ယန်ယုချင် ဒေါသထွက်လွန်း၍ငိုသွားခြင်း
Vol. 15 Ch. 214
လက်စသတ်တော့ သူမက ရှန်ဂွမ်းရှန် စီစဥ်မှုကို ရှင်းရှင်းလင်းလင်း နားလည်၏။
သို့ပေမယ့် ဆေးပညာလမ်းစဥ်ကို စိတ်မဝင်စားပေ။
အစကတည်းက ရှန်ဂွမ်းရှန်ကို ဆရာအဖြစ်အသိအမှတ်ပြုတာဟာ နတ်ဆေးဆရာတပည့်ဆိုသည့် အဆင့်အတန်းကို လိုချင်ရုံသာဖြစ်သည်။
ဤသို့ဖြင့် ဂိုဏ်းတွင်းဂိုဏ်းပြင်နှစ်ခုလုံး၌ အဆက်အသွယ်တွေ ရနိုင်၏။
ထိုအရာက အနာဂတ်သိုင်းပညာတိုးတက်မှု၌ အကူအညီဖြစ်မည်ပင်။
ဆေးပညာက သူမ သိုင်းပညာကိုလိုက်စားဖို့ ခြေနင်းတုံးတစ်ခုသာဖြစ်သည်။
ထို့ကြောင့် ဂျန်ဖန်းဆေပညာအရည်အချင်းက ရှန်ဂွမ်းရှန်ထက်မြင့်တာကို ကောင်းကောင်းသိသော်လည်း လုံးဝ အထင်မကြီးပေ။
အဘယ်ကြောင့်ဆိုသော် သူမလိုချင်တာက သိုင်းပညာအရင်းအမြစ်တွေဖြစ်နေသောကြောင့်ပင်။
သိုင်းပညာလမ်းကြောင်း....
ထိုအရာက စိတ်ဝိညာဥ်အမြစ်မရှိသည့် ဂျန်ဖန်း ထုတ်ပေးနိုင်သည့်အရာမဟုတ်ပေ။
အကြံဉာဏ်ကိုလက်မခံပဲ နှလုံးသန့်စင်ကျောက်တိုင်ဆီသွားနေသည့် ဂျန်ဖန်းကိုကြည့်ပြီး...
ဒေါသထွက်စာနှင့် နောက်မှလိုက်သွားဖို့သာ တတ်နိုင်၏။
"နင်က ကိုယ့်ကိုယ်ကို အရှက်ခွဲချင်နေတာပဲ။ နောက် ဝမ်းနည်းရမှ ငါသတိမပေးဘူးဆိုပြီး အပြစ်မတင်နဲ့...."
သူမက စကတ်ကိုမပြီး ဆောင့်ကြီးအောင့်ကြီးနှင့်လိုက်သွားကာ လမ်းတစ်လျှောက် တတွတ်တွတ်ရွတ်သွားခဲ့သည်။
"နှလုံးသန့်စင်ကျောက်တိုင်အောက်မှာ မကြာခဏနားလည်ဆင်ခြင်ကြတဲ့တပည့်တိုင်းက အမြော်မြင်ရှိပြီး မာနကြီးကြတယ်...."
"အရည်အချင်းမရှိပဲနဲ့ သွားရင် အထင်သေးခံရရုံပဲရှိမှာ...."
နတ်ဆေးဆရာ၏တပည့်တစ်ယောက်အနေဖြင့် သူမတောင် နှလုံးသန့်စင်ကျောက်တိုင်ကို မသွားနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် သိုင်းပညာလမ်းကြောင်း သူမ၏နားလည်မှုက ဘာမှထူးခြားမနေသောကြောင့်ပင်။
တစ်ခါက သူမက နှလုံးသန့်စင်ကျောက်တိုင်အောက်မှာ မရှင်းသည့်ကျင့်ကြံရေးနည်းစနစ်တစ်ခုကို နားလည်ဖို့ ကြိုးစာခဲ့၏။
သို့ပေမယ့် အချိန်အတော်ကြာတာတောင် မည်သည့်တိုးတက်မှုမှ မရှိခဲ့ပေ။
ထို့ပြင် နားလည်နိုင်စွမ်းမြင့်သည့် တပည့်အုပ်စု၏ လှောင်ပြောင်ရယ်မောခြင်းကိုခံခဲ့ရ၏။
"နတ်ဆေးဆရာရဲ့တပည့်က ဘာမှမဟုတ်ပါဘူး"၊ "ရှချောင်ကောအမဖြစ်ဖို့မထိုက်တန်ဘူး"။ စသည်တို့နှင့် အခြားမကျေနပ်စရာကောင်းသည့် မှတ်ချက်တွေပင်ဖြစ်သည်။
ထိုအရာကြောင့် သူမ နှလုံးသန့်စင်ကျောက်တိုင်းကို နောက်တစ်ခါ မသွားရဲတော့ပေ။
သို့ပေမယ့် ဂျန်ဖန်း သွားဖို့အတင်းအကြပ်ပြောနေသောကြောင့် ထိုနေရာကို နောက်တစ်ကြိမ်သွားဖို့ သတ္တိမွေးဖို့သာ တတ်နိုင်တော့၏။
သူမရောက်သည့်အခါ....
