← Chapters

အခက်ကြုံ၍ဆက်ရုန်းရခြင်း

Vol. 15 Ch. 224

အခက်ကြုံ၍ဆက်ရုန်းရခြင်း

Vol. 15 Ch. 224

ထိုအခိုက်အတန့်၌, မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ်လည်း တွေဝေနေ၏။

ပြိုင်ပွဲက ၎င်း၏သဘောသဘာဝကို ဆန့်ကျင်နေပြီပင်။

ထိုအရာက ဂိုဏ်းလက်စားချေမှုဖြစ်လာပြီး ဂျန်ဖန်းကို ဖိနှိပ်လာကြ၏။

သူက ဆွေးနွေးကြည့်လိုက်၏။

"ပြိုင်ပွဲကို ရပ်လိုက်ရင်ကောာ ဘယ်လိုလဲ...."

"ဒီကိစ္စသာပြန့်သွားရင် ငါ့တို့မြင့်မြတ်ဂိုဏ်းတပည့်တွေက အရမ်းသေးသိမ််တယ်လို့ပြောကြလိမ့်မယ်...."

အကြီးအကဲတစ်ယောက် ဆန့်ကျင်လိုက်၏။

"အခုမှရပ်ဖို့က နောက်ကျသွားပြီ...."

"ဝမ်ယွင်ကောက ငါတို့မြင့်မြတ်ဂိုဏ်းရဲ့ ထိပ်တန်းအဆင့်ကို ကိုယ်စားပြုတယ်...."

"ဒီလို ရှက်စရာကောင်းတဲ့ရှုံးနိမ့်မှုကို ပြန်အဖတ်မဆယ်ရင်, အပြင်လူတွေ ငါတို့မြင့်မြတ်ဂိုဏ်းကို ဘယ်လိုမြင်ကြမလဲ...."

"သူတို့က ငါတို့မြင့်မြတ်ဂိုဏ်းကို အခွံ့သက်သက်ကြီးလို့ပြောကြလိမ့်မယ်...."

အခြားအကြီးအကဲတွေလည်း တိုက်ပွဲကို ဆက်လက်ထောက်ခံကြ၏။

ထိုအရာက တပည့်တွေ၏အမြင်ကျဥ်းမြောင်းမှုဆိုလျှင်တောင် သူတို့က ဂိုဏ်းဂုဏ်သိက္ခာ ကျသွားမှာကို ခွင့်မပြုနိုင်ပေ။

မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ်လည်း ထိုအရာက အဓိပ္ပာယ်ရှိတယ်ဟုတွေးလိုက်ပြီး ဒိုင်လူကြီးကို အကြည့်တစ်ချက်ပေးလိုက်သည်။

ဒိုင်လူကြီး ဂျန်ဖန်းကို အနည်းငယ်စာနာသွား၏။

ကံမကောင်းစွာပဲ, အခြေအနေကြောင့် ဂျန်ဖန်း တိုက်ခိုက်ရမည်ပင်။

သူက ကြင်နာစွာ သတိပေးလိုက်၏။

"မင်းပင်ပန်းနေလောက်ရောပေါ့။ မတိုက်ခင် ခဏနားလိုက်ပါ...."

နှစ်ပွဲဆက်တိုက်တိုက်ခိုက်ပြီးနောက်, ဂျန်ဖန်း လီရှီချန်းကြောင့် ထိခိုက်သွားမှာကို စိုးရိမ်၏။

ဂျန်ဖန်း လက်ချင်းယှက်လိုက်၏။

"အကြီးအကဲရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဘာမှမဖြစ်ပါဘူး။ အချိန်မရွေးစလို့ရပါတယ်...."

ဒိုင်လူကြီးခေါင်းညိတ်လိုက်ပြီး လီရှီချန်းကို ကြည့်လိုက်သည်။

လီရှီချန်း သူမ၏ ဖြူဖွေးသည့်လည်တိုင်ကျော့ကျော့လေးကို မော့လိုက်၏။

"ကျွန်မကို မကြည့်နဲ့။ သူနဲ့တိုက်ခိုက်ဖို့ ဘာမှ ပြင်ဆင်ဖို့ မလိုဘူး....."

ဒိုင်လူကြီး နောက်တစ်ကြိမ်ခေါင်းညိတ်လိုက်၏။

သူက စင်မြင့်ပေါ်က ဆင်းသွားပြီး ပြောလိုက်၏။

"စတင်ပါ...."

