← Chapters

လှည့်ဖျားသည်ဟု သံသယရှိခြင်း

Vol. 15 Ch. 218

လှည့်ဖျားသည်ဟု သံသယရှိခြင်း

Vol. 15 Ch. 218

ဂိုဏ်း ပြိုင်ပွဲက ဆက်လက်ဖြစ်ပွားနေခဲ့သည်။

ယန်ယုချင်း စင်ပေါ်နောက်ထပ်နှစ်ကြိမ် တက်ခဲ့သည်။

အစောပိုင်းအနိုင်ရမှုနှင့် သူမ၏စိတ်အခြေအနေကောင်းနေပြီး လုပ်ဆောင်မှုတွေက အံ့သြစရာကောင်းနေခဲ့သည်။

သူမက နှစ်ပွဲဆက်တိုက်အနိုင်ရခဲ့၏။

"ဦးလေး, နောက်တစ်ပွဲထပ်နိုင်ရင်, ကျွန်မ ထိပ်ဆုံး ၁၀ ယောက်ထဲဝင်ပြီ...."

သူမက ယုံကြည့်မှုရှိစွာပြုံးလိုက်သည်။

များစွာသောပြိုင်ပွဲတွေတစ်လျှောက် ဤအရာက သူမ၏အကောင်းဆုံး လုပ်ဆောင်မှုပင်။

သို့ပေမယ့် နောက်ဆုံး ၁၀ ပွဲကို စီစဥ်ပြီးသည့်အခါ...

ယန်ယုချင်မျက်နှာရှိအပြုံး ပျောက်ကွယ်သွား၏။

နောက်ဆုံး ၁၀ ပွဲက စွမ်းဆောင်ရည်အကောင်းဆုံ တပည့်တွေကြားက ပြိုင်ပွဲတွေဖြစ်၏။

ခက်ခဲမှုက သဘာဝအတိုင်း အရင်ကထက် များစွာကြီး၏။

၉ ပွဲမြောက်၌ ယန်ယုချင် လော်ထျန်းဂျောင်ဟုခေါ်သည့် အမျိုးသမီးတပည့်တစ်ယောက်နှင့် ယှဥ်ပြိုင်ရမှာဖြစ်သည်။

"သူမလား..."

ချန်းရှောင်လန် သူမနဖူးပွတ်လိုက်၏။

"ယုချင်, နင်အိမ်ကထွက်မလာခင် ပြက္ခဒိန်ကြည့်ခဲ့သေးလား...."

ချိုင်ယင်ရုံလည်း စာနာစွာ ပြောလိုက်သည်။

"နင်ကံက တကယ်ဆိုးတာပဲ..."

"ဒီပြိုင်ပွဲမှာ အသန်မာဆုံးပြိုင်ပွဲဝင်နှစ်ယောက်က ဖုန်းဟောက်ယွမ်နဲ့ လော်ထျန်းဂျောင်ပဲ..."

"ပြီးတော့ နင်က နှစ်ယောက်လုံးနဲ့တွေ့တယ်တဲ့လား..."

ယန်ယုချင်း ခါးသီးစွာပြုံးလိုက်၏။

"ငါက ဘယ်လိုလုပ်ပြီး စီနီယာအမလော်ပြိုင်ဘက်ဖြစ်မှာလဲ...."

"သူမခွန်အားက ဖုန်းဟောက်ယွမ်ထက်တောင် အနည်းငယ်မြင့်တယ်...."

ထိုအရာကိုပြောပြီး....

သူမမနေနိုင်ပဲ ဟာသလုပ်လိုက်သည်။

"ဦးလေး, လော်ထျန်းဂျောင်ဒဏ်ရာရတာမြင်ရင် ပြောဖို့မမေ့နဲ့နော်...."

ဂျန်ဖန်း မနေနိုင်ပဲ ရယ်လိုက်၏။

"သူမက အကုန်ကောင်းတယ်...."

ယန်ယုချင်အပြုံး ပိုမိုခါးသည်းသွားချိန်မှာပဲ...

ဂျန်ဖန်းပြောလိုက်သည်။

"ဒါပေမယ့် မင်းစင်ပေါ်မတက်ခင် အချိန်အချို့ရှိပါသေးတယ်..."

"အဲ့ဒီအချိန်အတွင်း ငါ မင်းခွန်အားအနည်းငယ်တိုးတက်အောင် ကူညီပေးမယ်..."

"နိုင်မလား ရှုံးမလားဆိုတာကတော့ မင်းအပေါ်ပဲမူတည်တယ်...."

