ရလာဒ်
Vol. 77 Ch. 1192
ချန်လွေ့ တေးလို့စ်ကို ပြောခဲ့သည်မှာ [သရုပ်ခွဲမျက်လုံး] မှတစ်ဆင့် ဖြစ်သည်။ တေးလို့စ်က သူ့ကိုယ်သူ ပြောနေခြင်းနှင့် တူနေသည်။ တေးလို့စ်၏ လက်ထဲ၌ အပို မြှားတစ်ချောင်းကို ရှိနေသည်ကို မည်သူမျှ သတိမပြုမိခဲ့။ ယခင်က ပေါ်လာခဲ့သော ထူးဆန်းသည့် ‘နတ်သူငယ်’ကိုမူ ပို၍ ဆိုးပေသည်။
အလယ်တွင် ၅မိနစ်သာ အနားယူချိန် ရှိသည်။ ရလဒ်ကို ဆုံးဖြတ်မည့် တတိယ အကျော့က မကြာမီ စတင်တော့မည် ဖြစ်၏။ တေးလို့စ်က မျက်ရည်စက်လက် ဖြစ်နေသော အယ်လ်တာနီကို ကြည့်ပြီး လက်ထဲမှ ရွှေအမွေးတောင်နှင့် မြှားကို ကြည့်လိုက်သည်။ သူ၏ စိတ်ထဲတွင် တွန့်ဆုတ်မှု လုံးဝမရှိဘဲ ကွင်းပြင်ထဲ လှမ်းသွားလိုက်တော့သည်။
ယခုတစ်ခေါက် အစီအရင် တိုက်ပွဲ ပတ်ဝန်းကျင်မှာ လွင်ပြင်များ ဖြစ်ပြီး ၎င်းတို့မှာ ကုန်းမြင့်များထက် ပို၍ပင် ပြင်းထန်သည်။ ပွန်ရိုက အလွန်ပင် ဝမ်းမြောက်သွားခဲ့လေသည်။ ဆန်းကြယ် စန္ဒာလေးဖြင့် သူက အဆောင်ပစ္စည်း-ယောင်၏ စွမ်းအား အပြည့်အဝကို အတားအဆီးမရှိ ထုတ်လွှတ်နိုင်နေ၍ ထိုတိုက်ပွဲက သူ့အတွက် သေချာပေါက် အနိုင်ရနေပြီး ဖြစ်သည်။
ပွဲကြည့်စင်မှ ဖာလီက ယုံကြည်မှုရှိစွာ ထိုင်ချလိုက်လေသည်။ နည်းလမ်းများမှာ ဂုဏ်မရှိသော်လည်း စစ်စလီမိသားစုနှင့် နတ်သူငယ် မျိုးနွယ်စု တစ်ခုလုံး၏ ဂုဏ်သတင်း အတွက်မူ အောင်ပွဲက အရေးအကြီးဆုံးအရာပင်။
ပတ်ဝန်းကျင် ဖန်တီးပြီး ယှဉ်ပြိုင်ပွဲ စတင်သည်နှင့် ပွန်ရိုက တေးလို့စ်ကို မြှား ၃ချောင်းဖြင့် အသေမှတ်ထားပြီး ဖြစ်၏။ တေးလို့စ်က သူ့ထက် ပို၍လျင်မြန်စွာ လှုပ်ရှားခဲ့သည်။ လေးညှို့သံ ထွက်လာပြီး မြှားတစ်စင်း လွတ်ထွက်သွားခဲ့၏။
ပွန်ရိုက တေးလို့စ်၏ တစ်ချက်တည်း မြှားပစ်နှုန်းမှာ မိမိထက် အနည်းငယ် ပိုမြင့်မားကြောင်း သိနေ၍ အံ့ဩခြင်း မရှိခဲ့ပေ။ သူ၏ လက်ထဲရှိနေသော မြှား ၃ချောင်းထဲမှ တစ်ချောင်းက ထိုမြှားကို ပစ်မှတ်ထားလျက် ချက်ချင်း ပစ်ခဲ့သည်။ ယခင် အကျော့တွင် ပွန်ရိုက နတ်သူငယ် တစ်ပိုင်း၏ မြှားများကို အလွယ်တကူ ချေမှုန်းနိုင်ခဲ့သည်။
