← Chapters

ညအချိန် ဝင်ရောက်တိုက်ခိုက်ခြင်း

Vol. 6 Ch. 79

ညအချိန် ဝင်ရောက်တိုက်ခိုက်ခြင်း

Vol. 6 Ch. 79

ချင်းမင်သည် သူ၏အခန်းထဲ၌ ပလ္လင်ခွေထိုင်နေပြီး သူ၏နံဘေးပတ်လည်၌ စိတ်ဝိညာဉ်စွမ်းအားများ ဝန်းရံနေသည်။

သူ၏ဖခင်နှင့် စကားပြောဆိုပြီးနောက် သူသည် ကျင့်ကြံရန် သူ၏အခန်းသို့ ပြန်လာခဲ့ပေ၏။ ယခုချိန်ထိ ချင်းမင်သည် သူ၏နေ့စဉ်ကျင့်ကြံခြင်းကို မလုပ်ရသေးချေ။

သူသည် ဆေးပညာအလုပ်သင်တစ်ဦးကို အနိုင်ရခဲ့ရုံမျှဖြင့် သူ့ကိုယ်သူ စိတ်ကျေနပ်နေမည် မဟုတ်သည့်အပြင် ကျင့်ကြံခြင်းကို ပေါ့ဆနေမည်လည်း မဟုတ်ပေ။

ချင်းမင်၏ပန်းတိုင်သည် သိုင်းနတ်ဘုရားဖြစ်သဖြင့် ဤပန်းတိုင်အတွက် ကျင့်ကြံရန်အချိန်ကို သူ ဆုပ်ကိုင်ထားရပေမည်။

ချင်းမင် ကျင့်ကြံနေစဥ်မှာပင် ပုံရိပ်နှစ်ခုသည် သူ၏အာရုံခံမှုထဲသို့ ရုတ်တရက်ထွက်ပေါ်လာသည်။

ဆေးနတ်ဘုရားတစ်ပါးအနေဖြင့် ရန်သူသည် သူ၏နှာခေါင်းဝသို့ ရောက်လာသည့်တိုငိ သတိမပြုမိသေးပါက ဤသည်မှာ ရယ်ရွှင်ဖွယ်ကောင်းနေပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် သူ၏နံဘေးမှ အကြီးအကဲချင်းသည်လည်း ရန်သူကို ရှာဖွေတွေ့ရှိသွားသည်။

"ဘယ်သူလဲ"

အကြီးအကဲချင်းက အော်ဟစ်လိုက်သည်။

အကယ်၍ ချင်းမင်သာ ကျင့်ကြံခြင်း၏ အရေးကြီးသောအချိန်၌ လက်လျှော့လိုက်ပါက ယနေ့အတွက် သူ၏ကျင့်ကြံခြင်းသည် အချည်းနှီးဖြစ်သွားပေလိမ့်မည်။

ချင်းမင်သည် ရောက်ရှိလာသော ရန်သူနှစ်ဦး၏ အရှိန်အဝါသည် မဟာသိုင်းဆရာကြီးအဆင့်၌သာရှိကြောင်း တွေ့ရှိလိုက်ရသဖြင့် သက်ပြင်းတစ်ချက်မချဘဲ မနေနိုင်တော့ချေ။

မဟာသိုင်းဆရာကြီးနယ်ပယ် ကျင့်ကြံသူနှစ်ယောက်ကို သူ ရင်ဆိုင်ဖြေရှင်းနိုင်သည်။

"သွားပြီ... ငါတို့ကို တွေ့သွားပြီ"

အနက်ရောင်ဝတ်စုံဝတ်လူနှစ်ဦးသည် ထိတ်လန့်တုန်လှုပ်သွားပြီး ပုန်းခိုရာမှ ထွက်လာခဲ့သည်။

အကြီးအကဲချင်း ထွက်ပေါ်လာသည်ကို မြင်တွေချိန်တွင် ထိုလူနှစ်ဦးသည် အလွန်အမင်းဝမ်းသာသွားပေ၏။

သူတို့သည် မူလက ချင်းမိသားစုကို စုံစမ်းရန် လာခဲ့ခြင်းဖြစ်သော်လည်း ပစ်မှတ်ပုဂ္ဂိုလ်သည် ချင်းမိသားစုထဲ၌ တိုက်ရိုက်ရှိနေလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ချေ။ ဤသည်မှာ သူတို့အတွက် ဒုက္ခများစွာကို သက်သာသွားစေသည်။

