← Chapters

အိုးယန်မိသားစုခေါင်းဆောင်ထံမှ သတင်း

Vol. 6 Ch. 89

အိုးယန်မိသားစုခေါင်းဆောင်ထံမှ သတင်း

Vol. 6 Ch. 89

"ချင်းမင်ပြောတာ အမှန်ပဲ..."

ချင်းယွမ်က သတိပြန်ဝင်လာပြီး ပြောဆိုလိုက်သည်

"မြို့တော်ဝန်နဲ့ချန်မိသားစု ဘာပဲလုပ်နေလုပ်နေ... နောက်ဆုံးယှဉ်ပြိုင်ရမှာက အင်အားပဲ... အခုချိန်မှာ ငါတို့လုပ်သင့်တာက အင်အားတွေကို စုဆောင်းဖို့ပဲ... တခြားအရာတွေက ဒုတိယနေရာမှာရှိတယ်.. မြို့တော်ဝန်နဲ့ ချန်မိသားစုက ဘယ်လောက်ပဲ ပူးပေါင်းကြံစည်နေပါစေ... အကြွင်းမဲ့အင်အားရဲ့ရှေ့မှာ အလုပ်ဖြစ်မှာ မဟုတ်ဘူး"

"ဟုတ်တယ်...ငါတို့က ဒီလောက်ထိ စိတ်ပူနေဖို့ မလိုဘူး... ခန့်မှန်းနေရုံနဲ့ ဘာမှ အသုံးမဝင်ဘူး... အခုချိန်မှာ ငါတို့အတွက် အရေးကြီးဆုံးက အင်အားကို အတတ်နိုင်ဆုံးစုဆောင်းဖို့ပဲ"

အကြီးအကဲများကလည်း တုံ့ပြန်လိုက်ကြသည်။

ချန်မိသားစုနှင့်မြို့တော်ဝန်သည် မည်သည့်အရာကို လုပ်ဆောင်နေသည်အား သူတို့ မခန့်မှန်းနိုင်သောကြောင့် သူတို့ တည်ငြိမ်စွာ ရင်ဆိုင်ရပေမည်။

ထိုအချိန်မှာပင် ချင်းမိသားစုဝင်တစ်ဦးက အိုးယန်မိသားစုခေါင်းဆောင် လာရောက်လည်ပတ်ကြောင်း သတင်းပို့လေ၏။

"မြန်မြန်... မြန်မြန် ဖိတ်ခေါ်လိုက်စမ်း"

ချင်းယွမ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဤကဲ့သို့ အရေးကြီးသောအချိန်တွင် အိုးယန်မိသားစုခေါင်းဆောင် ရောက်လာသဖြင့် သူတို့ချင်းမိသားစုကို ကူညီရန် ရည်ရွယ်ချက်ရှိသည်မှာ သိသာထင်ရှားသည်။

အိုးယန်မိသားစုခေါင်းဆောင်သည် အကြီးအကဲများနှင့်အတူ ခန်းမအတွင်းသို့ ဝင်ရောက်လာသည်။

"ချင်းမိသားစုခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်"

"အိုးယန်မိသားစုခေါင်းဆောင်... ကျေးဇူးပြုပြီး မြန်မြန်လေး ထိုင်ပါအုံး"

ချင်းယွမ်က အလျင်အမြန် ပြောဆိုသည်။ ဧည့်သည်ကို ထိပ်ဆုံးနေရာတွင် ထိုင်ခိုင်းခြင်းမှာ မသင့်တော်ခြင်းကြောင့်သာ မဟုတ်လျှင် သူသည် ဦးဆောင်သူနေရာကိုပင် ပေးလိုပေ၏။

အိုးယန်အကြီးအကဲက နေရာတချို့ကို ကျပန်း ရှာဖွေလိုက်ပြီး ထိုင်ချကာ မေးမြန်းလိုက်သည်။

"ချင်းမိသားစုခေါင်းဆောင်... ဒီတစ်ကြိမ် ချန်မိသားစု မြို့တော်ဝန်နဲ့ ဝမ်မိသားစုတို့ မဟာမိတ်ဖွဲ့တဲ့အပေါ် မင်း ဘယ်လိုထင်လဲ"

"မဟာမိတ်ဖွဲ့တာလား.."