ဟမ်?...

ယန်ယုချင် မယုံသင်္ကာဖြစ်သွား၏။

ချန်းရှောင်လန် ပေါ်တင်ပဲပြောလိုက်သည်။

"အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းပါနဲ့...."

"ယုချင် စင်ပေါ်မတက်ခင် တစ်နာရီနှစ်နာရီလောက်ပဲ အချိန်ရှိတာ...."

"အဲ့ချိန်လေးအတွင်း သူတို့ကြားကကွာဟချက်ကို ဘယ်လို ဖြည့်ဆည်းပေးမှာလဲ..."

သူမတို့နှစ်ယောက် ဂျန်ဖန်းကို ဘေးတိုက်တစ်ချက်ကြည့်လိုက်၏။ သူက ဖုန်းဂုချန်းခြေထောက်ဒဏ်ရာကိုထောက်ပြပြီး ယန်ယုချင်းနိုင်အောင်ကူညီပြီးနောက် စိတ်ကြီးဝင်သွားသည်ဟု ထင်လိုက်ကြ၏။

အဆုံးမှာတော့ လော်ထျန်းဂျောင်က အထွတ်အထိပ်အခြေအနေမှာရှိနေခဲ့သည်။

သူမကို လှည့်ကွက်လေးတွေဖြင့် အနိုင်ယူလို့မရပေ။

သို့ပေမယ့် ဂျန်ဖန်း မှာ သူ့အကြောင်းပြချက်နှင့်သူရှိ၏။

သူက မေးလိုက်သည်။

"ယုချင်, မင်းလေ့ကျင့်တဲ့လက်ဝါးနည်းစနစ်က အဆင့်မြင့်တယ်မလား..."

ယန်ယုချင် ဂုဏ်ယူသည့်အမူအရာ ပြသလိုက်၏။

"ဒါပေါ့..."

"နတ်ဆေးဆရာတောင်ထိပ်က သိုင်းပညာကို အဓိကမထားဘူးဆိုပေမယ့် ငါ့ဆရာမှာ အဆက်အသွယ်တွေအများကြီးရှိတယ်လေ...."

"သူက ဘယ်တုန်းကမှ ထိပ်တန်းအဆင့် ကျင့်ကြံရေးနည်းစနစ်တွေ ပြတ်လတ်မနေဘူး..."

"ငါလေ့ကျင့်တဲ့တစ်ခုက ကောင်းကင်တိမ်လက်ဝါးတဲ့။ ဂိုဏ်း ၉ ဂိုဏ်းမှာ နံပါတစ် လက်ဝါးနည်းစနစ်တစ်ခုလေ...."

"သိမ်မွေ့အဆင့်တွေထဲမှာတောင် အဲ့ဒါကို ပြိုင်ဘက်ကင်းလို့ယူဆလို့ရတယ်...."

ချန်းရှောင်လန်နှင့် ချိုင်ယင်ရုံတို့ မနာလိုစွာသက်ပြင်းချလိုက်သည်။

"ဒါအမှန်ပဲ..."

"နတ်ဆေးဆရာတောင်ထိပ်က ဘယ်တော့မှ နည်းစနစ်ပြတ်လတ်မနေဘူး...."

"မဟုတ်ရင် ဘာလို့ လူတိုင်း အကြီးအကဲရှန်ဂွမ်းဆီမှာ တပည့်ခံချင်မှာလဲ..."

ဂျန်ဖန်း နားလည်သွား၏။

ထိုအရာက သူထင်တာနှင့် တစ်ထပ်တည်းပင်။

သို့ပေမယ့် သူက ဆက်မေးလိုက်သည်။

"မင်းရဲ့လက်ဝါးနည်းစနစ်က ခွန်အားပြည့်ထုတ်နိုင်ပြီလို့ ထင်လား...."

အစောပိုင်းဂုဏ်ယူနေသည့် ယန်ယုချင် ယခု ရှက်သွား၏။

"ငါ့နားလည်နိုင်စွမ်းက သိပ်မကောင်းဘူး။ ပြီးတော့ ဒီလက်ဝါးသိုင်းကို လေ့ကျင့်တာ ငါတစ်ယောက်တည်းပဲရှိတာ...."

"ဘယ်သူ့မှ အကြံဉာဏ်တောင်းလို့မရဘူး...."

"ဒီတော့ ကိုယ့်ဘာသာပဲ အဖြေရှာရတာပေါ့...."