ထူးဆန်းစွာပင် နတ်သူငယ်တစ်ပိုင်းမှ ပစ်ခတ်လိုက်သော မြှား၏ အမြန်နှုန်းမှာ လေထဲ တဖြည်းဖြည်း ယိမ်းယိုင်နေသည့် အလား အံ့ဩဖွယ်ကောင်းလောက်အောင် နှေးကွေးနေ၏။ အသေအချာပင် ပွန်ရို၏ မြှားက ထိုမြှားကို ထိမှန်သွားပြီး ၎င်းက ချက်ချင်း ကြေမွသွားခဲ့သည်။
သို့သော် ကြေမွသွားသည်မှာ ပွန်ရို၏ မြှား ဖြစ်နေ၏။
“ဘာဖြစ်တာလဲ။” ဖာလီနှင့် ပွန်ရိုတို့ တပြိုင်တည်း အော်ဟစ်လိုက်ကြသည်။ သူတို့၏မျက်လုံး တစ်ခုခု မှားနေသည်ဟု ထင်မြင်မိလိုက်ကြသည်။
အဆောင်ပစ္စည်း-ယောင် ဆန်းကြယ်စန္ဒာလေးက ပစ်လိုက်တဲ့ မြှားက တကယ်ပဲ ကြေမွသွားတာလား။
နတ်သူငယ်တစ်ပိုင်း ပစ်လိုက်သော မြှားက ယခင်ကဲ့သို့ တူညီသောအရှိန်ဖြင့် ပွန်ရိုထံ ပျံသန်းသွားခဲ့သည်။ စဉ်းစား မနေဘဲ ပွန်ရိုက မြှား ၂ချောင်း ဆက်တိုက် ပစ်လွှတ်လိုက်၏။
ကြေမွ....ကြေမွသွား၏။
ယခင်တစ်ခေါက်လိုပင်။
မြှား ၃ချောင်းက ပွန်ရို၏ လက်ထဲတွင် နောက်တစ်ကြိမ် ပေါ်လာခဲ့ပြီး သူက ၎င်းကို မယုံကြည်နိုင် ဖြစ်နေလေသည်။ ရုတ်တရက် ရေတွက်၍ မရနိုင်သော မြှားများက အလင်းရောင် အမျိုးမျိုးဖြင့် နှေးကွေးသော မြှားထံသို့ ပျံသန်းသွားခဲ့ပြီး တဖျောက်ဖျာက် အသံများ ထွက်ပေါ် လာခဲ့သည်။
ထို့နောက် ပုံမှန်အတိုင်းပင်-
တိုက်ခိုက်မှုအားလုံး ကြေမွသွားခဲ့၏။
မြှားက တဖြည်းဖြည်းနှင့် ဆက်လက် ပျံသန်းနေခဲ့ပြီး ရွှေအမွေးတောင်မြှားက ပြိုင်ဘက်၏ အရည်အချင်း မရှိမှုကို လှောင်ပြောင်နေသည့်အလား ဖြစ်နေခဲ့ပြီး ဖျော့တော့တော့ အလင်းရောင်တစ်ခုကို ထုတ်လွှတ်နေခဲ့သည်။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ပွန်ရို၏ ကျောဘက်က ချွေးစေးများဖြင့် စိုသွားပြီး ရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။
ပွန်ရို သတိမပြုမိခင်မှာပင် ရွှေရောင် အမွေးတောင်မြှားက တည်ငြိမ်သည့်တိုင် မလွန်ဆန်နိုင်သော စွမ်းအားဖြင့် သူ့ထံ ချဉ်းကပ်လာနေပြီ ဖြစ်သည်။ သဘာဝ၏ စွမ်းအားကဲ့သို့ ရိုးရှင်းပြီး ကြီးမားကာ ကျယ်ပြန့်နေ၏။ ပွန်ရိုက ၎င်းကို ရှောင်တိမ်းရန် လုံးဝ မစဉ်းစားနိုင်ခဲ့ပေ။ ၎င်းမှာ ရှောင်တိမ်း၍ မရနိုင်ပေ။
