ခန္ဓာကိုယ်နှင့်ကျင့်ကြံရေး နှစ်မွှာကျင့်ကြံသူ
Vol. 15 Ch. 225
မတွေဝေပဲ ပြောလိုက်သည့် တိုက်ခိုက်မည်ဆိုသည့်စကားက ရှိနေသည့်လူတိုင်းစိတ်ကို တုန်လှုပ်သွားစေခဲ့သည်။
"ဖြစ်နိုင်တာ သူ့မှာ စီနီယာအကိုဟွာကို စိန်ခေါ်ဖို့ တကယ် ယုံကြည်မှုရှိတာလား...."
"စီနီယာအကိုဟွာက အမြုတေဖွဲ့စည်းခြင်းအဆင့်ကျွမ်းကျင်သူလေ...."
"သူ့ခွန်အားက ရှချောင်ကောအောက် နည်းနည်းပဲ နိမ့်တာ...."
"ဝမ်ယွင်ကောနဲ့ လီရှီချန်းကို မမျှော်လင့်ပဲ နိုင်သွားတာနဲ့ စီနီယာအကိုဟွာကိုစိန်ခေါ်ဖို့ အရည်အချင်းရှိတယ်ထင်နေတာလားမသိဘူး...."
ယန်ယုချင် ငြိမ်ငြိမ်မနေနိုင်တော့ပေ။
သူမမတ်တပ်ရပ်ပြီး စိုးရိမ်စွာဖြင့်ပြောလိုက်သည်။
"ဦလေးက ဘယ်လိုလုပ်ပြီး စီနီယာအကိုဟွာရဲ့ ပြိုင်ဘက်ဖြစ်မှာလဲ...."
သူမက ဝမ်ယွင်ကောနှင့် လီရှီချန်းတို့အကြောင်းကို အများကြီးမသိပေ။
သို့ပေမယ့် သူမနှင့်မကြာခဏပြောဆိုဆက်ဆံဖူးသည့် ဟွာရှန်းချန်ကိုတော့ကောင်းကောင်းသိ၏။
သူက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်ရှိနေရုံသာမက, ထူးခြားသည့် သိမ်မွေ့အဆင့်မြင့် ဓားသိုင်းကိုပါ လေ့ကျင့်ထား၏။
သူမကြားထားတာအရ သူက ရွှေရောင်စားရင်း၌ တစ်ချက်တည်းဖြင့် ထိပ်ဆုံး ၁၀ ဝင်ဖို့ ပြင်ဆင်နေသည်ဟူ၍ပင်။
ဂျန်ဖန်း၏ခန္ဓာကိုယ်နည်းစနစ်က လီရှီချန်းနှင့်တင် အကန့်အသတ်ကို ရောက်နေပြီဖြစ်သည်။
ဘယ်လိုလုပ်ပြီး ဟွာရှန်ချန် ပြိုင်ဘက်ဖြစ်မည်နည်း။
"ရှောင်လန်, မြန်မြန် နတ််ဆေးဆရာတောင်ထိပ်ကိုသွားပြီး ဆရာ့ကိုသွားခေါ်...."
"စီနီယာဟွာ ဦးလေးကို ဒဏ်ရာရအောင်လုပ်မှာ ငါကြောက်တယ်...."
လေးလေးနက်နက်စဥ်းစားပြီးနောက် တစ်ခုတည်းသောဖြေရှင်းချက်က သူမဆရာကို ဝင်ပါခိုင်းဖို့ပင်။
ချန်းရှောင်လန် အခြေအနေကိုနားလည်ပြီး ခေါင်းညိတ်ကာ နတ်ဆေးဆရာတောင်ထိပ်သို့ အလျှင်အမြန်သွားလိုက်သည်။
ဂျန်ဖန်း တိုက်ပွဲကို လက်ခံလိုက်တာမြင်သည့်အခါ မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ်နှင့် အကြီးအကဲအားလုံး နောက်ဆုံးမှာ စိတ်သက်သာယာရစွာ သက်ပြင်းချလိုက်သည်။
"ဒီကောင်လေးက ငါ့တပည့်ကို ကိုယ်တိုင်လှုပ်ရှားရအောင်လုပ်နိုင်တယ်။ တကယ်ကို ချီးကျူးစရာပဲ...."
မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ် လက်ဖက်ရည်စုပ်သောက်လိုက်ပြီး သူ့အမူအရာက ပေါ့ပါးနေခဲ့သည်။
"မကြာခင်, သူ့နာမည်က ဂိုဏ်း ၉ ဂိုဏ်းမှာ ကျော်ကြားသွားလိမ့်မယ်...."
အကြီးအကဲတွေလည်း သက်သာရာရသွားပြီး ရယ်မောစကားပြောနေကြသည်။
"သူ ဟွာရှန်ချန်လက်ထဲမှာ လှုပ်ရှားမှုအနည်းငယ်ထက်ပိုမခံပါဘူး..."
"သူ့ခန္ဓာကိုယ်နည်းစနစ်က သန်မာပေမယ့်, သူ့ထက်အများကြီးပိုသန်မာတဲ့လူနဲ့တွေ့ရင်တော့ ခုခံဖို့ပဲ တတ်နိုင်မှာ၊ ပြန်တိုက်နိုင်မှာ မဟုတ်ဘူး....."
"အသန်မာဆုံး ရုပ်ခန္ဓာဆိုရင်တောင် ဆက်တိုက်တိုက်ခိုက်မှုတွေကို မခုခံနိုင်ဘူး...."
"ရှုံးဖို့က အချိန်တစ်ခုပဲလိုတာ...."
.....
ဟွာရှန်ချန် ဂျန်ဖန်းဓားကိုင်ပုံကိုကြည့်ပြီး အနည်းငယ်မျက်မှောင်ကြုတ်သွား၏။
ဓားကိုအဓိထားကျင့်ကြံသူတစ်ယောက်အနေဖြင့် ဂျန်ဖန်းဓားကိုင်ပုံက အတော်လေးကျွမ်းကျင်တာကို ပြောနိုင်၏။
"မင်းလည်း ဓားပညာကိုနားလည်တာလား...."
ဟွာရှန်ချန် မေးလိုက်သည်။
ဓားပညာက ကျင့်ကြံရေးရှိမှာသာ ထိန်းချုပ်နိုင်တာဖြစ်၏။
ဂျန်ဖန်း တည်ငြိမ်စွာ တုံ့ပြန်လိုက်၏။
"နည်းနည်းသိတယ်...."
"ငါတို့ စလို့ရပြီလား...."
ဟွာရှန်ချန် နှလုံးသားထဲမှာ လှောင်ပြောင်မှုကို ခံစားလိုက်၏။
ထိုအကောင်က အတော်လေး ယုံကြည်မှုရှိနေသည်မဟုတ်လား....
သူ့ကိုနင်းချေဖို့ အလျှင်လိုနေခဲ့သည်။
မျက်နှာပေါ်၌ တည်ငြိမ်မှုကို ထိန်းထားပြီး ပြောလိုက်သည်။
"အချိန်မရွေးစလို့ရတယ်....."
ဒိုင်လူကြီးထိုအရာကိုမြင်ပြီး ခေါင်းညိတ်ကာ စင်ပေါ်မှ ဆင်းသွား၏။
ထို့နောက် "စတင်..." ဟု အော်ပြောလိုက်၏။
ဟွာရှန်ချန် ပြတ်ပြတ်သားသား ဦးစွာတိုက်ခိုက်လိုက်၏။
"ကောင်းကင်ကိုဖြတ်သန်းသွားသော ဂုဏ်သရေရှိလစန္ဒာ...."
