← Chapters

အရမ်းအထင်ကြီးစရာကောင်းသောဦးလေး

Vol. 15 Ch. 215

အရမ်းအထင်ကြီးစရာကောင်းသောဦးလေး

Vol. 15 Ch. 215

ယန်ယုချင် ကြောင်အသွား၏။

ဘာဖြစ်လဲဆိုတာ သူမ နားလည်လိုက်ချိန် ဂျန်ဖန်း ဂျန်ချင်းကို ပါးရိုက်ပြီးသွားပြီဖြစ်သည်။

ဂျန်ချင်းလည်း ကြောင်သွား၏။

ပါးရိုက်မခံရခင် သူမက အလင်းတန်းတစ်ချက်သာ မြင်လိုက်၏။

ဘာဖြစ်သွားသနည်း?...

သူမမျက်နှာရှိ နာကျင်မှုကြောင့် ဂျန်ချင်း နောက်ဆုံးမှာ အသိပြန်ဝင်လာခဲ့သည်။

အပြင်းအထန်း အစော်ကားခံရသည့် ခံစားချက်က နှလုံးသားထဲကလိမ့်တက်လာပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။

"နင့် ငါ့ပါးကို ရိုက်ရဲတယ်...."

"ငါနင့်ကိုသတ်မယ်, သေစမ်း...."

သူမကသာ သူမ၏ဂိုဏ်းတူတပည့်တွေကို အနိုင်ကျင့်စော်ကားတာ ဖြစ်သည်။

ဘယ်အချိန်ကများ လူရှေ့မှာ ပါးရိုက်ခံရဖူးသနည်း။

ချက်ချင်း ကျိုးကြောင်းမစဥ်းစားနိုင်တော့ပဲ ဟိန်းဟောက်ကာ ဂျန်ဖန်း ရင်ဘတ်ကို လက်ဝါးဖြင် ရိုက်လိုက်၏။

"သတိထား...."

ယန်ယုချင်း ကြောက်လန့်မှုကြောင့် ဖြူဖြော့သွား၏။

ဂျန်ချင်းက အခြေခံတည်ဆောက်ခြင်းအဆင့် ၈ ဖြစ်ပြီး သူမလက်ဝါးနည်းစနစ်က ရက်စက်မှုကြောင့် ကျော်ကြား၏။

ဤကဲ့သို့ ရင်ဘတ်ကို ရိုက်တာက အလွယ်တကူသေသွားစေနိုင်၏။

ဂျန်ဖန်း မျက်လုံးတွေ အေးစက်သွား၏။

"ဘယ်လိုတောင်ရက်စက်တာလဲ...."

သူမက အခြားလူကို စိတ်ရှိတိုင်းစော်ကားပြီး ကိုယ်ကိုယ်တိုင် အနည်းငယ်စော်ကားခံရသည့်အခါ တစ်ဖက်လူအသက်ကို လိုချင်နေခဲ့သည်။

သူက သူမလိုလူမျိုးကို အလွယ်တကူလွတ်ပေးမည်မဟုတ်ပေ။

လက်သီးချက်ထုတ်ဖော်လိုက်၏။

ဘုန်း!

ကောင်းကင်ဘုံတိုက်ပွဲပုံစံကိုးမျိုးကို အသုံးမပြုလျှင်တောင် သူ့လက်သီးက လူတိုင်းခုခံနိုင်သည့်အရာမဟုတ်ပေ။

ဂျန်ချင်းတိုက်ခိုက်မှု မကျရောက်ခင် သူမပခုံး လက်သီးချက်ထိမှန်သွား၏။

ဂျန်ချင်း နာကျင်စွာအော်ဟစ်လိုက်ရပြီး နောက်ကို လွင့်ထွက်သွားခဲ့သည်။

သူမက တပည့်အုပ်စုကို ဝင်တိုက်သွားပြီး သူတို့ထဲက အများစုကို လဲကျသွားစေခဲ့သည်။

နာကျင်စွာအော်ဟစ်သံတွေ ချက်ချင်းပဲ ထွက်ပေါ်လာခဲ့သည်။

ယန်ယုချင်း၏ ချစ်စရာကောင်းသည့်မျက်လုံးတွေ မယုံကြည်နိုင်စွာဖြင့် ပြုးကျယ်လာခဲ့သည်။

ဂျန်ဖန်းက စိတ်ဝိညာဥ်အမြစ်မရှိသည့်တပည့် မဟုတ်ဘူးလား...

