← Chapters

လူရှာဖွေခြင်း

Vol. 6 Ch. 84

လူရှာဖွေခြင်း

Vol. 6 Ch. 84

"တစ်ယောက်ယောက်က ချင်းမိသားစုရဲ့ ဆေးပညာရှင်ကို သတ်ချင်မှတော့...ငါတို့က သူတို့ကို အဆင်ပြေအောင် လုပ်ပေးလိုက်ရုံပဲ... ငါတို့က ချင်းမိသားစုနဲ့ အိုးယန်မိသားစုတို့ရဲ့ မဟာသိုင်းဆရာကြီးတွေကို ကိုင်တွယ်ထားပြီးတော့ အဲ့ဒီလူနှစ်ယောက်ကို ဆေးပညာရှင်ကို သတ်ခိုင်းလိုက်မယ်... ဒါဆိုရင် ငါတို့ အဆင်ပြေသွားလိမ့်မယ်... ပြီးတော့ လျိုမြို့ရဲ့ ဆေးလုံးဈေးကွက်တစ်ခုလုံးက ငါတို့ရဲ့လက်ထဲ ပြန်ရောက်လာလိမ့်မယ်"

ချန်မိသားစုခေါင်းဆောင်က ရယ်မောလိုက်သည်။

မြို့တော်ဝန်သည် ခေါက်တုံ့ခေါက်ပြန် လျှောက်လှမ်းလိုက်ပြီး ခေါင်းငုံထားကာ ချန်မိသားစု၏စကားများအပေါ် စဉ်းစားနေသည်။

ချန်မိသားစုခေါင်းဆောင်သည် မြို့တော်ဝန် တွန့်ဆုတ်နေသည်ကို မြင်တွေ့ချိန်၌ မနေနိုင်တော့ဘဲ ထပ်မံ၍ ဖြည့်စွက်ပြောဆိုလိုက်သည်။

"အဲ့ဒီလူနှစ်ယောက်က ဘယ်အင်အားစုက လာတာပဲဖြစ်ဖြစ် အရေးမကြီးဘူး... ဘာပဲဖြစ်ဖြစ် သူတို့က ငါတို့အင်အားစုတွေထဲက မဟုတ်ဘူး... ငါတို့က အရင်ဆုံး ချင်းမိသားစုနဲ့ စစ်ပွဲ စတင်ရမယ်.. အဲဒီအချိန်ကျရင် ဆေးပညာရှင်က ဝင်မပါမှာ သေချာတယ်... သူ ဝင်ပါရင် ပိုတောင် ကောင်းသေးတယ်... ငါတို့မိသားစုနှစ်စု ပူးပေါင်းပြီးတော့ အဲ့ဒီဆေးပညာရှင်ကို သတ်လိုက်မယ်... ဆေးပညာမဟာမိတ်အဖွဲ့က ဘာမှ ပြောနိုင်မှာ မဟုတ်ဘူး... "

"သူ ဝင်မပါဘူးဆိုရင် ငါတို့က အကောင်းဆုံး ကြိုးစားပြီးတော့ အဲ့ဒီလူနှစ်ယောက်ကို လှုပ်ရှားခိုင်းရမယ်... သူတို့က ချင်းမိသားစုရဲ့ဆေးပညာရှင်ကို သတ်နိုင်ရင် အကောင်းဆုံးပဲ... မသတ်နိုင်လည်း အရေးမကြီးဘူး... ငါတို့က ချင်းမင်ကို သတ်ဖို့ လူလွှတ်ထားလို့ရမယ်... ချင်းမင်ကို သတ်နိုင်သရွေ့ ငါတို့ရဲ့ကိစ္စ အောင်မြင်သွားပြီ... ငါတို့က ချင်းယွမ်ကို သတ်ပြီး သူတို့သားအဖကို ငရဲမှာ တွေ့ဆုံခွင့်ပေးဖို့တောင် အခွင့်အရေး ရှိလာနိုင်တယ်"

