အကိုယောင် ခဗျားရဲ့ စက်တွေက ဘယ်က ရတာလဲ
Vol. 22 Ch. 311
လျူယောင်ဆီတွင် လစ်သိုဂရက်ဖီစက် ရှိ နေတဲ့အတွက် ပြဿနာ မရှိတော့ပေ။
Universal က ဒီကိစ္စကို စတင်စီစဉ်ရန် အ တွက် အထူးအဖွဲ့ကို ဖွဲ့စည်းထားပြီး မြေ ဧရိယာဘယ်လောက် လိုအပ်လဲ ၊ရင်း နှီး မြှုပ်နှံမှု့ ဘယ်လောက် လိုအပ်လဲ ၊ ဘာ ထုတ်လုပ်ရေးပစ္စည်းများ လိုအပ်လဲ ၊ထုတ် လုပ်မှု့ပုံစံ ဘယ်လိုဖြစ်လာမလဲဆိုတာကို စီစဉ်နေခဲ့ ကြသည်။
ချပ်ပြားထုတ်လုပ်မှု့ အစောပိုင်းအဆင့်တွင် လိုအပ်တဲ့ ဝေဖာပြားများကို ကိုယ်တိုင် ပြု လုပ်မှာမဟုတ်ကြောင်းနဲ့ ဈေးကွက်မှာသာ တိုက်ရိုက်ဝယ်ယူမှာဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ဆိုလိုတာက ကုန်ကြမ်းများကို ကိုယ်တိုင် မပြုလုပ်ဘဲ တိုက်ရိုက်ဝယ် ယူသည့် နည်းလမ်းကို အသုံးပြုခြင်းပဲ ဖြစ်သည်။ ဝေဖာပြားများက ချပ်ပြား ထုတ်လုပ် မှု့အတွက် ကုန်ကြမ်းများ ဖြစ်ကြ၏။
ဒီလုပ်ငန်းတွင် ကမ္ဘာ့အဆင့်မှီ ကုမ္ပဏီ များစွာက ယန်နိုင်ငံတွင် ရှိနေတာကြောင့် ချပ်ပြားထုတ်လုပ်ရေးကုန်ကြမ်းများအား အခြားသူများကန့်သတ်ချက်ဖြင့် ရပ်တန့် သွားမှာကို စိုးရိမ်ရန် မလိုအပ်ပေ။
ဒါ့ကြောင့် စီမံကိန်းရေးဆွဲခြင်းလုပ်ငန်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
......
ရက်အနည်းငယ်ကြာပြီးနောက် ဘလူး ဝေးလ်က မလက္ကာရေလက်ကြားကို အောင် မြင်စွာ ဖြတ်သန်းပြီး အိန္ဒိယသမုဒ္ဒရာထဲသို့ ဝင်ရောက်လာသည်။
အိန္ဒိယသမုဒ္ဒရာသို့ ရောက်ပြီးနောက် ရပ် တန့်ခြင်းမရှိဘဲ ဆိပ်ကမ်းတစ်ခုခုမှာတောင် ရပ်နားခြင်းမရှိပေ။ အမြန်နှုန်းက အတော် လေးမြန်ဆန်နေပြီး အိန္ဒိယသမုဒ္ဒရာကို ဖြတ် ကျော်ကာ ပင်လယ်နီနှင့် ဆူးအက် တူး မြောင်းမှတစ်ဆင့် ဥရောပသို့ ဝင်ရောက်ရန် ပြင်ဆင်နေခဲ့သည်။
......
Universal ကုမ္ပဏီတွင်..
ဟူဂျွန်းရှီနဲ့အတူ လျူယောင် မြေကွက်အ တော်များများကို ကြည့်ရှုခဲ့ပေမဲ့ သူ စိတ် ကျေနပ်မှု့ မရှိခဲ့ပေ။
တစ်ခါတစ်ရံတွင် ဧရိယာက မလုံလောက်၊ တည် နေရာမှာ စိတ်ကူးထဲကအတိုင်း မ ဖြစ်ပဲ ဒါမှမဟုတ် မြေကွက်က ပိုစျေးကြီး နေခြင်းပဲ ဖြစ်သည်။
ယနေ့တွင် ဟူဂျွန်းရှီနဲ့အတူ နှစ်ယောက်သား ဟွာဟိုင်းမြို့ရှိ စက်မှု့ဇုန်တစ်ခုကို လျူ ယောင် ရောက်ရှိလာခဲ့ကြပြီး အနောက်တွင် universal မှ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့် အမှုဆောင်များအပြင် စက်မှု့ဇုန် စီမံခန့်ခွဲရေးကော်မတီမှ အရာရှိအချို့လည်း ပါဝင်ပေသည်။
“မစ္စတာလျူ...ဒီမြေကွက်က ၂၈၂ မူ ဧရိ ယာကျယ်ပြီး မြေမျက်နှာပြင်က လေး ထောင့်ပုံစံ၊ ညာဘက်မှာ ကျန်းရှန်လမ်း ရှိတဲ့အတွက် သွားလာရေး အဆင် ပြေ ပါတယ်...”