သူတို့၏မျက်လုံးများအတွင်းမှ ဝမ်းမြောက်မှုကို မြင်တွေ့ရသဖြင့် အကြီးအကဲချင်းသည်လည်း နားလည်သဘောပေါက်သွားသည်။

သူတို့နှစ်ဦးလုံး၏ပစ်မှတ်မှာ သူကိုယ်တိုင်ပင် ဖြစ်ပေ၏။

"ငါ့ရဲ့ခွေးတိရစ္ဆာန်လိုတပည့်က မင်းတို့ကို လွှတ်လိုက်တာလား"

အကြီးအကဲချင်းက အော်ဟစ်လိုက်သည်။

ချင်းအိမ်တော်၏ထောင့်တစ်နေရာတိုင်း၌ မီးတိုင်များကို စတင်၍ထွန်းညှိလိုက်ကြပြီး အိမ်တော်တစ်ခုလုံးကို လင်းထိန်သွားစေသည်။

ချင်းမိသားစု၏တပည့်တစ်ဦးချင်းစီသည် လက်နက်များကို ကိုင်ဆောင်၍ အခန်းများထဲမှ ထွက်လာခဲ့ကြသည်။

ချင်းမိသားစုခေါင်းဆောင် ချင်းယွမ်သည်လည်း ဓားတစ်ချောင်းကို ကိုင်ဆောင်၍ အိပ်ခန်းထဲမှ အလျှင်အမြန်ပြေးထွက်လာပေ၏။

အနက်ရောင်ဝတ်စုံဝတ်လူနှစ်ဦးကို မြင်တွေ့ပြီးနောက် သူသည် ထိတ်လန့်တုန်လှုပ်သွားပြီး ကျယ်လောင်စွာအော်ဟစ်ပြီး အမိန့်ပေးလိုက်သည်။

"ချင်းမိသားစုက လူတွေအားလုံး အခုချက်ချင်း အထဲပြန်ဝင်ကြစမ်း...ငါ့အမိန့်မရဘဲ ဘယ်သူမှ ထွက်မလာရဘူး"

အနက်ရောင်ဝတ်စုံဝတ်လူနှစ်ဦးလုံးသည် မဟာသိုင်းဆရာကြီးနယ်ပယ်၌ ရှိနေကြသဖြင့် သိုင်းဆရာကြီးနယ်ပယ်မှလူများ မည်မျှပင် များပြားနေစေကာမူ အသုံးဝင်မည် မဟုတ်ချေ။

ဤအခြေအနေ၌ သူတို့အားလုံးကို ပုန်းအောင်းနေရန် ပြောခြင်းက ပို၍ကောင်းမွန်ပေသည်။ ထိုသို့ပြုလုပ်မှသာ တိုက်ခိုက်ကြသည့်အချိန်၌ သူတို့ကို ကာကွယ်ပေးရန် လိုအပ်တော့မည်မဟုတ်ချေ။

ဤအချိန်၌ ချင်းမိသားစု၏အခြေခံအုတ်မြစ်ဆိုးရွားသည်ဟု ချင်းမင် ပြောဆိုခဲ့သည်ကို သူ အမှန်တကယ် နားလည်သွားလေသည်။

ကိစ္စတစ်ခုခု ဖြစ်ပွားလာသည့်အချိန်၌ မိသားစုအတွင်း၌ အသုံးချနိုင်သော ကူညီမည့်သူ တစ်ယောက်မျှ မရှိပေ။

ကံကောင်းထောက်မစွာဖြင့် အကြီးအကဲချင်းသည် ထိုသူခိုးနှစ်ယောက်ကို တားဆီးထားနိုင်ခဲ့သည်။ ထိုသို့မဟုတ်ပါက အကျိုးဆက်များကို တွေးဝံ့စရာပင် မရှိချေ။

အကယ်၍ သူတို့သာ ချင်းမင်၏အခန်းကို ဝင်ရောက်ပြီး သူ့ကို တိတ်တဆိတ်သတ်ဖြတ်သွားပါက သူတို့၏ချင်းမိသားစုသည် အဆုံးသတ်သွားပေလိမ့်မည်။

