လမ်းညွှန်မှု
Vol. 15 Ch. 216
ယန်ယုချင် နေရာတင်ပဲ သေချင်စိတ်ပေါက်သွား၏။
တစ်ချိန်က သူမ မသိနားမလည်ပြီး ပြောခဲ့သည့် စကားတွေကို ဂျန်ဖန်းသိသွားပြီပင်။
ကျင်းတူးပြီးသာ မြေကြီးထဲဝင်သွားချင်တော့၏။
သူမမျက်နှာ နီရဲနေပြီး ဂျန်ဖန်းမျက်လုံးတွေကို မကြည့်ရဲပေ။
ရင်ဘတ်ထဲခေါင်းမြုပ်ထားပြီး ရှက်ရွံ့စွာဖြင့် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
"ဦးလေ, သူတို့ရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေကို နားမထောင်ပါနဲ့..."
"ငါ အဲ့လို မပြောခဲ့ဘူး...."
သူမသူငယ်ချင်းနှစ်ယောက် မျက်မှောင်ကြုတ်သွား၏။
"ယုချင်, နင်ပြောခဲ့... အွမ်း...အွမ်း...."
ယန်ယုချင် အလျှင်အမြန်ပဲ သူတို့ပါးစပ်တွေကို ပိတ်လိုက်ပြီး ခြိမ်းခြောက်လိုက်၏။
"ဆက်ပြောနေရင်, ငါတို့အတူတူသေကြမယ်...."
သူငယ်ချင်းနှစ်ယောက် တိတ်ဆိတ်သွားပြီး မျက်နှာမှာ စိတ်ရှုပ်ထွေးမှုတွေ အပြည့်ပင်။
ယန်ယုချင်း ဘာဖြစ်နေသနည်း?...
ဤဂျန်ဖန်း သူမကို တစ်ခုခုလုပ်ခဲ့၍ ကြောက်နေသည်လား?....
ဖျက်လတ်တက်ကြွသည့်မိန်းကလေး ယန်ယုချင်လက်ကို လွတ်ပေးလိုက်ပြီး စိန်ခေါ်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဟေး, နင်က ငါတို့နဲ့ ရွယ်တူလောက်ပဲ။ ဘယ်လိုလုပ်ပြီး ယန်ယုချင်ဦးလေး ဖြစ်လာတာလဲ...."
"ဒါအမှန်ပဲ...."
အခြားမိန်းခလေးလဲ ယန်ယုချင်အတွက် မခံမရပ်နိုင်ဖြစ်သွား၏။
"ငါတို့လက်ခံနိုင်အောင် နင်ကိုယ့်နင် သက်သေပြသင့်တယ်...."
ဂျန်ဖန်း ရယ်ချင်သွား၏။
မင်းတို့လက်မခံနိုင်တော့ကော ဘာလုပ်နိုင်မှာလဲ....
သူမတို့ မကောင်းသည့်ရည်ရွယ်ချက်မရှိပဲ ယန်ယုချင်အတွက်ပြောပေးနေတာမြင်သည့်အခါ....
ဂျန်ဖန်း မျက်ခုံးပင့်ပြီး ပြောလိုက်သည်။
"နင့်တို့ လက်ခံအောင် ငါဘယ်လို လုပ်ပေးရမှာလဲ...."
ဒါက....
မိန်းကလေးနှစ်ယောက် တရားမှုအတွက်ရပ်တည်ချင်ရုံပင်။
ဂျန်ဖန်းကိုစမ်းသပ်ရတော့မည်ဆိုတော့ သူမတို့က တကယ်ပဲ ထိုအရာကို တွေမထားခဲ့ပေ။
ရုတ်တရက်, ဖျတ်လက်သည့်မိန်းကလေးက စင်မြင့်ကို ညွှန်ပြလိုက်သည်။
"ပြီးကျရင် နင်အဲ့ကိုသွားပြီး ငါတို့မြင့်မြတ်ဂိုဏ်းရဲ့ ပါရမီရှင်တပည့်တွေနဲ့ ယှဥ်ပြိုင်ရမယ်...."
