မင်းကို အခွင့်အရေးပေးနေတာ
Vol. 15 Ch. 213
သူက သူ့ပေါင်ကိုရိုက်ပြီး ပြောလိုက်သည်။
"အာရား, ဒီတော့ ဒါက မီးတောက်ပြာငွေအပ်ရဲ့ အသုံးပြုပုံအစစ်ပေါ့...."
"ငါ အဲ့ဒီငွေအပ်တွေကို နှစ်ပေါင်းများစွာ ကိုင်ထားခဲ့ပေမယ့် ဒါကို မသိခဲ့ဘူး...."
"ငွေအပ်တွေ ငါ့လက်ထဲမှာ ဆရာ့တုန်းကလို မှော်မဆန်တာ မထူးဆန်းတော့ပါဘူး...."
သူက အလျှင်အမြန်ပဲ လျှောက်သွားလိုက်သည်။
ဂျန်ဖန်းကို မနှောက်ယှက်ရဲပဲ သူ့အိုမင်းသည့်မျက်လုံးတွေက မျက်တောင်မခတ်ပဲ စိုက်ကြည့်နေခဲ့သည်။
ထိုမြင်ကွင်း...
ယန်ယုချင်ကို လုံးဝကို ကြောင်အသွားစေခဲ့သည်။
လက်စသတ်တော့ ဂျန်ဖန်း မျက်လှည့်ပြနေတာမဟုတ်ပေ။
သူက မီးတောက်ပြာငွေအပ်၏ အစစ်အမှန်အသုံးပြုနည်းကို လုပ်ဆောင်ပြနေတာပဲဖြစ်သည်။
ငွေအပ်တွေ အစီအရင်ဖွဲ့စည်းသွားသည်နှင့် ဂျန်ဖန်း သူ့လက်ဝါးကို ဖိချလိုက်၏။
များစွာသောငွေအပ်တွေ အပြာရောင်အလင်းတန်းတွေကဲ့သို့ တပည့်၏ကျောကို အစောပိုင်းဖွဲ့စည်းပုံအတိုင်း စိုက်ဝင်သွားခဲ့သည်။
တပည့် နာကျင်စွာ အော်ဟစ်လိုက်ရ၏။
ထို့နောက် မှင်ကဲ့သို့မဲနက်နေသည့်အဆိပ်ရည်တွေ ငွေအပ်မှတဆင့် အပြင်ကို စီးထွက်လာခဲ့သည်။
အဆိပ်တွေ ကျောက်တုံးစားပွဲပေါ်ကျသွားသည့်အခါ ကျောက်စားပွဲ၏ အစိတ်ပိုင်းအနည်းငယ်ကို တိုက်စားသွားခဲ့သည်။
အဆိပ်တွေအကုန်စီးထွက်သွားသည့်အခါမှ ဂျန်ဖန်း လက်မြောက်ပြီး ငွေအပ်တွေကို ပြန်ဆင့်ခေါ်လိုက်၏။
ထို့နောက် အပြာရောင်မီးတောက်တွေတောက်လောင်လာစေပြီး အပ်မှာကပ်ညှိနေသည့် အဆိပ်တွေကို လောင်ကျွမ်းပစ်လိုက်သည်။
ထိုအခါ ငွေအပ်တွေက အသစ်ကဲ့သို့ပြန်ဖြစ်သွားခဲ့သည်။
"ပြီးပြီ...."
သူက အပ်တွေကို ကျေက်စိမ်းသေတ္တာထဲသို့ ပြန်ထားလိုက်၏။
တပည့်မတ်တပ်ရပ်လိုက်ပြီး အနည်းငယ်လျှောက်ပတ်သွားလိုက်သည်။ သူမျက်နှာက အံ့သြသည့်အမူအရာတွေ ပြသနေခဲ့သည်။
"မနာတော့ဘူး။ ငါ့အရိုးနာကျင်တာတွေ တကယ်ပျောက်သွားပြီ..."
