သက်သေခံမှု
Vol. 15 Ch. 219
လော်ထျန်းဂျောင် ကြည့်လိုက်၏။
ထိုအရာက သူမထက်တောင်ငယ်သည့်ကောင်လေးတစ်ယောက်ဆိုတာ မြင်သွားပြီး မနေနိုင်ပဲ ဒေါသတကြီးရယ်လိုက်၏။
"နင် ငါ့ကိုနောက်နေတာလား...."
"အမွေးတောင်မစုံသေးတဲ့ကလေးက နင့်ကိုလမ်ညွှန်ပေးတယ်ပေါ့...."
"ပြီးတော့ အချိန်တိုအတွင်း နင့်ကျင့်ကြံရေးနည်းစနစ်တိုးတက်သွားတယ်ပေါ့...."
"နင်က ငါ့အသိဉာဏ်ကို စော်ကားနေတာပဲ..."
သူမ ဒိုင်လူကြီးဆီသို့ လက်ချင်းယှက်ပြီး ပြောလိုက်သည်။
"ယန်ယုချင် သူမကျင့်ကြံရေးနည်းစနစ်ပြောင်းလဲသွားတာကို ရှင်းမပြနိုင်တာ သိသာနေပါပြီ...."
"သူ မသမာတဲ့နည်းသုံးတယ်လို့ ကျွန်မအတော်လေး သံသယရှိပါတယ်....."
ဒိုင်လူကြီးအမူအရာ လေးနက်သွား၏။
ယန်ယုချင်း ပြောသည့်သူမဦးလေးအကြောင်းက အမှန်တကယ်ကို ယုံဖို့ခက်၏။
ထိုကောင်လေးက အခြားဂိုဏ်းမှ ကြည့်ရှုသူတစ်ယောက်ဖြစ်နိုင်၏။
အသက်ကိုခန့်မှန်းကြည့်လျှင် သိုင်းကျင့်ကြံတာ ဘယ်နှစ်နှစ် ရှိအုန်းမည်နည်း။
သူ့ကိုယ်ပိုင်ကျင့်ကြံရေးကိုနားလည်တာကကို ချီးကျူးစရာကောင်းနေပြီဖြစ်သည်။
ဘယ်လိုလုပ် အခြားလူကို လမ်းညွှန်ပေးနိုင်မည်နည်း။
"ယန်ယုချင်, ငါ အခု မင်းရလဒ်ကို သံသယရှိတယ်...."
"သင့်တော်တဲ့အကြောင်းပြချက်မပေးနိုင်ရင် မင်းရလဒ်ကို ပယ်ဖျက်မယ်...."
"ပြစ်ဒဏ်အနေနဲ့လည်း သားရဲလှိုင်းခုခံဖို့ အရည်အချင်း မပြည့်မှီတော့ဘူး...."
ယန်ယုချင်း ခါးသီးစွာသာ ပြုံးနိုင်၏။
အခြားလူတွေ သူမကို သံသယရှိတာ မအံ့သြပေ။
သူမကိုယ်တိုင်တောင် ထိုအကြောင်းပြချက်ကို ယုံဖို့ခက်နေ၏။
သူမက ကျင့်ကြံရေးနည်းစနစ်ကို ဦးလေးဆရာအားပေးလိုက်ရုံရှိသေး လက်ဖက်ရည်တစ်ခွက်စာအချိန်နှင့် အနှစ်သာရကို ဆုပ်ကိုင်မိပြီး သူမကိုလမ်းညွှန်ပေးခဲ့သည်။
ထိုအကြောင်း အခြားလူတွေကိုပြောလျှင် မည်သူက ယုံမည်နည်း။
"ဒိိုင်လူကြီး, ဒါ အမှန်ပါ...."
ယန်ယုချင်း အကူအညီမဲ့စွာပြောလိုက်သည်။
ဒိုင်းလူကြီးမျက်မှောင်ကြုတ်သွာပြီး သူ့အမူအရာ ပိုမိုတင်းမာလာ၏။ သူက အော်ပြောလိုက်သည်။
"မင်း ဆက်ခေါင်းမာနေမှာဆိုရင် ရှေ့ကပြောခဲ့တဲ့အပြစ်ပေးဖို့ ဂိုဏ်းချုပ်ကိုတင်ပြမှ ငါ့ကို အပြစ်မတင်နဲ...."
