← Chapters

လူနှစ်ဦး၏လိုက်ဖက်ညီသော ပူးပေါင်းဆောင်ရွက်မှု

Vol. 6 Ch. 80

လူနှစ်ဦး၏လိုက်ဖက်ညီသော ပူးပေါင်းဆောင်ရွက်မှု

Vol. 6 Ch. 80

"ချင်းမိသားစုက သိုင်းဆရာကြီးအဆင့် ကျင့်ကြံသူတွေ...ရန်သူကို ရင်ဆိုင်ဖို့ ထွက်လာခဲ့ကြစမ်း"

ချင်းယွမ်နှင့်အကြီးအကဲချင်းတို့သည် အနက်ရောင်ဝတ်စုံဝတ်လူနှစ်ဦးကို ခုခံတားဆီးထားပြီးနောက် ချင်းယွမ်က ချက်ချင်း အမိန့်ပေးလိုက်သည်။

အစပိုင်း၌ ချင်းမိသားစုဝင်များကို နောက်ဆုတ်ခိုင်းခဲ့သည့် အကြောင်းအရင်းမှာ မလိုလားအပ်သော ထိခိုက်သေဆုံးမှုများကို မဖြစ်ပွားစေလိုသောကြောင့်ပင်။

ယခုချိန်၌မူ မတူတော့ချေ။ သူတို့နှစ်ဦးသည် အနက်ရောင်ဝတ်စုံဝတ်လူနှစ်ဦးကို ခုခံတားဆီးထားနိုင်ခဲ့ပြီး အင်အားတစ်ခုစီတိုင်းသည် အလွန်တန်ဖိုးရှိပေ၏။

ထို့ပြင် အနက်ရောင်ဝတ်စုံဝတ်လူနှစ်ဦးသည် ယခုအချိန်၌ ချင်းမိသားစုဝင်များကို သတ်ဖြတ်နိုင်မည် မဟုတ်ချေ။ ထိုကြောင့် သူသည် သိုင်းဆရာကြီးနယ်ပယ် ကျင့်ကြံသူများကို ရန်သူများအား တိုက်ခိုက်ရန် ရဲရဲဝံ့ဝံ့ခေါ်ဆိုနိုင်လေပြီ။

ချင်းမိသားစု၏အကြီးအကဲများသည် ချင်းယွမ်၏အမိန့်များကို ယခင်ကတည်းက စောင့်ဆိုင်းနေခဲ့ကြသည်။

ယခုအမိန့်ပေးခံရချိန်၌ အကြီးအကဲများသည် ဓားများ လှံများနှင့် တုတ်များစသည့် အမျိုးမျိုးသောလက်နက်များကို ကိုင်ဆောင်၍ ထွက်ပေါ်လာကြပြီး အသက်ကိုပဓာနမထားဘဲ ဝင်ရောက်တိုက်ခိုက်ကြသည်။

ထိုလူနှစ်ဦးကြားမှ ပူးပေါင်းဆောင်ရွက်မှုသည် ချက်ချင်းပျက်ပြားသွားပေ၏။ မူလက ထိုလူနှစ်ဦးသည် အကြီးအကဲချင်းကို တိုက်ခိုက်ရန်အတွက် သူတို့၏ပူးပေါင်းဆောင်ရွက်မှုအပေါ် မှီခိုနေခဲ့ကြခြင်းဖြစ်သည်။

ယခုချိန်၌ ပူးပေါင်းဆောင်ရွက်မှု ပျက်ပြားသွားသဖြင့် ချက်ချင်းဆိုသလိုပင် အားနည်းချက်တစ်ခု ထွက်ပေါ်လာသည်။

အကြီးအကဲချင်းသည် မည်ကဲ့သို့ ပုဂ္ဂိုလ်မျိုးဖြစ်သနည်း။ သူသည် တိုက်ပွဲအခြေအနေကို အလွန် သေချာစွာ ဆုပ်ကိုင်ထားနိုင်သော သိုင်ူဘုရင်အဆင့် အစွမ်းထက်သူတစ်ဦးပင်။

"ငါ့ကို ကူညီပေးပါ"

အကြီးအကဲချင်းက တည်ကြည်လေးနက်သောအသံဖြင့် ချင်းယွမ်ကို ပြောဆိုလိုက်၏။

ချင်းယွမ်သည်လည်း တိုက်ပွဲများစွာကို တွေ့ကြုံဖူးသဖြင့် အကြီးအကဲချင်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်။