သူက သိမ်မွေ့အဆင့်မြင့် ဓားသိုင်းကို ထုတ်ဖော်လိုက်ပြီး အမြုတေဖွဲ့စည်းခြင်အဆင့်နှင့် ထောက်ပံ့ပေးထားခဲ့သည်။
ဘယ်လောက်တောင်စွမ်းအားကြီးလိုက်မည်နည်း။
အမြုတေဖွဲ့စည်းခြင်းအဆင့်အောက် မည်သူမှ ပြိုင်ဘက်မဟုတ်ပေ။
ဝမ်ယွင်ကောနှင့် လီရှီချန်းတို့ စင်အောင်မှာမတ်တပ်ရပ်နေဆဲဖြစ်ပြီး သူတို့စိတ်ထဲ တစ်ခဏ လေးလံသည့်ခံစားချက်တွေ မြင့်တက်သွား၏။
ပုံမှန်ဆို ဟွာရှန်းချန်က ယဥ်းကျေးသိမ့်မွေ့၏။
သို့ပေမယ့် ခွန်အားကုန်ထုတ်သည့်အခါမှာတော့ ပြင်းထန်သည့်ဖိအားကို ခံစားရ၏။
ထိုအရာက နှစ်ယောက်ကို ပြင်းထန်သည့်ဖိိအားကို ခံစားရစေ၏။
ယန်ယုချင်နှလုံးသာ ခုန်ပေါက်သွား၏။
ဟွာရှန်ချန်က တိုက်ရိုက်ပဲ ခွန်အားကုန်ထုတ်သုံးလာခဲ့သည်။
မောက်မာသည့်ဝမ်ယွင်ကောတို့လို တွေဝေမနေပေ။
သူက တိုက်ပွဲကို အလျှင်အမြန်အဆုံးသတ်ဖို့ရည်ရွယ်နေတာသိသာ၏။
မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
အကြီးအကဲတွေလည်း အဆက်မပြတ်ချီးကျူးလိုက်၏။
ဝါးစိမ်းတောင်ထိပ်အကြီးအကဲလည်း နိုင်ယှဥ်ပြီး ချီးကျူးလိုက်၏။
"အဆုံးမှာတော့ ဂိုဏ်းချုပ်ကိုယ်တိုင်လေ့ကျင့်ပေးထားတဲ့ စစ်မှန်တဲ့ကျွမ်းကျင်သူတစ်ဦးပဲ....."
"ခွန်အားကို ဘေးဖယ်ထားလိုက်အုန်း။ သူက ပြိုင်ဘက်တိုင်းကို အလေးအနက်ထားပြီး ခွန်အားကုန်ထုတ်သုံးတယ်...."
"ငါ့ရဲ့မောက်မာတဲ့တပည့်နှစ်ယောက်နဲ့တော့ ကွာပါ့။ သူတို့ရဲ့ဂရုမစိုက်မှုက အရှက်ရမှုတွေပဲ ယူဆောင်လာတယ်...."
အခြားအကြီးအကဲတွေလည်း စိတ်ထဲမှာ ဝေဖန်လိုက်၏။
ဝါးစိမ်းတောင်ထိပ်အကြီးအကဲက သူ့တပည့်နှစ်ယောက်မျက်နှာကို အဖတ်ဆယ်ဖို့ ကြိုးစားနေတာပဲဖြစ်သည်။
ဂရုမမူလို့ ရှုံးသွားသည်တဲ့လား?...
ထိုအရာက သေချာပေါက် ခွန်အားမလုံလောက်သောကြောင့်ပဲဖြစ်သည်။
ဒါပေါ့။ သူတို့လည်း ဟွာရှန်ချန် အစကတည်းက ခွန်အားကုန်သုံးသည့်အတွက် သဘောကျကြ၏။
အဘယ်ကြောင့်ဆိုသော် ဂျန်ဖန်းမြန်မြန်ဆုံးလေလေ ဟွာရှန်ချန် ပိုသန်မာတာ ပိုပေါ်လွင်လေလေဖြစ်ပြီး မြင့်မြတ်ဂိုဏ်းပုံရိပ်ကို ပိုထိန်းသိမ်းနိုင်မည်ဖြစ်သည်။
သို့ပေမယ့် ထိုအချိန်မှာပဲ...