ယန်ယုချင်လည်း အတော်လေး မယုံကြည်နိုင်ဖြစ်နေ၏။
ထိုအရာက အရိုးထဲဝင်နေသည့် အဆိပ်ဖြစ်ပြီး ငွေအပ်တွေဖြင့် ဘယ်လိုလုပ် အလွယ်တကူ ဖယ်ရှားလိုက်သနည်း။
သို့ပေမယ့် သူ့သွေးကြောကို စမ်းသပ်ပြီးနောက် ယန်ယုချင် အံ့အားသင့်၏။
အမှန်တကယ် အဆိပ်တွေ မရှိတော့ပေ။
ထိုစွမ်းရည်က မြင့်မြတ်ဂိုဏ်း၏ပါရမီရှင်တွေကိုလည်း အံ့အားသင့်သွားစေခဲ့သည်။
စိတ်ဝိညာဥ်အမြစ်မရှိသည့်ထိုတပည့်က လက်စသတ်တော့ ဆေးပညာပါရမီရှင် ဖြစ်နေခဲ့တာပင်။
အနည်းဆုံးတော့ သူက ယန်ယုချင်လိုတပည့်ထက် တစ်ဆင့်မြင့်၏။
ဂျန်ဖန်း ငွေအပ်တွေကိုသိမ်းပြီး ယန်ယုချင်ကို စိတ်ရင်းမှန်ဖြင့် သင်ကြားပေးလိုက်သည်။
"မင်း နတ်ဆေးဆရာရှန်ဂွမ်းကို ဆရာအဖြစ်အသိအမှတ်ပြုမှတော့ ဆေးပညာမှာ ပိုအားစိုက်ထုတ်သင့်တယ်...."
"သူ့ဂုဏ်သတင်းကို မမှေးမှိန်စေနဲ့....."
ယန်ယုချင်က ရှချောင်ကောနှင့် မတူတာသိသာလှ၏။
သူမက သိုင်းပညာကိုပိုအာရုံစိုက်ပြီး ဆေးပညာကို သိပ်မနှစ်သက်ပေ။
ရှန်ဂွမ်းရှန် သိချင်စွာဖြင့် မေးလိုက်သည်။
"ဂျူနီယာညီလေး, ငါ့တပည့်ယုချင်က မင်းကို ရန်စမိလို့လား..."
ဂျူနီယာဦလေးအသစ်တစ်ယောက်ကို ကြေညာလိုက်သည့်အခါ သူ့တပည့်တွေ မကျေနပ်မှာကို စိုးရိမ်နေခဲ့၏။
အဘယ်ကြောင့်ဆိုသော် ဂျန်ဖန်းဂုဏ်သတင်းက စိတ်ဝိညာဥ်အမြစ်မရှိသည့် တပည့်တစ်ယောက်ဖြစ်ပြီး အမှန်တကယ်လက်ခံဖို့ခက်ခဲ၏။
ဂျန်ဖန်း ယခုအချိန်မှာ အလွန်စိတ်လှုပ်ရှားနေသည့် ယန်ယုချင်ကို ကြည့်ပြီး ပြုံးကာတည်ငြိမ်စွာပြောလိုက်သည်။
"မဟုတ်ပါဘူး...."
"ငါ သူမနဲ့ အဆိပ်အကြောင်းဆွေးနွေးနေတာပါ...."
ရှန်ဂွမ်းရှန် အတွေ့အကြုံများပြီး အမြင်ကျယ်၏။
ဂျန်ဖန်း ယန်ယုချင်ကို ကာကွယ်နေတာကို ရှင်းရှင်းလင်းလင်းသိ၏။
သူက ဂျန်ဖန်း၏ကြင်နာသည်းခံတတ်သည့်စိတ်ဓာတ်ကြောင့် စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။
ဤကဲ့သို့ဂျူနီယာဦးလေးတစ်ယောက်ရှိတာ ဘာကြောင့် သူ့တပည့်တွေက တန်ဖိုးမထားရသနည်း။
သူက ခါးသီးစွာ ပြုံးလိုက်သည်။
"မင်းရဲ့ဆေးပညာအရည်အချင်းက ပိုကောင်းနေတုန်းပဲ။ စီနီယာအကို နိမ့်ကျတယ်လို့တောင် ခံစားရတယ်...."
