ညီမလေး၏မုန့်ဖိုး
Vol. 6 Ch. 86
ဖြစ်နိုင်သည်မှာ တာဝန်ခံလီ ရာထူးတိုးသွားခြင်းတွင် သူ၏ဆေးလုံးများက အခရာကျသော အချက်အဖြစ် ပါဝင်နေနိုင်ခြင်းပင်။ ထိုသို့မဟုတ်လျှင် တာဝန်ခံလီသည် အစောကတည်းက ရာထူးမတိုးဘဲ မည်သည်ကြောင့် ချီစုစည်းခြင်းဆေးလုံးကို ရောင်းချပြီးမှ ရာထူးတိုးသွားမည်နည်း။
ချင်းမင်က ခေါင်းခါလိုက်သည်။ ဤကိစ္စများသည် သူ့အတွက် အရေးမကြီးချေ။ သူသည် စိတ်ဝိညာဥ်ဆေးပင်များဝယ်ရန် လာခြင်းသာ ဖြစ်ပေ၏။
"ငါ့အတွက် စိတ်ဝိညာဥ်ဆေးပင်တချို့ ပြင်ဆင်ပေးပါ....ဒါက ငါ့ရဲ့ဆရာ အသုံးပြုဖို့အတွက်ပဲ..."
ချင်းမင်က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
"ငါက ချီစုစည်းခြင်းဆေးလုံး ချီသန့်စင်ခြင်းဆေးလုံးနဲ့ ချီမြှင့်တင်ခြင်းဆေးလုံးတွေအတွက် စိတ်ဝိညာဥ်ဆေးပင်တွေနဲ့ အဆင့်မဲ့ စိတ်ဝိညာဉ်ဆေးပင်တချို့ကို လိုချင်တယ်"
ချင်းမင်သည် ဤတစ်ကြိမ်တွင် စိတ်ဝိညာဥ်ဆေးပင်အမြောက်အများကို ဝယ်ယူခဲ့သည်။ သူသည် သူကိုယ်တိုင်နှင့် ချင်းမိသားစု၏စွမ်းအားကို မြှင့်တင်ရန်အတွက် ဆေးလုံးအမြောက်အများဖော်စပ်ရန် စီစဉ်ထားသည်။
ချင်းမိသားစု၏ စိတ်ဝိညာဥ်ဆေးပင်များ ဝယ်ယူမှုသည် မစတင်သေးချေ။ သူသည် ထိုအချိန်ထိ စောင့်ဆိုင်းနိုင်ခြင်းမရှိသောကြောင့် ကျွယ်မင်ခန်းမဆောင်မှ တိုက်ရိုက်ဝယ်ယူလိုက်ခြင်း ဖြစ်ပေ၏။
မည်သို့ပင်ဆိုစေကာမူ ဤစိတ်ဝိညာဥ်ဆေးပင်များသည် အလွန်ဈေးမကြီးချေ။
ဆေးနတ်ဘုရားတစ်ယောက်အတွက် ဤစိတ်ဝိညာဉ်ဆေးပင်များ၏ဈေးနှုန်းသည် ဆေးလုံးတစ်လုံးဖော်စပ်ရုံမျှသာ ဖြစ်ပေ၏။
အစေခံမလေး၏ လေးစားစွာဧည့်ခံမှုအောက်တွင် ချင်မင်သည် သူ လိုအပ်သည်များကို လျင်မြန်စွာ ဝယ်ယူလိုက်ပြီး သူ၏ညီမကိုခေါ်ကာ ချင်းအိမ်တော်သို့ ပြန်လာခဲ့တော့သည်။
"ချင်းရှောင်ကျွင်း မင်း ဘာလုပ်နေတာလဲ"
ချင်းမင် ပြန်ရောက်လာသည့်အချိန်တွင် ချင်းအိမ်တော်တံခါးဝ၌ လူတချို့ ပြင်ပသို့သွားရန် ပြင်ဆင်နေသည်အား တွေ့ရသောကြောင့် သူ မနေနိုင်ဘဲ မေးမြန်းလိုက်သည်။
တစ်စုံတစ်ယောက်က သူ့အားခေါ်သည်ကို ကြားချိန်၌ ချင်းရှောင်ကျွင်းကလျင်မြန်စွာ လှည့်ကြည့်လိုက်၏။ ထိုလူသည် ချင်းမင် ဖြစ်သည်ကို မြင်တွေ့ချိန်၌ သူက ချက်ချင်းတုံ့ပြန်အဖြေပေးလိုက်သည်။
"သခင်လေးကို ပြန်ဖြေရရင်... ကျွန်တော်တို့က အခု ချန်မိသားစုနဲ့ မြို့တော်ဝန် ရှုံးနိမ့်သွားတဲ့ ဆိုင်တွေဆီကို သွားမလို့ပါ"
ချင်းမင်က ခေါင်းညိတ်လိုက်သည်။ ချန်မိသားစုနှင့်မြို့တော်ဝန်တို့သည် သူတို့ပိုင်ဆိုင်သော ဆိုင်ပေါင်းလေးဆယ်ကို ရှုံးနိမ့်ခဲ့လေ၏။
"ကောင်းပြီလေ...ငါက မင်းတို့နဲ့အတူ လိုက်ခဲ့မယ်"
ချင်းမင်က သူ၏ညီမဘက်သို့ လှည့်ကြည့်လိုက်သည်။
"ချင်ချင်း...မင်းရော အတူတူ လိုက်ချင်လား"
"လိုက်မှာပေါ့... ဒီလောက် ပျော်စရာကောင်းတဲ့ ကိစ္စမှာ ကျွန်မက ဘယ်လိုလုပ်ပြီး ကျန်နေခဲ့နိုင်မှာလဲ... ကျွန်မတို့မိသားစုက လုပ်ငန်းတွေ ထပ်ပြီး ချဲ့ထွင်လိုက်ပြီလို့ ကျွန်မ ကြားတယ်... ကျွန်မရဲ့ပုံမှန်မုန့်ဖိုးက တိုးသင့်ပြီ မဟုတ်လား"
ချင်းချင်းက ချင်းမင်ကိုကြည့်ပြီး အပြုံးနှင့်ပြောဆိုသည်။
"မုန့်ဖိုးလား..."