နှလုံးသန့်စင်ကျောက်တိုင်အောက်၌ စုဝေးနေသည့် တပည့်အုပ်တစ်အုပ်ရှိနေပြီး ဖြစ်သည်။
သူတို့က အနီဝတ်မိန်းကလေးတစ်ယောက်ကိုကြည့်ပြီး မျက်နှာမှာ သဘောကျမှုတွေ အပြည့်ပင်။
ခန္ဓာကိုယ်အချိုးအစားကောင်းပြီး အသွင်အပြင်က လှသည်ဟု ယူဆနိုင်၏။ နှုတ်ခမ်းပါးလေးတွေနှင့် မျက်လုံးတွေထဲ၌ ယုတ်မာသည့်အမူအရာအနည်းငယ်ရှိနေခဲ့သည်။
သူမက အလွန်ထက်မြက်သည့်ထင်မြင်ချက်ကို ပေးစွမ်းနေ၏။
ဤအခိုက်အတန့်, လူအုပ်၏အကြည့်အောက်၌...
သူမက ကြီးမားသည့်ကျောက်တိုင်ကြီးနားမှာ သူမ၏လှုပ်ရှားမှုနည်းလမ်းကို ရှေ့သွားလိုက်နောက်သွားလိုက်နှင့် သရုပ်ဖော်ပြနေခဲ့သည်။
ပုစဥ်းမလေးတစ်ကောင် ရေပြင်မှာဖြတ်ပျံနေသကဲ့သို့ မြေပြင်ကို ခြေဖျားလေးနဲ့အသာထိကာ နှစ်ဇန်အကွာကို အသာအယာခုန်ကူးသွား၏။ မြေပြင်ကျသွားသည့်အခါ နောက်တစ်ကြိမ် အသာထိလိုက်သည်။
ထို့နောက် ဇန်ပေါင်းများစွာကို တစ်ခဏချင်းပဲ ဖြတ်ကျော်သွားခဲ့သည်။
ထိုအရာကြောင့် လူအုပ်ဆီမှ ကျယ်လောင်သည့် လက်ခုပ်သံတွေနှင့် ချီးကျူးသံတွေ ထွက်ပေါ်လာခဲ့သည်။
"ဒါ ဂိုဏ်းရဲ့တစ်ခုတည်းသော လှုပ်ရှားမှုနည်းလမ်းဖြစ်တဲ့ 'ကောင်းကင်မှာပျံသန်းသောငန်း' ပဲ။ သုံးနှစ်ကြာတာတောင် တစ်ယောက်မှ နားမလည်ခဲ့ကြဘူး...."
"ဂျူနီယာညီမ ဂျန်ချင်းက တကယ်ကို ထက်မြက်တဲ့ ပါရမီရှင်သမီးတော်ပဲ..."
"မြင့်မြတ်ဂိုဏ်းမှာ ဒီနည်းစနစ်ကို နားလည်တဲ့လူက လက်တစ်ဖက်နဲ့ ရေလို့ရတယ်...."
ယန်ယုချင် ထိုအရာကိုကြားသည့်အခါ အတော်လေး မသက်မသာဖြစ်သွား၏။
အဘယ်ကြောင့်ဆိုသော် သူမက ကိုယ့်ကိုယ်ကို အထင်ကြီးပြီး အခက်ခဲဆုံးလို့ခေါ်သည့် ထိုလှုပ်ရှားမှုနည်းလမ်းကို နားလည်ဖို့ ကြိုးစားဖူး၏။
ရလဒ်အနေဖြင့် လှောင်ပြောင်မှုတွေသာ ရခဲ့သည်။
သူမကို အလှောင်ဆုံးတစ်ယောက်က ဂျန်ချင်ပင်။
ဂျန်ချင်က သူမ၏အသွင်အပြင်၊ ခန္ဓာကိုယ်အချိုးအစားနှင့် နတ်ဆေးဆရာတပည့်ဆိုသည့်အဆင့်အတန်းကို မနာလိုသူဖြစ်၏။
ဖျက်လိုဖျက်ဆီး အမြဲပြောတတ်၏။
ယခု, သူမနားမလည်နိုင်ခဲ့သည့် နည်းစနစ်ကို ဂျန်ချင်းအလွယ်တကူဆုပ်ကိုင်နိုင်သွားတာမြင်သည့်အခါ...
