မြင့်မြတ်ဂိုဏ်းချုပ်ကို ထိတ်လန့်စေခြင်း
Vol. 15 Ch. 221
ရလဒ်က အရေကြီး၏။
သို့ပေမယ့် မြင့်မြတ်ဂိုဏ်းကလူတွေက အတော်လေး သက်တောင့်သက်သာရှိနေဆဲပင်။
အဘယ်ကြောင့်ဆိုသော် စင်မြင့်ပေါ်တက်သွားသည့်လူက သူတို့၏ပါရမီရှင်တပည့် လော်ထျန်းဂျောင် ဖြစ်နေသောကြောင့်ပင်။
သူမခွန်အားက မေးခွန်းထုတ်စရာမဟုတ်ပေ။
ထို့ပြင် ပြိုင်ဘက်က တိမ်စိမ်းဂိုဏ်းမှ တပည့်ငယ်လေးသာဖြစ်ပြီး ပြောစကားအရ စိတ်ဝိညာဥ်အမြစ်မရှိပေ။
ထို့ကြောင့် စိုးရိမ်စရာအကြောင်းမရှိပေ။
ဒိုင်လူကြီး နှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်သည်။
"ဒါက မိတ်ဖြစ်ဆွေဖြစ်ပွဲဆိုတော့ သဟဇာတဖြစ်ဖို့က အဓိကပဲ...."
"ဒါကြောင့် လက်ရည်စမ်းရုံပဲတိုက်ခိုက်ကြပါ၊ အပြင်းအထန်ဒဏ်ရာရအောင် မလုပ်ရဘူး...."
"ကြမ်းကြမ်းတမ်းတမ်းလုပ်ရင် ငါ့တို့ဂိုဏ်းနဲ့ ပြင်ပဂိုဏ်းနှစ်ခုလုံးက အကြမ်းဖက်တဲ့လူကို အပြင်းအထန်း အပြစ်ပေးလိမ့်မယ်၊ နားလည်လား...."
မိတ်ဖြစ်ဆွေဖြစ်ပွဲက မြင့်မြတ်ဂိုဏ်းနှင့် အခြားဂိုဏ်းတွေ ယှဥ်ပြိုင်သည့်ပြိုင်ပွဲဖြစ်သည်။
ဒဏ်ရာအပြင်းအထန် ဒါမှမဟုတ် သေသွားလျှင် မူလရည်ရွယ်ချက်ဖြစ်သည့် မိတ်ဖြစ်ဆွေဖြစ်ပွဲကို ပျက်စီးသွားစေမည်ပဲဖြစ်သည်။
ထို့ကြောင့် ထိုကဲ့သို့စည်းမျဥ်းထားရှိထားတာဖြစ်သည်။
လော်ထျန်ဂျောင် လက်ပိုက်ထားပြီး ရယ်လိုက်၏။
"သေချာပေါက်, ကျွန်မမှာ ပြဿနာမရှိဘူး..."
"သူအရှုံးကို လက်မခံနိုင်ပဲ အလစ်မတိုက်သရွေ့ပေါ့...."
ဂျန်ဖန်း လက်နှောက်ပစ်ထားပြီး ထူးမခြားနားစွာပြောလိုက်သည်။
"အရှုံးကိုလက်မခံနိုင်ပြီး သက်သေမရှိပဲ စွပ်စွဲတာ မင်းမဟုတ်ဘူးလား...."
သူမက "အရှုံးကိုလက်မခံသူ" လို့ပြောရဲတာက အတော်ကို မယုံနိုင်စရာပင်။
လော်ထျန်ဂျောင်အမူအရာ ဒေါသသကြောင့် တွန့်လိမ်သွား၏။
"နင်...."
"ကောင်းပြီ, ငါနင့်နဲ့ပြောစရာမရှိတော့ဘူး...."
"နင့်ခွန်အားက နင့်ပါးစပ်လောက် အစွမ်းထက်မလား ကြည့်ကြတာပေါ့...."
