← Chapters

မိတ်ဆွေဟောင်း

Vol. 77 Ch. 1194

မိတ်ဆွေဟောင်း

Vol. 77 Ch. 1194

ငွေလကောင်းကင် မြို့တော်၏ ဧရိယာ တစ်ခုလုံး တုန်ခါနေ၏။ ပတ်ဝန်းကျင်မှ မမြင်နိုင်သော အစီအရင်က အမှန်ပင် သိသာထင်ရှားသော အက်ကွဲကြောင်းများ ဖြစ်လာခဲ့လေသည်။ နတ်သူငယ်များက မလွန်ဆန်နိုင်သော စွမ်းအားကို ခံစားမိပြီး အားလုံး ထိတ်လန့်သွားကြသည်။ ဒါက အထွတ်အထိပ်အဆင့် အစွမ်းထက်ပုဂ္ဂိုလ် စွမ်းအားလား။ ကြောက်စရာပဲ။

ခီလန်ယာ ကဲ့သို့သော နတ်ဘုရား တစ်ပိုင်း အဆင့်ပင်လျှင် ရပ်နေနိုင်ရုံသာ တတ်နိုင်ပြီး ဘာမှမလုပ်နိုင်ခဲ့ပေ။

ဂေဘရီရယ်နှင့် ရာဖယ်ရယ်တို့သည် ထိုအင်အားဖြင့် မသိစိတ်ဖြင့် နောက်သို့ ရွေ့လျားနေကြသည်။ ရှည်လျားသော ငွေရောင်တုတ်တစ်ချောင်း ရာဖယ်ရယ်၏ လက်ထဲတွင် ပေါ်လာခဲ့သည်။ သူက အရှိန်အဟုန်နှင့် အရှိန်အဝါကို ထုတ်ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း သူက တွန်းလှန်မှုကို မရပ်တန့်နိုင်သေးပေ။ သူ ပို၍ပို၍ တုန်လှုပ်လာခဲ့သည်။ ‘သူ့’ရဲ့ အရှိန်အဟုန်က နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် နှစ်ယောက်ကို တစ်ခါတည်းနဲ့ တကယ် ဖိနှိပ်ထားတယ်။

အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသော ခီလန်ယာ၊ ဒါဆာနှင့် အခြားသူများလည်း တုန်လှုပ်သွားကြ၏။ ချန်လွေ့က တစ်ယောက်နဲ့ နှစ်ယောက် တိုက်ခိုက်မယ် ဆိုပြီးတော့ ပြောခဲ့တာက ကြွားနေတာ မဟုတ်ဘဲနဲ့ သူ တကယ်ပဲ ဒီလိုစွမ်းအားကို ပိုင်ဆိုင်ထားတာပဲ။

“ခဏနေပါဦး။” ဂေဘရီရယ်၏ မှိတ်ထားသော မျက်လုံး တဖြည်းဖြည်း ပွင့်လာပြီး နောက်ဆုတ်နေသော ခန္ဓာက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ချဉ်းကပ် လာသော ကြယ်အလင်းရောင်သည်လည်း လျင်မြန်စွာ ပြိုကွဲသွားခဲ့၏။

ထိုအရာမှာ သူတော်စင် တိုက်ခိုက်ရေး နှလုံးသား၏ အထူးအရှိန်အဝါဖြစ်သော [နိယာမအားလုံးကိုဖျက်ဆီးခြင်း] ပင်။ သို့သော် ကြယ်အလင်းရောင် ပြိုကွဲပြီး နောက်တွင် ၎င်းက နောက်တစ်ကြိမ် ပြန်စုစည်းသွားပြီး အားနည်းသွားသည့် လက္ခဏာ လုံးဝ မပြနေပေ။