ပွန်ရိုက ဆန်းကြယ်စန္ဒာလေးကို မသိစိတ်ဖြင့် ဝှေ့ရမ်းလိုက်ပြီး မြှားကို တားဆီးလိုက်၏။ ဆန်းကြယ်စန္ဒာလေးကို မြှားက ထိမှန်ပြီး ချက်ချင်းပင် ရပ်တန့် သွားခဲ့သည်။ အစီအရင် တစ်ခုလုံး တုန်ခါသွားပြီး ဆန်းကြယ်စန္ဒာလေးတွင် အက်ကြောင်းတစ်ခု ပေါ်လာခဲ့၏။ အက်ကြောင်းက မျက်စိတစ်မှိတ် အတွင်း ပျံ့နှံ့သွားခဲ့ပြီး ‘ဝုန်း’ခနဲ အပိုင်းပိုင်း ပြုတ်ထွက်သွားခဲ့သည်။
အဆောင်ပစ္စည်း-ယောင် ဆန်းကြယ်စန္ဒာလေးက မြှားတစ်စင်းဖြင့် ကြေမွသွားခဲ့လေသည်။
ထိုအခိုက်တွင် လူတိုင်းနီးပါး မှင်တက် သွားကြခဲ့သည်။
ထိုမြင်ကွင်းက အလွန် တုန်လှုပ်ဖွယ် ကောင်းလှသည်။ ပွန်ရို၏ ခန္ဓာကိုယ်က မြှားကြောင့် ထိုးဖောက်ခြင်း ခံလိုက်ရပြီး အမှုန်များ အဖြစ်သို့ ပျောက်ကွယ်သွားပြီး နောက်တွင်ပင် အုတ်အော်သောင်းတင်း မဖြစ်ပေါ်စေခဲ့ပေ။
ပွန်ရိုကို အလွယ်တကူ သတ်ပြီးနောက် မြှားက မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်ငး စိုက်သွားပြီး အစီအရင်များ ဖုံးထားသော မြေပြင်ပေါ်တွင် အက်ကြောင်းကြီးများ စတင်၍ ပေါ်ပေါက်လာခဲ့သည်။ ဧရာမ အပေါက်နက်ကြီးတစ်ခု ရှေ့မှ ပန်ကာပုံစံ ဧရိယာတွင် ပေါ်လာခဲ့သည်။ အစီအရင် အထဲမှ မြေကြီးများက ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ကြောက်စရာ စွမ်းအားပဲ။
ထိုမြှား၏ စွမ်းအားက ပရိသတ်ကို လုံးဝ တုန်လှုပ်သွားစေခဲ့သည်။ ထိုမြှားကို ပစ်ခဲ့သော နတ်သူငယ်တစ်ပိုင်းသည်လျှင် ခြွင်းချက် မဟုတ်ပေ။ ဒါက ဘယ်လို မြှားမျိုးလဲ။
ကံကောင်းစွာပင် အစီအရင်သည် တစ်စိတ်တစ်ပိုင်းသာ ပြိုလဲသွားခဲ့သည်။ ယှဉ်ပြိုင်ပွဲ မြင်ကွင်း ပျောက်သွားပြီး နောက်တွင် ပွန်ရိုက သူ၏ခန္ဓာကိုယ်ကို ပြန်ရရှိသွားသော်လည်း မသိစိတ်ဖြင့် တုန်လှုပ်နေခဲ့သည်။ သူ၏ မျက်နှာက လုံးဝ ဖြူဖျော့ နေခဲ့လေသည်။ ခုနက အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သော မြှားကြောင့် ဖြစ်လာသော ကြီးမားသည့် ကြောက်ရွံ့မှုသည် သူ၏ ဝိညာဉ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်သွားပြီ ဖြစ်၏။