"နင် လုပ်ဆောင်မှုကောင်းရင်, ငါတို့ နင့်ကို ယုချင်ဦးလေးလို့ အသိအမှတ်ပြုမယ်...."
အို?...
ဂျန်ဖန်း မျက်ခုံးပင့်လိုက်၏။
"အခြားဂိုဏ်းကတပည့်တစ်ယောက်အနေနဲ့ ငါလည်း မင်းတို့ဂိုဏ်းတပည့်ပြိုင်ပွဲမှာ ဝင်ပြိုင်လို့ရတာလား...."
ယန်ယုချင် သူမသူငယ်ချင်းနှစ်ယောက်ကြောင့် ရူးချင်သလိုဖြစ်သွား၏။
သူမက အလျှင်အမြန်ပဲ ပြောလိုက်သည်။
"ဦးလေး, ဒီကောင်မနှစ်ယောက်ရဲ့ အဓိပ္ပာမရှိတဲ့စကားတွေကို နားထောင်မနေနဲ့..."
"သူတို့က မိတ်ဖြစ်ဆွေဖြစ် ယှဥ်ပြိုင်မှုအကြောင်းကို ပြောနေတာ...."
"နှစ်စဥ်, ငါတို့မြင့်မြတ်ဂိုဏ်း တပည့်ယှဥ်ပြိုင်မှုရောက်တိုင်း တခြားဂိုဏ်းကတပည့်တွေ ကြည့်ရှုဖို့ ရောက်လာကြတယ်..."
"ဒါကြောင့် ယှဥ်ပြိုင်မှုပြီးတဲ့နောက်မှာ အထူးမိတ်ဖြစ်ဆွေဖြစ်ပြိုင်ပွဲကို စီစဥ်လိုက်တာ...."
"အပြင်ဂိုဏ်းက တပည့်တွေက ဂိုဏ်းတပည့်တစ်ယောက်ကို စိန်ခေါ်နိုင်တယ်..."
"မဟုတ်ရင် ဂိုဏ်းတပည့်တစ်ယောက်က အပြင်ဂိုဏ်တပည့်တစ်ယောက် လမ်းညွှန်ပေးဖို့ ဖိတ်ခေါ်နိုင်တယ်....."
ဂျန်ဖန်း နားလည်သွား၏။
မြင့်မြတ်ဂိုဏ်းက ထိပ်သီးဂိုဏ်း ၃ ဂိုဏ်းထဲမှ တစ်ခုဖြစ်၏။
တပည့်တွေ၏ခွန်အားကိုလည်း အခြားဂိုဏ်းတွေက စောင့်ကြည့်နေကြ၏။ ထို့ကြောင့် တပည့်ပြိုင်ပွဲအတွင်း အခြားဂိုဏ်းကလူတွေ အမြဲလိုလို ကြည့်ရူဖို့ရောက်လာကြတာပဲဖြစ်သည်။
သူတို့တပည့်တွေ၏စွမ်းရည်ကို ပြသဖို့ပင်။
မြင့်မြတ်ဂိုဏ်းက သဘောထားကြီးစွာ မိတ်ဖြစ်ဆွေဖြစ်ပြိုင်ပွဲကို ကျင်းပပေးပြီး သူတို့တပည့်တွေ၏စွမ်းအားကို အလည်လာသူတွေကို ပြသပေးခဲ့၏။
တစ်ခုသိထားရမှာက မြင့်မြတ်ဂိုဏ်းက သူတို့တပည့်တွေ၏ခွန်အားကို အလွန်ယုံကြည်မှုရှိတာပဲဖြစ်သည်။
ဂျန်ဖန်းပြုံးလိုက်သည်။
"ပြိုင်ဖို့မလိုပါဘူး။ ဒါ ဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်...."
"ကြည့်နေတာက လုံလောက်ပါပြီ..."