ချင်းမိသားစုဝင်များ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

"ချန်မိသားစု မြို့တော်ဝနိနဲ့ ဝမ်မိသားစုတို့က ဒီမနက်ကတည်းက မဟာမိတ်ဖွဲ့ပြီးသွားတာကို မင်းတို့ မသိကြဘူးလား"

အိုးယန်မိသားစုဝင်တစ်ယောက်က သံသယဖြင့် မေးမြန်းလိုက်သည်။

"အဟမ်း... ငါတို့ချင်းမိသားစုက အဲ့ဒီကိစ္စကို တကယ်ကြီး မသိလိုက်ဘူး"

ချင်းယွမ်က ချောင်းတစ်ချက်ဟန့်ပြီး အလျှင်အမြန် ပြောဆိုသည်။

ချင်းမိသားစုသည် လျိုမြို့၏ထိပ်သီးမိသားစု ဖြစ်လာသည်မှာ မှန်သော်လည်း အိုးယန်မိသားစုကဲ့သို့ ကောင်းမွန်သော သတင်းထောက်လှမ်းရေးစနစ် မရှိချေ။

အိုးယန်မိသားစုသည် ဤကဲ့သို့ အရေးကြီးသော သတင်းကို ရနိုင်သော်လည်း သူတို့ချင်းမိသားစုထံတွင် ထိုကဲ့သို့ စွမ်းဆောင်နိုင်ခြင်း မရှိပေ။

အိုးယန်မိသားစုခေါင်းဆောင်သည်လည်း သဘောပေါက်သွားသည်။ ချင်းမိသားစု၏ နောက်ခံအင်အားသည် မနက်ရှိုင်းသေးသဖြင့် ဤသတင်းကိုမရရှိခြင်းသည် သဘာဝကျပေ၏။

"ဒါဆိုရင် မင်းတို့က ဒီနေရာမှာ စုဝေးပြီးတော့ ဘာတွေကို တိုင်ပင်ဆွေးနွေးနေကြတာလဲ"

"မင်းကို ပြောရရင်... ငါကတို့ ချန်မိသားစုခေါင်းဆောင်နဲ့ မြို့တော်ဝန်တို့ ဝမ်မိသားစုအိမ်တော်ကို အတူတူသွားကြတဲ့ သတင်းကို ငါတို့ ရထားတယ်... ဒါပေမဲ့ သူတို့ ဘာတွေဆွေးနွေးခဲ့ကြလဲဆိုတာတော့ ငါတို့ မသိဘူး"

ချင်းယွမ်က ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်သည်။

အိုးယန်မိသားစုခေါင်းဆောင်က ခေါင်းညိတ်လိုက်၏။

"ငါက တိကျတဲ့သတင်းတစ်ခုကို ရထားတယ်... ချန်မိသားစု ဝမ်မိသားစုနဲ့ မြို့တော်ဝန်တို့က မဟာမိတ်ဖွဲ့လိုက်ကြပြီ"

ထိုသတင်းကို ကြားချိန်တွင် ချင်းယွမ်၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။

အင်အားစုသုံးခု မဟာမိတ်ဖွဲ့ခြင်းကို ချင်းမိသားစုသည် မည်သို့ ရင်ဆိုင်ရမည်နည်း။

သူတို့သည် အိုးယန်မိသားစုနှင့် ပူးပေါင်းလျှင်ပင် ထိုအင်အားစုသုံးစုကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။

"ငါက နောက်ထပ်သတင်းတစ်ခုလည်း ရထားသေးတယ်... မြို့တော်ဝန်က မင်းတို့ချင်းမိသားစုကို တိုက်ခိုက်ခဲ့တဲ့ အနက်ရောင်ဝတ်စုံဝတ်လူနှစ်ယောက်ကို ရှာဖို့ မနေ့ညက စစ်သားတွေကို စေလွှတ်ခဲ့တယ်... သူတို့ တွေ့သွားပြီလို့ ငါ ကြားထားတယ်"