“ချီးပဲ...” ပွန်ရို၏ ဖခင် ဖာလီက အော်ပြောလိုက်သည်။ သူက အမြန်ဆုံး တုံ့ပြန်လိုက်သူ ဖြစ်သည်။ “ဒါ မသမာမှုပဲ။ လပြည့်ညပွဲတော်ကို စော်ကားတာ။ ဒါက မြှားပစ်တိုက်ပွဲ လုံးဝကို မဟုတ်ဘူး။ ဒီမုန်းတီးစရာ နတ်သူငယ် တစ်ပိုင်းကို ကွပ်မျက်ပစ်လိုက်။”
ထိုစကား ထွက်ပေါ်လာသည်နှင့် နတ်သူငယ်များစွာက အော်ဟစ်လိုက် ကြလေသည်။ “နတ်သူငယ်တစ်ပိုင်းကို ကွပ်မျက်ပစ်။”
အမှန်တကယ်တွင် ထိုနတ်သူငယ် အများစုသည် ခုနက တိုက်ပွဲ၏ နက်နဲမှုကို ကောင်းကောင်းကြီး သိကြသော်လည်း နတ်သူငယ် မျိုးနွယ်စု၏ မာန၊ ဝင့်ဝါမှု၊ သို့မဟုတ် အခြားသော ခံစားချက်ကြောင့် ထိုနတ်သူငယ်များ၏ စိတ်ထဲ ယိုယွင်းမှု အမျိုးမျိုး ပေါ်လာခဲ့သည်။ ထို့ကြောင့် သူတို့က ဖာလီ၏ ပြောဆိုမှုကို တုံ့ပြန်၍ အော်ဟစ်လိုက်ကြခြင်း ဖြစ်သည်။
နတ်သူငယ် အတော်များများကလည်း တိတ်ဆိတ်နေရန် ရွေးချယ်ခဲ့သော်လည်း အော်သံများ ဆက်ထွက်လာသည်နှင့်အမျှ အသံများ ပိုများလာခဲ့သည်။
သို့သော်လည်း နတ်သူငယ်တစ်ပိုင်း တေးလို့စ်က တည်ငြိမ်ပုံ ရနေသည်။ သူက အယ်လ်တာနီကို တိတ်ဆိတ်စွာဖြင့် စိုက်ကြည့်နေရုံသာ ကြည့်နေခဲ့လေသည်။ သေခြင်း ရှင်ခြင်း အပါအဝင် သူ၏ မျက်လုံးများထဲ အခြား ဘာမှမရှိတော့။
“အံ့ဩစရာပဲ။”
ဂရုမထားသော အသံတစ်ခု ထွက်ပေါ် လာခဲ့သည်။ ထိုအသံ မကျယ်သော်လည်း ၎င်းတွင် ဖော်ပြ၍ မရနိုင်သော စွမ်းအား တစ်ခု ပါဝင်ပြီး ရှိနေသော အသံ အားလုံးကို ဖိနှိပ်သွားရင်း လူတိုင်း၏ ဝိညာဉ်ထဲတွင် ပဲ့တင်ထပ်သွား၏။
ပွဲကြည့်စင်ပေါ်မှ ထူးဆန်းသော ‘နတ်သူငယ်’ တစ်ယောက် တဖြည်းဖြည်း ဆင်းလာခဲ့ပြီး သူ့နောက်တွင် နတ်သူငယ် အများအပြားနှင့် သိင်္ဂဿဖြူတစ်ကောင် လိုက်ပါလာခဲ့သည်။
အချို့နတ်သူငယ်များက အဖြူရောင် သိင်္ဂဿမှာ ကျောက်စိမ်းသစ်တော ပင်လယ်မှ အကြမ်းတမ်းဆုံး လေဖြူ ဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်သည်။ နောက်မှ ဆင်းလာသော လူအနည်းငယ် အကြားတွင် မင်းသမီးငယ်လေး မီရှယ်က သူတို့ထဲမှ တစ်ဦး ဖြစ်ပုံရသည်။
