အစွမ်းပြခြင်း
Vol. 15 Ch. 212
ယန်ယုချင်း မျက်နှာပေါ်၌ သံသယအရိပ်အယောင်တွေ ပြသလာ၏။
"နင်ဘယ်လိုသိတာလဲ...."
ဂျန်ဖန်း မျက်မှောင်ကြုတ်ပြီး ပြန်ပြောလိုက်သည်။
"ဒါက သိရ ခက်လို့လား...."
"သူ့မျက်နှာက ပုံမှန်လို့ထင်ရပေမယ့် နှာခေါင်းပေးနှစ်ဖက်မှာ သွေးစင်ကြောင်းလေး သုံးခုရှိတယ်...."
"ဆံပင်အရင်းတွေကလည်း အဖြူရောင်ချွဲကျိကျိအရာတွေ စီးထွက်နေတယ်...."
"ပြီးတော့ နားအောက်ခြေကလည်း ရောင်နေတယ်...."
"အသက်ရူသံကလည်း ပုံမှန်မဟုတ်ဘူး...."
"ဒီသိသာတဲ့အချက်တွေက သူအဆိပ်ပြင်းတစ်ခုမိနေတာကို ညွှန်ပြနေတာပဲလေ...."
သူက ယန်ယုချင်းကို ထူးဆန်းစွာကြည့်လိုက်သည်။
"မင်းက နတ်ဆေးဆရာတောင်ထိပ်ရဲ့ တပည့်တစ်ယောက်မဟုတ်ဘူးလား...."
"ဒီလိုအခြေခံအချက်အလက်တွေသိဖို့ မင်းအတွက် ဘာလို့ အရမ်းခက်နေရတာလဲ...."
ပတ်ဝန်းကျင်ရှိတပည့်တွေ အံ့အားသင့်သွားကြ၏။
ဤကောင်က အမှန်တကယ်ကို အရည်အချင်းအချို့ရှိ၏။
သူသာ ဆေးပညာနယ်ပယ်ကမဟုတ်လျှင် ထိုတပည့်အဆိပ်နေတာကို ဘယ်လိုလုပ် ပြောနိုင်မည်နည်း။
ယန်ယုချင်း ဂျန်ဖန်းကို လူရယ်စရာဖြစ်အောင်လုပ်ချင်၏။
သို့ပေမယ့် ထိုအစား သူမသာ ဝေဖန်ခံလိုက်ရ၏။
စိုးရိမ်ဒေါသထွက်သွားပြီး သူမက ပြောလိုက်သည်။
"ငါ...ငါ မသိဘူးလို့ ဘယ်သူပြောလဲ။ ငါက ဦးလေးဆရာနားမလည်မှာကို စိုးရိမ်ယုံပဲ...."
သူမက အပြစ်ရှိသလို ခံစားလိုက်ရပြီး အကြောင်းအရာကို အလျှင်အမြန်ပဲ ပြောင်းလိုက်သည်။
"ဒီလိုဆိုမှတော့, ဦးလေးဆရာ ကျွန်မတို့ ဒါကို ဘယ်လို ကုသသင့်လဲ...."
သူမက အမှန်တကယ်ပဲ စိတ်တိုနေ၏။
မြင့်မြတ်ဂိုဏ်းပါရမီရှင်တပည့်တွေရှေ့မှာ အရှက်ခွဲခံရ၏။
ယနေ့ သူမက ဂျန်ဖန်းအမှားကို ရှာဖို့ ဆုံးဖြတ်ထား၏။
ထို့မှာသာ လူအများရှေ့မှာ သင်ခန်းစာပေးခံရတာ ဘယ်လိုခံစားရလဲဆိုတာ သိသွားမှာဖြစ်သည်။
ဟမ့်....
ဂျန်ဖန်း တပည့်ကို နောက်တစ်ကြိမ်ကြည့်လိုက်သည်။
တပည့်အနည်းငယ်အံ့အားသင့်သွားပြီး သူ့လက်ကို ဂရုတစိုက် ဆန့်ထုတ်လိုက်၏။
"မင်း ငါ့သွေးကြောစမ်းဖို့လိုသေးလား...."
"မလိုဘူး..."
ဂျန်ဖန်း တပည့်၏ အတွင်းပိုင်းအခြေအနေကို စစ်ဆေးဖို့ လက်နှစ်ချောင်းကို သူ့မျက်လုံးရှေ့မှာ ပွတ်ဆွဲလိုက်ပြီး ချီရှာဖွေရေးနည်းလမ်းကို အသုံးပြုလိုက်၏။
အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက်, သူက ပြောလိုက်သည်။
"မင်းက ကျားစင်းမြွေအကိုက်ခံရတာမလား...."
