်လား?....
ထိုကောင် ကိုယ့်အဆင့်ကိုယ် မသိပေ။
သူက ယဥ်ကျေးစွာပြောလိုက်သည်။
"ဂျူနီယာညီလေးဂျန်, မင်းက ဘယ်လိုလုပ်ပြီး ဂျူနီယာညီမချောင်ကောရဲ့ ဦးလေးဆရာဖြစ်လာရတာလဲ..."
သူက အကြောင်းပြချက်ကို မေးနေပုံပေါ်ပေမယ့် တကယ်တော့ အရည်အချင်းရှိလားဟု မေးခွန်းထုတ်နေတာပဲဖြစ်သည်။
ဂျန်ဖန်း သဘာဝအတိုင်း သူ့စကားထဲရှိသံသယကိုနားလည်၍ တည်ငြိမ်စွာပြောလိုက်သည်။
"ငါက ဆေးပညာအကြောင်း နည်းနည်းသိတယ်။ ဒါကြောင့် နတ်ဆေးဆရာရှန်ဂွမ်းက ကြင်နာပြီး အသိအမှတ်ပြုခဲ့တာပါ...."
ဆေးပညာအကြောင်းသိတယ်?....
ဤအသက်အရွယ်နှင့် ဆေးပညာအကြောင်း ဘယ်လောက်တောင် သိနိုင်မည်နည်း။
ဖြစ်နိုင််တာ ရှန်ဂွမ်းရှန်အသက်ကြီးလာပြီး စိတ်ကူးပေါက်ရာ အသိအမှတ်ပြုလိုက်တာပဲဖြစ်သည်။
အခြားတောင်ထိပ်တပည့်တွေ ထိုဈေးပေါသည့် ဦးလေးဆရာကို သည်းမခံနိုင်တာ မပြောလိုသေးပေ။
နတ်ဆေးဆရာတောင်ထိပ်တပည့်တွေတောင် သူ့ကို အသိအမှတ်မပြုပေ။
ယန်ယုချင်းမျက်လုံးတွေ အထင်မြင်သေးမှုတွေဖြင့် ပြောလိုက်သည်။
"ဦးလေးဆရာ, ဘယ်လောက်တိုက်ဆိုင်လိုက်လဲ...."
"ကျွန်မတို့လည်း နတ်ဆိုးသားရဲတွေကြောင့် ရတဲ့ဒဏ်ရာတွေ ဘယ်လိုကုရမလဲ စဥ်းစားနေကြတာ...."
"တပည့်ယန်ယုချင် ဦးလေးဆရာဆီက အကြံဉာဏ်တောင်းချင်ပါတယ်...."
သူ့ဆေးပညာကို စစ်ဆေးနေသည်လား?...
ဂျန်ဖန်း ရယ်ချင်သွားလို စိတ်လည်းပျက်သွား၏။
သူက မသေမျိုးနတ်ဆေးဆရာ၏လျို့ဝှက်ချက်တွေကို ထုတ်ပြဖို့ ရည်ရွယ်ချက်မရှိပေ။ သို့ပေမယ့် သူတို့က မေးနေမှတော့ ရွေးချယ်စရာမရှိတော့ပေ။
"နတ်ဆိုးသားရဲတွေက နည်းလမ်းအမျိုးမျိုးနဲ့ ထိခိုက်အောင်လုပ်နိုင်တယ်။ လက်သည်းနဲ့ခြစ်တာ, သွားနဲ့ကိုက်တာ၊ ခန္ဓာကိုယ်နဲ့ဝင်တိုက်တာ၊ အဆိပ်နဲ့တိုက်ခိုက်တာ၊ ထင်ယောင်ထင်မှားဖြစ်အောင်လုပ်တာ၊ နည်းလမ်းတွေအများကြီးရှိတယ်...."
"ငါက ယေဘူယျ ဘယ်လိုသုံးသပ်ပြရမှာလဲ...."
အခြားလူတွေ သူရှင်းရှင်းလင်းလင်းနဲ့အကျိုးသင့်အကြောင်းသင့် ပြောသွားတာကို မြင်ပြီး မနေနိုင်ပဲ အံ့အားသင့်သွားကြသည်။
သူက သူ့အစွမ်းအစကို သိပုံပေါ၏။
ယန်ယုချင်း အယုံအကြည်မရှိသေးပဲ စိတ်ထဲမှာပြောလိုက်သည်။
'ဒါတွေက အခြေခံအချက်အလက်တွေပဲ၊ သုံးနှစ်သားတောင် သိတယ်....'
ထို့နောက် စိတ်ရင်းမှန်ဖြင့် အကြံဉာဏ်တောင်းဟန် ဆောင်လိုက်၏။
"ကျွန်မတို့က အဆိပ်မိတဲ့အကြောင်းကို ဆွေးနွေးနေကြတာပါ..."
"အဆိပ်သာ ခြေလက်တွေ၊ အရိုးတွေထဲကိုထိုးဖောက်ပြီး ကိုယ်တွင်းအင်္ဂါတွေဆီရောက်သွားရင် အပ်တွေနဲ့ ဆေးပင်တွေက အသုံးမဝင်တော့ဘူး...."
"အဲ့ချိန်မှာ ဘာလုပ်သင့်တယ်လို့ထင်လဲ...."
သူမက တပည့်တွေထဲကတစ်ယောက်ကို သိမ်မွေ့စွာကြည့်လိုက်သည်။
သူ့မျက်နှာက ပုံမှန်ဟုထင်ရသော်လည်း နတ်ဆိုးသားရဲတစ်ကောင်ကြောင့် အမှန်တကယ် အဆိပ်မိထားခဲ့သည်။
ဤအခိုက်အတန့်မှာ ရှန်ဂွမ်းရှန်က တံခါးပိတ်ပြီး သူ့အတွက် အဆိပ်ဖြေဆေးဖော်ပေးနေတာဖြစ်သည်။
သို့ပေမယ့် ဘယ်လိုရောဂါပဲ ရှာတွေ့တွေ့ သူမက လက်ခံမည်မဟုတ်ပေ။
သူမက သူ့စကားတွေထဲကအမှားရှာပြီး အများရှေ့မှာ မျက်နှာပျက်အောင်လုပ်ဖို့ ရည်ရွယ်ထားတာပဲဖြစ်သည်။
ထိုမှသာ အရမ်းအရှက်ရသွားပြီး နတ်ဆေးဆရာတောင်ထိပ်မှာ မနေနိုင်တော့မှာဖြစ်သည်။
ဂျန်ဖန်း စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။
မတူညီသည့်အဆိပ်တွေက မတူညီသည့်ကုသမှုတွေလိုအပ်၏။
သူတို့က ဘယ်လိုလုပ် ယေဘူယျပြောနိုင်မည်နည်း။
ရုတ်တရက်...
ပတ်ဝန်ကျင်ရှိကြည့်လိုက်သည့်အခါ သူ့အကြည့်က တပည့်တစ်ယောက်ပေါ် ကျသွား၏။
သူက နားလည်သည့်အမူအရာပြလာ၏။
"မင်းပြောတဲ့အဆိပ်မိတဲ့တပည့်က ဒီတစ်ယောက်ထင်တယ်...."
ထိုအရာကိုကြားသည့်အခါ.....
ယန်ယုချင်အမူအရာ အေးခဲသွား၏။
အခြားတပည့်တွေလည်း အံ့အားသင့်သွားကြသည်။
သူ ဘယ်လိုလုပ် သိသနည်း။