ဂေဘရီရယ်က [ယုံကြည်မှုချပ်ကာ] သို့မဟုတ် လက်နက်များကို အသက် မသွင်းဘဲ လေးနက်စွာ ပြောလိုက်သည်။ “ရှင့်ရဲ့ စွမ်းအား တိုးတက်နှုန်းက ကျွန်မတို့ မျှော်လင့်ထားတာထက် ကျော်လွန်သွားပြီ ဆိုတာကို ဝန်ခံပါတယ်။ ဒါပေမဲ့ ကျွန်မ အဓိပ္ပာယ်မရှိဘဲ မတိုက်ခိုက်ချင်ဘူး။ ဒီတစ်ခါ ငွေလကောင်းကင် မြို့တော်ကို လာခဲ့တာက နတ်သူငယ် မျိုးနွယ်စုကို ဒုက္ခပေးဖို့၊ ခင်ဗျားလို ‘မိတ်ဆွေဟောင်း’ ကို ဒုက္ခပေးဖို့ မဟုတ်ဘူး။ တခြား ‘မိတ်ဆွေဟောင်း’ တစ်ယောက်ဆီကို လာလည်ဖို့ပဲ။ ရှင် တိုက်ခိုက်ဖို့ အခိုင်အမာ လုပ်မယ် ဆိုရင်တော့လည်း ကျွန်မမှာ ကြောက်စရာ ဘာမှမရှိဘူး။”

“မိတ်ဆွေဟောင်းလား။” ချန်လွေ့က ဂေဘရီရယ်ကို ကြည့်ပြီး ခဏတာ တိတ်ဆိတ်နေကာ နောက်ဆုံးတွင် [ကြယ်စုံနတ်ဘုရားမြင်ကွင်း] စွမ်းအားကို တဖြည်းဖြည်း ချုပ်တည်းထားလိုက်သည်။ အပြုံးတစ်ခုက သူ၏ မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။ “တိုက်ဆိုင်လိုက်တာ။ ကျုပ်လည်း ‘မိတ်ဆွေဟောင်း’နဲ့ တွေ့ဖို့ ဒီကိုရောက်လာခဲ့တာပဲ။”

“ရှင်ကလည်း အဲဒီမိတ်ဆွေဟောင်းကို လာလည်တာပဲလား။” ဂေဘရီရယ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ “ရှင့်ရဲ့ မှတ်ဉာဏ်က...”

ချန်လွေ့ ခေါင်းခါပြီး ပြောလိုက်သည်။ “ကျုပ်ရဲ့ မှတ်ဉာဏ်က ဘယ်တုန်းကမှ ပြဿနာ မဟုတ်ခဲ့ဘူး၊ ဒါပေမဲ့ ခင်ဗျား ပြောခဲ့တဲ့ ‘အဲဒီလူ’မှာ ပြဿနာရှိမရှိ ဆိုတာကိုတော့ ကျုပ် မသိဘူး။”

ဂေဘရီရယ် မျက်မှောင်ကြုတ်သွား၏။ “ဘာကို ဆိုလိုတာလဲ။”

ချန်လွေ့ ခေါင်းခါလိုက်သည်။ “ကျုပ် ခင်ဗျားကို သေချာရေရာတဲ့ အဖြေတစ်ခု ပေးနိုင်တယ်။ အစကတည်းက ခင်ဗျားနဲ့ တခြားလူတွေ လူမှားနေခဲ့တာ။”

“ဟမ့်။ ကိုယ့်ကိုယ်ကိုယ် လှည့်စား မနေနဲ့တော့။” ဂေဘရီရယ် သွယ်လျသော မျက်ခုံးများကို ပင့်လိုက်သည်။ “ကျွန်မ ရှင်နဲ့ ဒီလိုကိစ္စမျိုးမှာ စကားများနေဖို့ အချိန်မရှိဘူး။”

ချန်လွေ့က ထပ်မံ မရှင်းပြတော့ဘဲ စကားလမ်းကြောင် ပြောင်းလိုက်သည်၊ “ခင်ဗျားတို့ ငွေလကောင်းကင်မြို့တော်ထဲ ဒီလိုမျိုး ဖောက်ဝင်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ။”

“ငါတို့က မင်းကို ဖြေရမယ်လို့ ဘာလို့ ထင်တာလဲ။” ရာဖယ်ရယ်က ခနဲ့တဲ့တဲ့ ကြားဖြတ်ပြောလိုက်သည်။ “မင်းက နတ်သူငယ် ရှေ့ဖြစ်ဟောကို လာတွေ့တဲ့ ရည်ရွယ်ချက်ကို ပြောလေ။”

“ကံဆိုးချင်တော့..” ချန်လွေ့ လက်ကို ဖြန့်လိုက်၏။ “အဲဒီ ဆာ-ရှေ့ဖြစ်ဟောက စိတ်လှည့် တောအုပ်ကို ပိတ်ထားပြီးပြီ။ ဘယ်အပြင်လူကိုမှ မတွေ့ဘူး။”