တစ်ဖက်မှာတော့ ဂျန်ဖန်းလည်း အတော်အကူအညီမဲ့နေခဲ့သည်။
ယန်ယုချင်ကို တိတ်တဆိတ်လမ်းညွှန်မှုအနည်းငယ်ပေးတာက လုံလောက်ပြီဟု သူထင်ခဲ့၏။
သူမအတွက် ရှေ့ထွက်ပေးရမယ်လို့ မျှော်လင့်မထားပေ။
သက်ပြင်းတစ်ခုနှင့်အတူ မတ်တပ်ရပ်ကာ စင်ပေါ်ကို လျှောက်သွားလိုက်သည်။
သူက ဒိုင်လူကြီး၊ မြင့်မြတ်ဂိုဏ်းချုပ်နှင့် ရှိနေသည့်အကြီးအကဲတွေကို လက်ချင်းယှက်နှုတ်ဆက်လိုက်၏။
"ငါက ဂျန်ဖန်းပါ၊ တကယ်ပဲ ယန်ယုချင်ရဲ့ ဦးလေးဆရာပါ...."
"ငါ အခုလေးပဲ သူမကို ကျင့်ကြံရေးနည်းစနစ်လမ်းညွှန်ပေးခဲ့တာ...."
"ကျေးဇူးပြုပြီး သူမကို နားလည်မှုအလွဲပါနဲ့...."
ဂျန်ဖန်း အမှန်တကယ် ရှေ့ထွက်သက်သေခံပေးတာကို မြင်သည့်အခါ....
ဒိုင်လူကြီးနှင့် အကြီးအကဲအားလုံး သံသယအမူအရာပြသလိုက်၏။
"သူက တကယ်သက်သေခံပေးရဲတယ်, ဟမ့်...."
"မြင့်မြတ်ဂိုဏ်းနဲ့ အကြီးအကဲအားလုံးရှေ့မှာလေ...."
"ငါတို့ကို လွယ်လွယ်အရူးလုပ်လို့ရမယ် ထင်နေတာလား...."
ထိုအရာက အမှန်ဆိုတာ ဘယ်သူမှ မယုံပေ။
လော်ထျန်းဂျောင် မယုံရုံတင်မက နှာမှုတ်လိုက်၏။
"ဘယ်လိုတောင် ရဲတင်းတာလဲ..."
"ယန်ယုချင်အပြုံးလေးကိုရဖို့နဲ့ နင်က ငါတို့မြင့်မြတ်ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကို ပေါ်တင်လှည့်ဖျားရဲတယ်..."
"ယန်ယုချင်က တကယ်ဆွဲဆောင်မှုရှိပါတယ်...."
"သူက နင့်ဝိညာဥ်ကိုပါ ငြို့ယူပြီးသွားပြီမလား...."
ဂျန်ဖန်း မျက်မှောင်ကြုတ်လိုက်၏။
သူက အရှုံးကိုလက်မခံနိုင်သည့်လူတွေကို မြင်ဖူး၏။
သို့ပေမယ့် ဒီလောက်ထိတော့ မဟုတ်ပေ။
အရှုံးကအရှုံးပေါ့၊ ဘာကြောင့် တစ်ဖက်လူကို ဤကဲ့သို့ အသရေဖျက်ရသနည်း။
ထိုအရာက သူမ၏ ကိုယ်ပိုင်မနာလိုမှုနှင့် စိတ်ဓာတ်ကျဥ်းမြောင်းကို ဖော်ပြနေတာပဲဖြစ်သည်။ အခြားဘာမှမဟုတ်ပေ။
ယန်ယုချင်း သူမငွေရောင်သွားလေးတွေကို အံ့ကြိတ်ပြီး အလျှင်အမြန် ခုခံလိုက်၏။
"နင် ဘာအဓိပ္ပာမရှိတာတွေပြောနေတာလဲ...."
"ဒါက ငါ့ဦးလေးဆရာ...."
"နင်လက်မခံနိုင်ရင် ,လာ နောက်တစ်ကြိမ်တိုက်ခိုက်မယ်..."