စီမံခန့်ခွဲရေးကော်မတီမှ အရာရှိတစ်ဦးက မိတ်ဆက်ပေးနေသည်။
လျူယောင် စီမံခန့်ခွဲရေးကော်မတီမှ အရာ ရှိရဲ့ မိတ်ဆက်စကားကို နားထောင်နေကာ မျက်နှာက အေးဆေးတည်ငြိမ်နေပြီး ပျော် ရွှင်တဲ့အမူအရာကို မတွေ့ရပေ။
နားထောင်ပြီးနောက် လျူယောင် မေးလိုက် ၏။
“ဒါရိုက်တာလူ...ဒီမြေကွက်ရဲ့ စျေးနှုန်းက ဘယ်လောက်လဲ..”
ဒါရိုက်တာလူက လေးလေးစားစား ပြန် ဖြေလိုက်သည်။
" Universal က ဟွားဟိုင်မြို့ရဲ့ မှတ် ကျောက်တင်လုပ်ငန်းတွေထဲက တစ်ခု ဖြစ် ပါတယ်..အခု ချပ်ပြားဖောင်ဒရီ လုပ် ငန်းကို ရင်းနှီးမြှုပ်နှံတော့မှာဆိုတော့ ကျွန်တော်တို့ က လမ်းတစ်လျှောက်လုံး အစိမ်း ရောင်မီး ကို ထွန်းပေးထားပါတယ်.. မြေ စျေးနှုန်းက လည်း အလွန်သင့် တော်ပါ တယ်.. တစ်မူကို ၆.၂ သန်းပဲ ကျသင့်ပါမယ်. ..”
ဒီစျေးနှုန်းက တကယ်ပင် သက်သာနေ သည်။
ဟွာဟိုင်းမြို့တွင် မြေစျေးနှုန်းက မြင့်မား နေပြီး စက်မှု့ဇုန်အများစုရှိ မြေစျေးနှုန်းမှာ ၁၀ သန်းကျော် ဖြစ်သည်။ ဒီနေရာတွင် ၆.၂ သန်းသာ ရှိတာကြောင် တကယ်ကို ဈေးချို နေလေသည်။
ဒါပေမဲ့ မြေဧရိယာက အလွန်သေးငယ် နေ ပြီး၂၈၂ မူ မှာ မလုံလောက်သေးတာ ကြောင့် လျူယောင် စျေးလျော့ခိုင်းလိုက် သည်။
“ဒါရိုက်တာလူ.. ဒီစျေးက ပိုမိုသက်သာနိုင် ပါသလား..ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ် နှံမှု့ ကအနာဂတ်မှာ နှစ်စဉ် ထုတ်ကုန်တန်ဖိုးက ဘီလျံ ၁၀ နဲ့ချီ ရှိမှာပါ...”
ဒါရိုက်တာလူကလည်း စိတ်သဘောထား ကြီး၏။
“ဒါဆိုလည်း တစ်မူကို ၆ သန်းနဲ့ အပြတ် လုပ်လိုက်တာပေါ့...၂၈၂ မူအတွက် စုစု ပေါင်းစျေးနှုန်းက ယွမ် ၁.၆၉၂ ဘီလျံ ဖြစ်ပါတယ်.. ဧရိယာနဲ့ပတ်သက်ပြီး ပြောရရင်တော့ ဒါက ကျွန်တော်တို့ စက်မှု ဇုန်တစ်ခုလုံးမှာ အကြီးဆုံးမြေကွက်ပါပဲ..”