"ထူးဆန်းတယ်, ဘာလို့ မြင့်မြတ်ဂိုဏ်းနယ်မြေထဲမှာ ကျားစင်းမြွေက ရှိနေရတာလဲ..."
ဟမ်?...
ဟွာရှန်ချန် အံ့သြသွား၏။
"မင်းက ဘယ်မြွေကိုက်ခံရတယ်ဆိုတာတောင် ပြောနိုင်တာလား...."
"နတ်ဆေးဆရာရှန်ဂွမ်းတောင် အတိအကျမသိဘူး...."
ယန်ယုချင်း တိတ်တဆိတ် ကျေနပ်သွား၏။
ပြဿနာစပြီပင်။
အဆိပ်ရှိနတ််ဆိုးသာားရဲထောင်ချီရှိ၏။
ဂျန်ဖန်း သွေးကြောတောင် မစမ်းသပ်ပဲ ဘယ်လိုလုပ် အရင်းအမြစ်ကိုပြောနိုင်မည်နည်း။
သူမတို့ဆရာဘိုးဘေး မသေမျိုးနတ်ဆေးဆရာ ပြန်ရှင်လာတာသာမဟုတ်လျှင် ဘယ်သူက ပြောနိုင်မည်နည်း။
"ဦးလေးဆရာ, နင်သေချာလား? ရောဂါလက္ခဏာမှားသွားရင် အသက်သေသွားနိုင်တယ်နော်...."
သူမက စိုးရိမ်ယောင် ဆောင်လိုက်၏။
ဂျန်ဖန်း တပည့်ကိုကြည့်ပြီး မေးလိုက်သည်။
"မင်းကိုကိုက်သွားတဲ့ နတ်ဆိုးသားရဲကို သေချာမြင်လိုက်လား...."
တပည့်ခေါင်းညိတ်လိုက်၏။
"ငါ သေသေချာချာ မြင်လိုက်ပါတယ်။ ဒါပေမယ့် ငါပြောတဲ့အခါမှာ ဘယ်သူမှ မသိကြဘူး...."
နတ်ဆိုးသားရဲအမျိုးအစားတွေက အမှန်တကယ်ကို များ၏။
ထို့ပြင် သူ့ကို ကိုက်လိုက်သည့်မြွေကလည်း အတော်ရှားပါး၏။ မြင့်မြတ်အကြီးအကဲအားလုံးကို လိုက်မေးပေမယ့် ဘယ်သူမှ အတိအကျမသိကြပေ။
ဂျန်ဖန်း ခေါင်းညိတ်လိုက်ပြီး သူ့အိတ်ထဲမှ နတ်ဆိုးသားရဲစာအုပ်ကို ထုတ်ယူလိုက်သည်။
ထို့နောက်ဖွင့်လိုက်ကာ အချိန်အတော်ကြာရှာပြီးနောက် အစင်းရှိသည့် နတ်ဆိုးမြွေတစ်ကောင်ကို ညွှန်ပြလိုက်သည်။
ကြည့်လိုက်တာနှင့် ၎င်းက ကျားအရေခွံ့နှင့် တူနေခဲ့၏။
"ဒါလား...."
တပည့်ကြည့်လိုက်ပြီး ချက်ချင်း စိတ်လှုပ်ရှားသွားသည်။
"ဟုတ်တယ်, ဟုတ်တယ်, ဒါပဲ..."
"သူ့ခန္ဓာက ကျားရေခွံလိုပါပဲလို့ ကျွန်တော်ပြောပါတယ်။ ဒါပေမယ့် အများစုက ကျွန်တော်မျက်စိမှားနေတာတဲ့။ အဲ့လိုမြွေမျိုး ကမ္ဘာပေါ်မှာမရှိဘူးတဲ့...."
"လက်စသတ်တော့ အဲ့တာကို ကျားစင်းမြွေလို့ ခေါ်တာကိုး...."
ယခု...
ရှိနေသည့်တပည့်တွေ နောက်ထပ် တည်တည်ငြိမ်ငြိမ်မနေနိုင်တော့ပေ။
ဂျန်ဖန်းကိုကြည့်ပြီး သူတို့အမူအရာတွေ ပြောင်းလဲသွားခဲ့သည်။
ဟွာရှန်ချန် ရေရွတ်လိုက်၏။
"သူက တကယ် အရည်အချင်းအချို့ရှိတာပဲ...."