ယန်ယုချင်နှင့် အခြားမြင့်မြတ်ဂိုဏ်းမှ ပါရမီရှင်တပည့်တွေ နောက်တစ်ကြိမ်အံ့အားသင့်သွားကြ၏။
ဂိုဏ်း ၉ ဂိုဏ်း နယ်မြေ၏ နံပါတ်တစ် နတ်ဆေးဆရာက ဂျန်ဖန်းလောက် အရည်အချင်းမရှိဘူးဟု ဝန်ခံနေခဲ့သည်။
ဘယ်လိုတောင် ကြောက်စရာကောင်းသည့် သတင်းလဲ...
တစ်ချိန်တည်းမှာပဲ ကျောက်တုံးစားပွဲပတ်လည်မှာထိုင်နေသည့်တပည့်အားလုံး မတ်တပ်ရပ်လိုက်ကြ၏။
မဟာအကြီးအကဲ ဂျန်ဖန်းကို ဤကဲ့သို့ တန်ဖိုးထားနေမှတော့ မည်သူကဆက်ထိုင်ရဲတော့မည်နည်း။
"ဂျူနီယာညီလေး, မင်း မြင့်မြတ်ဂိုဏ်းကို ဘာလာလုပ်တာလဲ...."
ရှန်ဂွမ်းရှန် နောက်ဆုံးမှာ သတိရသွားပြီး မေးလိုက်သည်။
ဂျန်ဖန်း တာဝန်ကျောက်စိမ်းစာလိပ်ကို ထုတ်ယူလိုက်၏။
"ကျွန်တော့်မှာ စီနီယာ့ကို တင်ပြစရာရှိတယ်...."
ရှန်ဂွမ်းရှန် ယူကြည့်လိုက်ပြီး သူ့မျက်လုံးတွေ ပြူးကျယ်သွားခဲ့သည်။
"သူတို့က မင်းကို အဆင့်သုံး တာဝန် ပေးတယ်ပေါ့...."
"ဂိုဏ်းချုပ်လျိုဘာတွေ တွေးနေတာလဲ...."
"မင်းလိုဆေးပညာပါရမီရှင်တစ်ယောက်က ရှေ့တန်းကိုသွားပြီး ဒဏ်ရာကုသတဲ့ထိပ်တန်းတာဝန်တွေ လုပ်ဆောင်သင့်တာ...."
သူက လုံးဝကို နားမလည်နိုင်တော့ပေ။
ဂျန်ဖန်း အကူအညီမဲ့စွာပြောလိုက်သည်။
"ဂိုဏ်းချုပ်မှာ သူ့အကြောင်းပြချက်နဲ့သူ ရှိမှာပါ..."
"ငါက အမိန့်နာခံရုံပဲလေ...."
ရှန်ဂွမ်းရှန် နောက်ထပ် မငြင်းခုန်တော့ပေ။
အဆုံးမှာတော့ ထိုအရာက တိမ်စိမ်းဂိုဏ်းအတွင်းရေးကိစ္စဖြစ်၏။ သူလိုအပြင်လူတစ်ယောက်က ဝေဖန်လို့မရပေ။
"မင်းက ဆေးဝါးပို့ဆောင်တဲ့တာဝန်ကို ရမှတော့ ငါလည်း စိတ်သက်သာယာရသွားပြီ..."
"ဒါပေမယ့် နောက်ဆုံးဆေးတစ်သုတ်က သန့်စင်နေတုန်းပဲ ရှိသေးတယ်...."
"မြင့်မြတ်ဂိုဏ်းမှာ နေ့ဝက်လောက်တော့ နေလိုက်အုန်း..."
ဂျန်ဖန်း အရိုအသေပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်, စီနီယာအကို...."
ရှန်ဂွမ်းရှန် အချိန်မဖြုန်းတော့ပဲ စီစဥ်ပေးလိုက်သည်။
"ချောင်ကော, ငါ့ကို ဆေးသန့်စင်ဖို့ ကူညီပေး...."
"ယုချင် မင်းရဲ့ဂျူနီယာဦးလေးကိုအဖော်ပြုပြီး မြင့်မြတ်ဂိုဏ်းကို လိုက်ပြပေးလိုက်...."
ရှချောင်ကော အနည်းငယ် မျက်မှောင်ကြုတ်သွား၏။
"ဆရာ,ကျွန်မပဲ ဆရာဦးလေးကို အဖော်ပြုပေးလိုက်ပါ့မယ်...."
"ဆရာ့ဆေးသန့်စင်ဖို့ စီနီယာအမ ကူညီနိုင်ပါတယ်...."