လီရှီချန်း ဂျန်ဖန်းကို တည်ငြိမ်စွာကြည့်ပြီး ပြောလိုက်သည်။

"အများဆုံးသုံးကွက်ပဲ, နင့်စင်ပေါ်ကလိမ့်သွားစေရမယ်...."

ပြောပြီးနောက် သူမက စတင်တိုက်ခိုက်လိုက်၏။

"ကြယ်ဆွတ်ခူးခြင်းလက်ချောင်း...."

သူမအထူးပြုတာက လက်ချောင်းနည်းစနစ်ပင်။

တိုက်ခိုက်လိုက်သည်နှင့် လေထုကို ပေါက်ကွဲထွက်သွားစေပြီး အားကောင်းသည့်ထိုးဖောက်အားတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဂျန်ဖန်းမျက်နှာ အနည်းငယ်ပြောင်းလဲသွား၏။

"မြေကမ္ဘာအဆင့်လက်ချောင်းသိုင်း...."

"မင်းအရမ်းယုံကြည်မှုရှိနေတာ မအံ့သြတော့ပါဘူး...."

"ဒီလိုဆိုမှတော့ ငါလည်း ခန္ဓာကိုယ်နည်းစနစ်ကို အပြည့်အဝ သုံးရမှာပေါ့..."

ဤသို့ဖြင့်....

သူက ချက်ချင်းပဲ အော်ဟစ်လိုက်၏။

"သွေးဖီးနစ်ရတနာခန္ဓာ, အသက်သွင်းစမ်း...."

သူ့ခန္ဓာကိုယ်ကနေ ချက်ချင်းပဲ အက်ကွဲသံတွေထွက်ပေါ်လာ၏။

ထိုအရာက သူ့အရိုးတွေ လှုပ်ရှားနေသည့်အသံပင်။

ချက်ချင်းရှေ့ထွက်သွားပြီး သူ့ခန္ဓာကိုယ်ရှိ သွေးစီးဆင်းမှုက အဆများစွာ တိုးတက်လာခဲ့သည်။

အရေပြားကလည်း အလျှင်အမြန်ပဲ သွေးနီရောင်ပြောင်းလာ၏။

မီးတောက်တစ်ခုလိုပင်။

ခွန်အား၊ အရှိန်၊ တုံ့ပြန်နိုင်စွမ်း၊ အာရုံခံနိုင်စွမ်း အရာအားလုံးက ချက်ချင်းပဲ အဆများစွာ တိုးမြင့်လာခဲ့သည်။

လီရှီချန်း၏ မိုးကြိုးကဲ့သို့လျှင်မြန်သည့် လက်ချောင်းသိုင်းက...

ထိုအချိန်၌ သူ့အတွက်တော့ သာမန်လူတစ်ဦး၏တိုက်ခိုက်မှုကဲ့သို့ နှေးကွေးလှ၏။

သူ့ရုပ်ခန္ဓာ၏စွမ်းအားက ရေကာတာကြီးဖွင့်ချလိုက်သကဲ့သို့ပင်။

နောက်ထပ်မတွေဝေနေတော့ပဲ ဂျန်ဖန်း ပြတ်ပြတ်သားသား တိုက်ခိုက်လိုက်၏။

"ကောင်းကင်တိုက်ပွဲပုံစံကိုးမျိုး, ကောင်းကင်ဖွင့်လှစ်ခြင်း...."

သွေးဖီးနစ်ရတနာခန္ဓာကိုယ် အပြည့်အဝအသက်သွင်းပြီး ကောင်းကင်ဘုံတိုက်ပွဲပုံစံကိုးမျိုး၏ နောက်ဆုံးတိုက်ကွက်တို့ကို ပေါင်းစပ်အသုံးပြုလိုက်သည့်အခါ...

ထိုအရာက ခန္ဓာကိုယ်၏ အကန့်အသတ်ကို ရောက်ရှိသွားခဲ့သည်။

လီရှီချန်း ခုခံနိုင်မလား ကြည့်ရမည်ပင်။

ချက်ချင်းဆိုသလိုပဲ...

ဂျန်ဖန်း မီးတောက်တစ်ခုကဲ့သို့ပြောင်းပြီး ပိုမြန်သည့်အရှိန်ဖြင့် ပြေးဝင်သွားခဲ့သည်။

ထို့နောက် သူ့လက်သီးက မြေကမ္ဘာအဆင့်လက်ချောင်းသိုင်းနှင့် လေထဲမှာ တွေ့ဆုံသွားခဲ့သည်။

အ...