ဂျန်ဖန်း ပြောလိုက်သည်။

"မအံ့သြတော့ပါဘူး...."

"ဒါကြောင့် မင်းလက်ဝါးသိုင်းက ဟန်ပဲရှိပြီး စွမ်းအားကနည်းနေတယ်။ ကလေးတစ်ယောက် တူကြီးတစ်လက်ကိုင်ထားသလိုပဲ..."

"စွမ်းအားကြီးလက်နက်ကိုကိုင်ထားပေမယ် သူ့ရဲ့စွမ်အားတစ်ဝက်ကိုတောင် မထုတ်နိုင်ဘူး...."

"မင်း ကျင်ကြံရေးမှာ အမှားကြီးတစ်ခုခု လုပ်မိတယ်နဲ့တူတယ်....."

"အခု မင်းနဲ့အတူ ကျင့်ကြံရေးလမ်းညွှန်ပါလား...."

ယန်ယုချင် တစ်ခဏကြောင်သွား၏။

"ပါပါတယ်၊ ဦးလေး, နင်ကြည့်ချင်လို့လား..."

ဂျန်ဖန်း ခေါင်းညိတ်လိုက်၏။

"ဟုတ်တယ်, ငါ့ကို တစ်ချက်ပေးကြည့်...."

"မင်းကို သင်ကြားပေးနိုင်မလား ကြည့်တာပေါ့...."

"အောင်မြင်ရင်, မင်း လော်ထျန်ဂျောင်ကို နိုင်ဖို့ အခွင့်အရေးရှိကောင်းရှိနိုင်တယ်...."

အာ....

ချန်းရှောင်လန်နှင့် ချိုင်ယီရုံတို့ အံ့အားသင့်သွားကြ၏။

ယန်ယုချင်တောင် ကြောင်သွားပြီး မသေချာဖြစ်နေခဲ့သည်။

"ဦးလေး, နင်ဆိုလိုတာ...."

"တစ်နာရီ, နှစ်နာရီလောက်နဲ့ ငါ့ကို အဲ့သိုင်းပညာကျွမ်းကျင်သွားအောင် ကူညီမယ်ပေါ့...."

ဂျန်ဖန်း အများကြီး မပြောပေ။

"ငါ့ကိုပေးကြည့်ပါ..."

ယန်ယုချင် တွေဝေနေ၏။

ဤအရာက သူမ၏တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုဖြစ်ပြီး အကြီးဆုံးလျှို့ဝှက်ချက်လည်းဖြစ်သည်။

ဘယ်သူ့မှ ထိုအရာကို ကြည့်ခွင့်မပေးခဲ့ပေ။

သို့ပေမယ့် ဂျန်ဖန်းတောင်ဆိုမှုနှင့်ရင်ဆိုင်ရသည့်အခါ သူမတွန့်ဆုတ်စွာထုတ်ယူလိုက်ပြီး ဂျန်ဖန်းကို ပေးလိုက်သည်။

သူမတွေးလိုက်၏။ ဤကဲ့သို့အချိန်ခဏလေးနှင့် ဦးလေဆရာ အများကြီးသင်ယူနိုင်မည်မဟုတ်ဟုပင်။

ထိုအရာကိုတွေးပြီး သူမ အနည်းငယ်သက်သာယာရသွား၏။

ဂျန်ဖန်း ကျင့်ကြံရေးစာအုပ်ကိုယူလိုက်ပြီး အလျှင်အမြန် ဖတ်လိုက်သည်။

သိမ်မွေ့အဆင့်မြင့် နည်းစနစ်က သူ့အတွက်မခက်ပေ။

မျက်လုံးပိတ်ပြီး တစ်ခဏနားလည်ဆင်ခြင်ပြီးနောက် သူက ဉာဏ်အလင်းရသွားခဲ့သည်။

သူ့မျက်လုံးတွေ တောက်ပလာပြီး ပြတ်ပြတ်သားသားပြောလိုက်သည်။

"ရေခဲနဲ့ မီးနှစ်ဆ..."

သူက သာမန်အတိုင်း လက်ဝါးဖြင့် ရှေ့ကိုရိုက်လိုက်၏။ ထို့နောက် သူ့လက်ဝါးမှ လုံးလုံးလျားလျားဆန့်ကျင်ဘက်ဖြစ်သည့် ရေခဲနှင့်မီးလက်ဝါးစွမ်းအင်နှစ်မျိုးထွက်လာ၏။

အားနှစ်ခုက ရောယှက်နေပြီး ရှေ့ရှိ သံထိုင်ခုံကိုထိမှန်ကာ လက်ဝါးရာတစ်ခုချန်ထားခဲ့သည်။

ယန်ယုချင်မျက်လုံးတွေ ပြူးကျယ်သွား၏။

"ဦးလေး, နင်... နင်...."