ဂျန်ဖန်းလည်း လှုပ်ရှားလိုက်၏။
သူ့လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်သည့်အခါ ဓားရှည်က အသံမြည်လာခဲ့သည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ၇ ပြီးပြည့်စုံခြင်းစွမ်းအားက စမ်းရေကဲသို့ပန်းထွက်လာပြိး အနက်ရောင်ဓားထဲကို စီးဝင်သွားခဲ့သည်။
"အလင်းခွဲဓား..."
ဓားဝှေ့ယမ်းမှုနှင့်အတူ ဓားချီတွေ ပေါက်ကွဲထွက်လာပြီး ကျယ်လောင်သည့်ပေါက်ကွဲသံတွေ ထွက်ပေါ်လာခဲ့သည်။
မပြင်ဆင်ထားသည့် ဟွာရှန်ချန် ချက်ချင်းပဲ နားအူသွား၏။
ပြင်းထန်သည့်ပေါက်ကွဲလှိုင်းက သူ့ဓားချက်ကိုတောင် လမ်းလွဲသွားစေခဲ့သည်။
အမူအရာပြောင်းသွားပြီး အံ့အားသင့်စွာပြောလိုက်သည်။
"မင်း ဓားသိုင်းတတ်တယ်။ မင်းမှာ ကျင့်ကြံရေးရှိတာပဲ...."
ပွဲကြည့်နေသည့်တပည့်တွေလည်း အံ့အားသင့်သွားကြ၏။
"ဘုရားရေ, သူက ခန္ဓာသန့်စင်သူဖြစ်ရုံတင်မဟုတ်ဘူးပဲ။ ကျင့်ကြံရေးနယ်ပယ်လည်း ရှိတာပဲ..."
"ပြီးတော့ အဆင့်ကလည်း မနိမ့်ဘူး။ အခြေခံတည်ဆောက်ခြင်းအဆင့် ၇ ပြီးပြည့်စုံခြင်းနယ်ပယ်မှာ..."
"ဓားသိုင်းပညာကလည်း စီနီယာအကိုဟွာထက်တောင် ပိုအဆင့်မြင့်သေးတယ်...."
ချိုင်ယင်ရုံ ကြောင်အနေ၏။
"ယုချင်, နင့်ဦလေးက ခန္ဓာကိုယ်နဲ့ ကျင့်ကြံရေး နှစ်မွာကျင့်ကြံသူလား..."
ယန်ယုချင်းလည်း အံ့အားသင့်နေ၏။
အကြိမ်တိုင်း ဂျန်ဖန်းက သူမကို အသစ်အဆန်းတွေပြသေနေ၏။
သူက အဆုံးမရှိချောက်နက်ကြီးကဲ့သို့ဖြစ်နေပြီး အဆုံးမရှိသည့်ခွန်အားတွေ ပိုင်ဆိုင်ထားသိလိုပင်။
စိတ်သက်သာယာရနေသည့် မြင့်မြတ်ဂိုဏ်း ဂိုဏ်းချုပ်နှင့် အကြီးအကဲများစွာလည်း အံ့အားသင့်သည့်အမူအရာတွေ ပြသလာ၏။
"ဒီ... ဒီကောင်လေးက နှစ်မွာကျင့်ကြံသူလား..."
"ပြီးတော့ နှစ်ခုလုံးမှာလည်း အတော်အားကောင်းတယ်...."
"သူက ဧရာမဂိုဏ်းတပည့်မဖြစ်နိုင်ဘူး။ ဧရာမဂိုဏ်းက ခန္ဓာကိုယ်ကျင့်ကြံခြင်းပဲ အထူးလေ့ကျင့်တာ။ အခြားကျင့်ကြံရေးနည်းလမ်းတွေကို မလေ့ကျင့်ကြဘူး...."