ဘာ..ဘာတွေဖြစ်နေသနည်း?....

အလွန်အားကောင်းသည့်ဂျန်ချင်းကို သာမန်လက်သီးတစ်ချက်တည်းဖြင် အမှောက််သိပ်လိုက်သည်။

ထိုလက်သီးချက်က ဂျန်ချင်းကို နိုးထသွားစေပုံပေါ်၏။

သူမက ဂျန်ဖန်းကို တုန်လှုပ်စွာဖြင့် ကြည့်နေခဲ့ည်။

ယခုချိန်မှသာ ယန်ယုချင်ဦးလေးဟုခေါ်သည့်ထိုလူက မရိုးရှင်းဘူးဆိုတာ နားလည်သွား၏။

သူမ အံ့ကြိတ်ပြီး ဆံထွေးထွေးလိုက်သည်။

"ကောင်းတယ်, ကောင်းတယ်, ကောင်းတယ်....."

"ဒါကို ငါမှတ်ထားမယ်...."

"ယန်ယုချင်း, နင်စောင့်နေ၊ ဒီအစော်ကားခံရမှုကို အနာဂတ်မှာ အဆတစ်ရာပြန်ပေးခိုင်းမယ်...."

"နင့်ဦးလေး နင့်ကိုကာကွယ်ဖို့ ဒီမှာအမြဲရှိပါစေ ဆုတောင်း...."

ယန်ယုချင်းနှလုံးသာကျုံ့ဝင်သွားပြီး အနည်းငယ်စိုးရိမ်သွား၏။

ဂျန်ချင်းက အမုန်းတရားကို ဆယ်ဆပြန်ပေးတတ်သူဖြစ်၏။

ဦးလေးက သူမကို ကူညီနေပုံပေါ်သော်လည်း....

တကယ်တော့ သူမဆီကို ပြဿနာတွေယူလာတာဖြစ်သည်။

ဂျန်ဖန်း မျက်လုံးတွေကျဥ်းမြောင်းသွား၏။

"ကြည့်ရမှာ မင်းက မင်းအမှားကို မသိသေးဘူးပဲ...."

ဂျန်ချင်း အဆိပ်ပြင်းစွာဖြင့် နှာမှုတ်လိုက်၏။

"ဟမ့်, ငါဝန်ခံပါတယ်။ နင်က အရည်အချင်းရှိတယ်ဆိုတာ...."

"ဒါပေမယ့် ငါ့ရဲ့လှုပ်ရှားမှုနည်းစနစ်နဲ့ ငါ့ကိုတားနိုင်မယ် နင်ထင်လား...."

ပြောပြီးနောက် လှုပ်ရှားမှုနည်းလမ်းသုံးကာ ပုစဥ်းတစ်ကောင်ကဲ့သို့ နှစ်ဇန်အကွာကို ခုန်ထွက်သွားခဲ့သည်။

ထွက်ပြေးနေစဥ် သူမက တစ်ဖက်လှည့်ပြီး ရက်စက်စွာ ခြိမ်းခြောက်လိုက်၏။

"စောင့်နေ...."

"ဒီနေ့ နင်ငါ့ကိုစော်ကားတာအတွက် ယန်ယုချင်းကို နှစ်ဆ၊ ဆယ်ဆ၊ အဆတစ်ရာပြန်ပေးဆပ်ခိုင်းမယ်...."

"ဒါကို လက်စားမချေနိုင်ရင်, ငါက လူမဟုတ်တော့ဘူးလို့ ကျိန်ဆိုတယ်...."

