← Chapters

နည်းစနစ်

Vol. 6 Ch. 77

နည်းစနစ်

Vol. 6 Ch. 77

"မင်အာ...ဒါက ကောင်းကင်အဆင့် နည်းစနစ်လား"

ချင်းယွမ်က မယုံကြည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။

"ဟုတ်ပါတယ် အဖေ...ဒါကို ဆရာက သားကို ပေးလိုက်တာပါ"

ချင်းမင်သည် သူ၏ဖခင်က ဤနည်းစနစ်အား မည်ကဲ့သို့ရလာသည်ကို သေချာပေါက် မေးလိမ့်မည်ဖြစ်ကြောင်း သိရှိနေသဖြင့် တိုက်ရိုက်ပင် ပြောဆိုလိုက်သည်။

မည်သို့ဆိုစေကာမူ သူ၏ဖခင်သည် သိုင်းဘုရင်အဆင့်ကို နားလည်သူမဟုတ်ပေ။ ထိုကြောင့် ဆရာပေးလိုက်သည်ဟု သူ ပြောသရွေ့ အရာအားလုံး အဆင်ပြေသွားပေမည်။

ကောင်းကင်အဆင့် ကျင့်စဉ်များသည် သိုင်းဘုရင်တစ်ယောက်အတွက် မုန်လာဥဖြူများ ဖြစ်နေသလော...

ချင်းယွမ်သည် ခေါင်းခါလိုက်၏။ သူသည် သိုင်းဘုရင်နယ်ပယ်နှင့် အလှမ်းဝေးနေသေးသဖြင့် ကောင်းစွာနားမလည်နိုင်ပေ။

သူ၏စိတ်နှလုံးသားထဲ၌ တစ်စုံတစ်ခု မှားယွင်းနေသည်ဟုသာ ဝိုးတဝါး ခံစားမိသော်လည်း သူ အတိအကျ မပြောနိုင်ခဲ့ချေ။

"ဒါပေမဲ့ မင်အာ...အဖေ့မှာ ကောင်းကင်အဆင့် ကျင့်စဉ်တစ်ခု ရှိပြီးသား မဟုတ်လား...မင်း ဘာလို့ ငါ့ကို ထပ်ပေးနေတာလဲ... မင်းက အဖေ့ကို နည်းစနစ်နှစ်မျိုး လေ့ကျင့်စေချင်တာလား"

ချင်းယွမ်က နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။

ကျင့်ကြံသူတစ်ယောက်သည် နည်းစနစ်နှစ်မျိုး လေ့ကျင့်နိုင်ပါသလော။ ထိုသို့ကိစ္စမျိုး သူ တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ချေ။

"မဟုတ်ဘူး...ကျင့်ကြံသူတစ်ယောက်က နည်းစနစ်တစ်မျိုးတည်းကိုပဲ လေ့ကျင့်နိုင်တယ်... နည်းစနစ်နှစ်ခုလုံးကို လေ့ကျင့်မယ်ဆိုရင် စိတ်ဝိညာဉ်ကြွေလွင့်ပြီးတော့ သေဆုံးတာကလွဲလို့ တခြားအဆုံးသတ်မျိုး ရှိမယ်မထင်ဘူး...ကျွန်တော်က ဒီကျင့်စဉ်ကို အဖေ့ကို ပေးရတဲ့အကြောင်းအရင်းက အဖေက ဒါကို မိသားစုရဲ့လူငယ်မျိုးဆက်သစ်တွေအတွက် အသုံးပြုစေချင်လို့ပဲ"

ချင်းမင်က ပြောဆိုသည်။

"မိသားစုရဲ့လူငယ်မျိုးဆက်သစ်တွေ အတွက်လား"

ချင်းယွမ်က အံ့အားတသင့် ရေရွတ်လိုက်သည်။

"မဖြစ်ဘူး... ဒါက ကောင်းကင်အဆင့် နည်းစနစ်တစ်ခုပဲ...အပြင်ကို ပေါက်ကြားသွားရင် ငါတို့ ချင်းမိသားစုက ဒါကို ဘယ်လိုမှ ထိန်းသိမ်းထားနိုင်မှာ မဟုတ်ဘူး"

ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။

"အဖေ...ဒီကျင့်စဉ်က နည်းနည်း ထူးခြားတယ်... ပထမအချက်က ဒါကို ခွဲခြားပြီး သီးသန့် လေ့ကျင့်လို့ရတယ်...ဒုတိယအချက်က ဒီကျင့်စဉ်အမျိုးအစားက အထူးဆေးလုံးတစ်မျိုး လိုအပ်တယ်... ဆရာဆီမှာပဲ အဲ့ဒီဆေးလုံးရှိပြီး သူတစ်ယောက်တည်းပဲ ဖော်စပ်နိုင်တယ်... ဒါကြောင့် အဖေ စိတ်မပူပါနဲ့...အဖေ မပြောသရွေ့ ဒါက ကောင်းကင်အဆင့် ကျင့်စဉ်မှန်း ဘယ်သူမှ သိမှာမဟုတ်ဘူး...လျိုမြိုရဲ့ စတုတ္ထမြောက်ထိပ်သီးမိသားစုအနေနဲ့ ကျွန်တော်တို့က အဝါရောင်အဆင့်နည်းစနစ်တွေကိုပဲ ဆက်ပြီး လေ့ကျင့်နေလို့မရဘူး..ဒါက တခြားလူတွေရဲ့ လှောင်ရယ်တာကို ခံရလိမ့်မယ်"

"ကောင်းပြီလေ.. "

ချင်းယွမ်သည် ချင်းမင်၏စကားကို ကြားသောအခါ အလွန်အမင်း ဝမ်းမြောက်သွားသည်။

ဤနည်းစနစ်သည် အမှန်တကယ်ပင် အချိန်မီရွာသော မိုးဖြစ်ပြီး မိသားစု၏ အရေးတကြီး လိုအပ်ချက်များကို ဖြေရှင်းပေးနိုင်ပေ၏။

ထို့ပြင် ချင်းမိသားစု၏လူငယ်မျိုးဆက်သစ်တိုင်းသည် ကျင့်ကြံရန် လိုအပ်သည့်အချိန်တိုင်း ဆေးလုံးနှင့်နည်းစနစ်များကို ရယူရန်အတွက် သူ့ထံသို့ လာရောက်ရန် လိုအပ်ပေမည်။

ဤသို့ဖြင့် ချင်းမိသားစု၏လူငယ်မျိုးဆက်သစ်များသည် မိသားစုအပေါ် ပို၍ သစ္စာရှိပြီး မှီခိုအားထားလာကြပေမည်။ ဤသည်မှာ အလွန်ကောင်းမွန်သော ကိစ္စတစ်ရပ်ပင်။

"အဖေ...ဒါ့ပြင် သားက ဆရာ့ကို စိတ်ဝိညာဥ်ကျင့်ကြံနည်းစနစ်တွေ ပေးဖို့လည်း တောင်းဆိုထားတယ်...မိသားစုရဲ့လူငယ်မျိုးဆက်သစ်တွေ သင်ယူနိုင်တယ်"

ထိုသို့ပြောဆိုပြီးနောက် ချင်းမင်သည် သိုလှောင်လက်စွပ်ထဲမှ စာအုပ်ငယ်အမြောက်အများကို ထုတ်ယူလိုက်၏။

ဤစာအုပ်ငယ်များထဲမှ တချို့သည် သိုင်းပညာလှုပ်ရှားမှုများဖြစ်ပြီး တချို့သည် စိတ်ဝိညာဉ်ကျင့်ကြံနည်းစနစ်များဖြစ်ကာ အမြင့်ဆုံးသည် အနက်ရောင်ထိပ်တန်းအဆင့်သာ ရှိသည်။ သူသည် ကောင်းကင်အဆင့်ကို မထုတ်ယူလိုခြင်း မဟုတ်ဘဲ စိတ်ဝိညာဉ်ကျင့်ကြံနည်းစနစ်များသည် တခြားကျင့်ကြံနည်းစနစ်များနှင့် မတူညီသောကြောင့်ပင်။

