မောက်မာခြင်း
Vol. 15 Ch. 222
ဂျန်ဖန်းကို အသိအမှတ်ပြုသည့်တစ်ဦးတည်းသောသူက ဆေးသန့်စင်နေဆဲဖြစ်သည့် ရှန်ဂွမ်းရှန်ပင်။
အခြားအကြီးအကဲတွေ တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်၏။
"ဧရာမဂိုဏ်းကတပည့်တွေပဲ ရုပ်ခန္ဓာကို အခြေခံတည်ဆောက်ခြင်းအဆင့် ၇ ကို ခုခံနိုင်တဲ့အထိ ကျင့်ကြံနိုင်ကြတာ..."
"ဒါ့ပြင် ပါရမီရှင်မျိုးစေ့တွေဖြစ်မှလဲရမှာ...."
"ဒီကောင်လေးကို ၁၀ နှစ်အချိန်ပေးလိုက်, ဧရာမဂိုဏ်းမှာ အကြီးအကဲအဆင့် ကျွမ်းကျင်သူတစ်ယောက်ပေါ်လာလိမ့်မယ်..."
ဂျန်ဖန်း သူ့ခြေထောက်ကို ပြန်ရုတ်လိုက်၏။
ပွန်းပဲ့ဒဏ်ရာအပြည့်ဖြင့် လော်ထျန်းဂျောင်ကိုကြည့်ပြီး သူက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
"ငါမင်းကိုပြောသားပဲ။ မင်းမှာ အရည်အချင်းမရှိပါဘူးလို့..."
အလွန်မတန် အရှက်ကွဲပြီးနေပြီဖြစ်သည့် လော်ထျန်းဂျောင် ထိုစကားကိုကြားသည့်အခါ ပိုလို့တောင်စော်ကားခံရသလို ခံစားလိုက်ရ၏။
"ငါ နင်နဲ့ အဆုံးထိတိုက်ခိုက်မယ်...."
သူမက အော်ဟစ်ပြီး စင်ပေါ်သို့ပြေးတက်ကာ ဆက်လက်တိုက်ခိုက်ဖို့ ရည်ရွယ်လိုက်၏။
ဂျန်ဖန်း သူမကိုလျစ်လျူရှုလိုက်ပြီး ကြောင်အနေသည့် ဒိုင်လူကြီးကို ကြည့်လိုက်သည်။
ထိုကဲ့သို့မမျှော်လင့်ထားသည့်ရလဒ်ကြောင့် ဒိုင်လူကြီး အံ့အားသင့်သွားတာ အသိသာပင်။
အသိပြန်ရလာသည့်အခါ သူက အလျှင်အမြန်ပဲ ဆူပူကြိမ်းမောင်းလိုက်၏။
"လော်ထျန်းဂျောင်, စင်ပေါ်က ဆင်းစမ်း..."
"မဟုတ်ရင်, ဂိုဏ်းစည်းမျဥ်းအရ အရေးယူမယ်...."
လော်ထျန်းဂျောင် တုန်လှုပ်သွား၏။
သူမက ဂျန်ဖန်းကို တွန့်ဆုတ်စွာကြည့်ပြီး စင်မြင့်ပေါ်က ဆင်းသွားခဲ့သည်။
ဂျန်ဖန်း ခေါင်းမော့လိုက်ပြီး မျက်နှာတွေ တောင့်တင်းနေသည့် ဟွာရှန်ချန်၊ လီရှီချန်း၊ ဝမ်ယွင်ကောတို့ကို ကြည့်လိုက်သည်။
သူတို့က ဂျန်ဖန်း အများဆုံးမှ ငါးကွက်သာ ခုခံနိင်မည်ဟု ထင်ခဲ့ကြ၏။
သို့ပေမယ့်, လက်တွေ့မှာတော့ လော်ထျန်းဂျောင် တစ်ကွက်တောင် မခုခံနိုင်ခဲ့ပေ။
ထိုအခိုက်အတန့်၌ ဂျန်ဖန်း၏စိုက်ကြည့်မှုက သုံးယောက်သားကို အတော်လေး မသက်မသာ ဖြစ်သွားစေခဲ့သည်။
အထူးသဖြင့် ဝမ်ယွင်ကောပင်။
လော်ထျန်းဂျောင်ရှုံးနိမ့်မှုက ဝါးစိမ်းတောင်ထိပ်မျက်နှာပျက်တာကို ဆိုလိုနေ၏။
သူက ကုလားထိုင်ကို လက်ဝါးဖြင့်ရိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။
"မောက်မာလိုက်တာ...."