ဂျန်ဖန်း အေးစက်စွနှာမှုတ်လိုက်၏။

"မင်းက လှုပ်ရှားမှုနည်းစနစ်အနည်းငယ်လေး တတ်ထားတာပါ။ ဘယ်သူမှမင်းကို ဘာမှမလုပ်နိုင်တော့ဘူး ထင်မနေနဲ့...."

"ဆရာတစ်ယောက်ရှေ့မှာ လာကြွားမနေနဲ့...."

သူ့အသံအထွက်ပေါ်လာ၏။

ထို့နောက် လှုပ်ရှားမှုနည်းလမ်း ဒုတိယအဆင့်ကို တိုက်ရိုက်အသုံးပြုလိုက်သည်။

ဆုတ်ဖြဲသံတစ်ခုနှင့်အတူ....

သူ့ခန္ဓာကိုယ်က လေထုကို ဆုတ်ဖြဲသွားခဲ့သည်။

အရှိန်က အံ့အားသင့်စရာပင်။

ခြေတစ်လှမ်းတည်းဖြင့် ဆယ်ဇန်ကျော်ကို ရောက်ရှိသွားခဲ့သည်။

ထိုအရာက ပတ်ဝန်းကျင်ရှိတပည့်တွေဆီမ ကျယ်လောင်သည့်ချီကျူးသံတွေကို ဖြစ်ပေါ်လာစေခဲ့သည်။

"ခြေတစ်လှမ်းကို ဆယ်ဇန်ကျော်....."

"ဒါ.. ဒါက လှုပ်ရှားမှုနည်းစနစ် အောင်မြင်ခြင်းကြီးအဆင့်ပဲ....."

"ယန်ယုချင်းဦးလေးက လှုပ်ရှားမှုနည်းလမ်း ထိပ်တန်းကျွမ်းကျင်သူပဲ...."

"ဘုရားရေ, သူက အတိအကျဘယ်သူလဲ...."

"ငါတို့ဂိုဏ်းချုပ်ရဲ့ လှုပ်ရှားမှုနည်းစနစ်တောင် ခြေတစ်လှမ်းကို ၈ ဇန်ပဲ ရောက်တာ...."

သူမနောက်ရှိ ပွက်လောရိုက်သံတွေကို ကြားသည့်အခါ....

ဂျန်ချင်း မျက်မှောင်ကြုတ်သွားပြီး လှည့်ကြည့်လိုက်၏။

ထိုအခါ သူမမြင်လိုက်ရသည့်အရာကြောင့် ချက်ချင်းပြ အော်ဟစ်လိုက်၏။

"အား...."

ဂျန်ဖန်း ခြေတစ်လမ်း ၁၀ ဇန်ဖြင့် သူမဘေးနားကို ရောက်နေပြီပဲဖြစ်သည်။

သူ့လှုပ်ရှားမှုနည်းလမ်းက သူမထက် ဆယ်ဆလောက်ပိုအဆင့်မြင့်၏။

နောက်တစ်ခဏ၌....

ပြင်းထန်သည့်လက်သီးချက်က သူမရင်ဘတ်ကို ထိမှန်သွားခဲ့သည်။

သူမခန္ဓာကိုယ် နောက်တစ်ကြိမ်လွင့်ထွက်သွားပြီး နှလုံးသန့်စင်ကျောက်တိုင်းရှေ့ကို ပြုတ်ကျသွားခဲ့သည်။

အဟွတ်! အဟွတ်!

ဤတစ်ချိန် သူမ ပြုတ်ကျစရာ ဘာမှမရှိသော်ကြောင့် မြေပြင်မာပေါ်ပြုတ်ကျသွားပြီ အပြင်းအထန်သွေးအန်လိုက်ရသည်။

သူမက အဝေးရှိဂျန်ဖန်းကို ကြောက်ရွံ့စွာကြည့်လိုက်သည်။

မတ်တပ်မရပ်နိုင်ခင်...

