မတူညီသည့်ဆက်ဆံမှု
Vol. 15 Ch. 217
ချန်းရှောင်လန် မျက်လုံးလှန်လိုက်၏။
"ဒါမသိသာဘူးလား..."
"ဂိုဏ်းပြိုင်ပွဲမှာ ဘယ်သူက ရှုံးချင်မှာလဲ...."
ယန်ယုချင်လည်း မနေနိုင်ပဲ ရယ်လိုက်၏။
"ဦးလေး, ဘယ်လိုကြီးမေးလိုက်တာလဲ...."
"မနိုင်ချင်တဲ့တပည့်ရယ်လို့ ဘယ်လိုလုပ် ရှိမှာလဲ...."
"အခုက ခွန်အားကွာခြားမှု သိသာလွန်းတယ်။ ဒါကြောင့် နိုင်ဖို့ခက်တယ်...."
ဂျန်ဖန်း ဆက်မေးလိုက်သည်။
"မင်း ဂုဏ်သိက္ခာမရှိတဲ့နည်းနဲ့နိုင်တာကို လက်ခံနိုင်လား..."
ယန်ယုချင်မျက်လုံးထဲမှာ စိတ်ရှုပ်မှုတွေ ပြသလာ၏။
ဂျန်ဖန်း ဖုန်းဟောက်ယွမ်ကိုစိုက်ကြည့်ပြီး သူ့မျက်လုံးတွေက ထွင်းဖောက်မြင်နိုင်စွမ်းအပြည့်ပင်။
"မင်း ခွန်အားကိုပဲမှီခိုပြီး မျှမျှတတနိုင်ချင်ရင်တော့ အတော်ခက်တယ်...."
"ဒါပေမယ့် လှည့်ကွက်အချို့သုံးရတာကို စိတ်မရှိရင် ငါမင်းကို နည်းလမ်းအချို့ပြောပြပေးနိုင်တယ်...."
လှည့်ကွက်?...
ချန်းရှောင်လန်နှင့် ချိုင်ယင်ရုံတို့ မယုံသည့်အမူအရာတွေ ပြသလာ၏။
လူတိုင်း ဖုန်ယောက်ယွမ်၏ခွန်အားကိုမြင်ဖူး၏။ ဘယ်လိုလှည့်ကွက်မျိုးက သူ့ကို အနိုင်ယူနိုင်မည်နည်း။
ယန်ယုချင်လည်း အတော်လေးမယုံပြီး ပြောလိုက်သည်။
"ဦးလေး, ဆက်ပြောပါ..."
"ဂိုဏ်းစည်းမျဥ်းကို မချိုးဖောက်သရွေ့ အဆင်ပြေပါတယ်..."
ဂျန်ဖန်း ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်၏။
"ငါခုလေးတင်မြင်ခဲ့တယ်။ ဖုန်းဟောက်ယွမ်တိုက်ခိုက်တဲ့အချိန်မှာ သူ့ညာခြေထောက်က ဘယ်ခြေထောက်ထက် လှုပ်ရှားမှု နည်းနည်းနှေးနေတယ်..."
"ဒါက သူ့ညာခြေထောက် ဒဏ်ရာရထားတာကိုပြနေတာပဲ...."
"မင်း သူ့ညာခြေထောက်ကို တိုက်ခိုက်ရင် မမျှော်လင့်ထားတဲ့ရလဒ်ကို ရလိမ့်မယ်..."
ချန်းရှောင်လန် ထိတ်လန့်သွားပြီး ပြောလိုက်သည်။
"ငါ ဘယ်လိုလုပ် သတိမထားမိတာလဲ..."
ချိုင်ယင်ရုံလည်း ဗလာကျင်းနေပြီး ခေါင်းခါယမ်းလိုက်သည်။
"ငါလည်း စောနက ဖုန်းဟောက်ယွမ်ကို ဂရုတစိုက်ကြည့်နေတာပါ။ သူ့ခြေထောက်တွေမှာ သိသာတဲ့ခြားနားမှုမရှိပါဘူး..."
ယန်ယုချင်တောင် မယုံပေ။
သို့ပေမယ့် စမ်းကြည့်မယ်ဆိုသည့်စိတ်ဖြင့် လက်ချင်းယှက်ပြီး ကျေးဇူးတင်လိုက်သည်။
"လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်, ဦးလေး...."