ဂျန်ဖန်း တည်ငြိမ်စွာပြောလိုက်သည်။
"ဒါဆိုလည်း သေသေချာချာကြည့်, လွဲချော်မသွားနဲ့နော်..."
လော်ထျန်းဂျောင် ဒေါသထွက်သွား၏။
ထိုအကောင်က လျှာစောင်းထက်လှ၏။ ဤပြိုင်ပွဲကို အခွင့်ရေးယူပြီး ထို့ကောင်ပါးစပ်ကို ဖြတ်ကန်ပစ်ဖို့ ကျိန်ဆိုလိုက်၏။
စည်းမျဥ်းအတွက်တော့....
ပါးစပ်ဖြတ်ကန်တာက ဒဏ်ရာအပြင်းထန်ရအောင် လုပ်သည်ဟု မဆိုလိုပေ။
ထိုအရာက သူအရည်အချင်းမပြည့်ဝရုံသာဖြစ်သည်။
"ဒိုင်လူကြီး ကျွန်မအဆင်သင့်ဖြစ်ပြီ...."
သူမ နောက်ထပ် မစောင့်နိုင်တော့ပေ။
ဂျန်ဖန်းလည်း ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
"ငါလည်း အသင့်ဖြစ်ပြီ...."
ဒိုင်လူကြီး ခေါင်းညိတ်လိုက်၏။
ထို့နောက် စင်မြင့်ပေါ်မှဆင်းကာ ကျယ်လောင်စွာအော်ပြောလိုက်၏။
"ပြိုင်ပွဲ စတင်ပြီ...."
ချက်ချင်းပဲ...
ချန်းရှောင်လန် အနည်းငယ် စိုးရိမ်နေ၏။
"ယုချင်, ဘာလို့ နင့်ဦးလေးကို မတားတာလဲ..."
ချိုင်ယင်ရုံလည်း ချည်းကပ်လာ၏။
"လော်ထျန်းဂျောင်က အသာအယာလုပ်မှာမဟုတ်ဘူး။ ပြီးတော့ နင့်ဦးလေးက စိတ်ဝိညာဥ်အမြစ်မရှိဘူးလေ...."
"သူတို့တိုက်တာနဲ့ နင့်ဦးလေး အကြီးအကျယ်ရှုံးပြီပဲ....."
သို့ပေမယ့် ယန်ယုချင် စိုးရိမ်သည့်အမူအရာ မပြပေ။
ထိုအစား, သူမက ထူးဆန်းစွာ ပြောလိုက်သည်။
"စကားမပြောနဲ့, ဂရုတစိုက်ကြည့်စမ်းပါ...."
"ငါ့ဦးလေးကို နင်တို့က သာမန်လို့ထင်နေတာလား..."
ဟမ်?....
အမျိုးသမီးနှစ်ယောက် အံ့အားသင့်သည့်အမူအရာတွေ ပြသလာ၏။
ဂျန်ဖန်း၌ အမှန်တကယ်ပဲ အနိုင်ရဖို့ အခွင့်အရေးရှိသည်လား?....
အခြားတစ်ဖက်၌....
ဟွာရှန်ချန် ဂျန်ဖန်းပုံရိပ်ကိုစိုက်ကြည့်နေပြီး မျက်လုံးထဲမှာ အနည်းငယ် မကျေနပ်မှုတွေ ရှိနေခဲ့သည်။
"ဒီမောက်မာတဲ့အရူးကောင်, သင်ခန်းစာပေးခံရဖို့ ထိုက်တန်တယ်...."
"ဒါပေမယ့် အရမ်းကြီးတော့မလုပ်နဲ့။ ဂျူနီယာညီမချောင်ကောကြည့်ရတာ သူ့ကို အတော်လေး လေးစားတယ်။ သူဒဏ်ရာရသွားရင် ဂျူနီယာညီမက သေချာပေါက် သူ့အတွက် ရပ်တည်ပေးမှာ...."