ချန်မိသားစုခေါင်းဆောင်ထံမှ ဤကဲ့သို့ ပြီးပြည့်စုံသော အစီအစဉ်ကို ကြားရကာ အထူးသဖြင့် စိုးရိမ်ပူပန်စရာ တစ်စုံတစ်ရာ မရှိသဖြင့် မြို့တော်ဝန်ချန်က ခေါင်းညိတ်လိုက်သည်။

"မင်းပြောတာ အမှန်ပဲ... ဒါဆိုရင် ငါတို့က အရင်ဆုံး မဟာသိုင်းဆရာကြီးအဆင့် လူသတ်သမားနှစ်ယောက်ကို ရှာလိုက်ကြရအောင်"

ချန်မိသားစုခေါင်းဆောင်က ရယ်မောပြီး ပြောဆိုလိုက်၏။

"ဒါကြောင့် ငါက ညတွင်းချင်း မင်းကို လာတွေ့တာပေါ့... လျိုမြို့တစ်မြို့လုံးမှာ ခင်ဗျားဆီမှာ လူအင်အားအများဆုံး ရှိတယ်... ပြီးတော့ တရားဝင် အဆင့်အတန်းလည်း ရှိတယ်... လူရှာရတာက ငါတို့ချန်မိသားစုထက် အများကြီး ပို အဆင်ပြေလိမ့်မယ်"

မြို့တော်သခင်ချန်က ရယ်မောရင်း ပြောဆိုသည်။

"ဟုတ်တယ်... လျိုမြို့မှာ ဘယ်မိသားစုမှ လူရှာတဲ့နေရာမှာ ငါ မြို့တော်ဝန်ထက် ပိုပြီးအဆင်မပြေနိုင်ဘူး... အဲ့ဒီမြို့စောင့်တပ်တွေရဲ့အစွမ်းအစက ဆိုးရွားပြီးတော့ သူတို့က ပုံမှန်အတိုင်းဆိုရင် သာမာန်လူတွေကို ခြိမ်းခြောက်ကြတယ်... ဒါပေမဲ့ သူတို့က လူအင်အားများပြီးတော့ လျိုမြို့နဲ့ ရင်းနှီးကျွမ်းဝင်တယ်... သူတို့ကို လူရှာဖို့ခိုင်းတာက အရမ်းသင့်တော်တယ်"

"လာခဲ့စမ်း...."

မြို့တော်ဝန်ချန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ပြင်ပမှနေ၍ အဘိုးအိုတစ်ဦး ဝင်ရောက်လာသည်။ ဤသည်မှာ မြို့တော်ဝန်အိမ်တော်၏ အိမ်တော်ထိန်းပင်။

"သခင်ကြီး... ဘာခိုင်းစရာရှိလို့လဲ...."

အိမ်တော်ထိန်းက မေးမြန်းသည်။

မြို့တော်ဝန်ချန်က အဘိုးအိုထံသို့ တံဆိပ်ပြားတစ်ခု ပစ်ပေးလိုက်ပြီး အမိန့်ပေးလိုက်၏။

"ငါ့ရဲ့တံဆိပ်ပြားကို ယူသွားပြီးတော့ မြို့စောင့်တပ်ကို လျိုမြို့မှာ လူနှစ်ယောက် ရှာခိုင်းလိုက်စမ်း... သူတို့က မဟာသိုင်းဆရာကြီးအဆင့်မှာရှိတဲ့ လူစိမ်းနှစ်ယောက်ပဲ..."