ဧကရီဘုရင်မ လစ်ဗ်က ထရပ်ပြီး စကားပြောတော့မည် ပြင်လိုက်စဉ် ထိုသို့ မြင်ကွင်းကို မြင်သောအခါ ခဏတာ တိတ်ဆိတ်သွားပြီး ထိုင်ချလိုက်ပြန်သည်။
တစ်ချိန်တည်းမှာပင် ဧကရီဘုရင်မ လစ်ဗ်ဘေးမှ ပုဂ္ဂိုလ်တစ်ဦးက ရှေ့တွင် လျှောက်လှမ်းနေသော ‘နတ်သူငယ်’ကို မျက်နှာပေါ်တွင် ဖုံးကွယ်၍ မရနိုင်သော တုန်လှုပ်မှုဖြင့် စိုက်ကြည့်နေခဲ့လေသည်။
ဒီနတ်သူငယ်ရဲ့ အသွင်နဲ့ အသံက မဟုတ်ဘူး.... သူက နတ်သူငယ် တစ်ယောက်မဟုတ်ဘူး။
အဲဒါ သူပဲ။
“အရှင်မ လန်ဘိစ်...” မင်းသမီး ဖီလီ၏ စိုးရိမ်ရောက်နေသော အသံက ဘေးမှ ထွက်ပေါ်လာသည်။
ကျက်သရေပြာ ဧကရီက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ မှန်ကဲ့သို့သော မျက်လုံးထဲမှ ရှုပ်ထွေးသော ခံစားချက်များကို အလျင်အမြန် ဖယ်ရှားလိုက်ကာ ဘာမှမဖြစ်ကြောင်း ဖော်ပြရန် ခေါင်းကို ခါလိုက်သည်။
“ကျုပ် ပြောနေတဲ့ အံ့ဩစရာက ယှဉ်ပြိုင်ပွဲ ရလဒ် မဟုတ်ဘူး။ ရလဒ်ကို ဆုံးဖြတ်တဲ့ ပုဂ္ဂိုလ်၊ ခင်ဗျား၊ ခင်ဗျား... ခင်ဗျားတို့ အားလုံးကိုပဲ။” ထိုသို့ပြောပြီး ချန်လွေ့က နတ်သူငယ်တစ်ပိုင်း ဘေးသို့ တဖြည်းဖြည်းနှင့် လျှောက်သွားခဲ့သည်။ တေးလို့စ်က သူ့အား ချက်ချင်း ဦးညွှတ် လိုက်သည်။
“မင်းက ဘယ်သူလဲ။” ဖာလီက ချက်ချင်း ခုန်လွှားလိုက်ပြီး ချန်လွေ့ကို လက်ညှိုးထိုးလိုက်သည်။ “မင်းက နတ်သူငယ်တစ်ပိုင်းကို မသမာမှု လုပ်တဲ့ နေရာမှာ ကူညီပေးနေတာပဲ ဖြစ်ရမယ်။”
“ကျုပ်က တေးလို့စ်ကို အဲဒီမြှား ပေးခဲ့တယ်။ ဒါ တကယ်ပဲ မသမာတာပါ။” ချန်လွေ့၏ စကားများက နတ်သူငယ် များစွာကို တိုးတိုး ပြောစေခဲ့သော်လည်း သူက တည်ငြိမ်နေဆဲ ဖြစ်သည်။ “ဒါပေမဲ့ ရှိနေတဲ့ လူတွေက ဒုတိယအကျော့ ကတည်းက ဒီယှဉ်ပြိုင်ပွဲက မျှတမှု မရှိတော့ဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း သိကြတယ်။ အသန့်စင်ဆုံးနဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး မြှားပစ် စွမ်းရည် တိုက်ပွဲက ရုပ်ဆိုးတဲ့ တိုက်ပွဲ တစ်ခု အဖြစ်ကို ပြောင်းလဲသွားခဲ့တယ်။ ပိုပြီးတော့ စိတ်ပျက်စရာ ကောင်းတာက ခုနက အမှန်ကို သိခဲ့တဲ့ အဲဒီလူတွေနဲ့ ရယ်စရာကောင်းတဲ့ အကြောင်းပြချက် တစ်ခုခုကြောင့် နတ်သူငယ် တစ်ပိုင်းကို ကွပ်မျက်ချင်ခဲ့တဲ့ သူတွေပဲ။ ခင်ဗျားတို့ လုပ်ခဲ့တာက လပြည့်ည ပွဲတော်ရဲ့ မြင့်မြတ်မှုကို တကယ် စော်ကားတာပဲ။”