ထို့နောက် စင်မြင့်ပေါ်ခုန်တက်လိုက်ပြီး ဖုန်ဟောက်ယွမ်နှင့် မျက်နှာချင်းဆိုင်လိုက်၏။
ဟွာရှန်ချန်း စိတ်ဝင်တစားကြည့်နေပြီး ပြောလိုက်သည်။
"ဂျူနီယာညီမလီ, ဂျူနီယာညီလေးဝမ်, ဒီပွဲမှာ မင်းတို့ ဂျူနီယာညီမယုချင်ကို ဘယ်လိုထင်လဲ...."
လီရှီချန်း ထူးမခြားနားစွာပြောလိုက်သည်။
"ငါတို့အခြား ဘာထင်နိုင်မှာလဲ..."
"သူမက အခြေခံတည်ဆောက်ခြင်းအဆင့် ၆ လေ။ ဘယ်လိုလုပ်ပြီး ခြေထောက်နည်းစနစ်မှာကျွမ်းကျင်တဲ့ ဖုန်းဟောက်ယွမ်ကို နိုင်မှာလဲ..."
ဝမ်ယွမ်ကော ဝိုင်ခွက်ကိုင်ထားပြီး ဖြည်းဖြည်းချင်း စုပ်သောက်လိုက်၏။ သူက ထူးမခြားနားစွာပြောလိုက်သည်။
"ရှုံးမှာက ရှောင်လွဲလို့မရဘူး..."
"နောက်ပိုင်းသူမတောင်းပန်လို့ ငါစိတ်ကောင်းဝင်ရင် အကြံဉာဏ်အချို့ပေးကောင်းပေးနိုင်ပါတယ်...."
ဟွာရှန်ချန် ရယ်လိုက်၏။
"ဒါဆိုလည်း ဂျူနီယာညီမ ယုချင်ကိုယ်စား ငါကပဲ ဂျူနီယာညီလေးဝမ်ကို ကျေးဇူးတင်ပါတယ်...."
သို့ပေမယ့်....
စင်မြင်ပေါ်၌ အချိန်အတော်ကြာ ဖလှယ်ပြီးနောက်...
ဟွာရှန်းချန် အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။
ဝမ်ယွင်ကောလည်း သူ့ဝိုင်ခွက်ကို ချလိုက်သည်။
"လှုပ်ရှားမှု ၂၀ လောက်ရှိနေပြီကို တိုက်နေတုန်းပဲလား...."
"ယန်ယုချင်ခွန်အားက ငါထင်ထားတာထက် အနည်းငယ်သန်မာတာပဲ..."
လီရှီချန်း မျက်လုံးတွေ ထက်ရှနေပြီး အဓိကအချက်ကို သတိထားမိလိုက်သည်။
"နင်တို့တွေသတိမထားမိဘူးလား။ သူမက ဖုန်းဟောက်ယွမ် ညာခြေထောက်ကိုပဲ တိုက်ခိုက်နေတာ...."
သူမသတိပေးမှုနှင့် နှစ်ယောက်သား ဂရုတစိုက်ကြည့်လိုက်သည့်အခါ ရှာတွေ့သွားကြ၏။
လီရှီချန်း ပြောသည့်အတိုင်းပင်။
ယန်ယုချင်း ညာခြေထောက်ကိုသာတိုက်ခိုက်နေတာကြောင့် ဖုန်းဟောက်ယွမ် စွမ်းအားကြီးတိုက်ခိုက်မှုများစွာကို ပြန်ထိန်းထားနေရသည်။
သူတို့က နောက်ဆုံးမှာ သဲလွန်စကို မြင်လိုက်ကြ၏။
လီရှီချန်း အနည်းငယ် အံ့အားသင့်သည့်အမူအရာ ပြသလာ၏။
"ဖုန်းဟောက်ယွမ်ညာခြေထောက်က အနည်းငယ်တောင့်နေတယ်။ ဒဏ်ရာရထားတယ်နဲ့တူတယ်...."
ဝမ်ယွင်ကောမျက်လုံးတွေလည်း အံ့အားသင့်သည့်အလင်းတစ်ချက် ဖြတ်ပြေးသွား၏။
"စီနီယာအကိုဟွာ, ဒီဂျူနီယာညီမယန်က မင်းပြောသလို သိုင်းပညာပါရမီ ညံ့ပုံမပေါ်ဘူးနော်...."