ဝမ်ယွင်ကော အပြင်းအထန် နှာမှုတ်လိုက်၏။
"တိမ်စိမ်းဂိုဏ်းက အမှိုက်ကောင်...."
"မင်းက ခန်န္ဓာသန့်စင်ထားရုံလေးနဲ့ ငါ့မြင့်မြတ်ဂိုဏ်းမှာ လာဟိတ်ဟန်လုပ်လို့ရမယ်မထင်နဲ့..."
"ဘယ်လိုတောင် ငါ့ဂျူနီယာညီမကို အနိုင်ကျင့်ရဲတာလဲ..."
"မင်းတို့နှစ်ယောက် အေးအေးထိုင်နေကြ၊ ငါမကြာခင်ပြန်လာခဲ့မယ်...."
ပြောပြီးနောက် လက်နောက်ပစ်ပြီး စင်ပေါ်ကို လျှောက်သွားလိုက်သည်။
သူ့အသွင့်အပြင်က မြင့်မြတ်ဂိုဏ်းတပည့်တွေ၏အားပေးသံကို ဆွဲဆောင်သွားခဲ့သည်။
"ဝါးစိမ်းတောင်ထိပ်စီနီယာအကိုကြီး စင်ပေါ်တက်လာပြီ..."
"ဟ...ဟ..ဟ.. ဒီကောင်လေး အခု နောင်တရနေလောက်ပြီမလား? သူတကယ်ပဲ ဝမ်ယွင်ကောကို ရန်စမိပြီ..."
"စီနီယာအကိုဝမ်က အခြေခံတည်ဆောက်ခြင်းအဆင့် ၉ မှာ ပထမတန်းစားပါရမီရှင်ပဲ။ ပြီးတော့ သူ့လက်ဝါးသိုင်းက အံ့အားသင့်စရာကောင်းလောက်အောင်ကို စွမ်းအားကြီးလွန်းတယ်....."
"ဂျန်ဖန်းရဲ့ ခန္ဓာကိုယ်သေးသေးလေးက စီနီယာအကိုဝမ်ရဲ့ လက်ဝါးတစ်ချက်ကိုတောင် ခုခံနိုင်မှာမဟုတ်ဘူး...."
ဝမ်ယွင်ကော သူမအတွက် စင်ပေါ်တက်သွားတာမြင်သည့်အခါ လော်ထျန်းဂျောင် မနေနိုင်ပဲ မကျေနပ်စွာဖြင့် သူမမျက်ရည်တွေကို သုတ်လိုက်သည်။
"စီနီယာအကိုဝမ်, နင် ငါ့အတွက် လက်စားချေပေးရမယ်...."
"ကြည့်ပါအုန်း, သူ ငါ့ဆံပင်တွေကို ဖျက်ဆီးပစ်တယ်..."
ထိုအရာကိုကြားသည့်အခါ ဂျန်ဖန်းကိုကြည့်သည့် ဝမ်ယွင်ကောအကြည့်က ပိုမို အေးစက်လာခဲ့သည်။
အနည်းငယ်ခေါင်းမော့ပြီး နှာမှုတ်လိုက်၏။
"မိန်းကလေးတစ်ယောက်ကို ဒီလောက်ရက်ရက်စက်စက်လုပ်တယ်၊ မင်းယောက်ျားကော ဟုတ်ရဲ့လား..."
ဂျန်ဖန်း သူဆူပူကြိမ်းမောင်းတာကြောင့် လုံးဝကြောက်မသွားပေ။ ဆန့်ကျင်ဘက်အနေဖြင့် အလွန်တည်ငြိမ်နေခဲ့သည်။
"ငါမှတ်မိတာမှန်မယ်ဆိုရင်, ငါအစကတည်းက ပြောခဲ့တယ်မလား။ သူမက အရည်အချင်းမပြည့်ဘူး။ မင်းတိုက်ရိုက်လာသင့်တယ်လို့လေ...."
"ဒါပေမယ့် မင်းက နားမထောင်ခဲ့ဘူး..."