“မဟုတ်တာတွေ။ မင်းမှ စော်ကားတာ။ မင်းက နတ်သူငယ်တစ်ပိုင်းနဲ့ အတူတူပဲ။” ဖာလီ ဒေါသတကြီး ဖြစ်သွားခဲ့လေသည်။ “အစောင့်တွေ၊ သူ့ကို ဖမ်းလိုက်။”
သက်ပြင်းချသံ ထွက်ပေါ်လာခဲ့သည်။ လူတိုင်းက ၎င်းကို ကြားလိုက်ရ၏။
သက်ပြင်းချသံက အခြားလားရာမှ လာခြင်းဖြစ်ပြီး ပုံရိပ်တစ်ခု ကွင်းပြင်ထဲ ပေါ်လာခဲ့သည်။ သူက မြေပြင်ပေါ်မှ ကြေမွနေသော ဆန်းကြယ်စန္ဒာလေးကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
“ခင်ဗျား...” ဖာလီက ထိုရင်းနှီးသော အမျိုးသား နတ်သူငယ်ကို အံ့ဩစွာဖြင့် ကြည့်လိုက်သည်။ သူက ရုတ်တရက် လန့်သွားပြီး အလျင်အမြန် ဦးညွှတ် လိုက်သည်။ “အရှင်မင်းကြီး စပန်။”
“လွန်ခဲ့တဲ့ နှစ်၂၀၀၀၀က အရှင်မင်းကြီး စပန်ပဲ။”
“နတ်သူငယ်ဘုရင်...”
“...”
နတ်သူငယ်များ၏ အာမေဍိတ်သံများ ပတ်ပတ်လည် ထွက်ပေါ်လာခဲ့သည်။
စပန်က ခေါင်းခါလိုက်ပြီး ဖာလီကို ကြည့်လိုက်သည်။ “ဆန်းကြယ်စန္ဒာလေး သေဆုံးသွားပြီ။”
ဖာလီ ခေါင်းငုံ့ပြီး ပြောလိုက်သည်။ “အရှင်မင်းကြီး။ ဆန်းကြယ်စန္ဒာလေးကို ကျုပ် ကောင်းကောင်း မစောင့်ရှောက် နိုင်ခဲ့လို့ပါ၊ ဒါက နတ်သူငယ်တစ်ပိုင်းရဲ့ မိစ္ဆာလက်နက်ကြောင့် ဖျက်ဆီးခံခဲ့ရတာ။ ကျုပ်ကို အပြစ်ပေးပါ။ အရှင်မင်းကြီး။”
“‘သေဆုံး’ သွားပြီလို့ ငါပြောခဲ့တယ်။” စပန် နောက်တစ်ခါ သက်ပြင်းချလိုက်၏။ “ဆန်းကြယ်စန္ဒာလေးက နတ်သူငယ်လေး (၃)လက်ထဲက တစ်လက် ဖြစ်ပြီးတော့ ရဲရင့်ခြင်းနဲ့ တရားမျှတခြင်းကို ကိုယ်စားပြုတယ်။ ငါ ဒါကို အဲဒီတုန်းက မင်းအဖေ တာနစ်ဆီကို ပေးခဲ့တယ်။ ဘာလို့လဲဆိုတော့ သူက ဒီလေးနဲ့ ငါ့ထက် ပိုပြီးတော့ ထိုက်တန်လို့ပဲ။ ဒါပေမဲ့ မင်းက ဒါကို ပွန်ရိုဆီ မသမာမှုလုပ်ဖို့ ပေးခဲ့တဲ့ အခိုက်အတန့်မှာ သူ့ဝိညာဉ် မရှိတော့ဘူး။ နောက်ဆုံး တိုက်ပွဲကို နိုင်ခဲ့ရင်တောင်မှ ဝိညာဉ်က ပျောက်ကွယ်သွားပြီ။”
