အတင်းအကြပ်ရန်စခြင်း
Vol. 15 Ch. 220
အစောပိုင်းက ဂျန်ဖန်း လက်ဝါးသိုင်းသရုပ်ဖော်ဖို့ စိတ်ဝိညာဥ်စွမ်းအင်အနည်းငယ်သာ အသုံးပြုခဲ့တာဖြစ်သည်။
သူ၏အစစ်အမှန်ခွန်အားကို ထုတ်မပြခဲ့ပေ။
ထိုအရာကြောင့် လော်ထျန်းဂျောင် ဂျန်ဖန်းကို စိန်ခေါ်နိုင်မည်ဟု ထင်ခဲ့တာဖြစ်သည်။
"စိတ်မဝင်စားဘူး..."
ဂျန်ဖန်း ပွင့်ပွင့်လင်းလင်း ငြင်းဆိုလိုက်၏။
သူက ဒီနေရာကို မြင့်မြတ်ဂိုဏ်းတပည့်တွေ၏ ခွန်အားကို ကြည့်ဖို့လာခဲ့တာဖြစ်သည်။
ပြိုင်ပွဲပြီးသွားပြီးဆိုမှတော့ ဒီနေရာမှာ ဘာမှလုပ်စရာမရှိတော့ပေ။
မိတ်ဖြစ်ဆွေဖြစ်ပွဲနှင့် ထိုအရာက သူ့အစီအစဥ်ထဲမှာ မရှိပေ။
ပြောပြီးနောက် စင်ပေါ်က ဆင်းကာ ထိုင်ခုံသို့ပြန်သွားလိုက်၏။
ယန်ယုချင် သူမစကတ်ကိုမပြီး အလျှင်အမြန်နောက်ကလိုက်လာ၏။
ဤအချိန်၌, ချန်းရှောင်လန် ဂျန်ဖန်းကိုကြည့်သည့်အကြည့်က လုံးဝပြောင်းလဲသွားပြီပင်။
သူမက ယန်ယုချင်လက်မောင်ကို တွဲလိုက်ပြီး အံ့သြသည့်အသံဖြင့်ပြောလိုက်သည်။
"ယုချင်, နင့်ဦးလေးက အရည်အချင်းအချို့ရှိသားပဲ...."
ချိုင်ယင်ရုံ လေးလေးစားစားပြောလိုက်သည်။
"နည်းနည်းမဟုတ်ဘူး။ အတော်ကို အရည်အချင်းရှိတာ...."
"နင် ရုတ်တရက်ကြီး နင့်ဦးလေးကို ဒီလောက်ထိ လေးစားလာတာ မအံ့သြတော့ပါဘူး..."
ယန်ယုချင် ဂုဏ်ယူမှုကို ခံစားလိုက်ရ၏။
သူမစိတ်ထဲမှာ အလွန်ပျော်နေခဲ့သည်။
သူမ ပြိုင်ပွဲများစွာအနိုင်ရခဲ့ရုံတင်မက အကြီးအကျယ်ကျော်ကြားသွား၏။
သူမသူငယ်ချင်းတွေလည်း သူမမှာ ဤကဲ့သို့ ဦးလေးမျိုးရှိသည့်အတွက် မနာလိုဖြစ်နေကြ၏။
ယနေ့ ရရှိမှုက အတော်များ၏။
"ဒါပေမယ့်, ဘာလို့ နင့်ဦးလေးက လောထျန်းဂျောင်စိန်ခေါ်မှုကို ငြင်းလိုက်တာလဲ...."
ချန်းရှောင်လန် အနည်းငယ်မကျေမနပ်စွာဖြင့်ပြောလိုက်သည်။
"အဲ့ဒီလော်ထျန်းဂျောင်က ပုံမှန်ဆို အရမ်းမောက်မာတာ...."
"နင့်ဦးလေး သူမကို သင်ခန်းစာပေးသင့်တယ်။ ဒါမှ အနာဂတ်မှာ မမောက်မာတော့မှာ...."
ချိုင်ယင်ရုံ အလျှင်အမြန်ပဲ သူမကို တားလိုက်သည်။
"အဲ့ဒီမဆင်မခြင်အကြံတွေ ပေးမနေနဲ့...."
