သဘောထားသေးသိမ်ခြင်း
Vol. 6 Ch. 87
မိသားစုအကြီးအကဲတချို့နှင့် ချင်းမင်တို့သည် ချန်မိသားစု၏ဆိုင်ဘက်သို့ လျှောက်လှမ်းသွားလိုက်၏။
ချင်းမင်သည် အကြီးအကဲများနှင့် စကားပြောရင်း ချင်းမိသားစုတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အဖြစ်အပျက်များနှင့် ချင်းမိသားစု၏ အတွေးအမြင်အချို့ကို ပို၍သိရှိလာခဲ့သည်။
"သခင်လေး... ဒါက ချန်မိသားစု ကျွန်တော်တို့ဆီမှာ ရှုံးသွားတဲ့ ဆိုင်တစ်ဆိုင်ပါ"
ချင်းမိသားစုဝင် လူငယ်တစ်ဦးက ပြောဆိုလိုက်သည်။
"ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လဲ"
ချင်းမင်က တွန့်ဆုတ်နေသော ချင်းမိသားစုဝင်လူငယ်ကို ကြည့်ရင်း မေးမြန်းလိုက်၏။
"ဒါပေမဲ့ ချန်မိသားစုက သူတို့ရဲ့ဆိုင်ကို ဖျက်ဆီးသွားတယ်... သူတို့က ပစ္စည်းတွေအကုန်လုံးကို ရိုက်ချိုးပစ်ခဲ့တယ်..."
ချင်းမိသားစုဝင်လူငယ်က သတိကြီးစွာထားပြီး ပြောဆိုလိုက်သည်။
အစပိုင်းတွင် သူသည် ချင်းမင် ဒေါသထွက်သွားလိမ့်မည်ဟု တွေးထင်ခဲ့သော်ခဲ့သည်။ သို့ရာတွင် ချင်းမင်ထံတွင် ဒေါသတစ်စုံတစ်ရာ မရှိမည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ ချင်းမင်က ခေါင်းခါလိုက်ပြီး ဆိုင်ဘက်သို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်လှမ်းသွားလေ၏။
"ချန်မိသားစုက တော်တော်လေး သဘောထားသေးသိမ်တာပဲ"
သူ၏ရှေ့မှ ဆိုင်ကိုကြည့်ရင်း ချင်းမင်က တည်ကြည်လေးနက်စွာ ပြောဆိုလိုက်သည်။
ဤဆိုင်များသည် လူစည်ကားသော နေရာများတွင် တည်ရှိပြီး ကျယ်ဝန်းသည်။
သို့ရာတွင် ချန်မိသားစု ထွက်ခွာသွားသည့် အချိန်တွင် သူတို့သည် အလွန်ဒေါသထွက်နေကြကာ ဆိုင်အတွင်းရှိ အရာအားလုံးကို ရိုက်ချိုးသွားခဲ့ကြသည်။
ပျဉ်ချပ်အကောင်းတစ်ချပ်တောင် မရှိတော့ချေ။
"အစ်ကို... ဒါက ချန်မိသားစုက ကျွန်မတို့ကိုပေးတဲ့ ဆိုင်လား"
ချင်းချင်းက နံဘေးပတ်လည်ကို ကြည့်ရှုပြီး မှတ်ချက်ပေးလိုက်၏။
"အရမ်း စုတ်ပြတ်နေတာပဲ... ကျွန်မတို့ အရင်က ပြန်ပြင်ထားတဲ့ ဆိုင်လောက်တောင် မကောင်းဘူး"
ဤသည်မှာ အမှန်ပင်။ ဆိုင်ထဲရှိ နေရာတိုင်းတွင် အမှိုက်များ ပြည့်နေပြီး အနံ့ဆိုးများပင် ထွက်နေပေ၏။ ဤသည်မှာ ချန်မိသားစုမှ တမင်သက်သက် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။
သူတို့၏ရည်ရွယ်ချက်မှာ ချင်းမိသားစုဝင်များကို စက်ဆုပ်ရွံရှာသွားစေရန်ပင်။
"အရေးမကြီးပါဘူး..."