လီရှီချန်း အထင်သေးသည့်ပုံ ပြသလာ၏။
"မိန်းမတစ်ယောက်နောက်မှာ ပုန်းနေတာ ဘာအထင်ကြီးစရာရှိလို့လဲ...."
"ဒါက သူ့ကို လူတွေ ပိုပြီး အထင်သေးစေတယ်...."
ဝမ်ယွင်ကောကတော့ လက် ခေါင်းနောက်ပစ်ထားပြီး သက်တောင့်သက်သာပဲ ခြေချိတ်ထိုင်နေခဲ့သည်။
ကျေနပ်သည့်အမူအရာဖြင့် ပြောလိုက်သည်။
"စိတ်အေးအေးထားပါ..."
"ငါ့ဂျူနီယာညီမက အကန့်အသတ်ကို သိပါတယ်။ အရမ်းကြီးဒဏ်ရာရအောင် မလုပ်ပါဘူး....."
"ဒါပေမယ့် ဒီကောင်က အနည်းငယ်သင်ခန်းစာပေးလိုက်မှလဲ အသိတရားရလာမှာ...."
ဟွာရှန်ချန်း သက်တောင့်သက်တာပြုံးလိုက်၏။
သူက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။
"ဒီကောင် ကိုယ့်အဆင့်ကိုယ် နားလည်သင့်တယ်...."
"မဟုတ်ရင်, ဦးလေးလို့အခေါ်ခံရတာနဲ့ပဲ မြင့်မြတ်ဂိုဏ်းမှာ အစွမ်းပြနိုင်ပြီထင်နေအုန်းမယ်...."
ရှချောင်ကောနှင့် ယန်ယုချင်းတို့လို လှပသည့်အမျိုးသမီးနှစ်ယောက် ဂျန်ဖန်းကို အလွန်လေးစားနေတာမြင်သည့်အခါ...
သူ့နှလုံသားထဲမှာ ဆူးတစ်ချောင်စိုက်နေသလို ခံစားရ၏။
ဝမ်ယွင်ကော ပြိုင်ပွဲကွင်းပြင်ကို တစ်ချက်ကြည့်လိုက်သည့်အခါ လော်ထျန်းဂျောင် စလှုပ်ရှားနေပြီဆိုတာ သတိထားမိပြီး သူ့နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ခုပေါ်လာခဲ့သည်။
"ငါတို့ လောင်းကြရင်ကော ဘယ်လိုလဲ...."
"ဂျန်ဖန်း ငါ့ဂျူနီယာညီမရဲ့ တိုက်ကွက် ဘယ်လောက်ခံမလဲလို့လေ...."
"ငါကတော့ သုံးကွက်အများဆုံးပဲ..."
"ငါရှုံးရင်, မင်းတို့နှစ်ယောက်ကို သလင်းကျောက်နှစ်ရာစီပေးမယ်...."
လီရှီချန်း စိတ်ဝင်စားသွားပြီး စဥ်းစားလိုက်၏။
"ဒါဆို ငါက လေးကွက်...."
"သူက ကောင်းကင်တိမ်လက်ဝါးသိုင်းကို သိမှတော့ အမြန်ကြီးတော့ မရှုံးလောက်ဘူး...."
ဟွာရှန်းချန်း ဖျော့တော့စွာပြုံးလိုက်သည်။
"ဂျူနီယာညီမနဲ့ ဂျူနီယာညီလေးက ဒီလို စိတ်အားထက်သန်နေမှတော့လည်း ငါလည်းပါရမှာပေါ့...."
"ငါးကွက်..."
"ရှချောင်ကောနဲ့ ယန်ယုချင်က ဦးလေးလို့ခေါ်မှတော့ ဝှက်ဖဲအချို့တော့ရှိသင့်တယ်...."
ဝမ်ယွင်ကော ဟက်ဟက်ပက်ပက် ရယ်လိုက်၏။
"ကြည့်ရတာတော့ ငါ သလင်းကျောက် လေးရာနိုင်တော့မယ်နဲ့တူတယ်...."