မြင့်မြတ်ဂိုဏ်း၏ပြိုင်ပွဲက သူတို့တပည့်တွေ၏ခွန်အားပြဖို့ ရည်ရွယ်ထားတာဖြစ်သည်။
သူတို့တပည့်တွေနိုင်လျှင် အဆင်ပြေ၏။
ရှုံးသွားလျှင်တော့ ထိုအရာက မြင့်မြတ်ဂိုဏ်းကို အတော်လေးအရှက်ရသွားစေမှာဖြစ်သည်။
"အာ..."
မိန်းကလေးနှစ်ယောက် တစ်ပြိုင်နက်တည်း မျက်လုံးလှန်ကြည့်လိုက်၏။
ဂျန်ဖန်း ယုံကြည်မှုမရှိပြီး စင်ပေါ်မသွားရဲဘူးဟု တွေးလိုက်ကြ၏။
ယန်ယုချင် သူမတို့နှစ်ယောက်ကို လည်ပင်းညစ်ချင်သွားပြီး မချိပြုံးပြုံးလိုက်သည်။
"ဦးလေး, ဒီနှစ်ယောက်က ကျွန်မသူငယ်ချင်းတွေပါ...."
"တစ်ယောက်က ပုန်ကွယ်ခြင်းဓားတောင်ထိပ်က ဓားတာအိုပါရမီရှင် ချန်ရှောင်လန်ပါ..."
"တစ်ယောက်ကတော့ ဝါးစိမ်းတောင်ထိပ်က လက်ဝါးနည်းစနစ် ကျွမ်းကျင်သူ ချိုင်ယင်ရုံပါ...."
"သူမတို့က သူတို့ရဲ့ဆရာနဲ့ စီနီယာအကိုတွေအလိုလိုက်ထားတာကြောင့် ပျက်စီးနေကြတာ။ ဒါကြောင့် မတွေးတောပဲ ပြောလိုက်မိတာပါ။ ကျေးဇူးပြုပြီး ဦးလေးစိတ်ထဲမထားပါနဲ့...."
ဖျတ်လက်သည့်တစ်ယောက်ဖြစ်သည့် ချန်းရှောင်လန် နှုတ်ခမ်းစူလိုက်၏။
"နင် ဘယ်သူ့ကို ပြောနေတာလဲ...."
"နင့်မှာသတ္တိရှိရင် ငါတို့နဲ့ စင်ပေါ်မှာ တိုက်ခိုက်မယ်...."
ဂျန်ဖန်း တစ်ခွန်းမှမပြောပဲ ပြုံးရုံသာပြုံးလိုက်၏။
သူက ကြည့်ရှူသူထိုင်ခုံတွေဆီလျှောက်သွားပြီး ပုံမှန်ပဲ ထိုင်ချကာ ပြိုင်ပွဲစတင်ဖို့ကို စောင့်နေခဲ့သည်။
ထိုအခိုက်အတန့်၌...
တပည့်တွေ ဆူညံပွက်လောရိုက်နေခဲ့သည်။
"ဂိုဏ်းသခင်တောင်ထိပ် စီနီယာအကိုကြီး ဟွာရှန်ချန်ရောက်ပြီပဲ..."
"ပြီးတော့ ဓားတောင်ထိပ်ရဲ့ စီနီယာအမ လီရှီချန်းကောပဲ..."
"ဝါးစိမ်းတောင်ထိပ်ရဲ့ စီနီယာအကို ဝမ်ယွင်ကောလည်း ရောက်ပြီဟ..."
"သူတို့အားလုံးက ဂိုဏ်းရဲ့ပါရမီရှင်တွေလေ။ လူရွေးပွဲက ကင်းလွတ်ခွင့်ရပြီး သားရဲလှိုင်းရှေ့တန်းသွားဖို့ အရည်အချင်းမှီကြတယ်မလား။ ဘာလို့လာကြတာလဲမသိဘူး...."
"သဘာဝအတိုင်း ငါတို့မြင့်မြတ်ဂိုဏ်းကို ထောက်ပံ့ပေးဖို့ပဲပေါ့..."