လျူယောင် ဘာမှဆက်မပြောတော့ပေ။
စျေးနှုန်းကတော့ အမှန်တကယ်ပင် သင့် လျော်သော်လည်း ဧရိယာက မလုံလောက် ပေ။ ၃၅၀ မူ သို့မဟုတ် ၄၀၀ မူကျော် ဧရိ ယာရှိလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
“မစ္စတာလျူ..ဟွာဟိုင်းမြို့မှာ ဧက လေးငါး ရာ မြေကွက်ရှာဖို့ ဆိုတာက ခက်ခဲ ပါတယ်”
လျူယောင်လည်း ထိုအချက်ကို နားလည် သည်။ အစိုးရက အလေးထားပြီး နေရာ အသစ်တစ်ခုကို မပေးမချင်း လက်ရှိ စက် မှုဇုန်တွင် ထိုမျှကြီးမားသော နေရာရရှိရန် ခက်ခဲပေလိမ့်မည်။
နေရာကို စစ်ဆေးပြီးနောက် လျူယောင့်၏ စိတ်ထဲတွင် ပြဿနာတစ်ခု ရှိနေသည်။ ရင်းနှီးမြှုပ်နှံမှု့ကြီး ဖြစ်တဲ့အတွက် ဟွာ ဟိုင်းမြို့တော်အစိုးရကို ဆက်သွယ် သင့် လားလို့ စဉ်းစားမိသည်။
ဒါမှမဟုတ် ဟွာဟိုင်းမြို့အနီးအနားရှိတဲ့ မြို့အချို့ကို ကြည့်ရှုသင့်သည်။ ထိုမြို့များ တွင် နေရာများရှိပြီး ဒေသဆိုင်ရာ အစိုး ရကပင် အထူးစက်မှု့မြေများကို သူ့အတွက် ဖယ်ထားပေးရန် ဆန္ဒရှိကြသည်။
ဒါပေမဲ့လည်း ထိုမြို့ငယ်လေးများက ဆွဲဆောင်မှု့ နည်းပါးပြီး အချို့လူများမှာ မြို့ငယ်လေးများကို မသွားချင်ကြပေ။
လျူယောင် စက်မှုဇုန်ကို စစ်ဆေးကာ ပြန် ရောက်လာပြီးနောက် မကြာမီတွင် တင်းဝိ န်ထံမှ ဖုန်းခေါ်ဆိုမှု့ကို လက်ခံ ရရှိ ခဲ့သည်။
“အကိုယောင်.. ခင်ဗျား ကုမ္ပဏီကို ပြန် ရောက်ပြီလား..”
“ခုမှ ပြန်ရောက်တာ.. ဘာလို့လဲ.. ကိစ္စရှိ လို့လား..."
တင်းဝိန် ပြန်ဖြေလိုက်၏။
“အကို့ကို လက်ဖက်ရည်သောက်ဖို့ လာရှာ တာ..အခုပဲ လာခဲ့မယ်...”
လျူယောင် အနည်းငယ် ပြုံးလိုက်သည်။သူ့ စိတ်ထဲတွင် လက်ဖက်ရည်သောက်ရုံနဲ့ ရိုးရိုး ရှင်းရှင်း မဟုတ်လောက်ဘူးဟု ခန့်မှန်း မိသည်။
" ငါနဲ့ပတ်သက်တဲ့ ကိစ္စတစ်ခုခု ရှိနေတာ လား..."
ဆယ်မိနစ်ခန့်အကြာတွင် တင်းဝိန် ရောက် လာပြီးဝင်ဝင်ချင်း ပြောလိုက်၏။
“အကိုယောင် ကျွန်တော် လက်ဖက်ရည် ကောင်းလေး ယူလာတယ်..”
ပြောပြီးနောက် သူက လျူယောင်ရဲ့ ရုံးခန်းမှ လက်ဖက်ရည်ခွက်များကို ကိုယ်တိုင် ထုတ် ယူကာ ရေနွေးတည်ခြင်း၊ လက်ဖက်ရည် ခွက်များ ဆေးခြင်း စသည့်လုပ်ငန်းများကို ကိုယ်တိုင်လုပ်နေသည်။အရာအားလုံး ပြီးသွားပြီးနောက် လက်ဖက်ခြောက်ကို ထုတ်ယူကာ လက်ဖက်ရည်ဖျော်နေသည်။ မကြာမီတွင် သင်းပျံ့တဲ့ လက်ဖက်ရည် ရနံ့က ပျံ့လွင့်လာခဲ့သည်။
လျူယောင်က လက်ဖက်ရည်နဲ့ပတ်သက်ပြီး သုတေသနများစွာ မရှိပေမဲ့ ဒီလက်ဖက် ရည်က မရိုးရှင်းကြောင်းကို သိရှိခဲ့ သည် ။ဒါ့ကြောင့် စိတ်ထဲကနေ တစ်နှစ်လျှင် အောင်စအနည်းငယ်သာ ရရှိနိုင်တဲ့ လုံ ကျင်းလက်ဖက်ရည် ဖြစ်နိုင်မလားလို့ တွေးမိလိုက်သည်။
လက်ဖက်ရည်ဖျော်ပြီးနောက် တင်းဝိန်က ဝမ်းသာအားရ ပြောလိုက်သည်။
“အကိုယောင်..ဒီလက်ဖက်ရည်ကို မြည်း ကြည့်ပါဦး..”