"နတ်ဆေးဆရာရှန်ဂွမ်းတောင် မသိတဲ့ အဆိပ်ကို ဖော်ထုတ်နိုင်တယ်...."
တပည့်လည်း သဘောကျသည့်အမူအရာတွေ ပြသလာ၏။
"ဒီလူက ဆေးပညာမြင့်ရုံသာမက နတ်ဆိုးသားရဲတွေနဲ့ပတ်သက်တဲ့ ဗဟုသုတကလည်း အတော်နက်ရှိုင်းတာပဲ...."
"ငါတို့က အချက်အလက်တွေကနေ နတ်ဆိုးသားရဲကို မခန့်မှန်းနိုင်ခဲ့ဘူး။ သူကတော့ လက္ခဏာကြည့်ရုံလေးနဲ့ မြွေအမျိုးအစားကို ခန့်မှန်းနိုင်တယ်...."
"ချောင်ကော သူ့ကို ဒီလောက်လေးစားနေတာနဲ့ နတ်ဆေးဆရာရှန်ဂွမ်းလည်း သူ့ကို ဂျူနီယာညီအကိုတစ်ယောက်လို သဘောထားနေတာ အံံ့သြစရာမရှိတော့ပါဘူး...."
"ဒီလူက တကယ် ဆေးပညာမှာ သာမန်ထက်ပိုပြီး အရည်အချင်းရှိတာပဲ..."
ဤအချိန်၌...
ယန်ယုချင် ကို့ရို့ကားယား ခံစားနေရ၏။
သူမက ဤအခွင့်အရေးသမားဦးလေးဆရာကို အရူးလုပ်ချင်ခဲ့၏။ သို့ပေမယ့် သူက ပရိတ်သတ်အာရုံကို တစ်ကြိမ်ပြီးတစ်ကြိမ် ဆွဲဆောင်သွားခဲ့သည်။
ထိုအရာက သူမဟာ ထင်ရှားသည့်ပုံရိပ်ကို အသိအမှတ်မပြုသလို ဖြစ်နေခဲ့သည်။
နှုတ်ခမ်းနီနီလေးကိုကိုက်ပြီး လက်မခံနိုင်ဆဲဖြစ်နေပြီး ပြောလိုက်သည်။
"ဒါဆို, ဆရာဦးလေး ဒီတပည့်ကို ဘယ်လို အဆိပ်ဖြေပေးမှာလဲ...."
"အပ်တွေနဲ့ ကျောက်တုံးတွေက ထိရောက်မှာမဟုတ်ဘူးနော်...."
သူမက သူ၏ကုသရေးနည်းလမ်းကို အပြင်းအထန်တိုက်ခိုက်ဖို့ ရည်ရွယ်လိုက်၏။
သူမ သူ့ကို အလွတ်ပေးမည်မဟုတ်ပေ။
သို့ပေမယ့် ဂျန်ဖန်း မျက်နှာထားတင်းတင်းဖြင့် ဝေဖန်လိုက်သည်။
"ရောဂါကုတဲ့အချိန်မှာ ငါ့စကားနွားရမပြောရဘူးလို့ နတ်ဆေးဆရာရှန်ဂွမ်းက မင်းကို သင်မပေးလိုက်ဘူးလား..."
"အပ်တွေနဲ့ ကျောက်တုံးတွေက အသုံးမဝင်ဘူးလို့ ဘာလို့ထင်ရတာလဲ...."
ယန်ယုချင်မျက်နှာ အနီရောင်ပြောင်းသွား၏။
ဟေး....
နင်က ငါ့ကိုဝေဖန်ရတာ ဝါသနာပါနေတာလား....
တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်....
သူမက စိတ််ဆိုးသည့်မျက်နှာဖြင့် ပြောလိုက်သည်။
"အဆိပ်က အရိုးထဲကိုရောက်သွားပြီ။ ငွေအပ်တွေက အရေးပြားနဲ့ သွေးကြောတွေကိုပဲ သက်ရောက်မှုရှိတာ။ သူတို့က အရိုးထဲကို မရောက်နိုင်ဘူး..."
"ငါပြောတာမှားလား..."