"မြန်မြန်, သူအတိအကျ ဘယ်သူလဲဆိုတာ စုံစမ်းကြစမ်း...."
"ဘယ်ဂိုဏ်းကများ ဒီလိုတပည့်မျိုး ပျိုးထောင်ပေးနိုင်တာလဲ....."
အမြုတေဖွဲ့စည်းခြင်းအောက်ရုပ်ခန္ဓာ၊ အခြေခံတည်ဆောက်ခြင်းအဆင့်၇ ပြီးပြည့်စုံခြင်းအဆင့်ကျင့်ကြံရေး၊ ထို့ပြင် မြေကမ္ဘာအဆင့် ဓားသိုင်း....
ဘယ်အချိန်က ဂိုဏ်း ၉ ဂိုဏ်း နယ်မြေ၌ ဤကဲ့သို့တပည့်ရှိလာသနည်း။
ဆွေးနွေးသံတွေကို ဂျန်ဖန်းမကြားပေ။
ဟွာရှန်ချန် ဓားချက်လမ်းလွဲသွားတာကို အခွင့်ကောင်းယူပြီး နောက်ထပ်ဓားချက် ထုတ်ဖော်လိုက်၏။
"ပင်လယ်ထက်ကနေမင်း...."
ဟွာရှန်ချန် မျက်ခွံ့တွေ တွန့်သွားပြီး အလျှင်အမြန်နောက်ဆုတ်ကာ အကွာအဝေးဖန်တီးလိုက်၏။
နောက်တစ်ခဏ၌ ပိုမိုကျယ်လောင်သည့်ပေါက်ကွဲသံ အနီးနားမှာ ထွက်ပေါ်လာပြီး သူ့နားတွေ နာကျင်သွား၏။
အနည်းငယ်ပိုနီးသွားမည်ဆိုလျှင် သူ့နားစည်းတွေ ပေါက်ကွဲထွက်သွားမည်ပဲဖြစ်သည်။
သူက အရှက်တရားကော ဒေါသကော ခံစားလိုက်ရ၏။
မြင့်မြတ်ဂိုဏ်း၏စီနီယာတပည့်တစ်ယောက်အနေဖြင့် စိတ်ဝိညာဥ်အမြစ်မရှိသည့်တပည့်၏ ဖိအားပေးနောက်ဆုတ်ခြင်းကို ခံခဲ့ရသည်။
သူက နောက်ထပ်ထိန်းမထားနိုင်တော့ပေ။
"ကောင်ကင်လင်းယုန်ရိုက်ချက်...."
ဂျန်ဖန်း ကြောက်မသွားပဲ ထိပ်တိုက်ရင်ဆိုင်လိုက်၏။
"ကောင်းကင်နဲ့မြေပြင်ကြယ်ကြွေခြင်း...."
နှစ်ယောက်သား သူတို့၏ အစွမ်းထက်ဆုံး ဓားသိုင်းတွေကို ထုတ်ဖော်ပြီး တွေ့ဆုံသွားကြ၏။
တစ်ယောက်က ကျင့်ကြံရေးအသာစီးရနေပြီး တစ်ယောက်က ဓားသိုင်းအသားစီးရ၏။
အချိန်အနည်းငယ်အတွင်းမှာပဲ သူတို့က အကွက်ရေဒါဇင်နဲ့ချီ ဖလှယ်ပြီးသွားပြီး အနိုင်ရသူ မပေါ်သေးပေ။
သို့ပေမယ့်....
ဂျန်ဖန်းကျင့်ကြံရေးအဆင့်နိမ့်သည့်အတွက် စိတ်ဝိညာဥ်စွမ်းအင်က အဆက်မပြတ်ကုန်ဆုံးနေခဲ့သည်။
ထို့ကြောင့် ဓားစွမ်းအားကလည်း တဖြည်းဖြည်း အားနည်းလာခဲ့သည်။
အကွက်တစ်ရာ ဖလှယ်ပြီးနောက်....