အမှန်အားဖြင့် ချင်းယွမ်သည် အကယ်၍ ဤလူနှစ်ယောက်သာ ချင်းမင်၏အခန်းသို့ ဝင်ရောက်ခဲ့ပါက သူတို့ထံ၌ အော်ဟစ်ရန် အခွင့်အရေးပင် ရရှိလိမ့်မည် မဟုတ်ကြောင်း မသိရှိခဲ့ချေ။

"ဒါက ငါတို့ရှာနေတဲ့လူ အမှန်ပဲ...သတ်"

အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်က အကြီးအကဲချင်းကို သေချာကြည့်ရှုပြီး တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုလိုက်သည်။

ထို့ကြောင့် လူနှစ်ယောက်သည် အကြီးအကဲချင်းကို သတ်ဖြတ်ရန် ရှေ့သို့တိုးဝင်သွားကြသည်။

ချင်းယွမ်သည် ဤလူနှစ်ယောက်ကို ဤမျှထိ မောက်မာခွင့် မပြုနိုင်သဖြင့် သူသည် အကြီးအကဲချင်း၏ရှေ့၌ မားမားမတ်မတ် ရပ်တည်၍ ရန်သူကိုရင်ဆိုင်ရန် ပြင်ဆင်လိုက်၏။

"ဘုန်း..."

ဓားချီအလင်းတန်းနှင့်ဓားအရိပ်များ လှုပ်ရှားသွားပြီး ချင်းယွမ်၏ထက်ရှသော ဓားသည် ရုတ်တရက် တုန်ခါသွားကာ ဓားပေါ်၌ အက်ကွဲကြောင်းငယ်တစ်ခု ပေါ်လာသည်။

"သတိထား..."

အကြီးအကဲချင်းက အော်ဟစ်လိုက်ပြီး သူ၏သိုလှောင်လက်စွပ်ထဲမှ ဓားကို ထုတ်ယူကာ အနက်ရောင်ဝတ်စုံဝတ်လူနှစ်ဦးထံသို့ ထိုးစိုက်လိုက်သည်။

အနက်ရောင်ဝတ်စုံဝတ်လူနှစ်ဦးသည် မူလက တိုက်ပွဲကို အနိုင်ရလိုသော်လည်း အကြီးအကဲချင်း၏ ကျွမ်းကျင်သောဓားနည်းစနစ်ကြောင့် နောက်သို့ ဆုတ်ခွာသွားရသည်။

"သူက မှော်စွမ်းအားကို သုံးလို့မရဘူး..ငါတို့ အတင်းအကြပ် ဝင်တိုက်ကြစို့"

အနက်ရောင်ဝတ်စုံဝတ်လူနှစ်ဦးသည် အကြီးအကဲချင်းနှင့် ယှဉ်ပြိုင်ပြီးနောက် သူ၏ အားနည်းချက်ကို တွေ့ရှိသွားပြီး အော်ဟစ်လိုက်သည်။

အမှန်တကယ်ကိုပင် အကြီးအကဲချင်း၏ဒန်တျန်သည် ပျက်စီးနေသဖြင့် တိုက်ပွဲ၌ သူ၏မှော်စွမ်းအားကို အသုံးမပြုနိုင်ပေ။

ထို့ပြင် သိုင်းဘုရင်အဆင့်၏စိတ်ဝိညာဥ်စွမ်းအားကိုလည်း သူ၏ခန္ဓာကိုယ်အတွင်းမှ အဆိပ်ကို ဖိနှိပ်ရန် အသုံးပြုထားရသဖြင့် ထိုအရာကို စိတ်တိုင်းကျ ရွှေ့ပြောင်းအသုံးပြုရန် မဝံ့ရဲခဲ့ချေ ။

"အကြီးအကဲချင်း... ကျွန်တော် ကူညီပေးမယ်"

ဤအချိန်၌ ချင်းယွမ်သည် ဓားကို စွန့်ပစ်လိုက်ပြီး သူ၏လက်နှစ်ဖက်ဖြင့် တိုက်ခိုက်လေသည်။

ချင်းယွမ်၏လက်သိုင်းနည်းစနစ်သည် ဓားနည်းစနစ်လောက် မကောင်းမွန်သော်လည်း အတန်အသင့် ကျွမ်းကျင်ပေ၏။ သူသည် အကြီးအကဲချင်းနှင့် ပူးပေါင်း၍ အနက်ရောင်ဝတ်စုံဝတ်လူနှစ်ဦး၏တိုက်ခိုက်မှုကို ယာယီခုခံတားဆီးနိုင်ခဲ့သည်။

All Chapters