"လော်ထျန်းဂျောင်ကို သင်ခန်းစွာပေးနိုင်တာ မပေးနိုင်တာက နောက်ကိစ္စ..."
"သူမတစ်ခုခုဖြစ်ရင် ငါတို့ဝါးစိမ်းတောင်ထိပ်က စီနီယာအကိုဝမ်ရှေ့ထွက်လာမှာကို မတွေးမိဘူးလား...."
ထိုအခါမှသာ ချန်းရှောင်လန် သတိရသွား၏။
ဝါးစိမ်းတောင်ထိပ်၌ စီနီယာအကိုကြီး ဝမ်ယွင်ကော ရှိသေး၏။
ပုံမှန်ဆို ဝမ်ယွင်ကောက ဤပါရမီရှိသည့် ဂျူနီယာညီမကို အရမ်းအလိုလိုက်၏။
သူမ အနိုင်ကျင့်ခံရလျှင် ဝမ်ယွင်ကော ဒီတိုင်းနေပါ့မလား?...
သူ့တို့ဆက်ဆံရေးကို မပြောလိုသေးပေ။
လော်ထျန်းဂျောင်, ဝါးစိမ်းတောင်ထိပ်၏ပါရမီရှင်တပည့်အနေဖြင့် ရှုံးနိမ့်သွားလျှင် ဝါးစိမ်းတောင်ထိပ်ဂုဏ်သတင်း မှေးမှိန်သွားမည်ပင်။ ဘယ်လိုလုပ် သူရပ်ကြည့်နေနိုင်မည်နည်း။
ခံစားချက်နှင့် အကြောင်းပြချက်ကြောင့် ဝမ်ယွင်ကော ဝင်ပါလာမှာ အသေအချာပင်။
ထိုအရာကိုတွေးပြီး ချန်းရှောင်လန် လျှာထုတ်လိုက်၏။
"ငါပြောတာတွေကို မေ့လိုက်တော့..."
ထိုအခိုက်အတန့်၌...
မြင့်မြတ်ဂိုဏ်းတပည့်တွေ၏ ဆယ်ပွဲမြောက်ဖြစ်သည့် နောက်ဆုံးပွဲက ပြီးဆုံးသွားပြီပင်။
ဂျန်ဖန်း နောက်ထပ်ကြည့်ဖို့ စိတ်မဝင်စားတော့ပဲ ပြောလိုက်သည်။
"ယုချင်, သွားရအောင်...."
"မင်းဆရာ ဆေးအဆင့်သင့်ဖြစ်လောက်ပြီ...."
ထိုအရာကိုကြားသည့်အခါ...
ယန်ယုချင်၏ ရွင်လန်းနေသည့်စိတ် ရုတ်တရက် ဟာလာဟင်းလင်းဖြစ်သွားပြီး အနည်းငယ် စိတ်ပျက်သွား၏။
သူမက ဂျန်ဖန်းနှင့် နေ့တစ်ဝက်ထက်နည်းပြီး အတူရှိခဲ့ရသော်လည်း...
သူက သူမဆီကို အံ့သြစရာတွေအများကြီး ယူလာပေးခဲ့သည်။
ဂျန်ဖန်းထွက်သွားတော့မည်ကိုသိသည့်အခါ သူမထွက်ခွာဖို့ တွန့်ဆုတ်နေခဲ့သည်။
သို့ပေမယ့်...
ဂျန်ဖန်း ထွက်သွားချင်ပေမယ့် လူတိုင်း သူ့တို့ကို ထွက်သွားစေချင်တယ်လို့ မဆိုလိုပေ။
"ဂျူနီယာညီမယန်, မင်းကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ။ ငါ့ဂျူနီယာညီမကိုတောင် အနိုင်ရသွားတယ်...."
