မြင့်မြတ်ဂိုဏ်းပါရမီရှင်တပည့်အားလုံးနှင့် တိုက်ခိုက်ခြင်း
Vol. 15 Ch. 223
နောက်ပြန်ဆုတ်လိုက်ရသည့် တစ်ယောက်က ဂျန်ဖန်းမဟုတ်ပေ။
သို့ပေမယ့် ဝါးစိမ်းတောင်ထိပ်၏စီနီယာအကိုကြီးက မြင့်မြတ်ဂိုဏ်းထိပ်တန်းပါရမီရှင်ဖြစ်၏။
"အာ, ဖြစ်နိုင်တာ... ဖြစ်နိုင်တာ ဦးလေးက ပိုသန်မာတာလား...."
ယန်ယုချင်း မတ်တတ်ရပ်ရင်း အံ့အားသင့်စွာပြောလိုက်သည်။
သူမအစကထင်ထားခဲ့တာ ဦးလေးဆရာက ရှုံးလျှင်တောင် ဆိုးဆိုးဝါးဝါးကြီးမရှုံးပဲ အမြင်ကောင်းကျန်ခဲ့မည်ဟုပင်။
သို့ပေမယ့် ယခုတော့ သူမ အံ့အားသင့်ပျော်ရွင်နေခဲ့၏။
ထိုထူးဆန်းသည့်ဦးလေးကို သူမလျော့တွက်မိပြီပင်။
ချန်ရှောင်လန်နှင့် ချိုင်ယင်ရုံတို့နှစ်ယောက် ကြောင်အနေပြီး ပါးစပ်အဟောင်းသားဖြစ်နေကြသည်။
"မဖြစ်နိုင်တာ။ ယုချင်, နင့်ဦးလေးက ဒီလောက်တောင် သန်မာတာလား...."
"မြင့်မြတ်ဂိုဏ်မှာ စီနီယာအကိုဝမ်ကို လက်သီးတစ်ချက်တည်းနဲ့ နောက်ဆုတ်သွားအောင်လုပ်နိုင်တာ လူအနည်းငယ်ပဲရှိတယ်...."
ဟွာရှန်ချန်လည်း ရုတ်တရက် ထရပ်လိုက်၏။
ဂျန်ဖန်းကို အံ့အားသင့်မှုအချို့နှင့် ကြည့်လိုက်၏။
"ဒီကောင် တကယ်သန်မာတာပဲ...."
လီရှီချန်း သူမလက်ထဲရှိ လက်ဖက်ရည်ခွက်ကို အောက်ချလိုက်ပြီး စင်မြင့်ပေါ်က မြင်ကွင်းကို မယုံနိုင်စွာ ကြည့်နေခဲ့သည်။
"ဂျူနီယာမောင်လေးဝမ် အမှုမဲ့အမှတ်မဲ့ဖြစ်သွားတယ်ထင်တယ်...."
"ဂျူနီယာမောင်လေးဝမ်ခွန်အားနဲ့,တစ်ဖက်လူကို အသာလေးနိုင်သင့်တယ်...."
မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ်လည်း ဤအချိန်မှာ အနည်းငယ်အံ့အားသင့်နေခဲ့သည်။
သူက မနေနိုင်ပဲ ဂျန်ဖန်းကို စစ်ဆေးလိုက်သည်။
"အခြေခံတည်ဆောက်ခြင်း အဆင့် ၉ ကို ရုပ်ခန္ဓာနဲ့တင် ရင်ဆိုင်နိုင်တယ်။ ပြီးတော့ အရမ်းလည်း ငယ်သေးတယ်။ ကြည့်ရတာ သူ ဧရာမဂိုဏ်းကို ဝင်တာ မကြာသေးဘူးထင်တယ်....."
ဧရာမဂိုဏ်း၌ ဤကဲ့သို့တပည့်မျိုးရှိသည်လား.....