လျူယောင် ခေါင်းညိတ်ပြပြီး တစ်ငုံ သောက်ကာ ချီးကျူးလိုက်သည်။
“အင်း.. ကောင်းတယ်.. လက်ဖက်ရည် ကောင်းပဲ”
နှစ်ယောက်သား လက်ဖက်ရည်သောက်ရင်း စကားပြောခဲ့ကြသည်။
လျူယောင် နှစ်ခွက် သုံးခွက် သောက် ပြီးနောက် တင်းဝိန် လာရင်းကိစ္စအား မေးမြန်းလိုက်သည်။
“ညီလေး.. မင်းကို... ငါနားလည် သ လောက်တော့ ဒီနေ့ ငါနဲ့ လက်ဖက်ရည် ရိုးရိုးလေးသောက်ရုံနဲ့တော့ မဖြစ်နိုင်ဘူး တခြားကိစ္စတစ်ခုခုတော့ ရှိမယ်..”
“အကိုယောင်..ခင်ဗျားက ကျွန်တော့်ကို နားလည်နေတုန်းပဲ.. တခြားကိစ္စတစ်ခုတော့ ရှိတာပေါ့..”
“ဒါဆိုလည်း တိုက်ရိုက်ပြောလိုက်ပါ.. ငါတို့နှစ်ယောက်က ဘယ်သူတွေမို့လို့လဲ..”
တင်းဝိန် စိတ်ဝင်တစား မေးလိုက်သည်။
“အကိုယောင်.. ခင်ဗျားက Universal ချပ်ပြားကုမ္ပဏီတစ်ခု တည်ထောင်ပြီး ချပ်ဖောင်ဒရီလုပ်ငန်းထဲ ဝင်တော့မယ်လို့ ကြားတယ်..ဒီလို ကိစ္စမျိုး တကယ် ရှိတာလား...”
အမှန်ပါပဲ Universal က ဒီအချက်ကို စီစဉ်နေခဲ့သည်။ လွန်ခဲတဲ့ ရက် အနည်း ငယ်က လျူယောင် စက်မှု့ လုပ်ငန်းအတွက် မြေ အချို့ သွားကြည့်ခဲ့တာကို တင်းဝိန် သတင်းအချို့ ကြားရမှာ သေချာပေသည်။
ချင်းယွန် နိုင်ငံတကာကုမ္ပဏီတွင် ချပ်ပြားမျ ား ရရှိမှု့က ပြဿနာရှိနေပြီး M နိုင်ငံ၏ ပိတ်ဆို့မှုနဲ့ ကန့်သတ်ချက်များကြောင့် ဖြစ်ခဲ့သည်။ အဓိကအကြောင်းရင်းမှာ ချပ်ပြား ထုတ်လုပ်တဲ့လုပ်ငန်းကြောင့် ပဲ ဖြစ်သည်။
ချပ်ပြားဒီဇိုင်းရေးဆွဲမှု့က ချင်းယွန် နိုင်ငံတကာကုမ္ပဏီအတွက် ပြဿနာမရှိပေ။ ပြဿနာမှာ ဒီဇိုင်းထုတ်ထားသော ချပ်ပြား ကို ထုတ်လုပ်ရန် ဘယ်ကုမ္ပဏီကမှ မစွမ်း ဆောင်နိုင်ခြင်း ပဲ ဖြစ်သည်။
လျူယောင်က ချပ်ပြားထုတ်လုပ်ရေး ကုမ္ပဏီကို တည်ထောင်ပြီး ချပ်ပြားဖောင် ဒရီလုပ်ငန်းထဲသို့ ဝင်တော့မည်ဟု ကြားရ တဲ့အခါ တင်းဝိန် စိတ်ဝင်စားသွားတာ သေချာသည်။
တင်းဝိန်ရဲ့ မေးခွန်းကို ရင်ဆိုင်ရင်း လျူ ယောင် ပြန်ဖြေလိုက်သည်။
“ဟုတ်တယ် ..အမှန်တကယ်ပါပဲ..ငါ တို့ ကုမ္ပဏီရဲ့ ကျွမ်းကျင်အဖွဲ့က သက်ဆိုင်ရာ စီမံကိန်းတွေကို ရေးဆွဲနေပြီး ငါ လည်း လွန်ခဲ့တဲ့ ရက်အနည်းငယ်က စက်မှု့ လုပ် ငန်းအတွက် မြေ အချို့ကို သွားကြည့် ခဲ့တယ်..”