ဝမ်ယွင်ကော လက်နှောက်ပစ်ပြီး လော်ထျန်းဂျောင်နှင့်အတူလျှောက်လာခဲ့သည်။
သူ့စကားတွေက ရိုးစင်းပြီး ယုံကြည်မှုအပြည့်ပင်။
ပတ်ဝန်းကျင်ရှိတပည့်တွေ ထိုအရာကိုမြင်ပြီး အလျှင်အမြန် လူစုခွဲသွားကြသည်။
ရှင်းလင်းစွာပင်။
ဝမ်ယွင်ကော သူ့ဂျူနီယာညီမအတွက် ရှေ့ထွက်လာပြီပင်။
ထို့ပြင် သူက ယန်ယုချင်းကို ပြဿနာရှာနေပုံပေါ်သော်လည်း တကယ်တော့ ဂျန်ဖန်းကို ပစ်မှတ်ထားနေတာပဲဖြစ်သည်။
ယန်ယုချင် အနည်းငယ် ထိတ်လန့်သွား၏။
ဝမ်ယွင်ကောက မြင့်မြတ်ဂိုဏ်း၏ ထိပ်တန်းတပည့်ဖြစ်၏။ ပုံမှန်ဆို သူမ သူနှင့် ရင်းနှီးအောင်လုပ်ဖို့ အခွင့်အရေးမရှိပေ။
ယခု, ရုတ်တရက်ကြီး သူမကို အပြစ်လာရှာနေသည်ဖြစ်၍ ဘယ်လိုလုပ် တည်တည်ငြိိမ်ငြိမ်နေနိုင်မည်နည်း။
အလျှင်အမြန်ပဲ လက်ချင်းယှက်ကာ ပြောလိုက်သည်။
"စီနီယာအကိုဝမ်, စီနီယာအမလော်က အလျော့ပေးလို့ပါ...."
ဝမ်ယွင်ကော နှာမှုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"ဂျူနီယာညီမယန်ကသာ နှိမ့်ချနေတာပါ။ မင်းက အရမ်းအထင်ကြီးစရာကောင်းပါတယ်..."
"ငါ စိတ်ထဲမထားပါဘူး၊ ငါ့ဂျူနီယာညီမ အရိုက်ခံရတာ ပုံမှန်ပါပဲ..."
ယန်ယုချင် အစောပိုင်းတုန်းက နှစ်ကြိမ်ဆက်တိုက်ငြင်းတာကို သူ မှတ်မိနေသေး၏။
ယခု ထိုကိစ္စကို ရှင်းရမည်ပင်။
ယန်ယုချင် ခါးသီးမှုကို ခံစားလိုက်ရပြီး အလျှင်အမြန် တောင်းပန်လိုက်သည်။
"စီနီယာအကိုဝမ်, ငါ နင့်ကို အကြိမ်အများကြီး ရန်စမိပါတယ်, ကျေးဇူးပြုပြီး ခွင့်လွတ််ပေးပါ...."
သူမ ဒီလောက်နှိပ်ချနေသော်လည်း ဝမ်ယွင်ကော အလွတ်ပေးမည့်လက္ခဏာမပြပေ။
သူက ဖိအားပေးလိုက်သည်။
"မင်းတောင်းပန်တာကို ငါလက်မခံဘူး..."
"အဆုံးမှာတော့ မင်းက အရမ်းအားကောင်းတယ်လေ။ တကယ့်တိုက်ပွဲမှာ ငါက မင်းပြိုင်ဘက် မဟုတ်လောက်ဘူး...."
"ဝမ်ယွင်ကောက အရည်အချင်းမရှိပါဘူး။ ဂျူနီယာညီမယန်ဆီက အကွက်ရေအနည်းငယ်လောက် သင်ယူနိုင်မယ် မျှော်လင့်ပါတယ်...."
"ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါ...."
ပတ်ဝန်းကျင်ရှိတပည့်တွေ တိတ်တဆိတ် အံ့သြသွား၏။
သူက ထိုအခွင့်အရေးကိုယူပြီး သူမကို သင်ခန်းစာအပြင်းအထန်ပေးချင်နေတာပဲဖြစ်သည်။
ထို့ပြင် ယန်ယုချင်ကို သင်ခန်းစာပေးခြင်းဖြင့် သူမဦးလေးဖြစ်သည့် ဂျန်ဖန်းမျက်နှာကို ဖြတ်ရိုက်ချင်တာဖြစ်သည်။
ဂျန်ဖန်း သူ၏အစစ်အမှန်ရည်ရွယ်ချက်ကို နားလည်၏။
နားထင်ကိုသတ်ပြီး ပြောလိုက်သည်။
"မင်းတို့ကောင်တွေ တကယ် အေးအေးဆေးဆေးမနေနိုင်တာပါလား...."