ဟွာရှန်ချန် ဂျန်ဖန်း၏ဓားသိုင်းအားနည်းလာတာကို အခွင့်ကောင်းယူပြီး ဂျန်ဖန်း၏ဓားကို တိုက်ရိုက်တိုက်ခိုက်လိုက်၏။
ချက်ချင်းပဲ သူ့လက်တွေ နာကျင်သွား၏။
ဂျန်ဖန်း နောက်ဆုတ်မယ့်သူမဟုတ်ပဲ ဖီးနစ်သွေးရတနာခန္ဓာကိုယ်ကို ချက်ချင်း အသက်သွင်းလိုက်၏။
အားကောင်းသည့်ခွန်အားဖြင့် ခေါင်းမာစွာ ခုခံနေခဲ့သည်။
ရလဒ်အနေဖြင့် နှစ်ယောက်သား ဓားတွေလက်ထဲမှ လွင့်ထွက်သွားပြီး စင်မြင့်တစ်ဖက်တစ်ချက်ကို ကျသွားခဲ့သည်။
ရလဒ်က လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။
မြင့်မြတ်ဂိုဏ်းစီနီယာတပည့်ကြီးက မမျှော်လင့်ပဲ ဓားရေးမှာ ပြိုင်ဘက်တွေ့နေခဲ့သည်။
ဟွာရှန်ချန် တစ်ခဏအာရုံစိုက်မှုဆုံးရှုံးသွားပြီး ဂျန်ဖန်းကို စိုက်ကြည့်လိုက်သည်။
ဤအချိန်၌, တိုက်ပွဲအလျှင်အမြန်ပြီးမည့်ကိစ္စတွေ အားလုံးမေ့သွားမည်ပင်။
သူလိုချင်တာအားလုံးက ဂျန်ဖန်းကို အနိုင်ယူဖို့ပင်။
ဂျန်ဖန်းက ကိုင်တွယ်ရမလွယ်တာကိုသိပြီး အသက်ပြင်းပြင်းရူကာ သူ့အကြည့်တွေ ထက်ရှလာ၏။
"ငါ ဒါကို ရွှေရောင်စာရင်းမှာ စိန်ခေါ်ဖို့ ဝှက်ဖဲအဖြစ်သိမ်းထားတာ...."
"အခု, ရွှေးချယ်စရာမရှိပဲ သုံးရတော့မယ်...."
သူက သူ့လက်တွေကို လက်ဝါးပုံစံပြောင်းလိုက်၏။ ကြည့်ရတာ လက်ဝါးနည်းစနစ်တစ်ခုလိုပင်။
"တကယ်တော့,ငါ့ရဲ့အသန်မာဆုံးက ဓားပညာမဟုတ်ဘူး...."
"ဓားပညာက အခြားလူတွေကို လှည့်စားဖို့သက်သက်ပဲ...."
"ငါ့အကျွမ်းကျင်ဆုံးက လက်ဝါးနည်းစနစ်ပဲ....."
"ငါ့အစစ်အမှန်စွမ်းရည်ကို အသုံးပြုအောင်ဖိအားပေးနိုင်တယ်ဆိုတော့ မင်းက ဂုဏ်ယူသင့်နေပြီ...."
ဂျန်ဖန်း ဓားရှုံးဆုံးသွားသည့်အတွက် သူ၏နောက်ဆုံးအကွက်ကို ကြောက်သွားမည်ဟု ထင်လိုက်၏။
သူ့ကို အံ့အားသင့်စွာနှင့်ပဲ....
ဂျန်ဖန်း တည်ငြိမ်စွာပြုံးလိုက်သည်။
"တိုက်ဆိုင်သားပဲ, ငါကောပဲ....."
ဟွာရှန်ချန် ကျုံ့နေသည့်မျက်ခွံ့တွေအောက်မှာပဲ....
ဂျန်ဖန်းလည်း လက်ဝါးနည်းစနစ်ကို ထုတ်ဖော်လိုက်၏။