“တကယ်ပဲလား”
လျူယောင်ရဲ့ အတည်ပြုချက်ကို ရရှိ ပြီး နောက် တင်းဝိန် အနည်းငယ် စိတ်လှုပ်ရှ ားသွားပြီး ချက်ချင်းမေးလိုက်သည်။
“အကိုယောင်..ခင်ဗျားက ဘယ်လိုချပ်ပြား OEM လုပ်ငန်းမျိုးကို ထုတ်လုပ်ဖို့ စီစဉ် ထားတာလဲ..ဒါက ၂၀-နာနိုမီတာထက် ပိုတဲ့ လုပ်ငန်းစဉ်ဖြစ်ရမယ်.. ၂၀-နာနိုမီတာ အောက်က စက်ကိုတော့ ခင်ဗျား ဝယ်နိုင် မှာမဟုတ်ဘူး...”
၂၀-နာနိုမီတာအောက် စက်မရှိရင် ၂၀-နာနိုမီတာအောက် ချပ်ပြား ထုတ်လုပ်မူ့ လုပ်ငန်းကို လုပ်ဆောင်ရန်မှာ မဖြစ်နိုင်ပေ။
လျူယောင် ပြုံးလိုက်ပြီး ပြန်ဖြေလိုက်၏။
“ဘယ်သူက ငါ့ကို ၂၀-နာနိုမီတာထက် ပိုတဲ့ ချစ်ပ်တွေကို လုပ်စေချင်တာလဲ.. ငါ.. လုပ် မယ်ဆိုရင် အကောင်းဆုံး ချပ်ပြားပဲ ဖြစ်ရမှ ာပေါ့..ငါက ၅-နာနိုမီတာ ၈-နာ နိုမီတာနဲ့ ၁၀-နာနိုမီတာ လုပ်ငန်းစဉ် အားလုံးကို လုပ် နိုင်တယ်...”
"ဘာ .."
"၅-နာနိုမီတာနဲ့ ၈-နာနိုမီတာ လုပ်ငန်း စဥ်တွေလား.."
တင်းဝိန် ခန အံ့အားသင့်သွားကာ သတိပြန်ဝင်လာပြီးနောက် မေးလိုက်သည်။
“အကိုယောင် ..ခင်ဗျားရဲ့ လစ်သိုဂရက် ဖီ စက်တွေက ဘယ်ကရတာလဲ.. သက်ဆိုင်ရာ စက်တွေ မရှိရင် ဒီလိုကောင်းတဲ့ ချပ်ပြား တွေကို မလုပ်နိုင်ဘူး..."
ချင်းယွန် နိုင်ငံတကာကုမ္ပဏီက ၁၀-နာနို မီတာနှင့် ၈-နာနိုမီတာ လုပ်ငန်းစဉ်များတွင် ကန့်သတ်ခံရခြင်းကြောင့် ဖြစ်ပြီး ပြည်တွ င်းကုမ္ပဏီများက ထိုချပ်ပြားများရဲ့ OEM ထုတ်လုပ်မှု့ကို လုပ်ဆောင်နိုင်ခြင်း မရှိပေ။
လျူယောင် ဂုဏ်ယူစွာ ပြုံးပြီး ပြောလိုက် ၏။
“ငါ့မှာ လစ်သိုဂရက်ဖီစက်မရှိဘူးလို့ ဘယ်သူပြောလဲ.. ငါ့မှာ အခု ၅-နာနိုမီတာ စက် နှစ်လုံးနဲ့ ၈-နာနိုမီတာစက် နှစ်လုံး ရှိတယ်...”
တင်းဝိန် ထပ်မံ အံ့အားသင့်သွားပြန်သည်။
ခဏအကြာမှ သတိပြန်ဝင်လာပြီး တအံ့ တသြ မေးလိုက်တော့သည်။
“အကိုယောင် .. ခင်ဗျားရဲ့ စက်တွေက ဘယ်ကရ တာလဲ..ပဉ္စလက်နဲ့ ဖန်ဆင်းလိုက် တာလား”