"အနည်းဆုံး, ငါတို့ ဖုန်းဟောက်ယွမ်ညာခြေထောက် ပြဿနာရှိနေတာ သတိမထားမိဘူး..."
"ဒါပေမယ့် ဒီဂျူနီယာညီမယန်က အမြင်စူးရှပြီး ဒါကို ရှာတွေ့ခဲ့တယ်...."
သူတို့တင် အံ့အားသင့်နေတာမဟုတ်ပေ။
ပြိုင်ပွဲကြည့်နေသည့် တပည့်တွေနှင့် အကြီးအကဲတွေလည်း အံ့သြသည့်အမူအရာတွေ ပြသလာ၏။
ယန်ယုချင်မှလွဲပြီး ဖုန်ဟောက်ယွမ်ညာခြေထောက် ဒဏ်ရာရနေတာကို ဘယ်သူမှ သတိမထားမိပေ။
ဖုန်းဟောက်ယွမ် ယန်ယုချင်ကို အပြတ်အသတ်အနိုင်ယူနိုင်မည်ဟု ထင်ခဲ့ကြ၏။
သို့ပေမယ့် ယန်ယုချင်း၏ ညာခြေထောက်ကို အာရုံစိုက်ထားသည့်နည်းဗျူဟာကြောင့် အပြင်းအထန်ပြိုင်ဆိုင်မှုကို ပြောင်းလဲသွားခဲ့သည်။
နောက်ဆုံးမှာတော့ လှုပ်ရှားမှုတိုင်းနှင့်အတူ ဖုန်းဟောက်ယွင်ဒဏ်ရာ အခြေအနေပိုဆိုးလာခဲ့သည်။
ယန်ယုချင်းကို အခွင့်အရေးပေးမိပြီး လက်ဝါးချက်မိကာ စင်အောက်သို့လွင့်ထွက်သွားခဲ့သည်။
ဖုန်းဟောက်ယွမ်မျက်လုံးတွေ ဆန္ဒမရှိမှုတွေနှင့်ပြည့်နှက်နေ၏။ သို့ပေမယ့် အဆုံးမှာတော့ သဘောကျသည့်အမူအရာအဖြစ်ပြောင်းသွားပြီး လက်ချင်းယှက်ကာပြောလိုက်သည်။
"ဂျူနီယာညီမယန်, မင်းမှာ စူးရှတဲ့အမြင်အာရုံရှိသားပဲ...."
"ငါ့ခြေထောက်ဒဏ်ရာက ပျောက်ကင်းလုနီးပါးပဲ။ ဒါကြောင့် တစ်ခုခုမှားနေတာ မြင်ရဖို့ ခက်တယ်...."
"ဂျူနီယာညီမယန်မြင်သွားမယ်လို့ ထင်မထားဘူး....."
ယန်ယုချင် အပြစ်ရှိစိတ်အချို့ဖြင့် အမောတကောပြောလိုက်သည်။
"အနိုင်ရတာ ဘာမှ ဂုဏ်ယူစရာမရှိပါဘူး...."
ဖုန်းဟောက်ယွမ် လက်ဝှေ့ယမ်းလိုက်၏။
"အမြင်အာရုံကလည်း သိုင်းပညာရဲ့ ခွန်အားတစ်စိတ်တစ်ပိုင်းပါပဲ...."
"စီနီယာအကို အရှုံးကို ရင်ထဲကနေ လက်ခံပါတယ်...."
လူတိုင်း၏အံ့အားသင့်နေသည့်အကြည့်အောက်မှာပဲ ဒိုင်လူကြီးက ယန်ယုချင် အနိုင်ရမှုကို ကြေညာလိုက်၏။
ယန်ယုချင် ပေါ့ပေါ့ပါးပါးပဲ နေရာသို့ပြန်လာခဲ့လိုက်သည်။
ခြေလှမ်းတိုင်းက ပိုချည်ပေါ်မှာလျှောက်လှမ်းနေသလိုဖြစ်နေပြီး အစစ်အမှန်မဟုတ်သလိုပင်။
သူမ တကယ်ပဲ ဖုန်းဟောက်ယွမ်ကို အဆင့်ကျော်ပြီး အနိုင်ယူခဲ့၏။
မရေမတွက်နိုင်သည့်အကြည့်တွေအောက်၌ သူမက ပျော်ရွင်မှုကို ခက်ခက်ခဲခဲထိန်းထားရသည်။
ထိုင်ခုံတွေထဲ၌ ဂျန်ဖန်ကိုမြင်သည့်အခါ...