လော်ထျန်းဂျောင်ကိုအနိုင်ရတာဟာ ဤလောက်ထိပြဿနာများမယ်မှန်းသိခဲ့လျှင် သူမ အရှုံးပဲ ခံလိုက်မည်ဖြစ်သည်။
သို့ပေမယ့် ဂျန်ဖန်း လက်ဝှေ့ယမ်းပြီး သူမကို နောက်ထပ်စကားမပြောဖို့တားလိုက်၏။
"သူမက ဘယ်တုန်းကမှ ကျိုးကြောင်းဆီလျှော်ဖို့ ရည်ရွယ်ချက်မရှိဘူး။ ပြောနေလည်းအပိုပဲ..."
ထို့နောက် ဒိုင်လူကြီးကိုကြည့်ပြီး ပြောလိုက်သည်။
"ဒိုင်လူကြီး, ငါစောနကပြောတဲ့စကားတွေအားလုံးက အမှန်တွေပဲ...."
"မင်းမယုံရင်, ကြိုက်တဲ့အချိန် အတည်ပြုလို့ရတယ်....."
အတည်ပြုသည့်နည်းလမ်းက သဘာဝအတိုင်း ရိုးစင်း၏။
ထိုအရာ ဂျန်ဖန်း ယန်ယုချင်၏ ကောင်းကင်တိမ်လက်ဝါးကို သရုပ်ပြပေးဖို့ပင်။
သူသရုပ်ပြုမှုက ယန်ယုချင်ထက် ပိုမိုနက်ရှိုင်းနေခဲ့လျှင်....
သူမကို လမ်းညွှန်ဖို့အရည်အချင်းပြည့်မှီတယ်ဆိုတာ ပြသနေတာပဲဖြစ်သည်။
ဒိုင်းလူကြီး မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ်ကို ခွင့်ပြုချက်တောင်းသည့်အနေဖြင့် ကြည့်လိုက်သည်။
မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ် အနည်းငယ် ခေါင်းညိတ်လိုက်၏။
ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် အရေးကြီးပွဲမျိုးမှာ လိမ်လည်တာကို သည်းမခံနိုင်သလို ထူးချွန်သည့်တပည့်တစ်ယောက်ကိုလည်း ရမ်းသမ်းပြီး အထင်မမှားချင်ပေ။
ဂျန်ဖန်း၏လက်ဝါးနည်းစနစ်ကို အတည်ပြုတာက သံသယရှိစရာမလိုအောင် အသင့်တော်ဆုံးကိစ္စပင်။
ခွင့်ပြုချက်ရပြီးနောက် ဒိုင်လူကြီးပြောလိုက်သည်။
"ကောင်းပြီ, ဒါဆိုလည်း ယန်ယုချင်းရဲ့လက်ဝါးနည်းစနစ်ကို အများရှေ့မှာ သရုပ်ဖော်ပြ...."
"မင်းက သူမကို လမ်းညွှန်ပေးဖို့ အရည်အချင်းပြည့်မှီလားဆိုတာ ကြည့်ကြတာပေါ့....."
သူက နေရာကို ရှင်းလင်းခိုင်းလိုက်ပြီး ဂျန်ဖန်းလုပ်ဆောင်ဖို့ နေရာပေးလိုက်၏။
မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ်၊ အကြီးအကဲတွေနှင့် တပည့်တွေ....
လူတိုင်း ဂျန်ဖန်းကို စောင့်ကြည့်နေကြသည်။
လူများစွာစောင့်ကြည့်နေသော်လည်း...
အစောပိုင်းမျက်မြင်တွေ့ထားသည့် ချန်းရှောင်လန်နှင့် ချိုင်ယင်ရုံတို့မှလွဲ၍ မည့်သည့်အကြည်ကမှ မယုံကြပေ။
ဂျန်ဖန်း အလွယ်တကူပဲ စိတ်ဝိညာဥ်စွမ်းအင်ကို စုစည်းလိုက်၏။
ထိုနောက် လူအများရှေ့မျာ ကောင်းကင်တိမ်လက်ဝါးသိုင်းကို သရုပ်ဖော်ပြသလိုက်၏။
"ရေခဲနဲ့မီးနှစ်ဆ...."
မတူညီသည့်စွမ်းအင်နှစ်ခုရောယှက်နေသည့် လက်ဝါးချက်က လေထုကို ရိုက်ချလိုက်သည်။
ဘုန်း...