ယန်ယုချင် မဖော်ပြနိုင်သည် မသက်မသာဖြစ်မှုကို ခံစားလိုက်ရသည်။
သူမက အဝေးရှိ ဂျန်ဖန်းကို ကြည့်ပြီး လျှောက်သွားကာ တိတ်တဆိတ် သူ့အင်္ကျီလက်ကို ဆောင့်ဆွဲလိုက်၏။
ထို့နောက် စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်သည်။
"ဦးလေး, နောက်ထပ် တစ်နေရာရာသွားရအောင်...."
ဂျန်ဖန်းက ဤနေရာကို နှလုံးသန့်စင်ကျောက်တိုင်ဟုခေါ်သည့်အရာအကြောင်းကို သိချင်လို့လာခဲ့တာဖြစ်သည်။
ထိုကျောက်တိုင်က လန်းဆန်းသည့်အော်ရာကို ထုတ်ပေးပြီး စိတ်တည်ငြိမ်စေကာ နားလည်နိုင်စွမ်းကို မြှင့်တင်ပေး၏။ ထိုအရာမျှသာဖြစ်တယ်ဆိုတာသိပြီး သူ စိတ်ဝင်စားမှုဆုံးရှုံးသွား၏။
ဂျန်ချင်၏ လှုပ်ရှားမှုနည်းလမ်းအတွက်တော့....
လှုပ်ရှားမှုနည်းစနစ်မှာ အောင်မြင်မှုမြင့်မြင့်မားမားရထားသည့်လူတစ်ယောက်အတွက် ဘာမှ စိတ်ဝင်စားစရာမရှိပေ။
သူက ခေါင်းညိတ်ပြီး တစ်ဖက်လှည့်ကာ ပြောလိုက်သည်။
"သွားကြစို့, အခြားနေရာသွားကြတာပေါ့...."
ယန်ယုချင်း စိတ်သက်သာယာရစွာဖြင့် သက်ပြင်းချလိုက်သည်။
ဤနေရာမှာရှိသည့်အချိန်တိုင်းက သူမကိုကျောကို ဆူးစူးနေသလိုခံစားပြီး အတော်လေး မသက်မသာဖြစ်လှ၏။
သူမ ကြော့ကြော့မော့မော့ လှုပ်ရှားပြီး ထွက်ခွာဖို့ ခြေလှမ်းလှမ်းလိုက်၏။
အခြားလူတွေ ကျယ်လောင်စွာ လက်ခုပ်တီးအားပေးနေချိန် သူတို့၏လှည့်ထွက်သွားမှုက လုံးဝကို အထင်းသား ဖြစ်နေခဲ့သည်။
ဂျန်ချင်း မနေနိုင်ပဲ သတိထားမိသွား၏။
ဤသို့ဖြင့် ချက်ချင်းပဲ ယန်ယုချင်ကို မှတ်မိသွား၏။
"အို, ဒါ နတ်ဆေးဆရာရဲ့ နာမည်ကြီးတပည့် ယန်ယုချင်မလား...."
ဂျန်ချင်း လှောင်ပြောင်လိုက်၏။
"နောက်တစ်ကြိမ် ယုံကြည်မှုတွေရှိလာပြီပေါ့။ ဒီမှာ လှုပ်ရှားမှုနည်းစနစ်နားလည်အောင်လုပ်ဖို့ လာခဲ့တာလား...."
"စိတ်မကောင်းပါဘူး, ငါ နင့်ထက်အရင် နားလည်သွားပြီ..."
ယန်ယုချင် ခန္ဓာကိုယ် တောင့်တင်းသွား၏။
သူမက တစ်ဖက်လှည့်ကြီး ဒေါသတကြီး ကြည့်လိုက်သည်။
"ငါက ငါ့ဦးလေးကို အဖော်လိုက်လုပ်ပေးရုံပဲ...."