အကယ်၍ အခြားတစ်ယောက်ယောက် ထိုသို့ပြောခဲ့ပါက ဖာလီ သေချာပေါက် ချေပမည်၊ ငြင်းခုံပေလိမ့်မည်။ သို့သော် ထိုသို့ပြောခဲ့သူမှာ ဆန်းကြယ်စန္ဒာလေး၏ ပိုင်ရှင်၊ ဖခင် တာနစ်၏ ဆရာဟောင်းနှင့် နတ်သူငယ် မျိုးနွယ်စု၏ ဒဏ္ဍာရီလာ သူရဲကောင်းဘုရင် စပန် ဖြစ်သည်။ ဖာလီ ပြောစရာမဲ့သွား၏။
“ဆန်းကြယ်စန္ဒာလေး သေဆုံးခြင်းက ငါ့ကို ဝမ်းနည်းစေတယ်။ ဒါပေမဲ့ ပိုပြီး ဝမ်းနည်းစရာကောင်းတာကတော့ ခုနက အော်သံပဲ။” စပန်က ပတ်ဝန်းကျင်မှ ပွဲကြည့်စင်ကို ကြည့်လိုက်သည်။ သူ၏ အမြင်အာရုံ သွားရာ နေရာတိုင်းတွင် နတ်သူငယ်များစွာက ခေါင်းများငုံ့လိုက်ပြီး မကြည့်ရဲကြပေ။ “အပေါ်ယံတွေအတွက် မင်းတို့ရဲ့ ဂုဏ်သိက္ခာ၊ မာန၊ အသိတရားနဲ့ တရားမျှတမှုကို စွန့်လွှတ်ဖို့ တွန့်ဆုတ် မနေကြဘူး။ တိုင်းသူပြည်သား များစွာနဲ့ ငါက လွန်ခဲ့တဲ့ နှစ်၂၀၀၀၀က ကပ်ဘေးကို ကိုယ်တိုင် ကိုယ်ကျ ကြုံတွေ့ခဲ့ဖူးတယ်။ အဲဒီကပ်ဘေးမှာ ငွေလကောင်းကင် မြို့တော်ရဲ့ သဘာဝ သစ်ပင်က လမ်းမှား နတ်သူငယ်တွေရဲ့ လက်ထဲမှာ လုံးဝနီးပါး ပျက်စီးသွားခဲ့တယ်။ မင်းတို့ရဲ့ ခုနက လုပ်ရပ်တွေက အဲဒီတုန်းက အမှောင်ထုနဲ့ ဆိုးယုတ်မှုကြောင့် သွေးဆောင်ခံခဲ့ရတဲ့ လမ်းမှားသူတွေနဲ့ ဘယ်လောက်တောင် တူနေကြလဲ။ မင်းတို့ လိုချင်တဲ့ ရလဒ်ကို ရရှိတယ်လို့ ထင်တဲ့အချိန် လက်တွေ့မှာ ပိုပြီးတော့ အဖိုးတန်တဲ့ အရာတွေက မင်းတို့ကို တဖြည်းဖြည်း စွန့်ခွာသွား နေတယ် ဆိုတာကို ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူးလား။”
စပန် ထိုသို့ပြောရာတွင် နတ်သူငယ် အားလုံးနီးပါးက ရှက်ရွံ့သော အမူအရာများကို ပြသခဲ့ကြသည်။ ထိုအချိန်တွင် ဧကရီဘုရင်မ လစ်ဗ်၏ အသံက ထွက်ပေါ်လာခဲ့သည်။ “အရှင်မင်းကြီး စပန် မှန်ပါတယ်။ ငါတို့က မျက်စိမှိတ် ကျေနပ်နေပြီး မောက်မာ နေမယ့်အစား ကိုယ့်ကိုယ်ကိုယ် ရင်ဆိုင် တတ်ဖို့ သင်ယူသင့်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်တတ်ဖို့ သင်ယူသင့်တယ်။ ဒီကိစ္စကို လူတိုင်းရဲ့ စိတ်ထဲမှာ မှတ်မိ နေနိုင်မယ် မျှော်လင့်တယ်။ အဆုံးသတ် ဖြစ်လာတာက အစအသစ် တစ်ခုလည်း ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် စစ်ဆေး၊ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်ဖို့ အချိန်တိုင်း လုပ်ထားမှပဲ နတ်သူငယ် မျိုးနွယ်စုက ကျဆုံးခြင်း ဒါမှမဟုတ် သေဆုံးခြင်း မကြုံရဘဲနဲ့ ဒီလောကမှာ ဆက်ပြီးတော့ ကြီးပွားနိုင်လိမ့်မယ်။”