မျက်လုံးတွေထဲ၌ လေးစားမှုတွေ ပြည့်နှက်လာ၏။
ဦးလေး၏လမ်းညွှန်မှုကြောင့်မဟုတ်လျှင် သူမ အနိုင်ရဖို့ အခွင့်အရေးအနည်းငယ်တောင်မရှိပေ။
ထို့ကြောင့် သူမ၏ အဝါရောင်ဝတ်ရုံရှည်ကိုမပြီး အပြုံးတစ်ခုနှင့်ပြေးလာခဲ့သည်။
ဟွာရှင်းချန်နှင့် အခြားထိုင်ခုံတွေကို ဖြတ်သွားချိန်၌...
ဟွာရှန်ချန် ပြုံးလိုက်သည်။
"ဂျူနီယာညီမယုချန်, ဂုဏ်ယူပါတယ်..."
"အခုလေးတင် မင်းရဲလုပ်ဆောင်မှုကို ဂျူနီယာညီမလီနဲ့ ဂျူနီယာညီလေးဝမ်တို့က အတော်လေး သဘောကျနေကြတယ်..."
"စိတ်ဝိညာဥ်ဝိုင်ပြင်ဆင်ပြီး ဧည့်ခံလိုက်အုန်း..."
"သူတို့သာစိတ်ကောင်းဝင်ရင် လမ်းညွှန်းမှုအချို့ ပေးကောင်းပေးနိုင်တယ်။ ဒါက လပေါင်းများစွာ ဒါမှမဟုတ် တစ်နှစ်လောက် ခက်ခက်ခဲခဲ ကျင့်ကြံတာလောက် တန်ဖိုးရှိတယ်...."
ယန်ယုချင်း ဘယ်လိုလုပ် သူတို့နှင့် ဆက်ဆံနေဖို့ အချိန်ရှိမည်နည်း။
သူမကပြုံးပြီး အလျှင်အမြန်ပြောလိုက်သည်။
"တောင်းပန်ပါတယ်, စီနီယာအကို နဲ့ အမ, ကျွန်မ ဦးလေးကို အဖော်ပြုပေးရအုန်းမယ်...."
"နောက်တစ်ခါမှပေါ့...."
ထို့နောက် ပျော်ရွင်စွာပဲ ဂျန်ဖန်းဘေးရောက်လာပြီး စိတ်လှုပ်ရှားစွာပြောလိုက်သည်။
"ဦးလေး, ငါ နင့်နည်းလမ်းအတိုင်းလုပ်လိုက်တာ , တကယ်နိုင်သွားပြီ....."
ဂျန်ဖန်း အားတင်းပြုံးကာ ပြောလိုက်သည်။
"ဒါက ဂုဏ်ယူစရာမဟုတ်ဘူးနော်...."
"ဂိုဏ်းတူတပည့်တွေကြား အသုံးများသွားရင် ဆက်ဆံရေးကို ထိခိုက်စေနိုင်တယ်...."
အပြင်လူတွေနှင့်ယှဥ်ပြိုင်သည့်အခါ ကန့်သတ်ချက်တွေ မလိုအပ်ပေ။
သို့ပေမယ့် ဂိုဏ်းတူတပည့်တွေကြား၌ လှည့်ကွက် နည်းပြီးသုံးတာက အကောင်းဆုံးဖြစ်သည်။
ထိုနည်းလမ်းကို ပြောပြသည့်လူတစ်ယောက်အနေဖြင့် ဂျန်ဖန်းလည်း ဂုဏ်ယူစရာမရှိဘူးဟု ခံစားမိ၏။
ယန်ယုချင်း အနည်းငယ်အပြစ်ရှိသည့်အမူအရာ ပြသလိုက်၏။
ထိုနည်းလမ်းဖြင့်အနိုင်ရတာက အမှန်တကယ်ပဲ သူမစိတ်ကို မငြိမ်းညမ်းစေပေ။
သို့ပေမယ့် ထိုအရာက ဂျန်ဖန်းကို ကျေဇူးတင်တာအား မရပ်တန့်နိုင်ပေ။ သူမက စိတ်ဝိညာဥ်ဝိုင်ခရားယူလိုက်ပြီး နှစ်ခွက်လောင်းထည့်လိုက်၏။
တစ်ခွက်ကိုဂျန်ဖန်းပေးပြီး အခြားတစ်ခွက်ကို သူမကိုယ်တိုင်သောက်ပြီး ပြောလိုက်သည်။
"ဦးလေး, ဒီတစ်ခွက်က ငါ ဦးလေးကို ကျေးဇူးတင်တာ..."
