← Chapters

မိုးကြိုးမုန်တိုင်း

Vol. 6 Ch. 76

မိုးကြိုးမုန်တိုင်း

Vol. 6 Ch. 76

"မင်အာ...မင်း အဲ့ဒီလိုပြောတာက မင်းမှာ အကြံဉာဏ်တွေရှိနေပြီလား...မင်းကို ပြောနိုင်တာက အဖေက အာဏာကိုကြိုက်ပေမယ့်...ဒီအာဏာကြောင့် မျက်စိကန်းသွားမှာမဟုတ်ဘူး"

ချင်းယွမ်က သူ၏ရှေ့မှ ချင်းမင်ကိုကြည့်ကာ တည်ကြည်လေးနက်စွာ ပြောဆိုလိုက်သည်။

ချင်းမင်က ခေါင်းညိတ်လိုက်သည်။ သူသည် သူ့ဖခင်၏အကြောင်းကို ကောင်းစွာသိရှိပေ၏။ သူသည် အာဏာကို နှစ်သက်ခြင်းမှလွဲ၍ သူ့ထံတွင် အားနည်းချက် အနည်းငယ်သာ ရှိသည်။ ထို့ပြင် အာဏာကိုချစ်မြတ်နိုးခြင်းသည် အားနည်းချက်တစ်ခု မဟုတ်ပေ။ မိသားစုခေါင်းဆောင်တစ်ယောက်အနေဖြင့် သူသည် သတ္တိရှိရှိ ရှေ့ဆက်တိုးသင့်သည်။

"အဖေ...ကျွန်တော်တို့က အခု အရမ်းမြင့်တဲ့နေရာမှာ မတ်တတ်ရပ်နေတယ်...ကျွန်တော်တို့က သတိကြီးကြီးထားပြီး ဆုတ်ခွာဖို့လိုတယ်... ကျွန်တော် စိုးရိမ်တာက ချန်မိသားစုနဲ့ မြို့တော်ဝန်က ကျွန်တော်တို့ကို ဆုတ်ခွာခွင့်မပေးမှာကိုပဲ...ဒါ့ပြင် လျိုမြို့က တခြားထိပ်သီးမိသားစုဖြစ်တဲ့ ဝမ်မိသားစုလည်း ပါဝင်လာမယ်လို့ ခန့်မှန်းရတယ်... လျိုမြို့ ရှုပ်ထွေးတဲ့နေရာတစ်နေရာ ဖြစ်လာလိမ့်မယ်"

ချင်းမင်က မျက်မှောင်ကြုတ်ပြီး ပြောဆိုသည်။

ချင်းယွမ်သည် ခေါင်းညိတ်လိုက်၏။ ချင်းမင် သတိပေးပြီးစဥ်မှစ၍ သူသည်လည်း ချင်းမိသားစု၏အခြေအနေသည် အဆုံးမရှိတိုးတက်နေပုံရသော်လည်း အမှန်အားဖြင့် ချောက်ကမ်းပါးအစွန်း၌ ရှိနေပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။ အကယ်၍ သူတို့ သတိတစ်ချက်လစ်လျှင် ထာဝရပျောက်ကွယ်သွားရပေမည်။

ချင်းမင်က ဆက်လက်၍ပြောဆိုသည်။

"ဒီအန္တရာယ်တွေကို ကာကွယ်ဖို့ ကျွန်တော်တို့မှာ နည်းလမ်းမရှိဘူး..ကျွန်တော်တို့ လုပ်နိုင်တာတစ်ခုက ကိုယ့်ကိုယ်ကိုယ် အားကောင်းအောင် လုပ်ဖို့ပဲ"

"ဒီကာလအတွင်းမှာ လေ့လာတွေ့ရှိချက်တွေအရဆိုရင် ကျွန်တော်တို့ ချင်းမိသားစုမှာ အားနည်းချက်တွေအများကြီး ရှိနေတာကို တွေ့ရတယ်"