"သုံးကွက်တောင် ငါ သဘောထားကြီးထားတာ...."
"မင်းတို့တွေ သူ့ကို ဒီလောက်အထင်ကြီးလိမ့်မယ်လို့ ထင်မထားဘူး။ ငါ့ဂျူနီယာညီမရဲ့လှုပ်ရှားမှုလေးခု ငါးခုတောင် ခုခံနိုင်မယ် ထင်လိုက်သေးတယ်...."
"ဟ..ဟ...ဟ..."
သူရယ်နေစဥ်....
လော်ထျန်းဂျောင် ရက်စက်သည့်အပြုံးဖြင့် ဂျန်ဖန်းရင်ဘတ်ကို ရိုက်ချလိုက်သည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ၇ အနေဖြင့် စိတ်ဝိညာဥ်အမြစ်မရှိသည့်လူနှင့် တိုက်ခိုက်တာ ကိတ်မုန့်ခွဲသလိုပင်။
သူမ၌ အစီအစဥ်တွေရှိပြီးသားဖြစ်သည်။
ပထမရိုက်ချက်က ဂျန်ဖန်းကို လဲချသွားအောင်လုပ်မည်ဖြစ်သည်။
ဒုတိယအကွက်၌ ဂျန်ဖန်း မျက်နှာကို ဖြတ်ကန်မည်ဖြစ်သည်။
သုံးကွက်မြောက်၌ မြေပြင်မှကောက်မပြီး ပါးအနည်းငယ်ရိုက်မည်ဖြစ်သည်။
သို့ပေမယ့်....
စိတ်ကူးကတော့လှ၏။ လက်တွေ့ကတော့ ရက်စက်လှ၏။
ဂျန်ဖန်း လက်နောက်ပစ်ထားဆဲဖြစ်သည်။
ရိုက်ချက် သူ့လက်ဝါးနားရောက်သည့်အခါ အေးအေးဆေးဆေး ညာလက်ကို ဝှေ့ယမ်းကာ သူမလက်ကောက်ဝတ်ကို တိုက်ခိုက်လိုက်၏။
အ...
ချက်ချင်းပဲ လော်ထျန်းဂျောင်လက်ကောက်ဝတ် အပြင်းအထန်နာကျင်သွား၏။ သူမလက်ကျိုးသွားပြီပင်။
သူမ နာကျင်စွာအော်ဟစ်လိုက်ပြီး မျက်နှာရှုံ့မဲ့သွား၏။
ဂျန်ဖန်း ပြောလိုက်သည်။
"ဘာလို့ရပ်လိုက်တာလဲ...."
လော်ထျန်ဂျောင် အစော်ကားခံလိုက်ရပြီး ဒေါသထွက်သွား၏။ သူမက ဂျန်ဖန်း ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ဖို့ မှော်ရတနာတစ်ခုသုံးလိုက်သည်ဟု ထင်လိုက်၏။
သူမ၏ ကုန်းနေသည့်အမူအရာကို အခွင့်ကောင်းယူပြီး ညာခြေဖြင့် ခြေသလုံးကို ဖြတ်ကန်လိုက်ကာ လဲကျသွားအောင်လုပ်ဖို့ ကြိုးစားလိုက်၏။
ဘန်း...
သို့ပေမယ့်...
သူမ၏နူးညံ့သည့်ခြေထောက်လေးက ဂျန်ဖန်းခြေထောက်ကို ကန်မိသွားသည့်အခါ....
ချက်ချင်းပဲ ကျောက်တုံးတစ်တုံးကို ကန်မိသလိုခံစားလိုက်ရပြီး ပြင်းထန်သည့်နာကျင်မှုက ခြေထောက်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။
ဂျန်ဖန်း ခေါင်းခါယမ်းလိုက်သည်။
"မင်းမှာရှိတာ ဒါအကုန်လား...."