ဂေဘရီရယ်၏ ငွေရောင်နှင့် အနီရောင်မျက်လုံး လင်းလက်သွား၏။ “ကိုယ့်ကိုယ်ကိုယ် လှည့်စားတာအပြင် တစ်ခါတစ်ရံ တချို့တွေ ကိုယ့်ကိုယ်ကိုယ် မကူညီနိုင်ဘူး မဟုတ်လား။”

“ထင်ရတာပဲ။” ချန်လွေ့ ပခုံးတွန့် လိုက်သည်။ “စောင့်ကြည့်တာပေါ့။”

“ငါတို့ကို အလူစီယာရဲ့ ချိပ်ပိတ် စွမ်းအားကို ဖောက်ထွက်ဖို့ အသုံးချချင် တာလား။” ရာဖယ်ရယ်က မထီမဲ့မြင် လှောင်ရယ်လိုက်လေသည်။ “ဒါက မင်းနဲ့ မတူဘူး။”

“ကျုပ် ပြောပြီးပြီ။ ကျုပ်က ကျုပ်ပဲ။ ပြီးတော့ အဲဒီလူက အဲဒီလူပဲ။ ဒါပေမဲ့ ကျုပ်တို့ မိတ်ဆွေဟောင်းကို သွားလည်မှာ ဆိုတော့ အတူတူသွားရင် ဘယ်လိုလဲ။” ချန်လွေ့က အမှန်တွင် ရေခဲမှိုအတွက် စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ဂေဘရီရယ်နှင့် ရာဖယ်ရယ်တို့က တောအုပ်ထဲသို့ အတင်းအကျပ် ဝင်ပြီး ရေခဲမှိုကို သက်ရောက်မှုရှိခဲ့ပါက ယခင် ကြိုးပမ်းအားထုတ်မှု အားလုံး အလဟဿ ဖြစ်သွားပေလိမ့်မည်။

ရာဖယ်ရယ်နှင့် ဂေဘရီရယ်တို့၏ ရုတ်တရက် ရောက်ရှိလာမှုမှာ အမှန်ပင် မမျှော်လင့်ထားပေ။ လာလာရီယာ၏ နဂါး အသွင်ပြောင်းခြင်း ပညာရပ်က မှော်ဆန် လှသော်လည်း ၎င်းမှာ နတ်ဘုရား-ယောင် အထွတ်အထိပ် အဆင့်၏ မျက်လုံးကို သေချာပေါက် မလှည့်စားနိုင်ခဲ့လေပေ။ အမှောင်ဒြပ်စင်စွမ်းအားကို ထက်မြက်စွာ အာရုံခံနိုင်သော ရာဖယ်ရယ်။ ဇိုလာ၏ စွမ်းအား၏ ဖုံးကွယ်မှုကို ရရှိထားသော အဲလစ်ပင်လျှင် သတိပြုမိခြင်း ခံခဲ့ရသည်။ သို့သော် ဇိုလာ၏ စွမ်းအားမှာ သေးငယ်သော ကိစ္စ မဟုတ်ပေ။ ရာဖယ်ရယ်၏ အဲလစ်အပေါ် အာရုံခံ စားမှုမှာ အမှန်တကယ်တွင် အတော်လေး အားနည်းလှပေသည်။ ထို‘နတ်ဆိုး’ သရုပ်မှာ ခန့်မှန်းချက်တစ်ခုသာ ဖြစ်၏။

ထိုတစ်ကြိမ်တွင် နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် နှစ်ယောက်က ငွေလကောင်းကင်မြို့တော်သို့ တိုက်ရိုက် ဖောက်ဝင်ခဲ့ခြင်းမှာ နတ်သူငယ် မျိုးနွယ်စုက လပြည့်ည ပွဲတော်အတွင်း မည်သည့် အပြင်လူကိုမျှ တွေ့ဆုံရန် ငြင်းဆန်ခဲ့သောကြောင့် ဖြစ်နိုင်သည်။ သို့သော် သူတို့အတူ ရောက်ရှိလာခြင်းက သိဒ္ဓိကျောင်းတော်သည် ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟောကို မည်မျှအရေးထားခြင်း ဖြစ်ကြောင်းကို ပြသခဲ့သည်။ ထိုစဉ်က ကောင်းကင်တမန်တော်သုံးပါးသည် အသူရာချောက်နက်၏ ကူးစက်ခြင်း ခံထားရသော သဘာဝသစ်ပင်ကို ဖျက်ဆီး ချင်ခဲ့သော်လည်း သူတို့က အလူစီယာ၏ တားဆီးခြင်းခံခဲ့ရပြီး လက်လျှော့ခဲ့သည်။ ထိုအရာမှ မြင်နိုင်သည်မှာ အလူစီယာ၏ စွမ်းအားက ကောင်းကင်တမန်တော် သုံးပါးနှင့် ယှဉ်နိုင်လောက်သည် သို့မဟုတ် သူတို့ သုံးဦးစလုံးကိုပင် ကျော်လွန်နိုင် လောက်သည်။