ချက်ချင်းပဲ လီရှီချန်းပါးစပ်မှ အော်သံတစ်ခုထွက်ပေါ်လာ၏။

သူမ၏လက်ညိုးကွေးသွားပြီး ကျိုးသွားတာ အသိအသာပင်။

တစ်ချိန်တည်းမှာပဲ မီးတောက်လက်သီးက ကြီးမားသည့်စွမ်းအားကို သယ်ဆောင်ကာ လီရှီချန်းရင်ဘတ်ကို ထိုးချလိုက်၏။

ဖူး!

သူမချက်ချင်းပဲ ပါးစပ်အပြည့်သွေးတစ်လုပ်အန်လိုက်ရ၏။

သူမ၏အရပ်မြင့်မြင့်ခန္ဓာကိုယ်လေး စက္ကူရုပ်ကဲ့သို့ လွင့်ပျံသွားပြီး အပြင်းအထန် ပြုတ်ကျသွားခဲ့သည်။

ဝမ်ယွင်ကော အံ့အားတကြီး အော်ပြောလိုက်၏။

"စီနီယာအမလီ...."

အလျှင်အမြန်ပဲ သူမကို ဖမ်းပေးလိုက်သည်။

သို့ပေမယ့် သူဖမ်းလိုက်သည်နှင့် လူတစ်ယောက်ကို ဖမ်းလိုက်သည်နှင့်မတူပဲ တောင်တစ်လုံးကဲ့သို့ ခံစားလိုက်ရ၏။

ဖုန်း!

လီရှီချန်းခန္ဓာကိုယ် သူ့လက်မောင်းပေါ်ကို သံမဏိတုံးတစ်ခုကဲ့သို့ပြုတ်ကျသွားပြီး သူ့ကိုလည်း လဲကျသွားစေခဲ့သည်။

ချိုမြိန်သည့်အရသာတစ်ခု သူ့လည်ချောင်းထဲပျို့တက်လာခဲ့သည်။ နောက်ဆုံးမှာတော့ ထိန်းမထားနိုင်တော့ပဲ သွေးအန်လိုက်ရသည်။

နေရာတစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွား၏။

တစ်ချက်တည်း....

တစ်ချက်တည်းဖြင့် ဂျန်ဖန်းက မြင့်မြတ်ဂိုဏ်း၏တတိယအသန်မာဆုံးလူကို လွင့်ပျံသွားစေခဲ့သည်။

ထို့ပြင် အဆင့် ၄ ဝမ်ယွင်ကောကိုပါ သွေးအန်သွားစေခဲ့သည်။

ဘယ်လိုခွန်အားကြီးနည်း။

တစ်ခဏကြာပြီးနောက်....

ချန်းရှောင်လန် မျက်လုံးတွေ ပြူးကျယ်နေပြီး ဝမ်းသာအားရပြောလိုက်၏။

"သူနိုင်သွားပြီ။ သူနိုင်သွားပြီ...."

တစ်ဝက်တစ်ပျက်နှင့်....

သူမအလျှင်အမြန်ပဲ သူမပါးစပ်ကိုပိတ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော်, ဒေါသတကြီးမျက်လုံးတွေက သူမကို စိုက်ကြည့်နေလို့ပင်။

မြင့်မြတ်ဂိုဏ်း၏တပည့်တစ်ယောက်အနေဖြင့် အပြင်ဂိုဏ်းနိုင်သွားတာကို ရှက်သင့်၏။

သို့ပေမယ့် သူမက ထိုအစား ဝမ်းသာနေခဲ့သည်။

ချိုင်ယင်ရုံပါးစပ်တွန့်လိမ်သွား၏။ သိသာစွာပင် သူမလည်း အားပေးချင်ပေမယ့် ထိန်းထားလိုက်၏။

ယန်ယုချင် သူမမျက်နှာကို လက်နှက်ဖက်ဖြင့်ကာထားလိုက်၏။

သူမလက်တွေအောက်၌ သဘာဝအတိုင်း ပိတိအပြည့်မျက်နှာတစ်ခုရှိနေခဲ့သည်။

သူမက လက်ချောင်းကြားတစ်ဆင့် ချောမောခန့်ညားပြီး ဆွဲဆောင်မှုရှိသည့် ဦးလေးဆရာကို ကြည့်နေပြီး လှပသည့်မျက်လုံးလေးတွေက တစ်လက်လက်တောက်ပနေခဲ့သည်။

မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ်နှင့် အကြီးအကဲအားလုံးလည်း တိတ်ဆိတ်သွားကြ၏။