"ပထမဆုံးအနေနဲ့ ဆေးဖော်စပ်ခြင်းအပိုင်းမှာဆိုရင် ကျွန်တော်နဲ့ဆရာကလွဲလို့ ကျွန်တော်တို့ ချင်းမိသားစုမှာ ဘယ်ဆေးပညာရှင်မှ မရှိဘူး...ဒါက မဖြစ်သင့်တဲ့ကိစ္စဆိုတာ သိသာထင်ရှားတယ်...ကျွန်တော်က တခြားကိစ္စတွေ ရှိနေတာကြောင့် ကျင့်ကြံဖို့ အချိန်ကို အမြန်ဆုပ်ကိုင်ထားရမယ်...ဆေးဖော်ဖို့ အချိန်သိပ်မရှိဘူး... ဆရာက ဆေးဆရာကြီးတစ်ယောက်.. သူက ချီစုဆောင်းခြင်းဆေးလုံးကို ဖော်စပ်တာမှာ အထိရောက်ဆုံးပဲ...တခြားအသေးအမွှားဆေးလုံးတွေအတွက် ကျွန်တော်တို့ ချင်းမိသားစုက ဆေးပညာရှင်တွေကို လေ့ကျင့်ပေးဖို့လိုတယ်.... ဒါက အခုလောလောဆယ်မှာ အရေးအကြီးဆုံးပဲ"

"ဒုတိယအချက်က ကျွန်တော်တို့ မိသားစုရဲ့ အောက်ခြေအဆင့်အင်အားက မလုံလောက်ဘူး...ဒီပြဿနာအတွက် ပထမဆုံးဖြေရှင်းနည်းက အပြင်က လေလွင့်ကျင့်ကြံသူတွေကို စုဆောင်းဖို့ပဲ...တကယ်တော့ သူတို့က မိသားစုက ပျိုးထောင်ထားတဲ့ ကျင့်ကြံသူတွေမဟုတ်တော့ အသုံးပြုဖို့ကို စိတ်မချရဘူး...ဒါကြောင့် ကျွန်တော်တို့မိသားစုက မိသားစုဝင်ရဲ့ စွမ်းအားကိုလည်း တိုးတက်အောင်လုပ်ဖို့ လိုအပ်တယ်... အရင်ကတော့ အရင်းအမြစ်မရှိဘူး... ဒါပေမဲ့ အခု လုံလောက်တဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေရှိနေပြီ..ဆေးပညာရှင်လည်း ရှိနေတာကြောင့် ဆေးလုံးတွေကို အကန့်အသတ်မရှိ ထောက်ပံ့ပေးနိုင်တယ်.... ချင်းမိသားစုက အလျင်အမြန် တိုးတက်လာမယ်လို့ ကျွန်တော် ယုံကြည်တယ်"

ချင်းယွမ်သည် ချင်းမင် ထောက်ပြခဲ့သော ချင်းမိသားစု၏ အားနည်းချက်များနှင့် ဖြည့်ဆည်းရမည့် နည်းလမ်းများကို စတင်၍တွေးတောကာ ဆင်ခြင်သုံးသပ်နေလေသည်။

"လေလွင့်ကျင့်ကြံသူတွေကို စုဆောင်းရင် တခြားအင်အားစုတွေကသူလျှိုတွေ ပါလာနိုင်တယ် မဟုတ်လား"

"အမှန်ပဲ"