“အတူတူ သွားမယ် ဟုတ်လား။ မင်းနဲ့ ငါတို့နဲ့လား...” ရာဖယ်ရယ်က ဇိုလာကို ကြည့်လိုက်၏။ အမှန်အတိုင်း ပြောရရင် ‘သူ’ ခုနက ပြသခဲ့တဲ့ စွမ်းအားနဲ့ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီး ပေါင်းစပ်လိုက်ရင် ဂေဘရီရယ်နဲ့ ငါ့မှာ ပေါင်းစပ် လျှို့ဝှက်ပညာရပ် တစ်မျိုးမျိုး ရှိခဲ့ရင်တောင် သူတို့ရဲ့ ပြိုင်ဘက် မဟုတ်မှာ စိုးရိမ်ရတယ်။

“တစ်ယောက်နဲ့ မလောက်ဘူးလား။” ချန်လွေ့က ပြုံးလိုက်ပြီး ပြင်းထန်သော ယုံကြည်မှုကို ပြသနေခဲ့သည်။

ရာဖယ်ရယ်က နှာခေါင်းရှုံ့လိုက်စဉ် ဂေဘရီရယ် ခဏ စဉ်းစားလိုက်သည်။ ထို့နောက် သူ မျက်လုံးကို နောက်တစ်ခါ မှိတ်လိုက်ပြီး ထိုအကြံကို အသေအချာပင် သဘောတူလိုက်သည်။

ချန်လွေ့က ဧကရီအရှင်မ လစ်ဗ်ထံသို့ လှည့်လိုက်သည်။ “လှပတဲ့ နတ်သူငယ် ဧကရီ။ ဒီလိုအချိန်မှာ ဖိတ်ကြားမခံရဘဲ ရောက်လာမိလို့ တောင်းပန်ပါတယ်။ အခု ဒီ‘မိတ်ဆွေဟောင်း’နှစ်ယောက်နဲ့ ကျုပ်က နတ်သူငယ် မျိုးနွယ်စုရဲ့ ဒဏ္ဍာရီလာ ရှေ့ဖြစ်ဟောဆီ သွားလည်ချင်ပါတယ်။ အရှင်မ ခွင့်ပြုနိုင်မလား မသိဘူး။”

ချန်လွေ့၏ စွမ်းအားနှင့်ဆိုလျှင် ထိုသို့ စကားများက ဧကရီဘုရင်မ လစ်ဗ်နှင့် နတ်သူငယ် မျိုးနွယ်စုကို မျက်နှာသာ ပေးရုံသာ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူက ကောင်းကင်တမန်တော် နှစ်ပါး အရှေ့တွင် နတ်သူငယ် မျိုးနွယ်စုနှင့် သူ၏ ဆက်ဆံရေးကို တမင်တကာ လျစ်လျူရှု ထားနေခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အဲလစ်က သိမြင်ခြင်းခံခဲ့ရပြီး ၎င်းတွင် နတ်ဆိုးများ ပါဝင်ပတ်သက်နေလေသည်။ ငွေလကောင်းကင်မြို့တော် နတ်ဆိုးဘုံနှင့် ပူးပေါင်း ကြံစည်သည်ဟု လူသိရှင်ကြား ကြေညာခြင်း ခံရသည်နှင့် နတ်သူငယ် မျိုးနွယ်စုက လူသားလောက၏ ဘုံရန်သူ ဖြစ်လာပေလိမ့်မည်။