"တစ်ယောက်ပြီးတစ်ယောက်နဲ့, ဘယ်တော့ရပ်မှာလဲ...."
"ပြော, ဘာလိုချင်တာလဲ...."
ဤမောင်နှမနှစ်ယောက်က အမှန်တကယ်ကို စိတ်ဓာတ်သေးသိမ်ကြ၏။
သာမန်ပြိုင်ပွဲတစ်ခုကနေ ပုဂ္ဂိုလ်ရေးရန်ငြိုးတွေဖြစ်လာ၏။
သူက ဂရုမစိုက်ပေ။
သူထွက်သွားပြီး မြင့်မြတ်ဂိုဏ်းကို နောက်ပြန်မလာလျှင် သူတို့ဘာလုပ်နိုင်မည်နည်း။
ပြဿနာက...
သူထွက်သွားလျှင် ဤမောင်နှမနှစ်ယောက် သူတို့ဒေါသတွေကို ယန်ယုချင်အပေါ် ပုံချလိုက်မှာကိုပင်။
ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ စော်ကားခြင်းတွေက မလွဲဧကန်ပဲဖြစ်သည်။
ထို့ကြောင့်...
အဆုံးထိသွားပေးလိုက်တာ ပိုကောင်း၏။
ဝမ်ယွင်ကော ဂျန်ဖန်းပြောတာကို စောင့်နေတာဖြစ်၏။
"ကောင်းတယ်..."
"အနည်းဆုံးတော့ မင်းမှာ သတ္တိရှိသားပဲ...."
"ငါ မင်းကို အနိုင့်မကျင့်ပါဘူး။ ငါ့ညီမစိန်ခေါ်မှုကိုပဲ လက်ခံလိုက်...."
"ပြဿနာရှိလား...."
ဂျန်ဖန်း စိတ်ဝိညာဥ်အမြစ်မရှိသည့်တပည့်ဟု ကြော်ကြားပြီး ကျင့်ကြံရေးက သနာစရာကောင်းလောက်အောင်နိမ့်၏။
ကောင်းကင်တိမ်လက်ဝါးသိုင်းကို တတ်မြောက်ထားလျှင်တောင် စွမ်းအားဘယ်လောက်များများထုတ်နိုင်မှာနည်း။
သူ့ဂျူနီယာညီမ သူ့ကို အသာအယာ ကိုင်တွယ်နိုင်၏။
"သူမလား...."
ဂျန်ဖန်း လော်ထျန်းဂျောင်ကိုကြည့်ပြီး ခေါင်းခါယမ်းလိုက်သည်။
"သူမ မဖြစ်ဘူး..."
"မင်း တိုက်ရိုက်လာသင့်တယ်...."
လော်ထျန်းဂျောင်မျက်နှာ ချက်ချင်းပြောင်းလဲသွား၏။
သူမက အသံစူးစူးဖြင့် အော်ပြောလိုက်သည်။
"နင် ဘယ်သူကို အရည်အချင်းမပြည့်ဘူးလို့ပြောတာလဲ...."
"ငါ, လော်ထျန်းဂျောင်က တိိမ်စိမ်းဂိုဏ်းရဲ့ စိတ်ဝိညာဥ်အမြစ်မရှိတဲ့တပည့်လောက်တောင် အရည်အချင်းမရှိဘူးပေါ့....."
"ဟာသပဲ..."
သူမ ဂျန်ဖန်းကို လက်ညိုးထိုးပြီး ပြောလိုက်သည်။
"နင်က ငါ့ကို စော်ကားနေတာပဲ..."
"ဒီနေ့ ဒီကိစ္စကို လွယ်လွယ်နဲ့ပြီးသွားမယ်မထင်နဲ့...."
ဝမ်ယွင်ကော အထင်အမြင်သေးစွာ လှောင်ပြောင်လိုက်၏။
"ငါနဲ့ တိုက်မယ်..."