ဧကရီအရှင်မ ဆိုတဲ့ အတိုင်းပါပဲ။ ဒီအနှစ်ချုပ်က အချိန်ကိုက်ပဲ။ ချန်လွေ့ တိတ်တဆိတ် ခေါင်းညိတ်ပြီး လက်ခုပ် တီးလိုက်သည်။ ခဏလေး အတွင်းမှာပင် နတ်သူငယ်အားလုံး လက်ခုပ်တီးလိုက်၏။ ဧကရီဘုရင်မ လစ်ဗ်သည် ချန်လွေ့အား အနည်းငယ် ခေါင်းညိတ် ပြလိုက်သည်။ သေဆုံးမည်ဟု ထင်ခဲ့သော တေးလို့စ်က ထိုကဲ့သို့ အလှည့်အပြောင်းမျိုးကို လုံးဝ အိပ်မက် မမက်ခဲ့ပေ။ သူက ချန်လွေ့အား ကျေးဇူးတင်စွာဖြင့် နက်နက်ရှိုင်းရှိုင်းနှင့် ထပ်မံ၍ အရိုအသေ ပေးလိုက်သည်။
နတ်သူငယ်တစ်ပိုင်းက အယ်လ်တာနီ ထံသို့ လျှောက်လှမ်းသွားပြီး ချစ်သူ၏ လက်ကို ကိုင်လိုက်သည်။ မမျှော်လင့်ဘဲ အယ်လ်တာနီ အရှေ့တွင် ရင်ပြား လိုလီတစ်ဦး ရှိနေခဲ့ပြီး သတ်ဖြတ်လိုသော စိတ်ဆန္ဒ ပြသနေ၏။ “မင်းရဲ့လက်တွေကို ဖယ်လိုက်။ အယ်လ်တာနီက ငါ့မိန်းမပဲ။ သူ့ကို လုရဲတဲ့သူတိုင်း အသတ်ခံရမယ်။”
နတ်သူငယ်တစ်ပိုင်း မှင်တက်သွားပြီး အယ်လ်တာနီလည်း ကြက်သေသေသွား ခဲ့သည်။ ထိုအခါမှ သူသည် ထို ‘နတ်သူငယ်မိန်းကလေး’တွင် တစ်ခုခု မှားနေကြောင်းကို သိရှိသွားခဲ့လေသည်။ အန္တရာယ်ရှိတဲ့ လူတစ်ယောက်ကို ကြိုဆို နေတာလား။
ချန်လွေ့က ပြုံးဖြီးဖြီး လုပ်နေသော မိန်းမချင်း စိတ်ဝင်စားသည့် လူမိုက်ကို ပြောစရာမဲ့နေရင်းနှင့် ကြည့်လိုက်သည်။ စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူ မျက်မှောင်ကြုတ်လျက် ကောင်းကင်ကို ကြည့်လိုက်၏။ မူလ အပြာရောင် ကောင်းကင်က ရုတ်တရက် ငွေရောင် တိမ်များဖြင့် ဖုံးလွှမ်းသွားပြီး တိမ်များက မရေမတွက်နိုင်သော စူးရှတောက်ပသည့် အလင်းတန်းများ ထုတ်လွှတ်လိုက်သည်။ ငွေလကောင်းကင်မြို့တော် ကောင်းကင် တစ်ခုလုံး တုန်ခါသွားပြီး အစီအရင်က အလင်းတန်းများကြောင့် အလွယ်တကူ ထိုးဖောက်ခြင်း ခံလိုက်ရ၏။