ကျယ်လောင်သည့်အသံတစ်ခုနှင့် လေထုက ပေါက်ထွက်သွားခဲ့သည်။
ဒိုင်လူကြီးမျက်ခွံ့တွေ တွန့်လိမ်သွား၏။
ဤလှုပ်ရှားမှု၏စွမ်းအားက ယန်ယုချင်ထက် အဆများစွာ အားကောင်းနေခဲ့သည်။
ယန်ယုချင်သာ ဤမျှလောက် ကျွမ်းကျင်လျှင် လော်ထျန်ဂျောင် အစောကြီးကတည်းက ရှုံးနိမ့်နေပြီဖြစ်သည်။
ကြည့်ရှုနေသည့် မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ်နှင့် အကြီးအကဲတွေ အံ့အားသင့်သည့်အမူအရာတွေ ပြသလာကြ၏။
သူတို့က တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ပြီး ဂျန်ဖန်းက လမ်းညွှန်ပေးဖို့ အရည်အချင်းပြည့်မှီတယ်ဆိုတာ အသိအမှတ်ပြုလိုက်၏။
တပည့်တွေလည်း အံ့အားသင့်နေကြ၏။
"ဒီကောင်တကယ် ကောင်းကင်တိမ်လက်ဝါးသိုင်း တတ်တာပဲ...."
"ဒါပေမယ့် ဒါက ယန်ယုချင်ပဲ လေ့ကျင့်တဲ့ နည်စနစ်မဟုတ်ဘူးလား? သူက ဘယ်လိုလုပ်သိနေရတာလဲ..."
"အို, ငါသိပြီ၊ ဒီလူက ယန်ယုချင် ဦးလေးဆရာဆိုမှတော့ ဒီလက်ဝါးသိုင်းကို သူပဲပေးခဲတာထင်တယ်...."
ဤကဲ့သို့ ရှင်းပြချက်နှင့်....
လူတိုင်း ရုတ်တရက် နားလည်သွားခဲ့သည်။
မည်သူမှ ယန်ယုချင်စကားတွေကို နောက်ထပ်သံသယမဝင်တော့ပေ။
ထိုအစား သူတို့က အရှုံးကိုလက်မခံနိုင်သည့် လော်ထျန်းဂျောင်ကို လက်ညိုးထိုးပြီး အပြစ်ပြောကြတော့၏။
"လော်ထျန်းဂျောင် အရှုံးကို လက်မခံနိုင်တာ နားလည်ပေးနိုင်ပေမယ့် တစ်ဖက်လူကို စွပ်စွဲတာကြီးကတော့ အရမ်းများသွားပြီ...."
"စွပ်စွဲတာကတစ်ကြောင်းထားလိုက်အုန်း။ ယန်ယုချင်က သူ့အတွက်လိမ်ပေးဖို့ တစ်ဖက်လူကို ဖြားယောင်းသွေးဆောင်တယ်လို့တောင် ပြောလိုက်သေးတယ်...."
"ဒီလိုစိတ်ဓာတ်မျိုးက... ကျွတ်...."
"ဒီလိုလူမျိုးကို ဝေးဝေးက ရှောင်သင့်တယ်...."
လော်ထျန်းဂျောင် စိုးရိမ်သွားသလို ဒေါသလည်းထွက်သွား၏။
သူမက ယန်ယုချင်းကိုသံသယဝင်ခဲ့ပေမယ့် သူမကိုယ်တိုင်သာ တပည့်တွေ၏မကျေနပ်မှုကို ရရှိသွားခဲ့သည်။
ဂျန်ဖန်းကို ဒေါသတကြီးစိုက်ကြည်ပြီး ပြောလိုက်သည်။
"နင်က ဒီတစ်ကွက်ပဲ တတ်တာမလား..."
"ဒါလေးနဲ့ ယန်ယုချင်းကို လမ်းညွှန်ပေးတာ သက်သေပြဖို့ မလုံလောက်ဘူး...."
ထိုအရာကို ကြားသည့်အခါ...
ယန်ယုချင် အတော်လေး စိတ်ပျက်သွား၏။
လော်ထျန်းဂျောင် သူမ၏မကျေနပ်ချက်တွေကို ရပ်တန့်မည်မဟုတ်ပေ။
သို့ပေမယ့် ဂျန်ဖန်းက ထိုတစ်ကွက်သာ နားလည်တာဖြစ်၏။
သူက ဘယ်လိုလုပ် သက်သေပြရမည်နည်း။
"လော်ထျန်းမင် နင်အရမ်းအဝေးကြီးမသွားနဲ့...."