အမြင်တွေပြာသွားပြီး ဂျန်ဖန်း ဇန်ပေါင်းများစွာဖြတ်၍ သူမရှ့ကို ရောက်လာခဲ့သည်။

ဂျန်ချင်း ထိတ်လန့်သွားပြီး အလျှင်အမြန်ပဲ လှုပ်ရှားမှုနည်းလမ်းအသုံးပြုဖို့ ကြိုးစားလိုက်၏။

သို့ပေမယ့် သူမ၏ ခြေတစ်လှမ်း ၂ ဇန် က ဂျန်ဖန်းအတွက် ခရုတစ်ကောင်အရှိန်လောက်သာရှိသည်။

သူမခြေလှမ်းလိုက်သည်နှင့် ဂျန်ဖန်း လိုက်မှီသွားပြီး နောက်ထပ်လက်သီးချက်တစ်ချက်ထိုးလိုက်သည်။

ထိုအရာက သုံးကြိမ်မြောက်ပင်။

ဂျန်ချင်း နောက်ဆုံးမှာတော့ ကြံရာမရ ကြောက်လန့်တကြားအော်ဟစ်လိုက်၏။

ဂျန်ဖန်း သူမခေါင်းကို ထပ်ထိုးတော့မည့်အချိန်၌ ခေါင်းကိုလက်ဖြင့်ကာလိုက်ပြီး တောင်းပန်းလိုက်၏။

"စီနီယာ, ငါ့အမှားကိုသိပါပြီ။ ကျေးဇူးပြုပြီးရပ်ပါတော့...."

မလွတ်မြောက်နိုင်တော့သည့် စိတ်ပျက်အားငယ်မှုက သူမ ရန်မစနိုင်သည့်လူကို ရင်ဆိုင်မိပြီဆိုတာ နားလည်သွားစေခဲ့၏။

ဂျန်ဖန်း သူ့လက်သီးကိုပြန်ရုတ်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။

"နောက်ဆုံးအကြိမ်ရမ်းကားတဲ့လူက ငါကြောင့် အရိုးအားလုံး ကျိုးသွားပြီ...."

"မင်းက နောက်တစ်ယောက်မဖြစ်ဖို့ မျှော်လင့်တယ်...."

ဂျန်ချင်း အစာကောက်နေသည့်ကြက်လေးတစ်ကောင်ကဲ့သို့ ခေါင်းညိတ်လိုက်သည်။

ဂျန်ဖန်းပြောလိုက်သည်။

"ဒါဆို, မင်းငါ့ရဲ့ ဂျူနီယာတူမကို မတောင်းပန်သေးဘူးလား...."

ဂျန်ချင်း လုံးဝကို ထိတ်လန့်နေ၏။

သူမက သုန်မှုန်စွာဖြင့် ယန်ယုချင်းဆီလျှောက်သွားကာ ဦးညွတ်လိုက်၏။

"စီနီယာအမယန်, ကျွန်မတောင်းပန်ပါတယ်၊ အရင်က ကျွန်မမှားခဲ့တာပါ...."

ယန်ယုချင်းစိတ် ဗလာကျင်းနေပြီး ခေါင်းညိတ်လိုက်၏။

"အော်, အင်း, အခု အဆင်ပြေပါပြီ...."

သူမ လုံးဝကို ကြောင်အနေ၏။

ထိုသူမ၏ဦးလေးက အတိအကျမည်သူနည်း။

သူ၏ကြောက်တိုက်ခိုက်ရေးစွမ်းရည်မှလွဲ၍ လှုပ်ရှားမှုနည်းလမ်းကလည်းပြိုင်ဘက်ကင်းပင်။

ခြေတစ်လမ်းဖြင့်၁၀ ဇန် ရောက်နိုင်သည့် လူမျိုး သူမ တစ်ခါမှ မကြားဘူးပေ။

ထိုအရာကို အပြည့်အဝထုတ်ဖော်လိုက်လျှင် မြေပြင်မှာ ပျံသန်းနေသကဲ့သို့ပင်ဖြစ်သည်။

ဂျန်ဖန်း လျှောက်လာပြီး ပြောလိုက်သည်။

"လာ, နောက်တစ်နေရာသွားရအောင်...."

ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် ယန်ယုချင်း ကြောင်ပြီးရပ်နေတာကြောင့် မျက်မှောင်ကြုတ်လိုက်၏။

"မင်းဘာလို့ အဲ့မှာ ရပ်နေတာလဲ...."

ဤကဲ့သို့ဆူညံမှုနှင့် မြင့်မြတ်ဂိုဏ်း ရာထူးမြင့်သူတွေ မကြာခင်ရောက်လာမည်ပဲဖြစ်သည်။

အလျှင်အမြန်မထွက်သွားလျှင် မေးခွန်းတွေ မေးခံနေရမည်ပင်။

ယန်ယုချင်း အသိပြန်ဝင်လာပြီး အလျှင်အမြန်တုံ့ပြန်လိုက်၏။

"အို, အို့.... လာပါပြီ, ဦးလေး...."

ထို့နောက် သူမစကတ်ကိုမကာ ဂျန်ဖန်းနောက်မှ အလျှင်အမြန်လိုက်သွားတော့၏။

သူ့နောက်ကျောကိုကြည့်ပြီး သူမမျက်လုံးတွေထဲ၌ လေးစားမှုတွေ ပိုတိုးလာပြီး ကျေးဇူးတင်မှုတွေ အပြည့်ပင်။

"ဦးလေး, အစောပိုင်းကအတွက် ကျေးဇူးတင်ပါတယ်....."

ဦးလေးကြောင့်သာမဟုတ်လျှင် သူမ ဂျန်ချင်း အပြင်းအထန်စော်ကားတာ ခံရမည်ပဲဖြစ်သည်။

ထို့ပြင် သူမက သူ့ကို အရမ်းဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့ပေမယ့် သူမဒုက္ခရောက်ချိန်၌ သူမအတွက်ရပ်တည်ပေးခဲ့သည်။

ရင်ပြင်မှကိစ္စတွေကိုတွေးပြီး ရှက်သွားခဲ့သည်။

ဂျန်ဖန်း ထိုအရာအားလုံးကို စိတ်ထဲမထားပေ။

သူက ရိုးရိုးသားသားပြောလိုက်သည်။

"လူတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းက အကန့်အသတ်ရှိတယ်...."

"ဆေးပညာ ဒါမှမဟုတ် သိုင်းပညာ တစ်ခုကို အာရုံစိုက်တာက ပိုကောင်းတယ်..."

"နှစ်ခုလုံးလုပ်တာက အကျိုးမရှိဘူး...."

ထိုအရာက ယန်ယုချင်သဘောထားနှင့် တစ်ထပ်တည်းပင်။

လက်ရှိ၌ သူမဆေးပညာက သာမန်ဖြစ်သလို သိုင်းပညာကလည်း ရွယ်တူတွေက ကျော်တက်သွားပြီဖြစ်သည်။

သူမက တစ်ခုမှာမှ မထူးချွန်ပေ။

သို့ပေမယ့် တစ်ခဏရပ်ပြီး မနေနိုင်ပဲ ရေရွတ်လိုက်သည်။

"နင်က အဲ့လိုပြောဖို့ အရည်အချင်းရှိလို့လား...."

ဂျန်ဖန်းကိုယ်တိုင်က သိုင်းပညာနှင့် ဆေးပညာနှစ်ခုလုံးကို မလေ့ကျင့်ဘူးလား....

ထို့ပြင် သူ့ဆေးပညာက အတော်မြင့်ပြီး သူမဆရာရှန်ဂွမ်းရှန်ထက်ပင် သာ၏။

သိုင်းပညာအတွက်တော့....

သူဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာ သူမ သိချင်၏။

အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ကို လှုပ်ရှားမှုအနည်းငယ် ယှဥ်နိုင်တာတောင်ဖြစ်နိုင်၏။

ထိုအချိန်၌ ရင်ပြင်ခါင်းလောင်း ရုတ်တရက် မြည်လာ၏။

ယန်ယုချင်း မျက်နှာ အနည်းငယ်ပြောင်းလဲသွားပြီး စိတ်လှုပ်ရှားလာ၏။

"ငါတို့မြင့်မြတ်ဂိုဏ်း လူရွေးပွဲ စပြီ...."

"သတ်မှတ်ချက်ကို မှီတဲ့လူတွေပဲ သားရဲလှိုင်းခုခံမှုမှာ ပါဝင်နိုင်မှာ...."

တကယ်လား?...

ဂျန်ဖန်း မြင့်မြတ်ဂိုဏ်းတပည့်တွေ၏ခွန်အားကို အမြဲသိချင်နေခဲ့၏။

ဂိုဏ်း ၉ ဂိုဏ်း ထိပ်သီးသုံးဂိုဏ်းထဲက တစ်ခုအနေဖြင့်...

သူတို့၏လက်ရှိတပည့်တွေက အတော်လေး သန်မာသင့်၏။

"လာ, သွားကြည့်ရအောင်...."

သူတို့နှစ်ယောက် ရင်ပြင်ကို ရောက်လာခဲ့၏။

(ဒါက ဂိုဏ်းတစ်ခုလုံးရင်ပြင်ပါ။ အစောပိုင်းက နတ်ဆေးတောင်ထိပ်ရင်ပြင်ပါ။)

တောင်ထိပ်အမျိုးမျိုးမှ တပည့်တွေ တစ်ယောက်ပြီး တစ်ယောက်ရောက်လာကြ၏။

သူတို့ရောက်သည်နှင့် လှလှပပဝတ်ဆင်ထားသည့် အမျိုးသမီတပည့်အနည်းငယ် ချည်းကပ်လာကြ၏။

"ယုချင်, နင် အစောကြီးရောက်နေပါလား..."

ဖျက်လက်တွက်ကြွသည့်အမျိုးသမီးတပည့်တစ်ယောက် ယန်ယုချင်းလက်မောင်းကို ချစ်ခင်စွာတွယ်ဖက်လိုက်၏။

ထို့နောက် သူမ အနီးနားရှိဂျန်ဖန်းကို သတိထားမိလိုက်၏။

ချောမောခန့်ညားသည့်အသွင်အပြင်နှင့် အမျိုးသမီးတစ်ယောက်ထက်တောင်နူးညံ့သည့် အသားအရည်ကိုမြင်ပြီး မနေနိုင်ပဲ စလိုက်သည်။

"ဟေး, ဟေး, ဟေး.... ယုချင်, နင်က ချစ်သူလေးရတာကို ငါတို့တောင် မပြောဘူးနော်..."

ယန်ယုချင် ကြောက်လန့်စွာ ထခုန်လိုက်၏။

သူမ အလျှင်အမြန်ပဲ ဆူပူလိုက်၏။

"အဓိပ္ပာယ်မရှိတာတွေမပြောနဲ့။ ဒါက ငါ့ဦးလေး၊ နာမည်ကဂျန်ဖန်းတဲ့...."

ဦးလေး?...

ဂျန်ဖန်း?...

အမျိုးသမီးတပည့် ရုတ်တရက် နားလည်သွား၏။

"အို, ဒီတော့ သူက နင့်ဦးလေးဆိုတဲ့ တစ်ယောက်ပေါ့...."

"ယုချင်, နင်ပြောတော့ သူ့ကို သင်ခန်းစာကောင်းကောင်းပေးပြီး ပြန်သွားအောင်လုပ်မယ်ဆို...."

အခြားအမျိုးသမီးတပည့်တစ်ယောက်လည်း ပဟေဠိဖြစ်နေခဲသည်။

"ဟုတ်တယ်, နင်ပြောတော့ အဲ့လိုဦးလေးတစ်ယောက်ရှိတာ ရှက်တယ်ဆို..."

"အခု ဘာလို့ သူနဲ့ အတူတူရှိနေတာလဲ...."

All Chapters