ချင်းမင် သတိရသွားသည်။ သူ့ထံတွင်လည်း မုန့်ဖိုးရှိပေ၏။
ဤသည်မှာ တစ်လလျှင် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာပင်။
သို့ရာတွင် ဤအဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာသည် သူ့အတွက် အရေးမပါချေ။ သူ၏ညီမသည် ထိုအရာကို တွေးတောနေဆဲ ဖြစ်မည်ဟု သူ မျှော်လင့်မထားမိချေ။
အင်း... မိသားစုလုပ်ငန်းတွေကို ချဲ့ထွင်တာက အရေးမပါဘူး... ငါ့ညီမလေးအတွက် မုန့်ဖိုးက အရေးကြီးဆုံးပဲ...
ဤသည်မှာ ချင်းချင်း၏တွေးခေါ်ပုံ ဖြစ်နိုင်ပေ၏။
ချင်းမင်က အပြုံးနှင့် ပြောဆိုလိုက်သည်။
"ငါ မင်းကို ပြီးခဲ့တဲ့တစ်ကြိမ်က အလတ်အလတ်ဆင့် စိတ်ဝိညာဉ်ကျောက်တုံးတွေ ပေးခဲ့တယ် မဟုတ်လား... ဘာလို့ မင်းက အဲ့ဒီ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာကို တွေးနေသေးတာလဲ"
"အစ်ကိုက တကယ့်ကို အရှက်မရှိဘူး..."
ချင်းချင်းက ပြောဆိုလိုက်သည်
"ကျွန်မက အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာ ဘယ်မှာ ရလို့လဲ... ကျွန်မက တစ်လကို ဆယ်တုံးပဲ ရတာလေ"
ဆယ်တုံးတည်းလား...
ချင်းချင်း၏မုန့်ဖိုးသည် အလွန်နည်းပါးပေ၏။ ဤသည်မှာ ချင်းချင်း ဤနေရာသို့ ရောက်လာစဉ်က မျက်နှာမကောင်းရခြင်း၏ အကြောင်းအရင်းလည်း ဖြစ်နိုင်သည်။
သူမသည် လှပသော အဝတ်အစားများကို မကြိုက်ခြင်း မဟုတ်ဘဲ ဝယ်ယူရန် စိတ်ဝိညာဉ်ကျောက်တုံးများ သူမထံ၌ အမှန်တကယ် မရှိခြင်းပင်။
"ကောင်းပြီလေ... အနာဂတ်မှာ ငါ့ညီမရဲ့ မုန့်ဖိုးကို ငါ ပေးမယ်... ငါက ဆေးပညာရှင်တစ်ယောက်ဖြစ်တာကြောင့် စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှာနိုင်တယ်"
ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။
"ဟုတ်ကဲ့.."
ချင်းချင်းက ပျော်ရွှင်စွာဖြင့် ခုန်ပေါက်လိုက်သည်။
"ဒါဆိုရင် ကျွန်မက မုန့်ဖိုးနှစ်ခု ရနိုင်ပြီ"
နှစ်ခုလား...
ဒါက ငါ ဆိုလိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူး ထင်တယ်....
ချင်မင်သည် သူ့ညီမငယ်၏ အတွေးများကို ပြင်ဆင်ပေးလိုသော်လည်း ပျော်ရွှင်နေသော ညီမငယ်ကို မြင်သည့်အချိန်တွင် သူ စဉ်းစားတွေးတောပြီးနောက် ထိုအတိုင်းသာ ထားလိုက်တော့သည်။
ဤစိတ်ဝိညာဉ်ကျောက်တုံးပမာဏသည် ချင်းမိသားစုအတွက် အရေးမပါတော့ချေ။
သူ၏ညီမ ကြိုက်နှစ်သက်နေသဖြင့် သူမကို ပျော်ရွှင်ခွင့်ပြုရပေမည်။
ငါ့ရဲ့ညီမအတွက် ငါက ဆိုင်တစ်ဆိုင် ပြင်ဆင်ပေးသင့်လား...
ချင်းမင်က ခေါင်းခါလိုက်သည်။ သူ့ညီမ၏ အတွေးများအတိုင်းသာဆိုလျှင် သူမ ရောင်းစားခံရလျှင်ပင် သိမည်မဟုတ်ဟု ခန့်မှန်းရသည်။
ထားလိုက်တော့...
သူ၏ညီမငယ်သည် စိတ်ဝိညာဉ်ကျောက်တုံးများကို လိုချင်သရွေ့ သူ တိုက်ရိုက်ထုတ်ပေးနိုင်သည်။
ယခုချိန်၌ သူ့ညီမ၏စွမ်းအားသည် အနည်းငယ်နိမ့်နေလေရာ သူမ၏စွမ်းအားကို မြှင့်တင်ပေးရန် ပြုလုပ်ခြင်းက ပိုကောင်းပေမည်။
အင်း... ဆေးသကြားလုံးတွေနဲ့ပေါ့...