သူမ၌ ဆေးပညာဆိုင်ရာ မေးခွန်းများစွာရှိနေပြီး ဂျန်ဖန်းကိုမေးချင်၏။
ရှန်ဂွမ်းရှန် တိတ်ဆိတ်နေ၏။
ရွေးချယ်စရာမရှိတော့ပဲ ရှချောင်ကော သက်ပြင်းချပြီး လျို့ဝှက်ခန်းထဲသို့ ရှန်ဂွမ်းရှန်နောက်ကနေ လိုက်သွားခဲ့သည်။
ကျောက်တုံးတံခါးပိတ်ပြီးနောက်....
ရှန်ဂွမ်းရှန် မောပန်းစွာ ထိုင်ချလိုက်၏။
"မင်းက မင်းရဲ့ဦးလေးဆရာဆီက အကျိုးအမြတ်ရပြီးပါပြီ..."
"ဒါပေမယ့် ယုချင်းက ခုထိမရသေးဘူးလေ...."
"ဒါကြောင့် ဒီအခွင့်အရေးကို ယုချင်းကို ပေးလိုက်ပါ...."
"သူမ ဒီအခွင့်အရေးကို ဖမ်းဆုပ်နိုင်ဖို့ မျှော်လင့်တယ်...."
ရှန်ဂွမ်းရှန် အသက်ကြီးနေပြီဖြစ်ပြီး သူ့မှာ အချိန်နည်းနည်းသာကျန်တော့တာသိ၏။
သို့ပေမယ့် ဘယ်တပည့်ကမှ သူ့ကျေနပ်လောက်သည့်အဆင့်ကို မရောက်သေးပေ။
သူသေပြီးနောက် နတ်ဆေးဆရာတောင်ထိပ်ဂုဏ်းသတင်းကျသွားမှာကို စိုးရိမ်၏။
ဂျန်ဖန်း၏ရောက်ရှိလာမှုက သူ့ကို မျှော်လင့်ချက်ပေးခဲ့၏။
အနာဂတ်ဂျန်ဖန်းက သေချာပေါက် မသေမျိုးနတ်ဆေးဆရာနှင့်ယှဥ်နိုင်သည့် ကြီးမြတ်သည့်နတ်ဆေးဆရာတစ်ယောက်ဖြစ်လာမည်ပင်။
သူ၏ချစ်တပည့်မနှစ်ယောက်ဖြစ်သည့် ရှချောင်ကောနှင့် ယန်ယုချင်သာ သူ့အကူအညီကိုရလျှင်...
သူမတို့၏ဆေးပညာအောင်မြင်မှုက သူ့ထက်တော့နိမ့်တော့မည်မဟုတ်ပေ။
ယခု ရှချောင်ကောက ထိုအခွင့်အရေးကို ရပြီးပြီဖြစ်၍ ယန်ယုချင်သာ ကျန်တော့၏။
တောင်ထိပ်၌....
သိုင်းပညာဆွေးနွေးပွဲ ဆက်မလုပ်နိုင်တော့ပေ။
ဟွာရှန်ချန် ဂျန်ဖန်းကို လေးစားစွာ စိုက်ကြည့်ပြီး တပည့်များစွာနှင့် နှုတ်ဆက်ထွက်ခွာသွားခဲ့သည်။
ဂျန်ဖန်းနှင့် ယန်ယုချင်သာ ကျန်ရှိတော့၏။
ဂျန်ဖန်း ခုလေးတင် ယန်ယုချင်ကို ဝေဖန်ပြစ်တင်ခဲ့၏။
သူတို့နှစ်ယောက်ကြား၌ ကောင်းမွန်သည့်ဆက်ဆံရေးအတွက် မျှော်လင့်ချက်အနည်းငယ်သာရှိသည်။
သူကတောင်ထိပ်မှ တိတ်တဆိတ် ဆင်းသက်လာပြီး ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ဖို့ ရည်ရွယ်ခဲ့၏။
မြင့်မြတ်ဂိုဏ်းက တပည့်တွေ၏နားလည်နိုင်စွမ်းကို အလေးထားသည့်နေရာဟု သူကြားဖူး၏။ ထို့ကြောင့် သူတို့၏နားလည်နိုင်စွမ်းက အခြားဂိုဏ်းတွေနှင့်ယှဥ်လျှင် အတော်မြင့်၏။
ထိုအရာကပဲ သူတို့၏ကျင့်ကြံရေးနည်းစနစ်တွေကို အခြားဂိုဏ်းတွေထက် ပိုသန်မာစေတာဖြစ်သည်။
တူညီသည့်နယ်ပယ်၌ သူတို့က ပိုအားကောင်းကြပြီး ထိပ်ဆုံး ဂိုဏ်း ၃ ဂိုဏ်း ကြားမှာ သူတို့အနေအထားကို တည်ထောင်ထားခဲ့သည်။
ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ယန်ယုချင် စကားတစ်ခွန်းမှမပြောပဲ နောက်ကလိုက်တာကို သတိထားမိပြီး ဂျန်ဖန်း မျက်မှောင်ကြုတ်လိုက်သည်။
"ငါဘာသာငါပဲ ပတ်ကြည့်လိုက်မယ်။ မင်းလိုက်စရာမလိုတော့ဘူး..."