"စိတ်ဝိညာဥ်အမြစ်မရှိတဲ့ တပည့်တစ်ယောက်ကို အနိုင်ကျင့်ဖို့ ငါစိတ်မဝင်စားဘူး...."
"ဒီစကားသာပျံ့သွားရင် ငါမျက်နှာမပျက်ဘူးလား...."
"မင်းငါနဲ့တိုက်ချင်ရင်, အရင်ဆုံး ငါ့ညီမကို အနိုင်ယူလိုက်အုန်း...."
ဂျန်ဖန်း လော်ထျန်းဂျောင်ကို အနိုင်မကျင့်ချင်ပေ။
သို့ပေမယ့် သူတို့က အတင်းအကျပ် တောင်းဆိုနေတာဖြစ်၏။
သူ ဘာပြောနိုင်မည်နည်း။
"ဒါဆိုလည်း ကောင်းပြီလေ...."
လော်ထျန်းဂျောင် ကျေနပ်သည့်အမူအရာပြသလာ၏။
ဂျန်ဖန်းကို စိုက်ကြည့်ပြီး အေးစက်စွာပြောလိုက်သည်။
"နင့်ခန္ဓာကိုယ်က တစ်ချက်ရိုက်တာ တောင့်ခံနိုင်ဖို့ ဆုတောင်းထားတာပိုကောင်းမယ်...."
"ငါ ညာမှာမဟုတ်ဘူး...."
ဂျန်ဖန်း တစ်ခစ်ခစ် ရယ်လိုက်၏။
"ရယ်ရသားပဲ။ ငါလည်း ညာမှာမဟုတ်ပါဘူး...."
မကြာမီ နှစ်ယောက်သား စင်မြင့်ပေါ်ရောက်လာကြသည်။
မြင့်မြတ်ဂိုဏ်းချုပ်၊ အကြီးအကဲတွေနှင့် တပည့်များစွာ ထွက်ခွာဖို့ပြင်လိုက်၏။
တစ်ယောက်ယောက် မိတ်ဖြစ်ဆွေဖြစ်ပွဲ ယှဥ်ပြိုင်တော့မှာကို မြင်သည့်အခါ ပြန်ထိုင်လိုက်ကြသည်။
ကြည့်နေသည့်တပည့်များစွာလည်း ဂျန်ဖန်းလို ခံစားရ၏။
မိတ်ဖြစ်ဆွေဖြစ်ပွဲမှာ ယှဥ်ပြိုင်တာက ရှုံးလျှင် သူ့တို့ဂိုဏ်းတွေကို အရှက်ရစေမည်ဖြစ်သည်။
အနိုင်ရလျှင် မြင့်မြတ်ဂိုဏ်း အရှက်ကွဲမည်ပင်။
ထို့ကြောင့် ဘာမှမလုပ်တာက ပိုကောင်းသည်ဟု ယူဆ၏။
မိတ်ဖြစ်ဆွေဖြစ်ပွဲ၌ စည်းမျဥ်းတွေရှိသော်လည်း အနည်းစုက အမှန်တကယ် စင်မြင့်ပေါ်တက်ခဲ့၏။
ဤတစ်ချိန်၌ ရှားရှားပါးပါး အပြင်ဂိုဏ်းတပည့်တစ်ယောက် စင်မြင့်ပေါ်ကို တက်သွားခဲ့သည်။
သဘာဝအတိုင်း ထိုအရာ သူတို့စိတ်ဝင်စားမှုတွေကို နှိုးဆွခဲ့၏။
ဂိုဏ်းတွင်းပြိုင်ပွဲတွေကို ကြည့်ရတာနှင့်ယှဥ်လျှင်....
အပြင်ဂိုဏ်းနှင့် မြင့်မြတ်ဂိုဏ်းကြား ပြိုင်ပွဲက ပိုဆွဲဆောင်မှုရှိ၏။
အဘယ်ကြောင့်ဆိုသော် ယှဥ်ပြိုင်သည့်လူတွေက ဂိုဏ်းနှစ်ဂိုဏ်း၏ ဂုဏ်သိက္ခာကို ကိုယ်စားပြုသောကြောင့်ပင်။