ချင်းမင်က ခေါင်းညိတ်ပြပြီး တိုက်ရိုက်ပြောဆိုလိုက်၏။

"ဟုတ်တယ်...သူလျှိုတွေက ပါလာမှာပဲ...ဒါပေမဲ့ သူလျှိုတွေကို စုဆောင်းမိမှာစိုးရိမ်တာနဲ့ ကျင့်ကြံသူတွေကို မစုဆောင်းဘဲ နေလို့မဖြစ်ဘူး...သူတို့ လာရဲသရွေ့ ကျွန်တော်တို့ ချင်းမိသားစုက လက်ခံရဲရမယ်.... လျိုမြို့ရဲ့ စတုတ္ထထိပ်သီးမိသားစုအနေနဲ့ ကျွန်တော်တို့မှာ ထိပ်သီးမိသားစုတစ်စုရဲ့ သြဇာအာဏာမျိုး ရှိသင့်တယ်"

"မင်းက မိသားစုဝင်ကျင့်ကြံသူတွေရဲ့ အင်အားကို မြှင့်တင်ချင်တယ်လို့ ခုဏကပြောခဲ့တယ်...ဒါပေမယ့် ငါတို့မှာ မရေမတွက်နိုင်တဲ့ ဆေးလုံးတွေရှိရင်တောင် သူတို့ကို မြန်မြန်ဆန်ဆန် မြေတောင်မြှောက်ပေးလို့မရဘူး... မင်း သိထားရမှာက တခြားထိပ်သီးမိသားစုတွေရဲ့ လူငယ်မျိုးဆက်သစ်တွေတောင်မှ သိုင်းစစ်သည်တော်အဆင့်မှာပဲ ရှိသေးတယ်... ဒီလူတွေ အသုံးဝင်လာဖို့ အနည်းဆုံး သုံးနှစ်လောက် အချိန်ယူရလိမ့်မယ်... ပြီးတော့ ငါတို့က အခုချိန်မှာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်..ငါတို့က လက်ရှိအကျပ်အတည်းကို ကျော်လွှားပြီးမှ လေ့ကျင့်ရေးကို စသင့်တယ်မဟုတ်လား"

ချင်းယွမ်သည် စိုးရိမ်ပူပန်နေပေ၏။

ချင်းမင်က ပြုံးလိုက်ပြီး သူ၏သိုလှောင်လက်စွပ်ထဲမှ စာအုပ်ငယ်တစ်အုပ်နှင့် ကျောက်စိမ်းပုလင်းငယ်တစ်လုံးကို ထုတ်ယူ၍ သူ၏ဖခင်ထံသို့ ပေးအပ်လိုက်သည်။

"ဒါက..."

ချင်းယွမ်သည် အနည်းငယ် ရင်းနှီးသလို ခံစားလိုက်ရသည်။ ချင်းမင်သည် လွန်ခဲ့သောတစ်ရက်ကလည်း ဤကဲ့သို့ ပေးအပ်ခဲ့သည် မဟုတ်လော။

ချင်းမင်က သူ့အား ထိုစာအုပ်ငယ်နှင့်ဆေးလုံးကို ပေးခဲ့သောကြောင့်သာ သူသည် မဟာသိုင်းဆရာကြီးအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုချိန်၌ ချင်းမင်သည် သူ့ကို မည်သည့်အရာအား ထပ်ပေးနေသနည်း။

ချင်းယွမ်က သိချင်စိတ်ပြင်းပြစွာဖြင့် စာအုပ်ငယ်ကို ဖွင့်ကြည့်လိုက်သည်။ သူသည် ကျောက်စိမ်းပုလင်းထက် စာအုပ်ငယ်ကို ပို၍ စိတ်ဝင်စားမိသည်။

"မိုးကြိုးမုန်တိုင်း"ကောင်းကင်အဆင့် အဆင့်မြင့်နည်းစနစ်ဖြစ်ပြီး တိုက်ခိုက်မှုတွင် မိုးကြိုးနှင့် လျှပ်စီးစွမ်းအား ပါဝင်ကာ သာလွန်ကောင်းမွန်သော တိုက်ခိုက်ရေးစွမ်းရည်ရှိသည်။

ဒါက တကယ့်ကို နောက်ထပ် ကောင်းကင်အဆင့် နည်းစနစ်တစ်ခုပါလား...

All Chapters