သူမ မယုံနိုင်ဖြစ်နေ၏။

သူမ ပထမအဆင့်ကို နားလည်ဖို့ အချိန်တစ်နှစ်ယူခဲ့ရ၏။

သူမဦးလေကတော့ လက်ဖက်ရည်တစ်ခွက်စာတောင် အချိန်မယူခဲ့ရပေ။

ဂျန်ဖန်း သူ့လက်ကိုပြန်ရုတ်ပြီး ပြောလိုက်သည်။

"မင်းက စိတ်ဝိညာဥ်စွမ်းအင်လှည့်ပတ်ရာမှာ မှားသွားပုံရတယ်။ ဒါကြောင့်ပဲ မင်းလက်ဝါးသိုင်းက မျှော်လင့်ထားတာထက် စွမ်းအားလျော့ကျသွားတာ...."

"ခြေချိတ်ထိုင်ပြီး စွမ်းအင်လှည့်ပတ်တဲ့လမ်းကြောင်းကို မှတ်သားလိုက်...."

ယန်ယုချင် ဂျန်ဖန်းရှေ့မှာ မိန်မောတွေဝေစွာ ထိုင်လိုက်၏။

ထို့နောက် သူ စိတ်ဝိညာဥ်စွမ်းအင်တစ်မျှင် သူမခန္ဓာကိုယ်ထဲထည့်သွင်းပြီး လှည့်ပတ်တာကို ခွင့်ပြုပေးလိုက်သည်။

ယန်ယုချင် စွမ်းအင်လှည့်ပတ်သည့်လမ်းကြောင်းကို သံသယနှင့် မှတ်သားလိုက်သည်။

ထို့နောက် တိတ်တဆိတ်ပဲ လေ့ကျင့်နေလိုက်သည်။

"ယန်ယုချင်, လော်ထျန်းဂျောင် စင်မြင့်ပေါ်တက်ခဲ့ပေးပါ...."

ခေါ်သံက ယန်ယုချင်၏တိတ်တဆိတ်ကျင့်ကြံမှုကို နှောက်ယှက်သွား၏။

သူမ မျက်လုံးဖွင့်လိုက်ပြီး ထိတ်ထိတ်ပျာပျာဖြစ်သွား၏။

"ဟာ, နည်းနည်းလေးပဲလိုတော့တာ...."

"ငါခုထိ အလုံအလောက်မလေ့ကျင့်ရသေးဘူး..."

ကျင့်ကြံရေးမှာ စိတ်နစ်နေသည့်အတွက် သူမက အချိန်ကုန်တာကို သတိမထားမိလိုက်ပေ။

ရုတ်တရက် ခေါ်သံက သူမအား ဆုံးရှုံးသွားစေ၏။

ဂျန်ဖန်း စိတ်အေးအေးထားဖို့ ပြောလိုက်သည်။

"အစစ်အမှန်တိုက်ပွဲက တိုးတက်ဖို့ အမြန်ဆုံးနည်းလမ်းပဲ...."

"သွားတော့...."

အခြားရွေးစရာမရှိတော့ပြီး...

ယန်ယုချင် အံကြိတ်ကာ ထူးချွန်သည့်ရွယ်တူ လော်ထျန်ဂျောင်နှင့် ရင်ဆိုင်ဖို့ စင်ပေါ်ကို လျှောက်သွားလိုက်သည်။

လီရှီချန်း ယန်ယုချင်ကို စိုက်ကြည့်ပြီး ပေါ့ပါးစွာနှာမှုတ်လိုက်၏။

"ဒီတစ်ကြိမ်သူမဘယ်လိုနိုင်အုန်းမလဲ ကြည့်ကြတာပေါ့...."

"နောက်ဆုံးအကြိမ်တုန်းက ဖုန်းဟောက်ယွမ်ကို ကံကောင်းပြီး နိုင်သွားတာကို သူမက တစ်ခုခုပဲလို့ ထင်ခဲ့တယ်..."

ဝမ်ယွင်ကော ကုလားထိုင်ပေါ်မှီလိုက်ပြီး ယန်ယုချင်းကိုကြည့်ကာ ထူးမခြားနားစွာပြောလိုက်သည်။

"နိုင်မယ်? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."