အိုးယန်မိသားစုခေါင်းဆောင်သည် ချင်းမိသားစုမှ ယခင်ထိတ်လန့်ဖွယ် သတင်းကို ချေဖျက်နိုင်ရန် မစောင့်ဆိုင်းဘဲ နောက်ထပ်ပြင်းထန်သော သတင်းတစ်ခုကို ထပ်မံ၍ ပြောဆိုလေ၏။

ဤသတင်းကိုကြားချိန်တွင် ချင်းယွမ်နှင့် ချင်းမိသားစုအကြီးအကဲများ၏ခန္ဓာကိုယ်များ ပျော့ခွေ့သွားကာ သူတို့၏ထိုင်ခုံများပေါ်သို့ ခြေပစ်လက်ပစ်လဲကျသွားတော့သည်။

ချင်းမိသားစုဝင်များ၏အပြုအမူကို မြင်တွေ့ချိန်၌ အိုးယန်မိသားစုခေါင်းဆောင်က ခေါင်းခါလိုက်သည်။ သူ ချင်းမိသားစုကို အသိပေးသော အကြောင်းအရင်းမှာ ချင်းမိသားစုကို ကြိုတင်ပြင်ဆင်စေလိုသောကြောင့်ပင်။

သူသည် တန်ပြန်ဆောင်ရွက်မှုများ ဆွေးနွေးရန် လာခဲ့ခြင်း မဟုတ်ချေ။ အင်အားကြီးမားမှု၏ ရှေ့မှောက်တွင် မည်သည့်တန်ပြန်ဆောင်ရွက်မှုမျှ အသုံးဝင်မည် မဟုတ်ပေ။

"ဝမ်မိသားစုက အရင်အတိုင်း အင်အားကောင်းနေတုန်းပဲ... သူတို့က လှုပ်ရှားမှု မလုပ်ဘူးဆိုရင်တောင် ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ စိတ်အေးနိုင်မှာမဟုတ်ဘူး"

အိုးယန်မိသားစုခေါင်းဆောင်က သက်ပြင်းချလိုက်သည်။

ချင်ယွမ်ကလည်း ခေါင်းညိတ်လိုက်သည်။ အမှန်တကယ်ကိုပင် ဤတစ်ကြိမ်တိုက်ပွဲ၌ အစွမ်းအထက်ဆုံးမှာ ဝမ်မိသားစု ဖြစ်ပေ၏။

ဤဖြစ်စဉ်တလျှောက်လုံးတွင် ဝမ်မိသားစုသည် ပါဝင်ပတ်သက်ခြင်း မရှိခဲ့ချေ။

သို့ရာတွင် နောက်ဆုံးတွင် သူတို့သည် အကျိုးအမြတ်များကို ခွဲဝေယူနိုင်ရန် ပါဝင်လာခဲ့သည်။

ချင်းမိသားစုသည် ကိစ္စတစ်ခုကို ဝန်မခံလိုသော်လည်း ဝန်ခံရတော့ပေမည်။

ဤတိုက်ပွဲ၌ ချင်းမိသားစု ရှုံးနိမ့်သွားခဲ့လေပြီ။

"မင်းတို့အားလုံး သတင်းရသွားပြီဆိုတော့... ငါတို့လည်း သွားသင့်ပြီ"

အိုးယန်မိသားစုခေါင်းဆောင်က မတ်တတ်ထရပ်လိုက်ပြီး သူ၏အဝတ်အစားများကိုခါကာ ပြောဆိုသည်။

ဤတစ်ကြိမ်တွင် သူ အကောင်းဆုံး လုပ်ဆောင်ပေးခဲ့ပြီး ဖြစ်ပေ၏။ အကယ်၍ သူသည် ချင်းမိသားစုကို ဤသတင်း မပြောပြခဲ့လျှင် ချင်းမိသားစုသည် ချန်မိသားစုနှင့်မြို့တော်ဝန်တို့၏ ဖျက်ဆီးခြင်းကို ခံရနိုင်ခြေရှိသည်။

All Chapters