အကြီးအကဲတွေလည်း ပဟေဠိဖြစ်သွားကြသည်။
ဂိုဏ်းအသီးသီးတပည့်တွေ၏ အချက်အလက်တွေကို ဂိုဏ်းတိုင်းက စုံစမ်းထားကြ၏။
မြင့်မြတ်ဂိုဏ်းက ဧရာမဂိုဏ်း၏ အလားအလာရှိသည့် တပည့်သစ်တွေကို သိ၏။
သို့ပေမယ့် သူတို့ရှေ့မှ ဤတစ်ယောက်ကိုတော့ မရင်းနှီးပေ။
သူတို့ဆွေးနွေးနေကြစဥ်, စင်ပေါ်က အခြေအနေက ပြောင်းလဲသွား၏။
ဂျန်ဖန်း သာမန်အတိုင်းပြောလိုက်သည်။
"ကံကောင်းလို့, မင်း ငါ့ကို သုံးကွက်အကျောမပေးလို့။ မဟုတ်ရင် အခုဆို ပွဲပြီးနေလောက်ပြီ...."
ဝမ်ယွင်ကော မယုံနိင်ဖြစ်နေခဲ့သည်။
ထိပ်တိုက်တွေ့ဆုံရာ၌ ဂျန်ဖန်းက သွေးအန်ပြီး လွင့်ထွက်သွားသည့်တစ်ယောက် မဟုတ်ခဲ့ပေ။
သူသာလျှင် တုန်လှုပ်သွားခဲ့၏။
သူ့ကို ပိုလို့တောင် တုန်လှုပ်သွားစေတာက သူ့လက်ဝါးရှိ ပြင်းထန်သည့်နာကျင်မှုပင်။
ဂျန်ဖန်းကိုကြည့်လိုက်သည့်အခါ လုံးဝဒဏ်ရာရပုံမပေါ်ပေ။
ဂျန်ဖန်းစကားကိုကြားသည့်အခါ ဝမ်ယွင်ကေ အရှက်တရားကော ဒေါသကော ခံစားလိုက်ရသည်။
"ပြိုင်ပွဲက ခုမှစတာ။ မင်းအရမ်းမောက်မာမနေနဲ့...."
"ဒီလိုဆိုမှတော့ ငါ နောက်ထပ် ထိန်းမထားတော့ဘူး..."
"အရှင်သခင်၏တစ်ကျော့ပြန်ရိုက်ချက်...."
သူ ပြတ်ပြတ်သားသားပဲ သူ၏အကျွမ်းကျင်ဆုံးသက်သီးသိုင်းကို ထုတ်ဖော်လိုက်သည်။
စွမ်းအားက အလွန်အားကောင်းပြီး ကြမ်းကြုတ်လှ၏။
ဂျန်ဖန်းလည်း ပြောလိုက်သည်။
"အခုမှ ပိုတူသွားတာ...."
ထိုနည်းဖြင့်သာ သူက သွေးဖီးနစ်ရတနာခန္ဓာကိုယ်၏အကန့်အသတ်ကို စမ်းသပ်နိုင်မှာဖြစ်သည်။
ထို့နောက် ချက်ချင်းပဲ ရှေ့ကို ပြေးထွက်သွား၏။
"တိမ်ချွေမွခြင်း...."
"တုန်လှုပ်နေသောမိုးကြိုး...."
"လေချိုးဖြတ်ခြင်း...."
နှစ်ယောက်သားခွန်အားပြည့်ထုတ်လာကြပြီး တစ်ယောက်မှ အသာစီးမရကြပေ။
ထိုအရာက ပရိတ်သတ်တစ်ခုလုံးကို ပြုစားခံလိုက်ရသလို ဖြစ်သွားစေ၏။
ဝမ်ယွင်ကော ဂရုမမူမိသည်ဟု ထင်သည့် တပည့်များစွာ ယခု မျက်တောင်မခတ်ပဲ စိုက်ကြည့်နေပြီဖြစ်သည်။
မြင့်မြတ်ဂိုဏ်း၏ ပါရမီရှင်တပည့်ကို တိမ်စိမ်းဂိုဏ်း စိတ်ဝိညာဥ်အမြစ်မရှိသည့်တပည့်က လက်ရည်တူတိုက်ခိုက်နေတာ မယုံနိုင်ဖြစ်နေကြ၏။
သို့ပေမယ့် သူတို့မသိတာက....