"ဒီတစ်ချိန် အခြားဂိုဏ်းများစွာလာကြည့်ကြတာ သတိမထားမိဘူးလား...."
"သူတို့ထဲက အချို့က အရမ်းသန်မာတယ်။ ငါတို့သာမန်တပည့်တွေ မကိုင်တွယ်နိုင်ဘူး။ အဲ့ခါကြရင် သူတို့က ဂိုဏ်းဂုဏ်သိက္ခာအတွက် ဝင်ပါကြလိမ့်မယ်...."
တပည့်သစ်တွေ သဘောပေါက်သွားကြ၏။
မြင့်မြတ်ဂိုဏ်းက အရှက်မကွဲပဲ ပြိုင်ပွဲကျင်းပဖို့သူတို့ခွန်အားကို ယုံကြည်၏။
ဟွာရှန်းချန်နှင် အခြားပါရမီရှင်တပည့်တွေ၌ သူတို့ကိုယ်ပိုင်ဝှက်ဖဲတွေရှိကြ၏။
ဟွာရှန်းချန် လူအုပ်ကြားမှ ကြယ်တစ်ပွင့်ကဲ့သို့ လျှောက်လာခဲ့သည်။
အဝေးမှ တပည့်တွေကြားမတ်တပ်ရပ်နေသည့် ယန်ယုချင်ကို သတိထားမိလိုက်သည်။
သူမက တောက်ပသည့်အဝါရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ပါပြင်လေးက ဖြူဖွေးနူးညံ့လှကာ တောက်ပသည့်မျက်လုံးတွေနှင့် ပုလဲလိုသွားလေးတွေရှိ၏။
တပည့်တွေကြားမတ်တပ်ရပ်နေခြင်းဖြင့် သူမက အကြည့်တွေကိုဆွဲဆောင်နေခဲ့သည်။
ရှချောင်ကောလောက် မလှသော်လည်း သူမက ထူးထူးခြားခြားဆွဲဆောင်မှုရှိနေတုန်းပင်။
သူက အဝေးရှိ ယန်ယုချင်းကို လက်ဝှေ့ယမ်းပြလိုက်သည်။
"ဂျူနီယာညီမယုချင်, ဒီကိုလာခဲ့။ ငါတို့နဲ့အတူတူ ပြိုင်ပွဲကြည့်ရအောင်..."
"ငါ မင်းကို ဂျူနီယာညီမလီနဲ့ ဂျူနီယာညီဝမ်တို့နဲ့ မိတ်ဆက်ပေးမယ်..."
ယန်ယုချင် ပါရမီရှင်တပည့်တွေနှင့် အမြဲရောရောနှောနှောနေလေ့ရှိပြီး တောင်ထိပ်အသီးသီးမှ ပါရမီရှင်တွေနှင့် မိတ်ဆွေဖွဲ့တတ်၏။
သို့ပေမယ့် မျိုးတူချင်းပဲ နေတတ်ကြသည်ဟူသောစကားအတိုင်းပင်...
ပါရမီရှင်တွေကြား၌ ရှချောင်ကောနှင့်နီးကပ်ချင်သည့် ဟွာရှန်ချန်မှလွဲပြီး....
လီရှိချန်နှင့် ဝမ်ယွင်ကော တို့က များသောအားဖြင့် သူမအတွက် စိတ်အနှောက်အယှက်မခံကြပေ။
ယခု သူမိတ်ဆက်ပေးခြင်းဖြင့် ယန်ယုချင်း သူတို့နှင့် မကြာခင် မိတ်ဆွေဖြစ်မယ်ဟု ယုံကြည်၏။
ထို့ပြင် ယန်ယုချင်လည်း ပျော်သွားမည်ပင်။
ချန်းရှောင်လန်နှင့် ချိုင်ယင်ရုံတို့လည်း ပြုံးပြီး တိုက်တွန်းလိုက်၏။
"လာ, ယုချင် သွားကြစို့...."
"နင်အမြဲတမ်း စီနီယာအမလီနဲ့ စီနီယာကိုဝမ်တို့နဲ တွေ့ချင်နေတာမလား...."