ကျင့်ကြံနည်းစနစ်ကို ဖုံးကွယ်ထားနိုင်သော်လည်း စိတ်ဝိညာဉ်စွမ်းအားကိုမူ ယှဉ်ပြိုင်တိုက်ခိုက်လိုက်သည်နှင့် တစ်ဖက်ကျင့်ကြံသူသည် ထိုစိတ်ဝိညာဉ်စွမ်းအား၏အဆင့်ကို အကြမ်းဖျင်း ဆုံးဖြတ်နိုင်ပေသည်။

ချင်းယွမ်က စာအုပ်ငယ်များကို ယူလိုက်ပြီး စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်၏။

"ချင်းမင်...မင်းက ဒီလိုမျိုး မင်းရဲ့ဆရာဆီက နည်းစနစ်တွေကို ယူလာရင် မင်းရဲ့ဆရာက ဒေါသထွက်သွားနိုင်တယ် မဟုတ်လား... သေးသေးမွှားမွှားကိစ္စတွေကြောင့် ကြီးမားတဲ့အခွင့်အရေးကို မဆုံးရှုံးစေနဲ့...အကြီးအကဲချင်းကို ဒေါသထွက်စေမယ်ဆိုရင် မင်း ဒါတွေကို ထုတ်မပေးတာက ပိုကောင်းလိမ့်မယ်... ငါတို့က သူ့ဆီကနေ အခွင့်အရေးတွေ ရပြီးသားပဲ... အနာဂတ်မှာ ငါတို့ တတ်နိုင်သလောက် ကျေးဇူးပြန်ဆပ်ရမယ်.. မင်းက ဒီလိုမျိုး..."

ချင်းမင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏ဖခင် ပြောလိုသည့်စကားကို ကြားဖြတ်ဟန့်တားလိုက်သည်။

"အဖေ...ဆရာက ဒါတွေကို သူ့သဘောနဲ့သူ ကျွန်တော်ကို ပေးတာပါ...ကျွန်တော်က တောင်းဆိုခဲ့တာ မဟုတ်ဘူး... ဒါကြောင့် စိတ်မပူပါနဲ့"

"ဒါ...ဒါဆိုရင်လည်း...ကောင်းပြီလေ"

ချင်းယွမ်က စာအုပ်ငယ်များကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူသည် ကျောက်စိမ်းပုလင်းအပေါ်သို့ အာရုံစိုက်လိုက်၏။ ချင်းမင်က ဤသည်မှာ "မိုးကြိုးမုန်တိုင်း"နည်းစနစ်နှင့် တွဲဖက်အသုံးပြုရသော ဆေးတစ်မျိုးဖြစ်သည်ဟု ပြောဆိုသည်ကို သူ ကြားလိုက်ရသည်။

သူသည် ဤဆေးအမျိုးအစားကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့သဖြင့် အနည်းငယ် စူးစမ်းလိုစိတ်ပေါက်လာသည်။

ကျောက်စိမ်းပုလင်းထဲမှ အနက်ရောင်ဆေးလုံးတစ်လုံးကို သူ၏လက်ပေါ် လောင်းထည့်လိုက်ရာ လျှပ်စီးတစ်ချက် လက်သွားသကဲ့သို့ ထင်ရသည်။

"ဒီဆေးလုံးက ပထမတန်းစား ဆေးလုံးဖြစ်ပြီးတော့ သိုင်းစစ်သည်တော်တွေ အသုံးပြုလို့ရတယ်....သိုင်းစစ်သည်တော်တစ်ယောက်က သိုင်းဆရာကြီးအဆင့်ကို တက်လှမ်းဖို့အတွက် ဒီလိုဆေးလုံးမျိုး အလုံးငါးဆယ်လောက် လိုအပ်တယ်"

ချင်းမင်က ရှင်းပြလိုက်သည်။

All Chapters