"မင်းဂျူနီယာညီမကို အရင်စင်ပေါ်တက်ခိုင်းတယ်...."
"ငါက ဘာနည်းစနစ်မှတောင် မသုံးရသေးဘူး။ ငါ့ခွန်အားကို အကောင်းဆုံးဖိနှိပ်ထားတာပဲ...."
"သူမဒဏ်ရာအပြင်းအထန်ရသွားတာ သူမအားနည်းလွန်းလို့နဲ့ မင်းငါ့စကားနားမထောင်လို့ပဲ မဟုတ်ဘူးလား...."
ဝမ်ယွင်ကော အမူအရာ အေးစက်သွား၏။
ထိုအရာက အမှန်တရားဖြစ်၏။
သို့ပေမယ့် ဂျန်ဖန်းက စိတ်ဝိညာဥ်အမြစ်မရှိပေမယ့် ခန္ဓာသန့်စင်ခြင်းကို ဖုံးကွယ်ထားမယ်လို့ မည်သူထင်ထားမည်နည်း။
သူက အပြင်းအထန်နှာမှုတ်လိုက်၏။
"အဓိပ္ပာယ်မရှိတာတွေ တော်လောက်ပြီ...."
"ငါ့ ဂျူနီယာညီမအတွက် တရားမျှတမှုရှာရမယ်...."
"မင်းကိုအနိုင်မကျင့်ပါဘူး။ သုံးကွက်အကျောပေးမယ်။ သုံးကွက်ပြည့်လို့မှ မင်းနိုင်ရင်နိုင် မဟုတ်ရင် ငါ့လက်သီးချက်နဲ့ မှောက်ဖို့ပြင်ထား...."
"တတိယရွေးချယ်မှုမရှိဘူး...."
ဂျန်ဖန်း ရယ်လိုက်၏။
သူတို့ စီနီယာနှင့် ဂျူနီယာ ဖြစ်နေတာမအံ့သြတော့ပေ။ နှစ်ယောက်လုံး ကျိုးကြောင်းမဆီလျော်တာခြင်းအတူတူပဲဖြစ်သည်။
"မလိုပါဘူး၊ မဟုတ်ရင် မင်းလည်း မင်းညီမလိုဖြစ်သွားလိမ့်မယ်...."
ဂျန်ဖန်း အထင်မြင်သေးစွာဖြင့် လက်ဝှေ့ယမ်းလိုက်သည်။
သူက တကယ်ပဲ သူတို့ဂျူနီယာမောင်နှမနှစ်ယောက်နှင့် ငြင်းခုံမနေချင်တော့ပေ။
သူ ဝမ်ယွင်ကောကို ကိုင်တွယ်တာမြန်လေလေ, ယန်ယုချင်းက အနိုင်ကျင့်ဖို့လွယ်သည့်လူမဟုတ်ဘူးဆိုတာ မြန်မြန်ပြသနိုင်လေဖြစ်သည်။
သူလည်း မြန်မြန် ထွက်သွားနိုင်မည်ဖြစ်သည်။
ဝမ်ယွင်ကော ဒေါသတကြီးရယ်လိုက်၏။
"ငါက အရှုံးကို လက်မခံနိုင်ဘူးလို့ မင်းထင်နေတာလား..."
"ကြည့်ရတာ မင်းကို စိန်ခေါ်ပေးတာက မင်းကို သတ္တိအတော်ရှိသွားစေပုံရတယ်...."
"သုံကွက်အကျောပေးတာက အားနည်းသူကို အနိုင်ကျင့်သလိုဖြစ်မှာဆိုးလို့..."
"မင်းက အရမ်းမောက်မာနေမှတော့ မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့...."
"ဒိိုင်လူကြီး, ကျွန်တော်အဆင်သင့်ဖြစ်ပြီ...."
ဂျန်ဖန်း အမူအရာကင်းမဲ့စွာပြောလိုက်သည်။
"ငါလည်း အဆင်သင့်ဖြစ်ပြီ။ အချိန်မရွေးစလို့ရတယ်...."
ဒိုင်လူကြီး ဂျန်ဖန်းကို စိုးရိမ်စွာကြည့်လိုက်သည်။
အနည်းငယ်တွေဝေနေပြီးနောက် သူက ပြောလိုက်သည်။
"စည်းမျဥ်းတွေကို သိတယ်မလား။ ဒဏ်ရာအပြင်းအထန်ရအောင် မလုပ်ရဘူး...."