သူမက သူ့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်၏။
ယနေ့, သူမ၏ဦးလေးဆရာက အလုံအလောက်အရည်အချင်းမရှိတာ သက်သေပြရမည်ဖြစ်သည်။
မဟုတ်လျှင် သူမ သင်ကြားမှုက မကျွမ်းကျင်တာဖြစ်သွားမည်ပင်။
ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်ယောက်တော့ အရေးနိမ့်ရမည်ဖြစ်၏။
ရှချောင်ကော မကျေမနပ်ဖြစ်သွားပြီး ပြောလိုက်သည်။
"စီနီယာအမ, နင် ဘယ်လိုတောင် ဦးလေးဆရာကို ဒီလိုပြောနိုင်ရတာလဲ...."
"သူက နင့်ကောင့်ကျိုးအတွက်ဝေဖန်နေတာ...."
"ဆေးဆရာတစ်ယောက်က ဘယ်လိုပေါ့ဆမှုမျိုးကိုမှ လုပ်လို့မရဘူး..."
ယန်ယုချင် နှာမှုတ်လိုက်၏။
"ငါပြောတာဘာမှ မမှားဘူး...."
"ငါကဘာလို့ ဝေဖန်ခံရမှာလဲ...."
"သူ ငွေအပ်သုံးပြီး အဆိပ်ဖြေပြရင်တော့ တစ်မျိုးပေါ့...."
ဂျန်ဖန်း ခေါင်းခါယမ်းလိုက်သည်။
ဤကဲ့သို့ စိတ်နေစိတ်ထားမျိုးနှင့် ဆေးပညာသင်လျှင် အနာဂတ်မှာ လူတွေကို ထိခိုက်စေလိိမ့်မှာပဲဖြစ်သည်။
သူမကို နှိမ့်ချတတ်အောင် သင်ပေးရမည်ပင်။
သူက ချက်ချင်းပဲ ကျောက်စိမ်းသေတ္တာတစ်ခုကို ထုတ်ယူလိုက်သည်။
ဖွင့်လိုက်သည့်အခါ အပြာရောင်မီးတောက်တွေတောက်လောင်နေသည့် ငွေရောင်အပ်တွေ သူတို့မြင်ကွင်းထဲပေါ်လာခဲ့သည်။
ယန်ယုချင် တုန်လှုပ်သွား၏။
"ဆရာ့ရဲ့ မီးတောက်ပြာငွေအပ်တွေက နင့်ဆီ ဘယ်လိုရောက်နေတာလဲ...."
သူမ အနည်းငယ်ထိတ်လန့်သွား၏။
ဤအပ်တွေက သူမဆရာ၏ တန်ဖိုးအထားဆုံးပစ္စည်းတွေဖြစ်သည်။
ပုံမှန်ဆို သူမတို့ ထိုအရာတွေကို ထိလို့တောင်မရပေ။
သို့ပေမယ့် သူမဆရာက ဂျန်ဖန်းကို ပေးပစ်လိုက်သည်။
ထိုအရာက သူ ဂျန်ဖန်းကို အလေးအနက်ထားကြောင်းပြသနေပြီး ထင်ယောင်ထင်မှားဖြစ်တာမဟုတ်ပေ။
ဖြစ်နိုင်တာ ဂျန်ဖန်း ငွေအပ်သုံးပြီး အဆိပ်ဖြေနိုင်လောက်၏။
ထိုအရာကိုတွေးပြီး သူမ အနီရောင်နှုတ်ခမ်းဖူးဖူးလေးတွေကိုကိုက်ကာ မျက်လုံးတွေထဲ၌ ပမာမခန့်မှုတွေအပြည့်ပင်။
သူမ ထိုအရာကို မယုံကြည်ပေ။
ဤလောက်ငယ်ရွယ်သည့်လူက သူမဦးလေးဆရာဖြစ်ဖို့ ထိုက်တန်သည်လား....
ဂျန်ဖန်း တွေဝေမနေပေ။
သူက တပည့်ကို အင်္ကျီချွတ်ခိုင်းပြီး ကျောက်စားပွဲပေါ်မှာ လဲခိုင်းလိုက်သည်။
ထို့နောက် တပည့်များစွာ၏ရှေ့မှာပဲ အပ်စိုက်ကုထုံးကို စတင်လိုက်၏။
သာမန်ဆေးဆရာတွေလို တစ်ချောင်းချင်းစိုက်မနေပဲ...