ဧကရီဘုရင်မ လစ်ဗ်က သူ၏ ရည်ရွယ်ချက်နှင့် ကျေးဇူးကို နားလည်၍ ခေါင်းကို အနည်းငယ် ငုံ့လိုက်လေသည်။ “ရတာပေါ့။ အရှင်တို့ ငွေလကောင်းကင် မြို့တော်ကို ကြွရောက်လာတာက နတ်သူငယ် မျိုးနွယ်စုရဲ့ ဂုဏ်ယူစရာ တစ်ခုပါ။ ဒါပေမဲ့ ဆာ-အလူစီယာက စိတ်လှည့် တောအုပ်ကို တကယ်ပဲ ပိတ်ထားတယ်။ အရှင်တို့ ရှေ့ဖြစ်ဟောကို တွေ့ဆုံချင်တယ် ဆိုရင်တော့ ကိုယ်တိုင်ပဲ သွားလို့ရပါမယ်။”

ချန်လွေ့က များများစားစား မပြောဘဲ ခေါင်းညိတ်လိုက်သည်။ သူက စိတ်လှည့် တောအုပ်၏ လားရာသို့ မလျှောက်လှမ်းမီ ဂေဘရီရယ်နှင့် ရာဖယ်ရယ်ကို ခပ်ပေါ့ပေါ့ ကြည့်လိုက်သည်။ သူ၏ ခြေလှမ်းများမှာ သာမန်သာ ဖြစ်ပြီး အရှိန်မှာ မမြန်ဆန် သော်လည်း အခြားသူများ လမ်းလျှောက် စည်းချက်ကို အသေအချာ မမြင်နိုင်ပေ။ ထိုအစား သူတို့က ချန်လွေ့ ရွေ့နေခြင်း မဟုတ်ဘဲ ပတ်ဝန်းကျင်က အလိုလို ဆုတ်ခွာသွား သလိုမျိုး ထူးဆန်းသည့် ခံစားချက်တစ်ခု ရှိနေခဲ့သည်။

“နေရာလွတ်လား...” ရာဖယ်ရယ်၏ မျက်လုံး သူငယ်အိမ်များ အနည်းငယ် ကျုံ့သွားခဲ့သည်။

“ဒါက အဲဒီလို နည်းနည်း ခံစားရတယ်။ ပြီးတော့ ဒါက မိုက်ကယ်ရဲ့ နေရာလွတ် အရှိန်အဝါနဲ့ ယှဉ်ရင် ပိုပြီး လျှို့ဝှက် ဆန်းကြယ်တယ်။ ဒါပေမဲ့ ဒါက အရှိန်အဝါ အဆင့်နဲ့ အလှမ်းဝေးနေသေးတယ်...” ဂေဘရီရယ်၏ အာရုံခံစားမှုမှာ အတော် ရှင်းလင်းပေသည်။ ၎င်းမှာ အမှန်တွင် ချန်လွေ့၏ ကျက်သရေမျှော်စင်မှတဆင့် အသစ် နားလည်သဘောပေါက်ထားသည့် အရာ ဖြစ်သည်။ ၎င်းတွင် နေရာလွတ် နက်နဲမှုများ၏ စွမ်းအား အနည်းငယ် ပါဝင်ပြီး အကြမ်းဖျင်းပုံစံနှင့် ပိုတူ၏။

“ဟမ့်.... နိမ့်ကျတဲ့ ကြွားဝါမှုပဲ။” ရာဖယ်ရယ်က မထီမဲ့မြင် ပြောလိုက်သော်လည်း သူ၏ စိတ်ထဲတွင် ပို၍ပို သတိထားလာခဲ့သည်။ ဒီရန်သူရဲ့ စွမ်းအား တိုးလာတာက မြန်လွန်းတယ်။ ဒီအတိုင်း ဆက်သွားရင် မကြာခင်မှာပဲ ငါ သူ့ကို လုံးဝ ယှဉ်နိုင်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် ငါသူ့ကို အမြန်ဆုံး ဖယ်ရှားပစ်ဖို့ ကြိုးစားရမယ်။

ဂေဘရီရယ်က ဆက်မပြောတော့ဘဲ ရှေ့သို့ လျှောက်သွားသည်။ ရာဖယ်ရယ်က သူ၏ ဘေးနားတွင် လျှောက်လှမ်းခဲ့သည်။ ကာမေရယ်က နေရာတွင် ကျန်ခဲ့သည်။

ရာဖယ်ရယ်နှင့် ဂေဘရီရယ်တို့ ကာမေရယ်ကို ငွေလကောင်းကင် မြို့တော်သို့ ခေါ်ဆောင်လာရခြင်း၏ ရည်ရွယ်ချက်မှာ သိသာနေပေသည်။ နတ်သူငယ်မျိုးနွယ်စုကို ဟန့်တားရန်ပင်။