"ဂျူနီယာညီမလော်က ဆယ်နှစ်အတွင်း ဝါးစိမ်းတောင်ထိပ်ရဲ့ အသန်မာဆုံးပါရမီရှင်။ ရွယ်တူတွေထဲမှာ ပြိုင်ဘက်ကင်းပဲ....."

"သူမခွန်အားကို ငါကိုယ်တိုင် စမ်းသပ်ကြည့်ခဲ့တာ..."

"ယန်ယုချင် သုံးကွက်အတွင်းရှုံးမှာ...."

သို့ပေမယ့်....

မကြာမီ, ဝမ်ယွင်ကော မနေနိုင်ပဲ မတ်မတ်ထိုင်လိုက်၏။

စင်ပေါ်မှာ ရောယှက်နေသည့် ပုံရိပ်နှစ်ခုကို စိုက်ကြည့်ပြီး အနည်းငယ် အံံ့သြသွား၏။

"ထူးဆန်းတယ်, ယန်ယုချင် လက်ဝါးနည်းစနစ်က ဘာလို့ မတူတော့တာလဲ..."

လီရှီချန်းလည်း အံ့အားသင့်စွာပြောလိုက်သည်။

"ခံစားချက်တွေမရှိတော့ဘူး။ သူမလက်ဝါးနည်းစနစ် ပြောင်းလဲသွားပြီ...."

"လှုပ်ရှားမှုတွေက တူညီပေမယ့် စွမ်းအားက နှစ်ဆတိုးလာတယ်...."

"တစ်ခုပဲ၊ ဒါက ဘာလို့ အရမ်းမရင်းနှီးသလိုဖြစ်နေရတာလဲ...."

ဟွာရှန်ချန်လည်း အံ့သြနေ၏။

သူက ယန်ယုချင်နှင့် အရင်းနှီးဆုံးဖြစ်ပြီး သူမခွန်အားကို ကောင်းကောင်းသိ၏။

ဤအခိုက်အတန့်၌ ယန်ယုချင်လက်ဝါးနည်းစနစ်က လုံးဝကို ကွဲပြားသွားပြီပင်။

ဘာဖြစ်သွားသနည်း?

နောက်ဆုံးပွဲ၌ သူမလက်ဝါးနည်းစနစ်က အရင်အတိုင်းရှိနေပြီး စွမ်းအားကင်းမဲ့နေ၏။

ဘယ်လိုဖြစ်ပြီး နှစ်နာရီလေးနှင့် အကြီးအကျယ်ပြောင်းလဲသွားရသနည်း။

အသက်ရှူချိန် အနည်းငယ်ကြာပြီးနောက်...

နှစ်ယောက်က သုံးကျော့လောက်ဖလှယ်ပြီးသွားပြီဖြစ်သည်။

ယန်ယုချင် လက်ဝါးနည်းစနစ်နှင့် မရင်းနှီးသည့်အတွက် လော်ထျန်ဂျောင်ကို ဆက်တိုက်အရေးနိမ့်နေခဲ့သည်။

"ဒါ နတ်ဆေးဆရာတောင်ထိပ် အတော်ဆုံးတပည့်လုပ်နိုင်တာလား။ လက်ဝါးသိုင်းကိုတောင် ကောင်းကောင်းမထုတ်ဖော်နိုင်ဘူး...ဟ...ဟ...."

ယန်ယုချင်ကို မနာလိုသည့်မိန်းခလေးတွေက ဂျန်ချင်တစ်ယောက်တင်မကပေ။ အများကြီးရှိ၏။

ယန်ယုချင် တည်ငြိမ်နေပြီး အစစ်အမှန်တိုက်ပွဲအတွင်း၌ လက်ဝါးနည်းစနစ်နဲ့ အလျှင်အမြန်ရင်းနှီးအောင် ပြုလုပ်နေခဲ့သည်။

အကွက်နှစ်ဆယ်လောက်ဖလှယ်ပြီးနောက်....