ထို့နောက် ပြိုင်ပွဲကွင်းပြင်မှထွက်ကာ ပြောလိုက်သည်။
"စတင်ပြီ...."
ချက်ချင်းပဲ....
ချန်းရှောင်လန် စိုးရိမ်စွာ သက်ပြင်းချလိုက်သည်။
"အာ, ကိစ္စတွေက ဒီအခြေအနေထိတောင် ပြင်းထန်သွားပြီပဲ...."
"စီနီယာအကိုဝမ်ကြည့်ရတာ ဒေါသအလွန်ထွက်နေပြီ။ သူက သေချာပေါက် ထိန်းထားမှာမဟုတ်ဘူး...."
ချိုင်ယင်ရုံ စိုးရိမ်စွာပြောလိုက်သည်။
"ဂျန်ဖန်းတော့ ပြဿနာများပြီ။ ဒိုင်လူကြီး အချိန်မှီဝင်တားနိုင်ဖို့ပဲ မျှော်လင့်တယ်...."
ထိုအခိုက်အတန့်၌....
ယန်ယုချင်း မျက်မှောင်အနည်းသယ်သာ ကြုတ်နေတာ သူတို့သတိထားမိလိုက်၏။
သူမက သူတို့ကဲ့သို့ စိုးရိမ်မနေပေ။
ချန်းရှောင်လန် သိချင်စွာဖြင့် မေးလိုက်သည်။
"ယုချင်,နင့်ရဲ့ဦးလေးက စီနီယာအကိုဝမ်ကို ရိုက်နိုင်မယ်လို့ တကယ်ကြီးထင်နေတာလား...."
ဒါက.....
ယန်ယုချင် အနည်းငယ်တွေဝေသွားပြီး ပြောလိုက်သည်။
"အနိုင်အရှုံးက ပြောဖို့ခက်တယ်...."
"ဒါပေမယ့် ရှုံးတောင် ဆိုးဆိုးဝါးဝါးကြီးရှုံးမယ်လို့မထင်ဘူး...."
"ဒီကိုမလာခင်က ဦလေးက ဂျန်ချင်းကို သင်ခန်းစာပေးခဲ့သေးတယ်...."
"ဦးလေးရှေ့မှာ ဂျန်ချင်း ပြန်တိုက်ဖို့တောင် အခွင့်အရေးမရှိဘူး...."
ဘာ?....
အမျိုးသမီးနှစ်ယောက် အံ့အားသင့်သွားကြ၏။
"ဂျန်ချင်းက အခြေခံတည်ဆောက်ခြင်းအဆင့် ၈ လေ။ ပြီးတော့ လှုပ်ရှားမှုနည်းလမ်းလည်း ကျွမ်းကျင်ထားတယ်လို့ ပြောကြတယ်...."
"သူမ သူ့ကို မနိုင်ရင်လည်း ပြေးတော့ပြေးနိုင်သေးတယ်မလား..."
ယန်ယုချင်း ခေါင်းညိတ်လိုက်၏။
ထိုအရာက စိတ်ဝိညာဥ်အမြစ်မရှိသည့်ဂျန်ဖန်းက ထိုမျှလောက်သန်မာသည်ဆိုတာကို ယုံဖို့ခက်နေခဲ့သည်။
မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ်လည်း အတော်လေး စိုးရိမ်နေပြီ သတိပေးလိုက်သည်။
"ဝမ်ယွင်ကောကိုကြည့်ထား။ သူက ထိန်းထားမယ်ပုံမပေါ်ဘူး...."
အကြီးအကဲတွေ တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။
"ဧရာမဂိုဏ်းက အရမ်းမောက်မာတယ်။ ငါတို့မြင့်မြတ်ဂိုဏ်းမှာ သူတို့တပည့်တစ်ခုခုသာ ဖြစ်သွားရင် အလွယ်တကူအလွတ်ပေးမှာမဟုတ်ဘူး..."
"မစိုးရိမ်ပါနဲ့, ငါတို့ရှိနေတာပဲ။ ဝမ်ယွင်ကော အရမ်းဝေးဝေး သွားမှာ မဟုတ်ပါဘူး...."