ကျောက်စိမ်းသေတ္တာကိုရိုက်ကာ ငွေအပ်အားလုံးကို လေထဲလွင့်ပျံသွားစေခဲ့သည်။
ထို့နောက် စိတ်ဝိညာဥ်စွမ်းအင်ဖြင့် ရစ်ပတ်ပြီး ၎င်းတို့အရှည်အလိုက် ထူးဆန်းသည့်ပုံစံတစ်ခုကို စီစဥ်ထားလိုက်၏။
ကြည့်လိုက်တာနှင့် ဒဏ္ဍာရီထဲမှ ဓားအစီအရင်တစ်ခုလိုဖြစ်နေပြီး ငွေအပ်တစ်ချောင်းစီက တစ်ချောင်းနှင့်တစ်ချောင်း ဖင်နှင့်ခေါင်း ထိစပ်နေသည်။
စိတ်ဝိညာဥ်စွမ်းအင်ထည့်သွင်းလိုက်သည့်အခါ ငွေအပ်ရှိ အပြာရောင်မီးတောက်တွေ တောက်လောင်လာပြီး ငွေအပ်အားလုံးကို အပြာရောင် ပြောင်းသွားစေခဲ့၏။
ထို့နောက် ငွေအပ်အစုံက လျှင်မြန်စွာပဲ အပြာရောင်အစီအရင်တစ်ခုကို ဖွဲ့စည်းလိုက်သည်။
ထူးဆန်းပြီး ရှုပ်ထွေးလှ၏။
ရှချောင်ကော မျက်ခုံးလေးတွေ တွန့်ခေါက်နေကာ အစီအရင်ကိုစိုက်ကြည့်ပြီး ရင်းနှီးသလိုခံစားနေရ၏။
သို့ပေမယ့် သူမ အတော်လေးစဥ်းစားလို့မရဖြစ်နေခဲ့သည်။
ယန်ယုချင် နှာမှုတ်လိုက်၏။
"ဒါ မျက်လှည့်ပြနေတာလား...."
"မသေမျိုးနတ်ဆေးဆရာသာ သူ့ငွေအပ်သုံးစုံထဲက တစ်ခုကို ဒီလိုကစားနေတာသိရင် ငြိမ်းငြိမ်းညမ်းညမ်း အနားယူနိုင်မှာမဟုတ်ဘူး...."
ပတ်ဝန်းကျင်ရှိတပည့်တွေ အသိပြန်ဝင်လာကြပြီး ပဟေဠိဖြစ်သည့်အမူအရာတွေ ပြသလာ၏။
"အထင်ကြီးစရာကောင်းပေမယ့် ငါတို့က ရောဂါကုမှာမဟုတ်ဘူးလား...."
"ငွေအပ်တွေနဲ့ အခုလိုကစားနေတာ သူက ရှိုးပြနေတာမဟုတ်ဘူးလား...."
ထိုအချိန်၌....
ဆေးသန့်စင်ခန်း၏ကျောက်တုံးတံခါး ရုတ်တရက် ဖွင့်သွားပြီး အစိမ်းရောင်မီးခိုးတွေ ထွက်ပေါ်လာခဲ့သည်။
ရှန်ဂွမ်းရှန် ဖရိုဖရဲဖြင့် ထွက်လာခဲ့သည်။
သိသာစွာပင် အဆိပ်ဖြေဆေးဖော်စပ်သည့်ဖြစ်စဥ်က မချောမွေ့ခဲ့ပေ။
ယန်ယုချင်မျက်လုံးတွေ တောက်ပသွားပြီး အလျှင်အမြန်ပြေးကာ တင်ပြလိုက်၏။
"ဆရာ, ကြည့်ပါအုန်း, တစ်စုံတစ်ယောက်က နင့်ရဲ့ မီးတောက်ပြာငွေအပ်တွေကို ဖျက်စီးနေတယ်...."
သူမက အတော်လေး ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်နေခဲ့သည်။
ဟ...ဟ....
ကြွားချင်နေတယ်?....
ငါ့ဆရာနဲ့ လက်ပူးလက်ကြပ်မိပြီမလား?
နင် ဘယ်လိုရှင်းပြမလဲ....
သို့ပေမယ့်...
ရှန်ဂွမ်းရှန် ကြည့်လိုက်သည့်အခါ ကြောင်အသွား၏။
ရှချောင်ကောကဲ့သို့ပင် သူလည်း အတွေးနက်သွားခဲ့သည်။
ထို့နောက် ရုတ်တရက် သူ့မျက်လုံးတွေ အရောင်တောက်လာပြီး အိုမင်းသည့်မျက်နှာ၌ စိတ်လှုပ်ရှားသည့်အမူအရာတွေ ပြသလာခဲ့သည်။