ထိုကြောင့် အကြီးအကဲချင်း၏စကားကို ကြားချိန်၌ သူ ချက်ချင်း တုံ့ပြန်လိုက်သည်။

ချင်းယွမ်သည် ဘယ်ဘက်ရှိ အနက်ရောင်ဝတ်စုံဝတ်လူထံသို့ ပြေးဝင်တိုက်ခိုက်လိုက်ပြီး ထိုလူက သူ၏ဓားဖြင့် ခုခံလိုက်သည်။ ချင်းယွမ်၏ အစစ်အမှန်ရည်ရွယ်ချက်သည် တိုက်ခိုက်ရန်မဟုတ်ကြောင်း သူ အနည်းငယ်မျှ မျှော်လင့်ထားမိမည်မဟုတ်ချေ။

ထိုအစား သူသည် ထိုလူအား ထိန်းချုပ်ထားလိုခြင်းသာဖြစ်သည်။ ရုတ်ချည်းဆိုသလိုပင် အနက်ရောင်ဝတ်စုံဝတ်လူသည် ချင်းယွမ်၏ လက်ဖြင့် ဖမ်းချုပ်ခြင်းကို ခံလိုက်ရတော့သည်။

အကြီးအကဲချင်းသည် အခွင့်အရေးကို ချက်ချင်းဆုပ်ကိုင်လိုက်ပြီး တခြားအနက်ရောင်ဝတ်စုံဝတ်လူကို ပြင်းထန်စွာ တိုက်ခိုက်လေ၏။

အနက်ရောင်ဝတ်စုံဝတ်လူနှစ်ဦးသည် ပူးပေါင်းလုပ်ဆောင်မှသာလျှင် သူတို့၏အကြီးမားဆုံးသောစွမ်းအားကို ထုတ်ဖော်နိုင်ပေမည်။

ယခုအချိန်၌ အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်သည် ချင်းယွမ်၏ချုပ်နှောင်ထားခြင်းကို ခံထားရသဖြင့် တခြားတစ်ယောက်သည် အကြီးအကဲချင်း၏ပြိုင်ဘက် မည်သို့မျှ မဖြစ်နိုင်တော့ချေ။ လှုပ်ရှားမှုသုံးကြိမ်အပြီးတွင် သူသည် အကြီးအကဲချင်း၏လှုပ်ရှားမှုများကို သူ ရှင်းလင်းစွာ မမြင်နိုင်တော့ချေ။

ဓားဖြင့်ထိုးနှက်ခံရပြီးနောက် အနက်ရောင်ဝတ် စုံဝတ်လူသည်လည်း ရက်စက်ကြမ်းတမ်းသော လူတစ်ဦးဖြစ်သောကြောင့် ချင်းသခင်ကြီး၏ တိုက်ခိုက်မှုကို ချက်ချင်းလျစ်လျှူရှုကာ သူ၏လက်ထဲမှဓားဖြင့် ချင်းယွမ်ကို ထိုးစိုက်လိုက်သည်။

ဤသည်မှာ အတူတကွသေဆုံးစေမည့် သူသေကိုယ်သေတိုက်ခိုက်မှုတစ်ခုပင်။

အကယ်၍ အကြီးအကဲချင်းကသာ ဆက်လက်၍ တိုက်ခိုက်မည်ဆိုပါက ချင်းယွမ်သည် ဓားဖြင့် အထိုးခံရမည်မှာ သေချာပေါက်ပင်။

အနက်ရောင်ဝတ်စုံဝတ်လူသည် အသက်စွန့်၍ တိုက်ခိုက်ရဲသော်လည်း အကြီးအကဲချင်းသည် မတိုက်ခိုက်ရဲပေ။ ဤလူသည် ချင်းမင်၏ ဖခင်ဖြစ်ပြီး အကယ်၍ သေဆုံးသွားပါက ချင်းမင်သည် သူ့ကို အပြစ်တင်ပေလိမ့်မည်။

အကြီးအကဲချင်းသည် သူ၏ ဓားဖြင့်ထိုးစိုက်ခြင်းကို အပေါ်သို့လွှဲတင်ခြင်းအဖြစ် ပြောင်းလဲလိုက်ပြီး အနက်ရောင်ဝတ်စုံဝတ်လူကို နောက်သို့ဆုတ်ခွာသွားစေသည်။

အနက်ရောင်ဝတ်စုံလူနှစ်ဦးက သူတို့သည် အကြီးအကဲချင်းနှင့်ချင်းယွမ်တို့၏ ပြိုင်ဘက်များ မဟုတ်ကြောင်း သိရှိသွားသဖြင့် နောက်သို့ ဆုတ်ခွာသွားပေ၏။

"သွားကြစို့..."