ဤအခိုက်အတန့်၌, ဝမ်ယွင်ကော ပိုမိုတုန်လှုပ်လာပြီး ဆက်တိုက်နေလေလေ ပိုပြီး မသက်မသာဖြစ်လာ၏။
အဘယ်ကြောင့်ဆိုသော် ဂျန်ဖန်းရိုက်ချက်တွေက တစ်ခုပြီးတစ်ခု ပိုမိုပြင်းထန်လာသောကြောင့်ပင်။
ဝမ်ယွင်ကော သူ့အသန်မာဆုံးနည်းစနစ်ကို အသုံးပြုပြီးသော်လည်း တစ်ဖက်က ပိုပိုအားကောင်းလာပြီး အခြားတစ်ဖက်ကတော့ တဖြည်းဖြည်းအားနည်းလာခဲ့သည်။
ထို့ပြင် ရိုက်ချက်တွေကြာင့် ဝမ်ယွင်ကောလက်ဝါးအပြင်းအထန်နာကျင်နေပြီး တောင့်မခံနိုင်လုနီးပါးပင်။
သူက မျက်နှာမပျက်ဖို့အရေး တောင်ခံနိုင်ရုံသာ တောင့်ခံထားရ၏။
သို့ပေမယ့် ဂျန်ဖန်း ကောင်းကင်တိုက်ပွဲပုံစံကိုးမျိုး၏ နောက်ဆုံးပုံစံကို အသုံးပြုလိုက်သည့်အခါ....
နောက်ထပ် တောင့်မခံနိုင်တော့ပေ။
"ကောင်းကင်ဖွင့်လှစ်ခြင်း...."
ဖီးနစ်သွေးရတနာခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားသည့် ထိုနောက်ဆုံးတိုက်ခိုက်မှုက ကြောက်စရာခွန်အားကို ထုတ်လွတ်နေ၏။
ဝမ်ယွင်ကောလက်ဝါး ဘေးကိုလွင့်ထွက်သွားပြီး ရင်ဘတ်ကို ဂျန်ဖန်းလက်သီးကကြမ်းတမ်းစွာထိုးချလိုက်၏။
ဘန်း....
အသံတစ်ခုနှင့် ဝမ်ယွင်ကော လွင့်ထွက်သွားပြီး စင်ပေါ်မှာလဲကျသွားခဲ့သည်။
ဦးခေါင်းက အရင်ကျသွားခဲ့လျှင် အပြင်းအထန် ဒဏ်ရာရပြီပင်။
ဂျန်ဖန်း ထိုအရာကို မျှော်လင့်ထားပြီးဖြစ်သည်။
လှုပ်ရှားမှုနည်းလမ်းသုံးကာ ခြေတစ်လှမ်းဖြင့် ဝမ်ယွင်ကောခါးကနေ ဖမ်းဆုပ်ထားလိုက်သည်။
ဤသို့ဖြင့် သူ့ကို နောက်ကျောနှင့်သာ မြေပြင်ပေါ်ကျသွားစေ၏။
ဆိုးဆိုးဝါးဝါးပြုတ်ကျသွားသော်လည်း မည်သည့်ပြင်းထန်သည့်ဒဏ်ရာမှတော့ မရခဲ့ပေ။
ဝမ်ယွင်ကော ကုန်းရုန်းထလိုက်ပြီး အရိုးတွေ ပြုတ်ထွက်တော့မလို ခံစားလိုက်ရ၏။
သူ့ညာလက်ဝါးက နာကျင်နေပြီး လောင်ကျွမ်းတော့မလိုပင်။
သူ့မျက်နှာကို ပိုပြီးတွန့်လိမ်သွားစေတာက သူအမှန်တကယ်ရှုံးသွားပြီးပင်။
တိမ်စိမ်းဂိုဏ်းစိတ်ဝိညာဥ်အမြစ်မရှိသည့် တပည့်ကို ရှုံးသွားခဲ့၏။
မြင့်မြတ်ဂိုဏ်းထိပ်တန်းတပည့်တစ်ယောက်အနေဖြင့် ထိုအရာကို ဘယ်လိုလုပ် လက်ခံနိုင်မည်နည်း။
သူက အံ့ကြိတ်ပြီး အော်ပြောလိုက်သည်။
"ငါလက်မခံဘူး...."