ဂျန်ချင်း ယန်ယုချင်းကို သိမ်ငယ်အောင်လုပ်ရမည့် မည်သည့်အခွင့်အရေးမဆို အလွတ်ပေးမည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် တစ်ခါက သူမလည်း ရှန်ဂွမ်းရှန်တပည့်ဖြစ်ဖို့ ကြိုးစားခဲဖူးသောကြောင့်ပင်။
သို့ပေမယ့် ရှန်ဂွမ်းရှန်က ယန်ယုချင်ကို ရွေးခဲ့၏။
ယန်ယုချင် ဆေးပညာပါရမီက သူမထက်မြင့်သည်ဟု ပြောခဲ့၏။
ထိုအရာက ဂျန်ချင်းကို မကျေမနပ်ဖြစ်သွားစေခဲ့သည်။
သူမအမြဲထင်ခဲ့တာ ယန်ယုချင်းက ပိုလှသည့်အတွက် ရှန်ဂွမ်းရှန်သဘောကျမှုကို ရသွားသည်ဟုပင်။
"နင်က ဘယ်ကနေ ဦးလေးရသွားတာလဲ? ဒီ အမွေးတောင်မစုံသေးတဲ့ကလေးလား...."
ဂျန်ချင်း လှောင်ပြောင်လိုက်၏။
"နင်နားလည်ချင်ရင် လုပ်လေ။ ဘာဆင်ခြေတွေပေးနေတာလဲ..."
"ဘာလဲ, နားမလည်နိုင်ပဲ နောက်တစ်ကြိမ်ကိုယ့်ကိုယ်ကို အရူးလုပ်မိမှာစိုးလို့လား...."
"မကြောက်ပါနဲ့, ငါ ဒီမှာရှိပါတယ်....."
ထိုအရာကြောင့် ယန်ယုချင်အလှကို မနာလိုသည့် အမျိုးသမီးတပည့်များစွာ ရယ်လိုက်ကြသည်။
"သူမက ပန်းအိုးတစ်လုံးပါဟာ။ ဆေးပညာမှာလည်း မကျွမ်းကျင်သလို, သိုင်းပညာမှာလည်း ဘာမှ ဖြစ်မြောက်မြောက်မရှိဘူး....."
"ဟမ့်, စီနီယာအကိုကြီးကို ကပ်ဖို့လောက်ပဲ တော်တာ...."
"ဘယ်သူက သူမကို အတည်ယူမှာလဲ...."
.....
ယန်ယုချင် ဒေါသကြောင့် မျက်နှာနီရဲသွားပြီး ပြောလိုက်သည်။
"ဂျန်ချင်း, ဒီလောက်မနာလိုဖြစ်နေရအောင် ငါ နင့်ကို ဘယ်လိုရန်စမိလို့လဲ...."
ဂျန်ချင်း အပြုံးတွေ ပျောက်ကွယ်သွားပြီး အေးစက်စွာနှာမှုတ်လိုက်၏။
"မနာလိုတယ်?...."
"ကောင်မစုတ်, နင်ဘယ်လိုတောင်ပြောရဲတာလဲ...."
"တောင်းပန်စမ်း....."
"မဟုတ်ရင် နင် ဒီနေ့ထွက်သွားလို့ရမယ် မထင်နဲ့...."
ယန်ယုချင်း မျက်လုံးတွေ ဒေါသကြောင့် မျက်ရည်ဝဲလာခဲ့သည်။
သူမဘာအမှားလုပ်လို့ ဤကဲ့သို့ အနိုင်ကျင့်ခံနေရသနည်း။
"ဘာတွေလာငိုနေတာလဲ...."
"အဲ့ဒီစီနီယာအကိုတွေရှေ့မှာသွားငို, တစ်ယောက်ယောက်တော့ နင့်ကို သနားမှာပါ..."
"ငါ့အတွက်တော့ ဒါက အသုံးမဝင်ဘူး...."
"ခုချက်ချင်းတောင်းပန်၊ မဟုတ်ရင် နင့်ကိုရိုက်ဖို့ တွေဝေနေမှာမဟုတ်ဘူးနော်...."
ဂျန်ချင်း ရန်မူစွာ အမိန့်ပေးလိုက်သည်။
သူမတို့၏ သိုင်းပညာပါရမီက အတူတူဖြစ်သော်လည်း ယန်ယုချင်းက ဆေးပညာကြောင့် စိတ်ပျံ့လွင့်နေခဲ့သည်။
ထို့ကြောင့် သူမ၏သိုင်းပညာတိုးတက်မှုက သဘာဝအတိုင်း ဂျန်ချင်းထက်နိမ့်၏။
တကယ်သာတိုက်မည်ဆိုလျှင် ယန်ယုချင်း လုံးလုံးလျားလျားကို အနိုင်ကျင့်ခံရမှာပဲဖြစ်သည်။
ဂျန်ဖန်း မျက်မှောင်ကြုတ်သွား၏။
သူက ယန်ယုချင်ကို မကြိုက်သော်လည်း သူမက သူ၏ဂျူနီယာဖြစ်၏။
သူမ သူ့ရှေ့မှာ အနိုင်ကျင့်ခံနေရတာကို လျစ်လျူမရှုမထားနိုင်ပေ။
"ဂျန်ချင်း, ဟုတ်တယ်နော်...."