ချန်မိသားစုခေါင်းဆောင်က ပြောဆိုသည်။

"ငါက ပူးပေါင်းဆောင်ရွက်ဖို့ ငါ့ရဲ့အစေခံကို ခိုင်းလိုက်မယ်... သူက အဲ့ဒီလူနှစ်ယောက်ကို တွေ့ဖူးတယ်"

မြို့တော်ဝန်ချန်က ခေါင်းညိတ်ပြပြီး အိမ်တော်ထိန်းကိုကြည့်ကာ ပြောဆိုလိုက်သည်။

"မင်း ကြားပြီလား... ချန်မိသားစုက လူတစ်ယောက်ကပူးပေါင်းဆောင်ရွက်လိမ့်မယ်... မင်းက ရှာဖွေဖို့ကို တာဝန်ယူရုံပဲ... သူတို့ကိုတွေ့တာနဲ့ ဘာပဋိပက္ခ မဖြစ်စေနဲ့... အဲဒီလူနှစ်ယောက်ဆိုတာ မှန်ကန်သရွေ့ ငါက တွေ့ချင်တယ်လို့သာ ပြောလိုက်စမ်း...."

"ဟုတ်ကဲ့ပါ သခင်ကြီး"

အိမ်တော်ထိန်းသည် မြို့တော်ဝန်၏အမိန့်များကို နာခံပြီး လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

"ဒါဆို...ငါတို့က သတင်းကောင်းကိုပဲ စောင့်ရတော့မယ်... အဲ့ဒီလူနှစ်ယောက်က ချင်းမိသားစုရဲ့ဆေးပညာရှင်ကို သတ်ချင်နေမှတော့... သူတို့က အခု မြို့ထဲမှာပဲ ရှိနေအုံးမှာ သေချာတယ်... သူတို့ မြို့ထဲမှာ ရှိနေသရွေ့ ငါ့ရဲ့မြို့စောင့်တပ်သားတွေကို ရှောင်ဖို့ မဖြစ်နိုင်ဘူး... သူတို့ထက် လျိုမြို့ကို ရင်းနှီးကျွမ်းဝင်တဲ့လူဆိုလို့ ဘယ်သူမှ ရှိမှာမဟုတ်ဘူး"

မြို့တော်ဝန်ချန်က အပြုံးနှင့် ပြောဆိုလိုက်သည်။

ချန်မိသားစုခေါင်းဆောင်သည်လည်း သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ ဂါရဝပြုပြီးနောက် အပြုံးနှင့် တုံ့ပြန်လိုက်သည်။

"ဒါဆိုရင် ငါက သတင်းကောင်းကို စောင့်နေပါ့မယ်"

"ဒါပေမဲ့... ဒါက နည်းနည်းတော့ စိတ်မချရဘူး... ပြီးတော့ မဟာဆေးဆရာကြီးအဆင့် ဆေးပညာရှင်မှာ ဘာဝှက်ဖဲတွေ ရှိနေမလဲဆိုတာ ငါ မသိဘူး... အမှားအယွင်း မရှိတာ သေချာဖို့အတွက် ငါတို့က အင်အားနည်းနည်း ထပ်ဖြည့်သင့်တယ်လို့ ငါ ထင်တယ်"

"ဘာ အင်အားလဲ... မဟာသိုင်းဆရာကြီးအဆင့် ကျင့်ကြံသူတွေ ထပ်တိုးမလို့လား"

ချန်မိသားစုခေါင်းဆောင်က ပြောဆိုသည်။

"အမှန်ပဲ... လုံလောက်တဲ့ ထိပ်သီးကျင့်ကြံသူတွေ ရှိမှသာ အမှားအယွင်းမရှိဖို့ အာမခံနိုင်လိမ့်မယ်"

မြို့တော်ဝန်ချန်က တုံ့ပြန်သည်။

"ဒါပေမဲ့... လျိုမြို့တစ်မြို့လုံးမှာ ငါတို့ အသုံးပြုနိုင်တဲ့ မဟာသိုင်းဆရာကြီးတွေက ဘယ်နေရာမှာ ရှိနိုင်အုံးမှာလဲ...."

ချန်မိသားစုခေါင်းဆောင်က မေးမြန်းသည်။

မြို့တော်ဝန်က အပြုံးနှင့် တုံ့ပြန်အဖြေပေးလိုက်၏။

"လျိုမြို့ရဲ့ ထိပ်သီးမိသားစုကြီးလေးစုထဲက တစ်စုဖြစ်တဲ့ ဝမ်မိသားစု...."

All Chapters