"နောက်တစ်ကြိမ်တိုက်ခိုက်မယ်...."
ဂျန်ဖန်း ဆွံ့အသွား၏။
သူ့ဂျူနီယာညီမလိုပင် အရှုံးကို လက်မခံနိုင်ပေ။
ဒိုင်လူကြီး တင်းမာစွာချည်းကပ်လာပြီး အော်ပြောလိုက်၏။
"ခုချက်ချင်း ဆင်းစမ်း....."
"မင်းရဲ့ ဝါးစိမ်းတောင်ထိပ်ကို အရှက်မခွဲနဲ့...."
"တစ်ဖက်လူက နောက်ဆုံးအခိုက်အတန့်မှာ ညှာလိုက်လို့သာ မဟုတ်ရင် မင်းအခုလောက်ဆို သေရင်သေ မဟုတ်ရင် ဒဏ်ရာအပြင်းအထန်ရနေလောက်ပြီ..."
သို့ပေမယ့်...
ထိုအရာက ဝမ်ယွင်ကောအတွက် အကူအညီမဖြစ်ပေ။
ပိုပြီးတောင် စော်ကားသလိုဖြစ်သွား၏။
ဖျောက်ဖျက်မရသည့် စော်ကားမှုပင်။
ရှုံးနိမ့်သွားရုံတင်မက အသက်ရှင်ဖို တစ်ဖက်လူအပေါ် မှီခိုခဲ့ရသည်။
သူ ထိုအရာကို လက်မခံနိုင်ပေ။
အံကြိတ်ပြီး ဂျန်ဖန်းကို ဒေါသတကြီးကြည့်လိုက်၏။
သို့ပေမယ့် သူဆက်မတိုက်ခိုက်နိုင်တော့ပဲ လက်စားချေဖို့ အခွင့်အရေးမရှိတော့ပေ။
ထိုအချိန်မှာပဲ...
ဝမ်ယွင်ကော၏ စိတ်ပျက်အားလျော့ပြီး ဖြူဖြော့နေသည့်အသွင်အပြင်နှင့် လက်စားခြေဖို့မဖြစ်နိုင်တော့တာကိုမြင်သည့်အခါ.....
လီရှီချန်း အချိန်အတော်ကြာခင်မင်လာသည့်မိတ်ဆွေတစ်ယောက်အနေဖြင့် သနားသွား၏။
သူမ ဂျန်ဖန်းကို နောက်တစ်ကြိမ်ကြည့်လိုက်သည့်အခါ, သူမမျက်လုံးတွေ၌ ဒေါသမီးတွေ တောက်လောင်လာခဲ့သည်။
"နင်က မြင့်မြတ်ဂိုဏ်းကလူတွေကို အနိုင်ကျင့်ရတာဝါသနာပါနေတာလား...."
သူမ ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး အားကောင်းသည့်ခြေလှမ်းဖြင့် စင်မြင့်ပေါ် ခုန်တက်သွား၏။
"ငါနင့်ကို စိန်ခေါ်ချင်တယ်...."