လော်ထျန်ဂျောင် တဖြည်းဖြည်း တစ်ခုခု မှားနေတာကို ခံစားမိလိုက်၏။ သူမ ယန်ယုချင်းကို နောက်ထပ် မဖိနှိပ်နိုင်တော့ပေ။

လှုပ်ရှားမှု ၅၀ ဖလှယ်ပြီးနောက် သူမတုန်လှုပ်လာ၏။ ထိုအချိန်၌ ယန်ယုချန်း အားကောင်းသည့်လက်ဝါးနည်းစနစ်ကို ထုတ်ဖော်နိုင်လာပြီး သူမနှင့် ယှဥ်နိုင်လာခဲ့သည်။

ထိုအရာက သူမကို ထိပ်ထိပ်ပျာပျာဖြစ်သွားစေခဲ့သည်။

တစ်ဖက်မှာတော့, ယန်ယုချင်၏လက်ဝါးနည်းစနစ်က ပိုမိုသန်မာလာပြီး ပိုစိတ်လှုပ်ရှားလာ၏။ သူမက ပိုပြီး မာန်ပါပါနှင့် တိုက်ခိုက်လာ၏။

အကွက်ရေနှစ်ရာ ဖလှယ်ပြီးနောက်...

နောက်ဆုံးမှာ လော်ထျန်ဂျောင် စိတ်ခံစားချက်ပြောင်းသွားခြင်းကြောင့် တိုက်ခိုက်နေစဥ် အမှားတစ်ခုလုပ်မိသွား၏။

ယန်ယုချင်း စူးရှသည့်အမြင်ဖြင့် သူမရင်ဘတ်ကို လက်ဝါးဖြင့် ပြတ်ပြတ်သားသားရိုက်ချလိုက်၏။

ရှပ်! ရှပ်! ရှပ်!

လော်ထျန်းဂျောင် နောက်ကို တယိမ်တယိုင်ဆုတ်သွားပြီး စင်ပေါ်မှ ပြုတ်ကျသွားခဲ့သည်။

ဒိုင်လူကြီးအံ့အားသင့်စွာပဲ ကျယ်လောင်စွာ ကြေညာလိုက်၏။

"အနိုင်ရသူ ယန်ယုချင်...."

နေရာတစ်ခုလုံး တိတ်ဆိတ်သွား၏။

လူတိုင်းမျက်လုံးတွေ ပြူးကျယ်နေပြီး ရလဒ်ကို လက်မခံနိုင်ဖြစ်နေကြသည်။

မမျှော်လင့်ထားသည့် အပြောင်းအလဲက ပြိုင်ပွဲအတွင်းမှာဖြစ်ပျက်သွားခဲ့သည်။

ပုံမှန်ဆို သာမန်ပဲလုပ်ဆောင်နိုင်သည့် ယန်ယုချင် ပါရမီရှင်သမီးတော် လော်ထျန်းဂျောင်ကို အနိုင်ယူသွားခဲ့သည်။

ထိုကြီးမားသည့် အပြောင်းအလဲကို မည်သူက လက်ခံနိုင်မည်နည်း။

လော်ထျန်းဂျောင်ကိုယ်တိုင်လည်း လက်မခံနိုင်ပေ။

သူမ စင်ပေါ်တက်လိုက်ပြီး ဆန္ဒမရှိစွာ အော်ပြောလိုက်သည်။

"ငါ ဒါကို လက်မခံဘူး။ ယန်ယုချင်း လှည့်ဖျားနေတာ။ သူ လှည့်ဖျားနေတာ...."

"နှစ်နာရီထဲနဲ့ သူမသိုင်းပညာက ဘယ်လိုလုပ် အကြီးအကဲပြောင်းလဲသွားရတာလဲ...."

ဒါက....

ဒိုင်လူကြီးလည်း ပဟေဠိဖြစ်သွား၏။

တရားမျှတဖို့ သူက တင်းမာစွာမေးလိုက်သည်။

"ယန်ယုချင် မင်းဒါကို ဘယ်လိုရှင်းပြမလဲ...."

ယန်ယုချင် နှလုံးသား ခုန်ပေါက်သွား၏။

ဂိုဏ်းချုပ်နှင့် အကြီးအကဲများစွာရှေ့၌ ဤကဲ့သို့ စွပ်စွဲမှုမျိုး သူမ ဘယ်လိုလုပ် ခံနိုင်မည်နည်း။

သူမ အလျှင်အမြန်ပဲ ရှင်းပြလိုက်သည်။

"ဒိုင်လူကြီးကို တင်ပြပါတယ်။ ငါ့ဦးလေးဆရာက လက်ဝါးနည်းစနစ်နဲ့ပတ်သက်ပြီး ငါ့ကို လမ်းညွှန်ပေးတာပါ...."

ဦးလေးဆရာ?....

မရေတွက်နိုင်သည့်မျက်လုံးတွေ ဆက်တိုက်ဆိုသလိုပဲ ဖြူဖွေးသည့်အသားအရေနှင့် လူငယ်လေးကို ကြည့်လိုက်ကြသည်။

All Chapters