ချင်းမင်က သူ၏ရှေ့မှ ဆိုင်ကိုကြည့်ရင်း ပြောဆိုသည်။
"ဒီဆိုင် ဘယ်လောက်ပဲ စုတ်ပြတ်နေပါစေ... တည်နေရာက ဒီမှာ ရှိနေသရွေ့ အရေးမကြီးဘူး... ငါက သူတို့ဆီကနေ ဘာမှမလိုချင်ဘူး... တည်နေရာကိုပဲ လိုချင်တာ"
ဆိုင်တစ်ဆိုင်အတွက် အရေးကြီးဆုံးအရာမှာ တည်နေရာဖြစ်ပြီး ထို့နောက်တွင် အရွယ်အစားနှင့် နောက်ဆုံးတွင်မှ အလှဆင်မှုပုံစံဖြစ်သည်။
တည်နေရာနှင့်အရွယ်အစား မပြောင်းလဲသရွေ့ တခြားအရာအားလုံးသည် အရေးမကြီးချေ။
"ချန်မိသားစုက လူတွေကို အရမ်းအနိုင်ကျင့်တာပဲ... သူတို့က တိုက်ခိုက်ဖို့ကို တောင်းဆိုခဲ့ပြီးတော့ အခုရှုံးသွားတော့လည်း ဒီလိုစက်ဆုပ်ဖို့ကောင်းတဲ့ လုပ်ရပ်တွေကို လုပ်နေတုန်းပဲ... သူတို့က အရှုံးမခံနိုင်တာ သိသာထင်ရှားတယ်"
ချင်မိသားစုဝင်တစ်ဦးက ဒေါသတကြီး ပြောဆိုလိုက်သည်။
ဤသို့ပြုလုပ်ခြင်းဖြင့် ချန်မိသားစုသည် ချင်းမိသားစုကို အမှန်တကယ် ဆုံးရှုံးမှု တစ်စုံတစ်ရာ မဖြစ်စေခဲ့ပေ။ အချိန်အနည်းငယ်နှင့် စိတ်ဝိညာဉ်ကျောက်တုံးအနည်းငယ်သာ ကုန်ကျစေပေမည်။
ဤပျက်စီးနေသောဆိုင်များသည် ချင်းမိသားစုကို ရန်စစော်ကားခြင်းဖြစ်နိုင်ခြေ ပိုများပေ၏။
"တော်ကြတော့"
ချင်းမင်က သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုလိုက်သည်။
"ထားလိုက်တော့... ချန်မိသားစုက ဆိုင်ကို ရှုံးသွားတာကြောင့် ဒေါသထွက်တာက သဘာဝကျတယ်... ငါတို့က ဒါကို စိတ်ပူနေဖို့ မလိုဘူး"
ချင်းမင်၏နှစ်သိမ့်မှုကြောင့် ချင်းမိသားစုဝင်များသည် စိတ်ပိုင်းဆိုင်ရာ ပို၍တည်ငြိမ်သွားကြသည်။
"အမြန်ဆုံးလူလွှတ်ပြီးတော့ ဒါတွေအားလုံးကို ရှင်းလင်းခိုင်းလိုက်ပါ... လူတချို့ကို ငှားလိုက်တာ ပိုကောင်းမယ်... တခြားဆိုင်တွေလည်း ဒီအတိုင်းပဲ ဖြစ်နေလိမ့်မယ်လို့ ငါ ခန့်မှန်းမိတယ်"
ချင်းမင်က ပြောဆိုသည်။
"ဟုတ်ကဲ့ပါ သခင်လေး..."
ချင်းမိသားစုဝင် အစေခံတစ်ယောက်က တုံ့ပြန်အဖြေပေးသည်။
ချင်းမင်သည် ခေါင်းညိတ်လိုက်ပြီး ချင်းချင်းကို ခေါ်ကာ အိမ်တော်သို့ ပြန်လာခဲ့တော့သည်။
သူသည် တခြားဆိုင်များကို ကြည့်ရှုရန် စိတ်ဝင်စားခြင်း မရှိချေ။
ဤအရာများသည် ချင်းမိသားစုအတွက် အမွေအနှစ်များ ဖြစ်သော်လည်း သူ့အတွက် အရေးမပါပေ။
ယခုချိန်၌ သူသည် ချင်းအိမ်တော်သို့ ပြန်၍ ချင်းမိသားစုနှင့် သူ၏ကိုယ်ပိုင်စွမ်းအားကို မြှင့်တင်ရန် ဆေးလုံးတချို့ကို သန့်စင်လိုသည်။ ဤအရာများကသာ ချင်းမိသားစုအတွက် အခြေခံအုတ်မြစ်များ ဖြစ်ပေ၏။
ထို့ပြင် ချင်းမင်သည် သူ၏ကိုယ်ပိုင်စိတ်ဝိညာဉ်အားနည်းစနစ်များကို လေ့ကျင့်ရပေမည်။
ယခုချိန်၌ ရန်သူ၏စွမ်းအားသည် မြင့်သထက် မြင့်လာပြီဖြစ်ရာ လျင်မြန်စွာ ဖြေရှင်းနိုင်သော အရာ မဟုတ်တော့ပေ။
သူ၏ အတိတ်ဘဝတွင် သူ၏စိတ်ဝိညာဉ်စွမ်းအားနည်းစနစ်များသည် အလွန်ကောင်းမွန်ခဲ့ခြင်းမရှိဘဲ အပေါ်ယံမျှသာ ဖြစ်ခဲ့သည်။
ဤဘဝတွင် သူသည် စိတ်ဝိညာဉ်စွမ်းအားနည်းစနစ် အနည်းငယ်ကို လေ့ကျင့်ရန် စီစဉ်ထားပေ၏။
သူသည် ယခင်ကတည်းက စီစဉ်ထားပြီးသား ဖြစ်သောကြောင့် နည်းစနစ်များကို ဂရုတစိုက်ရွေးချယ်ပြီး လေ့ကျင့်နိုင်ခဲ့သည်။
သူ၏ယခင်ဘဝတွင် သူ ဓားသိုင်းပညာကို လေ့ကျင့်ခဲ့သော်လည်း ဤဘဝတွင်မူ "ဟွန်ယွမ်ကျင့်စဥ်"ကြောင့် သူ့ထံတွင် မပျက်စီးနိုင်သော ရုပ်ခန္ဓာကိုယ်ရှိနေသည်။
လက်သီးနှင့်လက်ဝါးကို အသုံးပြုရသော စိတ်ဝိညာဉ်စွမ်းအားနည်းစနစ်များသည် သူ့အတွက် ပို၍သင့်တော်ပေ၏။
သူသည် သိုင်းပညာနည်းစနစ်များကို ကောင်းစွာ လေ့ကျင့်ထားပါက ဤသည်မှာ ဓားနည်းစနစ်များထက် အားမနည်းချေ။
မည်သို့ပင်ဆိုစေကာမူ လက်သည် ဓားထက် ပို၍ပျော့ပြောင်းပြီး လက်အိတ်ကောင်းတစ်စုံကို ဝတ်ဆင်ထားလျှင် ပို၍ပင် အစွမ်းထက်လာပေလိမ့်မည်။