"ဘာအတွက်ကြောင့်ရယ်တော့မဟုတ်ဘူး။ ဂျူနီယာမောင်လေးဝမ်အတွက် တရားမျှတမှုရှာပေးဖို့..."
ဂျန်ဖန်း ခေါင်းကိုက်သွား၏။
ဘယ်အချိန်မှ အဆုံးသတ်တော့မည်နည်း။
သူက တိုက်ရိုက်ပဲ ငြင်းဆန်လိုက်၏။
"စိတ်မကောင်းပါဘူး, ငါလက်မခံဘူး...."
သူစင်မြင့်ပေါ်တက်လာတာ ဝမ်ယွင်ကောနှင့် သူ့ဂျူနီယာညီမလင်ထျန်းဂျောင်တို့ကို သင်ခန်းစာပေးပြီး ယန်ယုချင်ကို အနာဂတ်မှာ အနိုင်မကျင့်အောင်လို့ပင်။
သို့ပေမယ့် သူ ဘယ်တုန်းကမှ မြင့်မြတ်ဂိုဏ်းပါရမီရှင်အားလုံးကို စိန်ခေါ်ဖို့ရည်ရွယ်ချက်မရှိပေ။
ပြောပြီးနောက် သူက စင်ပေါ်က ဆင်းဖို့ပြင်လိုက်၏။
လီရှီချန်း နှာမှုတ်လိုက်၏။
"နင် စိတ်ပါပါ မပါပါ တိုက်ကိုတိုက်ရမယ်...."
ဂျန်ဖန်း မျက််လုံးတွေ ကျဥ်းမြောင်းသွားပြီး သူမကို ကြည့်လိုက်သည်။
"ငါမတိုက်ရင်ကော...."
လီရှီချန်း တစ်ခဏတွေးလိုက်ပြီး သူမအကြည့်ကို ယန်ယုချင်အပေါ်ရွေ့လိုက်သည်။
"ဒါဆို ငါ ယန်ယုချင်ကို နေ့တိုင်း ပြဿနာရှာပြီး မြင့်မြတ်ဂိုဏ်းမှာ မနေနိုင်အောင်လုပ်မယ်...."
ဂျန်ဖန်းရပ်လိုက်၏။
သူက ဖြည်းညင်းစွာ လှည့်လာခဲ့သည်။
"မင်းက အကြောင်းပြချက်ကောင်းတွေ့သွားပြီပဲ....."
"ကောင်းပြီလေ, မင်းက အရှက်ကွဲချင်နေမှတော့လည်း မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်..."
ထိုအရာကို ကြားသည့်အခါ စင်အောက်ရှိ ဝမ်ယွင်ကော လှောင်ပြောင်လိုက်၏။
"ကံကောင်းပြီး မင်းနိုင်သွားတာပါ။ ကိုယ့်ကိုယ်ကို ပြိုင်ဘက်ကင်းလို့ ထင်မနေစမ်းပါနဲ့...."
"မင်းကိုပြောလိုက်မယ်။ စီနီယာအမလီက အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေပြီးပြီ။ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်ဖို့က ခြေတစ်လှမ်းပဲ လိုတော့တာ...."
"မင်းရဲ့အားနည်းတဲ့ခန္ဓာကိုယ်လေးက သူမရဲ့ တိုက်ခိုက်မှုတစ်ခုကိုတောင် ခံနိုင်မှာမဟုတ်ဘူး...."
တကယ်လား?....
ဂျန်ဖန်း အမူအရာကင်းမဲ့နေဆဲဖြစ်ပြီး တည်ငြိမ်စွာပြောလိုက်သည်။
"ကောင်းပြီလေ, ငါ့ခန္ဓာကိုယ်နည်းစနစ်ရဲ့ အကန့်အသတ်ကို မင်းနဲ့ မသိခဲ့ရဘူး...."
"ပိုသန်မာတဲ့တစ်ယောက်နဲ့ ကြိုးစားကြည့်တာပေါ့...."