ဂျန်ဖန်း ထူးမခြားနားစွာပြောလိုက်သည်။
"မင်းက ငယ်ပေမယ့် ဒေါသတော့ကြီးသားပဲ....."
"မင်း ခုလေးတင် ငါ့ဂျူနီယာကို စော်ကားခဲ့တယ်...."
"သူမကို တောင်းပန်ပါ။ အခုချက်ချင်း လုပ်..."
ရှိနေသည့်တပည့်အားလုံး ကြောင်အသွား၏။
သူတို့က ဂျန်ဖန်းကို ပဟေဠိဖြစ်စွာဖြင့် ကြည့်လိုက်သည်။
သူက တကယ်ပဲ ယန်ယုချင်း ဦးလေးလား?...
ယန်ယုချင်းလည်း အနည်းငယ်အံ့အားသင့်သွား၏။
ဤအချိန်၌ ဂျန်ဖန်း သူမရှေ့မှ ရပ်တည်ပေးမယ်လို့ ထင်မထားခဲ့ပေ။
သူမစိတ်ထဲ အနည်းငယ် ခံစားသွားရ၏။
သို့ပေမယ့် ဂျန်ဖန်း သိုင်းပညာခွန်အားကိုတွေးပြီး သူမ အလျှင်အမြန်ပဲ ပြောလိုက်သည်။
"ဦးလေး, မေ့လိုက်ပါ, သူမကို လျစ်လျူရှုထားလိုက်ပါ..."
"ကျွန်မ ဦးလေးကို အခြားတစ်နေရာခေါ်သွားပေးမယ်....."
ဂျန်ချင်း ဒေါသထွက်နေ၏။
သူမက ယန်ယုချင်းတောင်းပန်တာ မခံရသည့်အပြင်၊ ယခု သူမကိုပါ တောင်းပန်ခိုင်းခံနေရ၏။
ဘယ်လိုတောင်ရဲတင်းလိုက်သနည်း။
"နင့်တို့သွားဖို့ ငါခွင့်ပြုသေးလို့လား..."
သူမက လူအုပ်ကို ဘေးဘက်တွန်းဖယ်လိုက်ပြီး မျက်နှာက ဒေါသကြောင့် တွန့်လိမ်နေခဲ့သည်။
"နင်က ယန်ယုချင်ဦးလေးလားဆိုတာ ငါဂရုမစိုက်ဘူး...."
"ဒါက ငါနဲ့ သူရဲ့ကြားကကိစ္စ၊ နင်ဝင်ပြောစရာ ဘာစောက်ကြောင်းမှမရှိဘူး...."
"ဝေးနိုင်သမျှ ဝေးဝေးနေ...."
"ယန်ယုချင်း, ဒူးထောက်တောင်းပန်စမ်း...."
"မဟုတ်ရင် နင့်ပါးကို ငါရိုက်...."
သူမပြောနေစဥ်မှာပဲ...
ရုတ်တရက်...
ဂျန်ဖန်း ယန်ယုချင်းလက်ကိုင်လိုက်၏။
ထို့နောက် သူ့ခြေထောက်အောက်၌ စိတ်ဝိညာဥ်အလင်းတန်းတွေ တောက်ပလာပြီး ပုံရိပ်က သစ္ဆေတစ်ကောင်ကဲ့သို့ဖြစ်လာ၏။
ဂျန်ဖန်း၏ ခြေတစ်လှမ်းကို ဇန်တစ်ဒါဇင်လောက်ရောက်နိုင်သည့် လှုပ်ရှားမှုနည်းလမ်းအတွက်....
သူတို့ကြားရှိအကွာအဝေးက မျက်တောင်တစ်ခတ်ပင်။
သူက ချက်ချင်းပဲ သူမရှေ့ကို ရောက်သွားပြီး ဘာမပြောညာမပြော ပါးဖြတ်ရိုက်လိုက်၏။
ဖြန်း!
ပါးရိုက်သံက ရှိနေသည့်လူတိုင်းကို ကြောင်အသွားစေခဲ့သည်။
"မင်းပြောတာ ဒီလိုမျိုးလား...."
ဂျန်ဖန်း ထူးမခြားနားစွာပြောလိုက်သည်။