ယန်ယုချင် ဒေါသတကြီးပြောလိုက်သည်။
"နင်တကယ်ပဲ အဆင့်ကို လက်မခံနိုင်ရင် ငါလက်လျော့ပြီး နင့်ကို ပေးလိုက်မယ်...."
လော်ထျန်းဂျောင် အေးစက်စွာနှာမှုတ်လိုက်၏။
"ဒီတော့ နင်လိမ်နေတယ်ဆိုတာ ဝန်ခံလိုက်တာပေါ့..."
ဂျန်ဖန်း ထိုမိန်းမကို စိတ်ပျက်စွာကြည့်လိုက်သည်။
ရပ်တန်းက ရပ်သင့်ပြီပင်။
သူမလုံးဝပါးစပ်ပိတ်သွားအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်၏။
"ငါ တစ်ကွက်ပဲသိတယ်လို့ ဘယ်သူပြောလဲ..."
ယန်ယုချင်တို့ပြိုင်နေကြစဥ် သူက နည်းစနစ်၏ကျန်အပိုင်းတွေကို နားလည်ဆင်ခြင်ခဲ့၏။
ချက်ချင်းပဲ သရုပ်ဖော်ပြသလိုက်၏။
"ဒုတိယကွက်- နေလအလင်းတန်း...."
"တတိယကွက်- ဆောင်းဦးနှင့်နွေ...."
"စတုတ္တကွက်- အသင်္ချေဓမတရားများပြန်လာခြင်း...."
လှုပ်ရှားမှုလေးခုလုံး သရုပ်ဖော်ပြီးနောက်....
အခြားလူတွေ ဘာမှ ထူးထူးခြားခြား မခံစားရပေ။
သူတို့နားလည်ထားတာအရ ကောင်းကင်တိမ်လက်ဝါးသိုင်းကို ဂျန်ဖန်းက ယန်ယုချင်ကို ပေးခဲ့တာပဲဖြစ်သည်။
နည်းစနစ်တစ်ခုလုံးကို မသိမှသာ အံံ့သြစရာဖြစ်မည်ဖြစ်သည်။
သို့ပေမယ့် ယန်ယုချင်သာသိ၏။
ဂျန်ဖန်း ဤနည်းစနစ်ကို လွန်ခဲ့သည့် တစ်နာရီလောက်ကမှ စတင်လေ့လာခဲ့တာဖြစ်သည်။
ထို့ပြင် သူမစင်ပေါ်မတက်ခင် ပထမပုံစံကိုသာ နားလည်သေး၏။
ပြိုင်ပွဲပြီးသွားသည့်နောက်၌ ကျန်သုံးကွက်လုံးကို ဆုပ်ကိုင်မိသွားပြီပင်။
ထိုကဲ့သို့ နားလည်နိုင်စွမ်းက ကောင်းကင်ကို ဆန့်ကျင်နေခဲ့သည်။
လော်ထျန်ဂျောင် နောက်တစ်ကြိမ်အရှက်ကွဲသွားပြီး ဒေါသတကြီး အံ့ကြိတ်လိုက်သည်။
"နင်က တမင်သက်သက်ငါ့ကို ဆန့်ကျင်နေတာပဲ..."
ဒိုင်လူကြီး နောက်ထပ် သည်းမခံနိုင်တော့ပေ။
သူက တင်းမာစွာ အော်ပြောလိုက်၏။
"လော်ထျန်းဂျောင်, လုံလောက်ပြီ...."
"စင်ပေါ်ကဆင်း၊ ပြိုင်ပွဲကို မနှောက်ယှက်နဲ့..."
သို့ပေမယ့် လော်ထျန်းဂျောင် ရပ်နေဆဲဖြစ်သည်။
သူမက ဂျန်ဖန်းကို ဒေါသတကြီး လက်ညိုးထိုးပြီး ပြောလိုက်သည်။
"ခဏနေရင် မိတ်ဖြစ်ဆွေဖြစ်ပွဲစပြီ...."
"နင်ငါနဲ့တိုက်ရဲလား..."