သို့ပေမယ့်....
လူတိုင်းကို အံ့အားသင့်စွာပဲ....
ယန်ယုချင်း အဝေးကနေပဲ လုရှီချန်နှင့် ဝမ်ယွင်ကောတို့ကို အရိုအသေပေးလိုက်သည်။
"စီနီယာအမလီနဲ့ စီနီယာအကိုဝမ်ကို နှုတ်ဆက်ပါတယ်...."
"ကျွန်မ ကျွန်မဦးလေးကို အဖော်ပြုပေးရအုန်းမှာမို့ နားလည်ပေးဖို့မျှော်လင့်ပါတယ်...."
သူမက ဂျန်ဖန်းကို သူမဦးလေးအဖြစ် နှလုံးသားထဲမှာ လက်ခံထားပြီးပြီဖြစ်သည်။
သူရှိနေ၍ သဘာဝအတိုင်း တစ်ယောက်တည်းမထားခဲ့နိုင်ပေ။
သူမတုံ့ပြန်ချက်က မမျှော်ထားတာပင်။
ထိုအရာကြောင့် ဟွာရှန်ချန်မျက်နှာ အနည်းငယ်တောင့်တင်းသွား၏။
သူတွေးထားသည့် ယန်ယုချင်းပျော်ရွင်စွာပြေးလာသည့်မြင်ကွင်းက ဖြစ်မလာခဲ့ပေ။
ထိုအစား, ယဥ်ယဥ်ကျေးကျေးသာ ငြင်းဆိုခဲ့၏။
လီရှီချန်း အနည်းငယ်စော်ကားသလိုခံစားလိုက်ရ၏။ သူမက အမြဲယန်ယုချင်ကို အမြဲတမ်းလျစ်လျူရှုထားခဲ့သည်။
ယနေ့ သူမကို မျက်နှာသာပေးဖို့ အခွင့်အရေးပေးပေမယ့် လက်မခံခဲ့ပေ။
"ဟ...ဟ... ဒီဂျူနီယာညီမယန်က အတော်လေး သဘောထားပြည့်ဝတာပဲ..."
ဝမ်ယွင်ကောလည်း မကျေမနပ်ဖြစ်သွား၏။
"ကြည့်ရတာ ဂျူနီယာညီမယန် ငါတို့ကို အထင်သေးနေတယ်နဲ့တူတယ်...."
ဟွာရှန်ချန် အလျှင်အမြန်ပဲ ယန်ယုချင်အတွက် ပြောပေးလိုက်သည်။
"ဒါက လုံဝ ဂျူနီယာညီမယန်အမှား မဟုတ်ပါဘူး..."
"တကယ်တော့ သူမက ဂျူနီယာညီမလီနဲ့ ဂျူနီယာညီလေးဝမ်တို့နဲ့ မိတ်ဆွေဖွဲ့ချင်နေခဲ့တာပါ...."
"ဒါပေမယ့် နတ်ဆေးဆရာရှန်ဂွမ်းက သူမဦးလေးကို အဖော်ပြုပေးဖို့ အမိန့်ပေးထားလို့ ရွေးချယ်စရာမရှိပဲ လိုက်နာရတာပါ..."
ထိုအရာကိုကြားသည့်အခါ....
လီရှီချန်းနှင့် ဝမ်ယွင်ကောတို့နှစ်ယောက် ယန်ယုချင်ဘေးရှိ ဂျန်ဖန်းကို ကြည့်လိုက်ကြသည်။
နှစ်ယောက်သာ မျက်မှောင်ကြုတ်သွား၏။
"သူက တိမ်စိမ်းဂိုဏ်းက စိတ်ဝိညာဥ်အမြစ်မရှိတဲ့ တပည့်မလား...."
"ဒီလိုလူမျိုးကို ဦးလေးလို့ အသိအမှတ်ပြုတာ ယန်ယုချန်း မရှက်ဘူးလား..."