သဘာဝသစ်ပင် သန္ဓေပြောင်းတိုက်ပွဲ အပြီးတွင် နတ်သူငယ် မျိုးနွယ်စု၌ နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်အဆင့် အစွမ်းအထက်ပုဂ္ဂိုလ်များ မရှိတော့ပေ။ အစွမ်းအထက်ဆုံးမှာ နတ်ဘုရားတစ်ပိုင်း အလယ်အလတ်အဆင့် ခီလန်ယာသာ ဖြစ်သည်။ ကောင်းကင်တမန်တော်နှစ်ပါး အလူစီယာကို ထိန်းချုပ်ထားသ၍ နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်အဆင့် ကာမေရယ်၏ စွမ်းအားက နတ်သူငယ် အထူး အစွမ်းထက် ပုဂ္ဂိုလ်အားလုံးကို ဖိနှိပ်ရန် လုံလောက်ပေသည်။

သို့သော် အလူစီယာကို မတွေ့ခင်မှာပင် ကောင်းကင်တမန်တော် နှစ်ပါးကို ယှဉ်ပြိုင်နိုင်သော ရန်သူက ရုတ်တရက် ပေါ်ပေါက်လာခဲ့ပြီး ထိုနေရာတွင် နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် ရှိနေသော လျှို့ဝှက်ဆန်းကြယ်သည့် အမျိုးသမီး တစ်ဦးလည်း ရှိနေသည်။ မရှုံးနိမ့်နိုင်ဟု ယူဆရသော ကာမေရယ်က လုံးဝ အပိုလူတစ်ဦး ဖြစ်သွားခဲ့သည်။

ကာမေရယ်က မမြင်နိုင်သော ဖိအား တစ်ခုဖြင့် အမြဲပင် အသေမှတ်ထားခြင်း ခံထားရပြီး သူ၏ဝိညာဉ်ကို အဆက်မပြတ် ဖိနှိပ်နေကြောင်းကို သေချာ အာရုံခံနိုင်ရာ ဆူးများပေါ်တွင် ထိုင်နေရ သလိုမျိုးပင် ခံစားမိလိုက်ရသည်။ ဇစ်မြစ်မှာ ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး ဖြစ်လေသည်။

သူက ယခု သွားလည်း မသွားနိုင်၊ နေလည်း မနေနိုင်တော့ပေ။ စွမ်းအား အကြီးဆုံး နတ်ဘုရားတစ်ပိုင်း အဆင့်ဟု လူသိများသော တောင်ပံ(၈)ခုနှင့် ကောင်းကင်တမန်က ခဏအကြာတွင် ချွေးစေးများ ပြန်လာခဲ့သည်။

အမှန်တွင် ကာမေရယ် မသိခဲ့သည်မှာ သူ့ကို တုန်လှုပ်နေစေသော ထိုနတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်မှာ သိဒ္ဓိသားတော် အခမ်းအနားတွင် သူ၏ စီရင်ချက် လှံတံကြောင့် အလွယ်တကူ ရှုံးနိမ့်ခဲ့သော ‘နတ်ဘုရားတစ်ပိုင်း အလယ်အဆင့်’၏ စိတ်ပုံရိပ် အမျိုးသမီး ဖြစ်နေသည်ကိုပင်။

မစ်-နတ်မိမယ်နဂါးက အမှန်တကယ် အငြိုးထားသော်လည်း သူက ယခုအခါ နတ်ဘုရား-ယောင် အထွတ်အထိပ် အဆင့်တွင် ရှိနေသည်။ ကာမေရယ် ကဲ့သို့သော ဇာတ်ကောင်ငယ်လေး တစ်ဦးကို အနိုင်ကျင့်ခြင်းမှာ အဓိပ္ပာယ် မရှိပေ။ မှန်ပေသည်။ သူက ကာမေရယ်ကို အေးဆေးနေစေမည် မဟုတ်ပေ။