ပြောပြီးနောက် ခြေထောက်ကိုဝှေ့ယမ်းကာ သူမရင်ဘတ်ကို ဆောင့်ကန်လိုက်၏။
ပြင်းထန်သည့်အားကြောင့် သူမကို မြေပြင်ပေါ်လဲကျသွားစေ၏။
ထိုမျှနှင့် မပြီးသေးပေ။
အားကလျော့ကျမသွားသေးပဲ သူမကို ကျောက်တုံးကြမ်းပြင်တစ်လျှောက် တစ်ရွတ်တိုက်လျောသွားစေပြီး နောက်ဆုံး နှစ်ကိုက်သုံးကိုက်လောက်ရောက်မှ ရပ်တန့်သွားခဲ့သည်။
အဆက်မပြတ်ပွတ်တိုက်မှုကြောင့် သူမဦးခေါင်းမှ သွေးတွေ စီးကျလာခဲ့သည်။
ပိုဆိုးတာက..
သူမကုန်းရုန်းပြီးထလိုက်ချိန်၌....
ပွတ်တိုက်မှုကြောင့် သူမနောက်စိမှဆံပင်တွေ ပြောင်သွားပြီပဲဖြစ်သည်။
လော်ထျန်းဂျောင် သူမနောက်စိကို ကိုင်ကြည့်လိုက်သည့်အခါ ချက်ချင်းပဲ အော်ဟစ်လိုက်၏။
"အား.... ငါ့ဆံပင်တွေ...."
ထို့နောက် ဒေါသတကြီး မျက်လုံးတွေဖြင့် ဂျန်ဖန်းကို စိုက်ကြည့်လိုက်သည်။
သူမက သူ့ဆီပြေးသွားပြီး အော်ဟစ်လိုက်၏။
"ငါ နင့်ကို သတ်မယ်...."
ငါ့ကိုသတ်မယ်?....
ဂျန်ဖန်း မျက်လုံးတွေ ကျဥ်းမြောင်းသွား၏။
မင်းတို့ကောင်တွေက ခေါ်တော့ မိတ်ဖြစ်ဆွေဖြစ်ပွဲ....
မျှမျှတတမကစားနိုင်တော့ အခု သတ်ဖို့ အော်ဟစ်နေတယ်ပေါ့....
ဒီလို အကျင့်ဆိုးမျိုး ဘယ်သူက မင်းကို သင်ပေးလိုက်တာလဲ...
ထို့နောက် သူ့ခြောက်ကို ဝှေ့ယမ်းလိုက်သည့်အခါ သူ့ခြေထောက်က ကြာပွတ်တစ်ခုကဲ့သို့ လှုပ်ရှားသွားခဲ့သည်။
လော်ထျန်းဂျောင် မတုန့်ပြန်နိုင်ခင်မှာပဲ ခါးကို ထိမှန်သွားခဲ့သည်။
ထို့နောက် လေးငါးကိုက် အဝေးကို လွင့်ထွက်သွားပြီး စင်ပေါ်မှ ပြုတ်ကျသွားခဲ့သည်။
သုံးကွက်...
သုံးကွက်တည်းဖြင့်လော်ထျန်းဂျောင် စင်ပေါ်မှ ပြုတ်ကျသွားပြီဖြစ်သည်။
မြင့်မြတ်ဂိုဏ်းတပည့်တွေ ကြောင်အသွား၏။
အထင်ကြီးထားသည့် လော်ထျန်းဂျောင် တိမ်စိမ်းဂိုဏ်းမှ စိတ်ဝိညာဥ်အမြစ်မရှိသည့် တပည့်တစ်ယောက်ကြောင့် အမှောက်သိပ်ခံလိုက်ရသည်။
မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ် အံ့အားသင့်စွာပဲ မျက်ခုံးပင့်လိုက်သည်။
"သူက ဘယ်သူ့တပည့်လဲ...."
"ကြည့်ရတာ ခန္ဓာကိုယ်သန့်စင်သူထင်တယ်။ အတော်လေး သန်မာတဲ့ ရုပ်ခန္ဓာပဲ..."
"သူက ဧရာမဂိုဏ်းတပည့်ဖြစ်သင့်တယ်..."