ထိုအရာက ချန်းရှောင်လန်ကို ထိန်လန့်သွားစေခဲ့သည်။
သူမ အော်ပြောလိုက်၏။
"ယုချင်, နင်ဘာလုပ်နေတာလဲ...."
"ဒါက စီနီယာအမလီနဲ့ အကိုဝမ်ကို အပြစ်လုပ်မိသလိုဖြစ်မနေဘူးလား...."
စောနကတင် သူတို့နှစ်ယောက်ကို ဂုဏ်ပြုဖို့ပြောတော့ သူမက နောက်မှဟုပြောခဲ့သည်။
သို့ပေမယ့် ယခုတော့ဂျန်ဖန်းကို ခွက်ခြင်းမြောက် ဂုဏ်ပြုနေခဲ့သည်။
ယန်ယုချင် ဟွာရှန်ချန်နှင့် အခြားလူတွေကိုမကြည့်ပေ။ သူမမျက်နှာ၌ တည်ငြိမ်သည့်အမူအရာဖြင့် ပြောလိုက်သည်။
"သူတို့ကို ထားလိုက်စမ်းပါ...."
"ငါ့ဦးလေးကို ဂါဝရထားတာ ဘာမှားနေလို့လဲ..."
ဂျန်ချင်းနှင့် မတော်တဆမှုတွေ့ကြုံပြီးနောက် သူမတဖြည်းဖြည်း အရာအားလုံးကို မြင်လာခဲ့၏။
ဂျန်ချင်း သူမကို ဖိနှိပ်နေတာ တစ်ရက်၊ နှစ်ရက်မဟုတ်တော့ပေ။
သူမက ကောင်းမွန်သည့်ဆက်ဆံရေးတည်ဆောက်ဖို့ ကြိုးစားခဲ့ပေမယ့် မည်သူမှ သူမအတွက် ရပ်တည်မပေးခဲ့ပေ။
သူတို့က သူမကို လှပသည့်အဆင်တန်ဆာအဖြစ်သာ မြင်ကြတာဖြစ်ပြီး လိုအပ်သည့်အခါမှသာ ခေါ်တာဖြစ်သည်။
သူတို့မလိုသည့်အခါမှာတော့ လျစ်လျူရှူထားကြသည်။
ယှဥ်ကြည့်လျှင် ခုလေးမှတွေ့သည့် ဦးလေးက သူမအတွက်ရပ်တည်ပေးပြီး ပြိုင်ပွဲအတွက်လည်း လမ်းညွှန်ပေး၏။
ဘာကအရေးကြီးလဲဆိုတာ ပြောစရာကို မလိုတော့ပေ။
ထိုမြင်ကွင်း...
လီရှီချန်းနှင့် ဝမ်ယွင်ကောတို့ကို လုံးဝအရှက်ရသွားစေခဲ့သည်။
"ရဲတင်းလိုက်တာ။ သူမက ငါ,လီရှီချန်းကို ဘာထင်နေလဲမသိဘူး။ ဘယ်လိုတောင် ဒီလို အရှက်ခွဲရဲရတာလဲ...."
ဝမ်ယွင်ကောမျက်နှာလည်း မှုန်ကုတ်နေပြီး ဒေါသထွက်နေတာ သိသာလှ၏။
"အခွင့်အရေးပေးတာကို ,ငြင်းဆန်တယ်..."
"ဒါပေမယ့် ဦးလေးအချို့ကိုကြ ခွက်မြောက်ဂုဏ်ပြုနေတယ်ပေါ့..."
"ကောင်းတယ်, သူက အဲ့ဒီဦးလေးကို အရမ်းတန်ဖိုးထားတယ်မလား...."
"နောက်ပိုင်း မိတ်ဖြစ်ဆွေဖြစ်ပြိုင်ပွဲမှာ သူမဦးလေးဆိုတဲ့လူမှာ ဘာအရည်အချင်းတွေရှိလဲ ကြည့်ရသေးတာပေါ့...."