ယန်ယုချင်း အမူအရာကင်းမဲ့စွာပြန်ပြောလိုက်သည်။
"ငါ ဘယ်လိုလုပ်ပြီး ဆရာ့အမိန့်ကို လွန်ဆန်ရဲမှာလဲ...."
"ဂျူနီယာဦးလေဘယ်သွားသွား, ငါလိုက်မှာပါ...."
ထိုအရာကိုနားထောင်ပြီး သိသာစွာပင် စိတ်မပါသည့်အသံပင်။
ဂျန်ဖန်း နောက်ထပ်မပြောတော့ပေ။
သူက နတ်ဆေးဆရာထောင်ထိပ်မှ တိုက်ရိုက်ထွက်ခွာလာခဲ့လိုက်၏။
တောင်ခြေ၌ တပည့်များစွာ အလျှင်အမြန်ပြေးလွားနေကြတာကို မြင်လိုက်၏။
"မြန်မြန်, တစ်ယောက်ယောက်က နှလုံးသန့်စင်ကျောက်တိုင်ကနေ လှုပ်ရှားမှုနည်းလမ်းကို နားလည်သွားပြီတဲ့...."
"လှုပ်ရှားမှုနည်းလမ်း?..., ဒါက အတော်ရှားတယ်၊ သွားကြည့်ကြစို့....."
နှလုံးသန့်စင်ကျောက်တိုင်?....
သိချင်စွာနှင့် ဂျန်ဖန်း သူတို့နာက်ကို လိုက်သွားခဲ့သည်။
ယန်ယုချင် တိတ်တဆိတ် မျက်လုံးလှန်လိုက်ပြီး အထင်မြင်သေးစွာ သတိပေးလိုက်သည်။
"ဂျူနီယာဦးလေး, နှလုံးသန့်စင်ကျောက်တိုင်က ကျင့်ကြံရေးနည်စနစ်တွေကို တိုးတက်အောင်လုပ်တဲ့နေရာတစ်ခုပါ...."
"နင် စိတ်လှုပ်ရှားတာတွေပဲ မြင်ရမှာ...."
ဂျန်ဖန်း သူ့ကို လျစ်လျူရှူထားလိုက်သည်။
သူ လက်နောက်ပစ်ကာ လျှင်မြန်စွာထွက်ခွာသွားခဲ့ပြီး မျက်စိတ်တမိတ်အတွင်း မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
အကြံပေတားအား နားမထောင်တာမြင်သည့်အခါ....
ယန်ယုချင် ဒေါသတကြီးပြောလိုက်သည်။
"နင်က အဲ့ဒီသွားပြီး ဘာလုပ်ဖို့လဲ...."
"ငါမသိဘူးမထင်နဲ့၊ ဆရာငါ့ကို နင်နဲ့လိုက်ခိုင်းလိုက်တာ နင်က ငါ့ကို ဆေးပညာအကြောင်းသင်ပေးဖို့ မျှော်လင့်ချက်နဲ့ဆိုတာ...."
"ဒါပေမယ့် ငါက သိုင်းပညာကိုပဲ ပိုစိတ်ဝင်စားတယ်....."
"ငါလိုချင်တဲ့အခွင့်အရေးကို နင်မပေးနိုင်ပါဘူး...."