ဟွာရှန်ချန် ခါးသီးစွာပြုံးလိုက်သည်။
"ဂျူနီယာညီမယုချင်မှာ ရွေးချယ်စရာမရှိလို့ပါ...."
"ကောင်းပြီး, ထိုင်ကြတာပေါ့...."
"သူမပြိုင်ပွဲပြီးရင် ဂျူနီယာညီမလီနဲ့ ဂျူနီယာညီလေးဝမ်တို့ကို တောင်းပန်တဲ့အနေနဲ့ စိတ်ဝိညာဥ်ဝိုင်အချို့ ဧည့်ခံခိုင်းလိုက်ပါ့မယ်...."
တပည့်တွေ သူတို့ထိုင်ခုံတွေမှာထိုင်လိုက်ကြပြီး မြင့်မြတ်ဂိုဏ်းတပည့်ယှဥ်ပြိုင်ပွဲ စတင်ပြီပင်။
ထိုအရာက တိမ်စိမ်းဂိုဏ်းနှင့် တစိတ်တပိုင်း ဆင်တူ၏။
ပါရမီရှင်တပည့်တွေ ပြိုင်ပွဲမှ ကင်းလွတ်ခွင့်ရ၏။
ထို့ကြောင့် ပြိုင်ပွဲဝင်တပည့်တွေက အခြေခံတည်ဆောက်ခြင်းအဆင့် ၈ အောက်တွေသာ ဖြစ်ကြ၏။
"နောက်တစ်ပွဲ, နတ်ဆေးဆရာတောင်ထိပ် ယန်ယုချင်၊ ပါးကွတောင်ထိပ် ဖုန်းဟောက်ယွမ််...."
ချန်းရှောင်လင်နှင့် ချိုင်ယင်ရုံတို့နှစ်ယောက် မျက်နှာတွေ ပြောင်းလဲသွားကြ၏။
"ယုချင်, နင်တကယ်ကံမကောင်းပါ့လား, အဲ့ဒီကောင်နဲ့မှ တွေ့ရတယ်လို့...."
ချန်းရှောင်လန် ယန်ယုချင်းကို စာနာသည့်မျက်လုံးတွေဖြင့် ကြည့်လိုက်၏။
ချိုင်ယင်ရုံအမူအရာလည်းပြောင်းသွား၏။
"ဒါကြီးက မမျှတလွန်းဘူး..."
"ဖုန်းဟောက်ယွမ်က ပါကွတောင်ထိပ်ရဲ့ ပါရမီအရှိဆုံးတပည့်ပဲ။ သူက အခြေခံတည်ဆောက်ခြင်းအဆင့် ၇ ဖြစ်ပြီး စွမ်းအားကြီးခြေထောက်နည်းစနစ်ကိုလည်း လေ့ကျင့်ထားတယ်...."
"အစောတုန်းက အဆင့်တူတပည့်တွေကို ကန်ချက်သုံးချက်နဲ့ အနိုင်ယူခဲ့တာ..."
ချန်းရှောင်လန် ပြောလိုက်သည်။
"ဟုတ်တယ်, ငါတို့ယုချင်က အခြေခံတည်ဆောက်ခြင်းအဆင့် ၆ ပဲရှိတာ၊ ဘယ်လိုလုပ် သူ့ပြိုင်ဘက်ဖြစ်မှာလဲ...."
ယန်ယုချင်မျက်နှာ ဖြူဖြော့သွား၏။
သူမအတော်လေး ကံမကောင်းပေ။
အသန်မာဆုံးပြိုင်ဘက်နှင့် ရင်ဆိုင်နေရ၏။
သူမက အသက်ပြင်းပြင်ရှူပြီး မတ်တပ်ထရပ်လိုက်သည်။
"ဦးလေး, ကျွန်မ အခု သွားတော့မယ်...."
သို့ပေမယ့် ဂျန်ဖန်း ဖုန်းဟောက်ယွမ်ကို အဓိပ္ပာယ်ပါပါကြည့်ပြီး ပြောလိုက်သည်။
"မင်း သူ့ကို နိုင်ချင်လား...."