တစ်ကွက်တည်းဖြင့် လီရှီချန်းကို ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားစေခဲ့သည်။

ကွာခြားမှုကကြီးမားလှပြီး သူတို့ကို ယုံကြည်ဖို့ ခက်ခဲစေ၏။

အစောပိုင်း အခြေအနေကိုပြန်အဖတ်ဆယ်ဖို့ပြောသည့်အကြီးအကဲလည်း အတော်လေး နောင်တရသွား၏။

သူသာ လီရှီချန်း ဤလောက်ထိဆိုးဆိုးဝါးဝါးဆုံးမည်မှန်းသိလျှင် ပြိုင်ပွဲကို ချက်ချင်း ရပ်တန့်ခိုင်းမည်ပဲဖြစ်သည်။

ယခုတော့, ခက်ခဲသည့်အခြေအနေကို ရောက်သွားပြီပင်။

ရှေ့ဆက်ဖို့က မဖြစ်နိုင်ပြီး မိတ်ဖြစ်ဆွေဖြစ်ပွဲကို ဖျက်သိမ်းဖို့ကလည်း မဖြစ်နိုင်ပေ။

သူက တွန့်ဆုတ်စွာဖြင့်မေးလိုက်သည်။

"ဂိုဏ်းချုပ်, ကျွန်တော်တို့အခု ဘာလုပ်သင့်လဲ...."

"မင်းတကယ်ပဲ သူ့ကို မြင့်မြတ်ဂိုဏ်းကနေ ဒီအတိုင်းထွက်သွားစေချင်တာလား...."

မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ် စင်မြင့်ကိုကြည့်လိုက်သည့်အခါ သူ၏ဂုဏ်အယူရဆုံးတပည့် ဟွာရှန်ချန်သာ ကျန်တော့၏။

"ရှန်ချန်, မင်းရှိမှတော့ ဘာလို့သွားပြီး အနည်းငယ် မကစားတာလဲ....."

"အနည်းငယ်ထိန်ထားဖို့တော့သတိရပါ..."

ဟွာရှန်ချန် အချိန်အတော်ကြာကတည်းက ထိန်းမထားနိုင်တော့ပေ။

ဂျန်ဖန်းဂုဏ်သတင်းမြင့်တက်လာပြီး ယန်ယုချင်သဘောကျမှုတိုးလာတာမြင်သည့်အခါ....

ထိုအရာက သူ့ကိုသတ်တာထက်ပိုနာကျင်စေ၏။

ဘာကြောင့် စိတ်ဝိညာဥ်အမြစ်မရှိသည့်ကောင်က မြင့်မြတ်ဂိုဏ်းမှာ လာရမ်းကားပြီး သူပိုင်ဆိုင်သည့် လေးစားမှုတွေကို ယူသွားရသနည်း။

ချက်ချင်းပဲ မတ်တပ်ရပ်ပြီး စင်မြင့်နားအလျှင်အမြန်လာလိုက်သည်။

ပထမဦးစွာ သူက ဝမ်ယွင်ကောတို့ဒဏ်ရာတွေကို စစ်ဆေးလိုက်၏။

အစောပိုင်း လီရှီချန်း ဝင်တိုက်မှုကြောင့် ဝမ်ယွင်ကော အတွင်းဒဏ်ရာရသွား၏။

ထို့ပြင် လီရှီချန်းလည်း လက်ကျိုးသွား၏။

ထို့နောက် လော်ထျန်းဂျောင်၏သနားစရာကောင်းသည့်အခြေအနေကိုကြည့်ပြီး သူ့နှလုံးသား ဒေါသတွေဖြင့် တောက်လောင်လာခဲ့သည်။

ဂျန်ဖန်းက မြင့်မြတ်ဂိုဏ်းမှာ ဘယ်သူမှမရှိတော့ဘူးထင်နေသည်လား....

သူက လက်ထဲမှာ ဓားတစ်ချောင်းကိုင်ထားပြီး စင်ပေါ်လျှောက်သွားလိုက်၏။

ဒေါသနှင့်အတူ မျက်နှာပေါ်၌ လေပြေလေညင်းကဲ့သို့နူးညံ့သည့်အပြုံးကို ပြသထား၏။

"ဂျူနီယာညီလေးဂျန်, ငါ့ဆရာရဲ့အမိန့်ကို ငြင်းဆန်ဖို့ကခက်တယ်။ ကျေးဇူးပြုပြီး လမ်းးညွှန်ပေးပါအုန်း...."