ဧကရီဘုရင်မ လစ်ဗ်နှင့် လန်ဘိစ်တို့ ကွင်းပြင်မှ ထွက်ခွာသွားပြီးနောက်တွင် နတ်သူငယ်များသည် တစ်ယောက်ပြီး တစ်ယောက် ပြန့်ကျဲသွားကြလေသည်။ အထွတ်အထိပ်အဆင့် အစွမ်းထက်ပုဂ္ဂိုလ် အများအပြား ရောက်ရှိလာခြင်း၊ ရင်ဆိုင် တိုက်ခိုက်ခြင်းက နတ်သူငယ်တစ်ပိုင်း၏ ယခင် အရေးကိစ္စများကို နှိုင်းယှဉ်လျှင် မှေးမှိန် သွားစေခဲ့လေသည်။ ထို့အပြင် နတ်သူငယ်များက နတ်သူငယ်တစ်ပိုင်းမှာ ကောင်းကင် တမန်တော် နှစ်ပါးကို ယှဉ်ပြိုင်ခဲ့သော အထူး အစွမ်းထက် ပုဂ္ဂိုလ်၏ လက်အောက်ငယ်သား ဖြစ်ကြောင်း သိရှိနေပြီ ဖြစ်သောကြောင့် မကောင်းသော ရည်ရွယ်ချက်တိုင်းကို သိမ်းဆည်းလိုက်ကြ၏။

ယခု တေးလို့စ်နှင့် အယ်လ်တာနီတို့က ဇိုလာ၏ အနောက်တွင် ရပ်နေကြသည်။ နတ်သူငယ်များစွာက မဖော်ရွေသော အကြည့်များကို ပြသခဲ့သော်လည်း သူတို့ အထဲမှ တစ်ယောက်မျှ နောက်ထပ် ဘာမှ မပြောရဲခဲ့ကြပေ။

မည်သို့ပင် ဆိုစေကာမူ အရာများစွာ ဖြစ်ပွားခဲ့ပြီးနောက် လပြည့်ညပွဲတော်က ပုံမှန်အတိုင်း ကျင်းပနေဆဲဖြစ်သော်လည်း ယခင်က အပန်းဖြေပြီး ပျော်ရွှင်သော လေထုမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ နတ်သူငယ်တိုင်းသည် စိတ်ထဲတွင် လေးလံသော ဖိနှိပ်မှုကို ခံစားမိကြသည်။

မီရှယ်က အနည်းငယ် စိတ်ဓာတ် ကျနေပုံရသည်။ ၎င်းမှာ ထိုအစွမ်းထက် ပုဂ္ဂိုလ်များ၏ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှု ကြောင့်မဟုတ်ဘဲ မြှားပစ်ပြိုင်ပွဲကြောင့် ဖြစ်လာသော အတွေးကြောင့်လည်း မဟုတ်ဘဲ အဲလစ်ကြောင့်ပင်။

သူက အဲလစ်ကို အချိန်အကြာကြီး မသိခဲ့သော်လည်း သူ့ကို ‘မြင်မြင်ချင်း မိတ်ဆွေဟောင်း’အဖြစ် ဖော်ပြနိုင်၏။ အသက်တူ အရွယ်တူနှင့် စရိုက်တူသော ထိုမိတ်ဖက်က နတ်သူငယ် မင်းသမီးလေး အတွက် ‘ရစ်ချက်’ နှင့် ဘလန့််ချ်တို့ထက် အရေးပါမှု မလျော့ပါးပေ။

အဲလစ်က တကယ်တော့... နတ်ဆိုး တစ်ယောက်လား။

ဒဏ္ဍာရီထဲကအတိုင်းဆို ရက်စက်ပြီး မှောင်မိုက်တဲ့ နတ်ဆိုးဘုံက လူသား လောကကို နှစ် ၅၀၀တိုင်း တိုက်ခိုက်မှာ။ အဲလစ်က အဲဒီ ကြောက်စရာကောင်းတဲ့ ဘုံကနေလား။

ဒါဆိုရင်... ခုနက အသစ်တော်ထားတဲ့ ‘အစ်ကို’ ကရော။

“မီရှယ်...”

ရင်းနှီးသော အသံတစ်ခု ထွက်လာရာ နတ်သူငယ် မင်းသမီးလေးကို အံ့ဩသွား စေခဲ့သည်။ “အဲလစ်...”