ဖီးနစ်သွေးရတနာခန္ဓာကိုယ်က ရုပ်ခန္ဓာခွန်အားသက်သက်မဟုတ်ပေ။
သူက အစောပိုင်း၌ အပြည့်အဝအသက်မသွင်းခဲ့ရပေ။
ဝမ်ယွင်ကော ရှုံးတာ မြန်လွန်း၏။
ထိုစကားတွေက ဝမ်ယွင်ကောကို ဒေါသထွက်သွားစေပြီး အော်ပြောလိုက်၏။
"မောက်မာလိုက်တာ...."
"မင်း စီနီယာအမလီရဲ့ လှုပ်ရှားမှုသုံးခုကို ခုခံနိုင်မလားကြည့်ကြတာပေါ့...."
ဂျန်ဖန်း တွေဝေမနေပေ။
သူက ဒိုင်လူကြီးဘက်ကို လှည့်ပြီး ပြောလိုက်သည်။
"ငါ အဆင့်သင့်ဖြစ်ပြီ...."
လီရှီချန်းလည်း ဂျန်ဖန်းယုံကြည်မှုကြောင့် ရယ်ချင်သွားပြီး ဒေါသလည်းထွက်သွား၏။
"မြင့်မြတ်ဂိုဏ်းမှာ စီနီယာအကိုကြီး ဟွာနဲ့ ဂျူနီယာညီမရှချောင်ကောကလွဲပြီး ဘယ်သူမှ ငါ့ကို ဒီလို အထင်မသေးရဲဘူး...."
"ကောင်းပြီလေ, သုံးကွက်ပြီးတဲ့နောက် နင့်မှာ ယုံကြည်မှုတွေရှိအုန်းမလား ကြည့်ကြတာပေါ့...."
"ကျွန်မလည်း အဆင်သင့်ဖြစ်ပြီ....."
တပည့်တွေ ချက်ချင်းပဲ စိတ်လှုပ်ရှားသည့်အမူအရာတွေ ပြသလာ၏။
"စီနီယာအမလီ သေချာပေါက် ရှုံးမှာ မဟုတ်ဘူး..."
"ဒါပေါ့, စီနီယာအမလီက ငါ့တို့မြင့်မြတ်ဂိုဏ်းရဲ့ အဆင့် ၃ ပဲဟာ...."
ချန်းရှောင်လန်နှင့် ချိုင်ယင်ရုံတို့ ပြောစရာစကားပျောက်ဆုံးနေ၏။
သူမတို့က မြင့်မြတ်ဂိုဏ်းတပည့်တွေဖြစ်သော်လည်း သူတို့ဖက်က အရမ်းများသည်ဟု ခံစားမိ၏။
တစ်ယောက်ပြီးတစ်ယောက် ဂျန်ဖန်းကို အလွတ်မပေးကြတော့ပေ။
သူတို့က ဂျန်ဖန်းကို အနိုင်မရမချင်း ရပ်မည့်ပုံမပေါ်ပေ။
ယန်ယုချင်းလည်း ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ပေ။
လီရှီချန်း ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ သူမသိ၏။
အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ချင်း အတူတူတောင် လီရှီချန်းက ဝမ်ယွင်ကောထက် အများကြီးပိုသန်မာ၏။
သူတို့အရင်ကတိုက်ခိုက်ဖူးပြီး ဝမ်ယွင်ကော ၁၀ ကွက်အတွင်း ရှုံးနိမ့်သွားခဲ့၏။
ဂျန်ဖန်း လီရှီချန်း၏ လှုပ်ရှားမှုသုံးခုကို ခုခံဖို့ ရုန်းကန်ရမည်ပင်။
သူမ မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ်ကိုသာ ကြည့်လိုက်၏။
ဤမိတ်ဖြစ်ဆွေဖြစ်မဟုတ်တော့သည့်ပွဲကို ရပ်တန့်ပေးဖို့ပင်။