ဂျန်ဖန်း ထိုဖောက်မြင်သည့်အကြည့်ဖြင့် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

"မင်းအစောကြီးတကည်းက စင်ပေါ်တက်ပြီး ငါ့ကို သင်ခန်းစာပေးချင်နေတာမလား...."

ဟွာရှန်ချန်အပြုံးအေးခဲသွားပြီး ဆက်ပြောလိုက်သည်။

"ဂျူနီယာညီလေးဂျန်, ဟာသပြောနေပြန်ပါပြီ...."

"ငါက မင်းရဲ့ လုံခြုံရေးကိုတောင် စိုးရိမ်နေတာ...."

ဂျန်ဖန်း နှာမှုတ်လိုက်၏။

"မင်းသာ သူတို့ကို တကယ်တားချင်ရင်, သူတို့စင်ပေါ်တက်လာနိုင်မှာတဲ့လား...."

ဟွာရှန်ချန်က မြင့်မြတ်ဂိုဏ်းထိပ်တန်းပတည့်ကြီးဖြစ်ပြီး ဝမ်ယွင်ကောနှင့် လီရှီချန်းတို့ သူ့ကို အတော်လေးစား၏။

ဟွာရှန်ချန်သာ သူတို့ကိုတားလျှင် ဝမ်ယွင်ကော ယန်ယုချင်ကိုခြိမ်းခြောက်ပြီး ဂျန်ဖန်းကို တွန်အားပေးတိုက်ခိုက်ခိုင်းတာက ဖြစ်လာမည်လား?....

သူက အရာရာကို နောက်ကွယ်က ထောက်ခံပေးနေတာဖြစ်သည်။

ယခု လူကောင်းပုံစံဖမ်းနေတာက ဂျန်ဖန်း သတိလွတ်သွားအောင် ကြိုးစားနေတာပဲဖြစ်သည်။

ဟွာရှန်ချန်းမျက်နှာရှိ ကြွက်သားတွေ အကြိမ်အနည်းငယ် တွန့်လိမ်သွား၏။ ထို့နောက် သူ့ဒေါသကို ဖိနှိပ်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ဂျူနီယာညီလေးဂျန်, မင်းပြောနေတာတွေ ငါနားမလည်ဘူး...."

"မေးခွန်းတစ်ခုပဲ, မင်းငါ့စိန်ခေါ်မှုကို လက်ခံမှာလား၊ မခံဘူးလား...."

သူလက်မခံလျှင်...

အနည်းဆုံး အပြင်လူတွေ ဂျန်ဖန်း ဟွာရှန်ချန်ကိုကြောက်ပြီး မတိုက်ခိုက်ရဲတာဟု ထင်မှာဖြစ်သည်။

ထိုအရာကြောင့် မြင့်မြတ်ဂိုဏ်းပုံရိပ်အချို့ကို ပြန်ရမည်ဖြစ်သည်။

ဒါပေါ့။ လက်ခံလျှင်တော့ အကောင်းဆုံးပင်။

ဟွာရှန်ချန် သူ၏အကြွင်းမဲ့ခွန်အားဖြင့် အပြတ်အသတ်အနိုင်ယူကာ မြင့်မြတ်ဂိုဏ်းပုံရိပ်ကို ခိုင်မာအောင်လုပ်မည်ဖြစ်သည်။

ဂျန်ဖန်း အများကြီးမတွေးပေ။

ဤအခြေအနေထိရောက်မှတော့ အရာအားလုံး၏နောက်ကွယ်မှာရှိသည့် ဟွာရှန်ချန်နှင့် ဘာကြောင့်မတိုက်ရမည်နည်း။

တိုက်ခိုက်မယ်ဆိုလျှင် အဆုံးထိတိုက်ခိုက်ပြီး မြင့်မြတ်ဂိုဏ်းပါရမီရှင်တပည့်တွေအားလုံးကို အနိုင်ယူရမည်ပင်။

သူ့အကြည့်တွေ ထက်ရှလာပြီး နောက်ကျောရှိအနက်ရောင်ဓားကို ဆွဲထုတ်လိုက်သည်။

ဆွဲဆောင်မှုရှိသည့်ဓားသံတစ်သံ ပဲ့တင်ထပ်လာခဲ့သည်။

ထို့နောက် ဟွာရှန်ချန်ကို ဓားနှင့်ရွယ်လိုက်ပြီး ပြောလိုက်သည်။

"တိုက်ခိုက်မယ်...."

All Chapters