တစ်ဖက်မှာတော့ ဟွာရှန်းချန် ဒေါသထွက်နေသည့်ဝမ်ယွင်ကောကိုကြည့်ပြီး ကြိုသိနေသည့်အပြုံးတစ်ခု သူ့နှုတ်ခမ်းထောင့်မှာ ပေါ်လာခဲ့သည်။
သူက ရေရွတ်လိုက်၏။
"ဂျန်ဖန်း, အို ဂျန်ဖန်း, ဒီတစ်ကြိမ် မင်း တကယ်ပဲ သံနံရံကို ကန်မိပြီမလား..."
လီရှီချန်း လက်ဖက်ရည်ခွက်ကို ကျော့မော့စွာကိုင်ထားပြီး ပြောလိုက်သည်။
"ဂျန်ဖန်းရုပ်ခန္ဓာက စီနီယာအကိုဝမ်ရဲ့ လက်ဝါးချက်ဘယ်လောက်များများ ခုခံနိုင်မလဲကြည့်ချင်သေးတယ်...."
တပ်!
စင်ပေါ်၌...
ဝမ်ယွင်ကော စတင်လှုပ်ရှားလိုက်၏။
သူ့ညာခြေထောက်ကိုဆောင့်လိုက်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ၏ အံ့အားသင့်ဖွယ်စွမ်းအားကို ထုတ်ဖော်လိုက်သည်။
သန်မာသည့်စိတ်ဝိညာဥ်စွမ်းအင်၊ အဆင့်မြင့် သိမ့်မွေ့ ကျင့်ကြံရေးနည်းစနစ်။
လက်ဝါးချက်က တောင်ပေါ်က ဆင်းသက်လာသည့် ကျားတစ်ကောင်ကဲ့သို့ ရပ်တန့်မရပေ။
သာမန်တပည့်တွေဆိုလျှင် ထိုတိုက်ကွက်ကြောင့် မတိုက်ခင်ကတည်းက သတ္တိရှုံးဆုံးသွားပြီပဲဖြစ်သည်။
ဂျန်ဖန်း အနည်းငယ်ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"တကယ်ပဲ မင်းမှာ အရည်အချင်းအချို့ရှိသားပဲ..."
"မင်းဂျူနီယာညီမထက် အတော်သန်မာတယ်...."
ဂျန်ဖန်း၏အကဲဖြတ်မှုကိုကြားသည့်အခါ...
ဝမ်ယွင်ကော ဒေါသတကြီးရယ်လိုက်၏။
"ငါ့ကို အကဲဖြတ်ရအောင် မင်းကိုယ်မင်း ဘယ်သူထင်နေလဲ..."
"သေလိုက်တော့...."
သူ့လက်ဝါးချက် အားကောင်းလျှင်မြန်ကာ ကျွမ်းကျင်လှ၏။
ဂျန်ဖန်း လက်နောက်ပစ်ကာ ရှေ့တက်လာပြီး ပြောလိုက်သည်။
"ကောင်းပြီလေ, ငါရုပ်ခန္ဓာရဲ့ အကန့်အသတ်ကို စမ်းသပ်ကြည့်ရတာပေါ့...."
"ကောင်းကင်ဘုံတိုက်ပွဲပုံစံကိုးမျိုး, တောင်ချွေမွခြင်း...."
ဘန်း!
ဖီးနစ်သွေးရတနာခန္ဓာကိုယ်ကို သိမ်မွေ့အဆင့်မြင့် အနီးကပ်တိုက်ခိုက်ရေးနှင့် တွဲသုံးလိုက်သည့်အခါ...
ထွက်ပေါ်လာသည့် လက်သီးချက်၏ စွမ်းအားက အရင်ကထက်စာလျှင် ယှဥ်လို့မရတော့ပေ။
လက်သီးနှင့် လက်ဝါး ပြင်းထန်စွာ တွေ့ဆုံသွားပြီး ထွက်ပေါ်သည့်အသံက သွားကြိမ်းလောက်၏။
သူတို့ထဲက တစ်ယောက်က နောက််ကို ခြေလှမ်းများစွာ ဆုတ်လိုက်ရ၏။
ထို့ပြင် ဘယ်သူလဲဆိုတာ မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားကြ၏။
မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ်၊ အကြီးအကဲတွေမှစပြီး တပည့်တွေအထိ လူတိုင်း အာမေဋိတ်သံတွေ ထွက်ပေါ်လာကြသည်။