အသေအချာပင် နောက်မှ ပေါ်ထွက် လာခဲ့သည်မှာ အဲလစ်ပင်။

မီရှယ်က ပတ်လည်ကို အလျင်အမြန် ကြည့်လိုက်ပြီး အဲလစ်ကို သစ်ပင်တစ်ပင် အနောက်သို့ ဆွဲခေါ်သွား၏။ “နင် အစ်မ ဇိုလာဆီ ပြန်သွားတာ ပိုကောင်းတယ်။”

“စိတ်မပူပါနဲ့။ ငါ့ရဲ့ အစ်ကိုနဲ့ အစ်မ နှစ်ယောက်စလုံးက အတော်လေးကို အစွမ်းထက်ကြတယ်။ အထူးသဖြင့် သူတို့ ခုနက စွမ်းအား ပြသပြီးတော့ ဘယ်သူမှ ငါ့ကို မထိခိုက်ရဲတော့ဘူး။” အဲလစ် ခေါင်းခါလိုက်သည်။ “ပြီးတော့ အခု ငါက စိတ်ပုံရိပ် တစ်ခုပဲ။ ငါ့ရဲ့ စစ်မှန်တဲ့ ခန္ဓာက ငါ့အစ်ကိုရဲ့ အထူးလောက တစ်ခုထဲမှာ ထိန်းသိမ်းထားတာ။ ဒီပုံရိပ် ပျောက်ကွယ် သွားရင်တောင်မှ ဘာမှဖြစ်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ အချိန်ကန့်သတ်ချက် တစ်ခုတော့ ရှိတယ်။”

“ဒါဆိုရင် တော်သေးတာပေါ့။” မီရှယ် သက်ပြင်းချလိုက်သည်။

အဲလစ်က မီရှယ်သည် အထူးသဖြင့် တွန့်ဆုတ်ခြင်း မရှိသည်ကို တွေ့လိုက်ရာ အစမ်းသဘော မေးလိုက်သည်။ “နင် ငါ့ကို အပြစ်မတင်ဘူးလား။ မီရှယ်။”

“အပြစ်တင်ရမယ် ဟုတ်လား...”

“ငါ နင့်ကို ငါ့ရဲ့ သရုပ်အကြောင်း မပြောပြခဲ့ဘူးလေ။” အဲလစ်က ခေါင်းကို ငုံ့လိုက်သည်။ “ငါက နတ်ဆိုးဘုံက ကြယ်ကြွေတမန် အင်ပါယာရဲ့ မင်းသမီး၊ အဲလစ်လူစီဖာပဲ။”

“ဒါဆို နင်က နတ်ဆိုးဘုံ မင်းသမီးပေါ့... တကယ်တော့ ငါလည်း အမှန်အတိုင်း မပြောခဲ့ပါဘူး။ ဧကရီဘုရင်မ လစ်ဗ်က ငါ့ရဲ့ အမေပဲ။ ပြီးတော့ ငါက နတ်သူငယ် မျိုးနွယ်စုရဲ့ မင်းသမီးလေးပဲ။” မီရှယ်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။ “ငါတို့... သူငယ်ချင်းဖြစ်လို့ ရသေးလား။”

“ငါတို့က သာမန် သူငယ်ချင်းတွေ မဟုတ်ဘူး။ ငါတို့က မိတ်ဖက်တွေပဲ။” အဲလစ်က နတ်သူငယ် မင်းသမီးလေး၏ မျှော်လင့်နေသော အကြည့်ကို မြင်ရာတွင် စိတ်ဓာတ် ရုတ်တရက် တက်ကြွလာ၏။

“ဒါပေါ့။ မိတ်ဖက်တွေ။” မီရှယ်က ပျော်ရွှင်စွာ ခုန်လွှားလိုက်ပြီး အဲလစ်၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင် လိုက်လေသည်။

“တကယ်တော့ ငါလည်း မင်းသမီးလေး တစ်ယောက်ပဲ။ ဒါပေမဲ့ ငါ့အစ်မက နောက်ပိုင်း ဧကရီတစ်ပါး ဖြစ်လာခဲ့တယ်။ ဒါကြောင့် ငါက အင်ပါယာရဲ့ ပထမဆုံး မင်းသမီး ဖြစ်လာခဲ့တယ်။ အခု ငါက သခင်မ တစ်ယောက်လည်း ဖြစ်နေပြီ...”

“ဝိုး... သခင်မလား။ နတ်ဆိုးဘုံမှာ ဘာတွေ အတော်လေး မိုက်လဲဆိုတာကို ငါ့ကို ပြောပြလို့ရမလား။”

“ရတာပေါ့...”

လိုလီ နှစ်ယောက်က ယခင်အတိုင်းပင် တက်ကြွမှု လျင်မြန်စွာ ပြန်ရရှိသွားကြပြီး ထပ်မံ စကားစမြည် ပြောဆိုနေကြ၏။

All Chapters