အနက်ရောင်ဝတ်စုံဝတ်လူနှစ်ဦးသည် ချင်းမိသားစုဝင်များကို ရုတ်တရက် အတင်းအကြပ်တွန်းထုတ်လိုက်ပြီး ပျံသန်း၍ထွက်ခွာသွားကြသည်။

အကြီးအကဲချင်းနှင့်ချင်းယွမ်တို့သည် သူတို့ကို လိုက်လံ မတိုက်ခိုက်ဘဲ မတ်တတ်ရပ်၍သာ ကြည့်နေလိုက်ကြသည်။

သူတို့သည် အခြေအနေကို မသိရှိရသေးဘဲ လိုက်လံတိုက်ခိုက်ခြင်း မပြုသင့်ပေ။

"အဖေ..."

ချင်းမင်က ကျင့်ကြံခန်းထဲမှ ထွက်လာခဲ့သည်။ သူသည် ယနေ့အတွက် ကျင့်ကြံခြင်းကို ပြီးဆုံးသွားခဲ့လေပြီ။

"မင်အာ...မင်း အဆင်ပြေရဲ့လား"

ချင်းယွမ်က ချင်းမင်ကို စိုးရိမ်ပူပန်တကြီး ကြည့်လိုက်သည်။

ချင်းမင်က ခေါင်းခါလိုက်၏။

"ကျေးဇူးတင်ပါတယ် အဖေ...ကျွန်တော် ဘာမှမဖြစ်ပါဘူး...ဒါပေမဲ့ အဖေ...ခုဏက ဒဏ်ရာ တစ်ခုခု ရသွားသေးလား"

"ခွေးသူခိုးတွေလို ခိုးကြောင်ခိုးဝှက်လုပ်တတ်တဲ့ ကြွက်နှစ်ကောင်က ငါ့ကို ဘယ်လိုလုပ်ပြီး ထိခိုက်စေနိုင်မှာလဲ"

ချင်းယွမ်က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။

အမှန်အားဖြင့် ချင်းမင်က ဤသည်မှာ သူ၏ဖခင်က သူ့အား နှစ်သိမ့်နေခြင်းသာ ဖြစ်ကြောင်း သိရှိထားသည်။ ဤကဲ့သို့သော တိုက်ပွဲမျိုးသည် သတိမထားပါက အသက်အန္တရာယ် စိုးရိမ်ရစေနိုင်ရာ သူ၏ဖခင်သည် ဤမျှထိ လွယ်ကူစွာ မည်သို့ ပြောဆိုနိုင်မည်နည်း။

အနက်ရောင်ဝတ်စုံဝတ်လူနှစ်ဦး၏ ဟန်ပန်အနေအထားအရ သူတို့သည် တိုက်ခိုက်ခြင်းအတွက် အထူးလေ့ကျင့်ထားသူများ ဖြစ်ကြောင်း သိသာသည်။

ထိုလူနှစ်ဦးသည် ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အကယ်၍သာ ချင်းယွမ်၏နည်းဗျူဟာသည် ထိုလူနှစ်ဦးကို ခွဲမထုတ်နိုင်ခဲ့ပါက ဤတိုက်ပွဲ၌ မည်သူက ကံကြမ္မာကို ဆုံးဖြတ်မည်ကို ပြောရန် ခက်ခဲပေလိမ့်မည်။

ချင်းမင်သည် သူ၏အစစ်အမှန်စွမ်းအားကို ထုတ်ဖော်ရန် ဆန္ဒမရှိပါက ဤတိုက်ပွဲသည် ပြင်းထန်ပေလိမ့်မည်။

အကယ်၍ အနက်ရောင်ဝတ် လူနှစ်ဦးသာ အရာအားလုံးကို စွန့်လွှတ်ပြီး ချင်းယွမ်နှင့် အတူ သေဆုံးရန် ဆုံးဖြတ်လိုက်ပါက သူ့အတွက် အန္တရာယ်ရှိနိုင်သည်ဟု ခန့်မှန်းနိုင်သည်။

သို့ရာတွင် အနက်ရောင်ဝတ်စုံဝတ်လူနှစ်ဦး၏ ပစ်မှတ်သည် အကြီးအကဲချင်း ဖြစ်သည်မှာ သိသာထင်ရှားပေ၏။ အကြီးအကဲချင်း၌လည်း ကြွယ်ဝသော တိုက်ပွဲအတွေ့အကြုံများ ရှိနေသဖြင့် ဤမျှထိ လွယ်ကူစွာ သေဆုံးသွားရန်မှာ မဖြစ်နိုင်ပေ။

ထို့ကြောင့် အခွင့်အရေး မရှိသည်ကို မြင်တွေ့ချိန်၌ ထိုလူနှစ်ဦးသည် ချက်ချင်းဆုတ်ခွာသွားကြ၏။

All Chapters